#Local_News
Published 20 July 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကန်တော်ကြီးပန်းကန်လုံးကျွန်း ရှင်ဥပ္ပဂုတကျောင်းဆောင်တံတားအောက်တွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသော အသက် (၅၀) ခန့်အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒီဃာယုက အသင်းက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၇နာရီ ၄၅မိနစ်ခန့်က ပန်းခြံလုပ်သားများနှင့် ကန်တော်ကြီးအတွင်း အားကစားလုပ်သူများက သတင်းပေးပို့လာသောကြောင့် အဆိုပါ အခင်းဖြစ်ရာနေရာသို့ လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ မင်္ဂလာတောင်ညွန့်မြို့နယ် လူမှုကူညီကယ်ဆယ်ရေးကွန်ယက်မှ အသင်းများဖြစ်သော ဒီဃာယုက အသင်း၊ သပြေကုန်းအသင်း၊ ကျီတော်အသင်းများက ဗိုလ်တထောင်မှ အဖြူရောင်ကမ်းလက်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#Local_News #ပန်းကန်လုံးကျွန်းအနီးအမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
#Yangon_Times/BM