#Local_News
Published-17 July2023


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လှိုင်းပေါက်ကျေးရွာမှ မြစ်ရေဆိပ်တွင်ရေဆင်းချိုးရင်း ရေနစ်သေဆုံးသွားသူ ယောင်္ကျားလေး ၁ဦး၏ရုပ်အလောင်းကို ဇူလိုင်လ ၁၇ ရက်(ယနေ့) သဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဥ်မှာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီ ၃၈ မိနစ်အချိန်ခန့်က ကလေးငယ် ၃ ဦး ဆင်ရွာကျေးရွာတောင်ဘက် မြစ်ရေဆိပ် ရေဆင်းချိုးကြစဉ် အသက်၁၄နှစ်အရွယ်မောင်ဝဿန်မှာ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် လူမှုကူညီရေးအသင်းကို ဖုန်းဆက်အကူအညီတောင်းလာသဖြင့် ချက်ချင်းသွားရောက်၍ ဝိုင်းဝန်းရှာဖွေကြရာ ရှာဖွေချိန် ၅ မိနစ်ခန့်အကြာတွင် ပျောက်ဆုံးနေရာနှင့် ၁၀ ပေအကွာ ရေအနက်ခန့်မှန်း ၁၃ ပေအကွာ ၌ မှောက်လျှက်အနေအထား ပြန်လည်တွေ့ရှိခဲ့ကြောင်း Ambulance Free Services Group ကသိရသည်။

 

"ရေမြုပ်​နေတာ၊ အသင်းကိုခေါ်တာနဲ့ ရေအောက်ကြာချိန် ခန့်မှန်း ၃၅ မိနစ်လောက်ကြာတယ်လို့  ခန့်မှန်းရတယ်။ဆေးရုံပို့ချိန်မှာ သေဆုံးနေပြီ"ဟု အဆိုပါ အသင်းက သိရသည်။

 

ယင်းယောင်္ကျားလေး၏ နောက်ဆုံးခရီးကို ယနေ့ညနေ ၃ နာရီတွင် လှိုင်းပေါက်ကျေးရွာ သုသာန်၌သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

 

#Local_News #ရေနစ်သေဆုံးသူရုပ်အလောင်းကိုယနေ့သဂြိုလ်
#Yangon-Times/BM