Published_ 31 December 2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ပါဝင်တက်ရောက် ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ ဆုံနှုတ်ဆက်ခဲ့ပါတယ်။
ထိုသို နစကဥက္ကဋ္ဌနှင့်ဇနီးတိုအား ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပါတယ်။
ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် အကြီး အကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များဖြစ်ကြတဲ့ ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယု၏သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏သား ဦးသီဟစော၊ ဦးနေဝင်း၏သမီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေ၏သမီး ဒေါ်နေရည်ဗဆွေ၊ ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၏သား ဦးဇော်ထွန်းနှင့် ဦးစိန်လွင်၏သမီး ဒေါက်တာချိုလွင်ဦးတိုအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေထိုင်စားသောက်မှု အခြေအနေများ၊ တစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေများနှင့် အခြားလိုအပ်ချက်များကို မေးမြန်အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group






Published 31 December 2022
နယူးဇီလန်နိုင်ငံ အော့ကလန်းမြို့လယ်တွင် ၂၀၂၃ နှစ်သစ်ကို မီးရှီုးမီပန်းများဖောက်၍ ပြည်သူများကြိုဆိုခဲ့ကြပါတယ်။ နယူးဇီလန်နှင့် ဩစတေလျနိုင်ငံတို့ဟာ ၂၀၂၃နှစ်သစ်ကို ပထမဆုံးကြိုဆိုလိုက်ကြရတဲ့ နိုင်ငံအချို့ထဲပါဝင်နေပါတယ်။
Source AFP
#Local_News
Published_31 December 2022
ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ငံတကာသံရုံးတွေက ၎င်းတိုရဲ့နိုင်ငံသားတွေကို မြန်မာပြည်ထဲလာရောက်တဲ့အခါမှာ လုံခြုံရေးသတိထားနေထိုင်ဖို့အတွက် အသိပေးကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 31 December 2022
နှစ်သစ်ကူးဦးအလှူအဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နဂါးမောက်ဘုရားမှာ မိုးလင်းကနေမိုးချုပ်ကျွေးမွေးတဲ့ မီးခိုးတိတ် စတုဒီသာ (၅)ရက်ဆက်တိုက်ကျွေးမွေးလှူဒါန်းသွားဖို့ရှိတယ်လို့ အကျိုးတော်ဆောင်ကိုဇင်မိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Environmental
Published 31 December 2022
ဗင်နီဇွဲလားမြို့တော်ကရာကက်စ်မှာ အရင်ကဖြစ်သလိုမျိုး မိုးရေကြီးခြင်းကြောင့် ရေလျှံတာမျိုးမဖြစ်ရအောင် အမှိုက်တွေ မွေ့ယာတွေ အဝတ်တွေနဲ့ပိတ်ဆို့နေတဲ့ လျှိုမြောင်ကိုသန့်ရှင်းအောင်လုပ်ပြီး မြို့ပြစီမံကိန်းပြုလုပ်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 31 Dec 2022
- တရုတ်နိုင်ငံရဲ့ ကူးစက်မှုမြင့်မားနေတဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံရဲ့လက်ရှိ ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းတည်ငြိမ်နေတဲ့အပေါ် ၂၀၂၃ မှာ အပြောင်းအလဲဖြစ်သွားနိုင်လား။ ဘာတွေပြင်ဆင်သင့်သလဲ??
#Yangon_Media_Group
#Local_News
Published_31 December 2022
တရုတ်နှစ်သစ်ကူးကာလ နီးလာပြီဖြစ်တဲ့အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ အနည်းငယ်ကျဆင်းလာတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 31 Dec 2022
- ကမ္ဘာ့ကျန်တဲ့အခြမ်းတွေမှာရော ၂၀၂၃ ဟာ ကိုဗစ်အတွက် စိတ်သက်သာရာရမယ့်နှစ် ဖြစ်လာနိုင်မလား??
