#Local_News
Published_20 July 2023


မွန်ပြည်နယ်၊မုဒုံမြို့ မြို့မ(၂)နယ်မြေ ကျောက်တိုင်ရပ်နေ အမျိုးသားတစ်ဦးက အိမ်မျက်နှာကျက်ပေါ်မှ မတော်တဆ ပြုတ်ကျ၍ ဦးခေါင်းပိုင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ကသိရသည်။

 

ယနေ့ ဇူလိုင်လ ၁၉ရက် ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းနောက်စေ့ကွဲဒဏ် ရာ၊လည်ပင်းရိုး ထိခိုက်ဒဏ်ရာ၊ ခြေတောက်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းက သိရသည်။

 

"ပြုတ်ကျတဲ့အမျိုးသားက သက်ကြီးပိုင်းပါ။ ဒီမှာက မိုးတွေသည်းတော့လေ မိုးယိုလို့ အိမ်အမိုးတက်ဖာရင်းကနေ မျက်နှာကျက်ပေါ်က မတော်တဆပြုတ်ကျတာ။အသင်းကိုဆက်သွယ်လာတော့ အချိန်နဲ့တပြေးညီထွက်ခွာပြီး သွားရောက်ကူညီခဲ့ပါတယ်"ဟု ယင်းအသင်း၏ တာဝန်ရှိသူကပြောသည်။

 

ဒဏ်ရာရရှိသူလူနာအမျိုးသားအားလူမှုကယ်ဆယ်ရေးအဖွဲ့(MERT)မှ လိုအပ်သည်များပြုစုကာ ထွန်းတောက်အထူးကုဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ဆေးရုံလွှဲပြောင်းချက်အရ မော်လမြိုင်ပြည်နယ်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

Yangon_Times/BM #Local_News #အမျိုးသားတစ်ဦး အိမ်မျက်နှာကျက်မှ ပြုတ်ကျ