#Yangon_Media_Group
Published 31 December 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊သံအမတ်ကြီး မစ္စတာ Deng Xijun ၏လှုပ်ရှားဆောင်ရွက်နေမှုများအပေါ် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့်အင်တာဗျူး
“သူတို့ဘက်က အရှေ့မြောက်ဒေသတည်ငြိမ်နေဖို့လိုအပ်တယ်။ လက်နက်ကိုင်တော်လှန်ရေးများရဲ့ အနေအထားကို သူကသဘောပေါက်တယ်။ တရုတ်ပြည်ရဲ့သဘောအရဖြင့်ရင် သူများနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်မစွက်ဘူး။ ဒါပေမယ့် တရုတ်ပြည်တည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံတည်ငြိမ်ဖို့လိုအပ်တယ်ဆိုတဲ့အနေအထားရယ်၊ မြန်မာပြည်နှင့်နီးစပ်တဲ့နေရာတော်တော်များများကို Proxy War ဝင်ပြီးခါမှ တရုတ်ပြည်မတည်ငြိမ်အောင် မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးပေါင်းစုံနှင့်ပတ်သက်လို့ မူတစ်ခုနှင့်အခြားနိုင်ငံများကချည်းကပ်တဲ့အခါ ဘယ်လိုတုန့်ပြန်နိုင်မလဲဆိုတဲ့ မဟာဗျူဟာမြောက်မိတ်ဖက်တစ်ခုကို ပြန်ပြီးတော့ နိုင်ငံရေး၊သံတမန်ရေး၊စစ်ရေး ပြန်ချိတ်ဆက်ဖို့အတွက် တရုတ်ပြည်ဖက်က ပြန်ကြိုးစားတယ်လို့ထင်ပါတယ်။”
-ymg/knl
#Myanmar_Politics
#China_Deng_Xijun
#Myanmar_Peace_Process
#DailyNews
Published _ 31 December 2022
၁။ နှစ်သစ်ကူးနီးလာသည့်အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အနည်းငယ်ကျဆင်းလာ
၂။ နှစ်သစ်ဦးအလှူအဖြစ် မိုးလင်းကနေမိုးချုပ်ကျွေးသော မီးခိုးတိတ်စတုဒီသာ(၅)ရက်ဆက်တိုက်ကျွေးမည်
၃။ နိုင်ငံတကာသံရုံးများ၏ ထုတ်ပြန်ကြေညာချက်ကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုကို ထိခိုက်နိုင်ဟုဆို
၄။ ယခင်ဖြစ်ရပ်ဆိုးများကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန် ဗင်နီဇွဲလားမြို့တော်တွင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်စီစဉ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 31 Dec 2022
- ယခု တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်းတွေမြင့်တက်နေပါတယ်။ အဲဒီအခြေအနေက ၂၀၂၃ နှစ်သစ်ကို ဘယ်လိုရိုက်ခတ်နိုင်ပါသလဲ??
#Yangon_Media_Group
Published 31 December 2022
ပုပ်ရဟန်းမင်းကြီဟောင်း ဘင်နီဒစ်-၁၆ ဟာ ဗာတီကန်ရဲ့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သက်တော် ၉၅နှစ်ရှိပါပြီ။ သူဟာ ကက်သလစ်အသင်းတော်ကို ၂၀၁၃ခုနှစ်အထိ (၈)နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်ဟာ ၁၄၁၅ခုနှစ်ပုပ်ရဟန်းမင်းကြီး ဂရက်ဂိုရီလက်ထက်ကတည်းက အခုအထိ ပထမဆုံး အငြိမ်းစားယူတဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးလည်းဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်ဟာ ဂျာမနီနိုင်ငံ ဂျိုးစက် ရက်ဇင်ဂါ မှာဖွားမြင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအဖြစ် ၂၀၀၅ခုနှစ် မှာ သူအရွေးချယ်ခံရစဉ်က သက်တော် ၇၈ နှစ်ရှိပါပြီ။ သူဟာ ပုပ်ရဟန်းမင်းကြီးတွေထဲမှာ အသက်အကြီးဆုံးအရွေးခံရတဲ့ ပုပ်ရဟန်းမင်းကြီးတွေထဲက တစ်ပါး ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရစ်စစ်က သူ့ကိုဆက်ခံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ သူ့ဆီ မကြာခဏသွားရောက် လည်ပတ်ပြီး ဆုမွန်ကောင်းတောင်းပေးလေ့ရှိပါတယ်။
Source WION
Page 1279 of 1851