#Local_News
Published_ 10 November 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်က မပြီးပြတ်ဘဲ ဆက်လက် ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂) နှင့် (၃)တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်မျာကို ဆွေးနွေးပွဲတက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 November 2022
Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင်ကျင်းပပြုလုပ်တဲ့ Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ထို့ပြင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Naypyitaw State Academy ကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော် ၈ မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ဒေသခံပြည်သူများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ မဟာဌာနကြီးများ ဖွဲ့စည်းထားရှိ သည့်အတိုင်း ယခုတက္ကသိုလ်တွင်လည်း မဟာဌာနကြီးများ ဖွဲ့စည်းကျင့်သုံးထားပြီး မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာ မဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာ မဟာဌာနများ ပါဝင်ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ထို့ပြင်ဘွဲ့လွန် တန်းများ ဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Naypyitaw State Academy ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အတွက်လိုအပ်တဲ့ ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယခုနှစ်ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကိုပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကာ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့်လည်း အဆင့်မြင့် ပညာများကိုသင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 November 2022
ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီစေရန် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေမှု၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာများနှင့်အညီ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးစီမံချက်ရေးဆွဲပြီး ပို့ဆောင်ရေးနည်းများတွင် ကာဗွန်လျှော့ချရေးဆောင်ရွက်နေကြောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေး အစီအစဉ်အရ ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အာဆီယံ ကာဗွန်လျှော့ချရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်ပေးအပ်ရေးနှင့် လုပ်ငန်းလမ်းညွှန်ချမှတ်ရေးတို့ကို ဆွေးနွေးကြပါတယ်။
ကာဗွန်ဓါတ်ငွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး အတွက် “မှတ်ပုံတင်သက်တမ်းကြာမြင့်ယာဉ်များဖျက်သိမ်းရေးနှင့် အစားထိုးယာဉ်တင်သွင်း ရေးစီမံချက်” ကို ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်နေမှု၊ လက်ရှိကာလတွင် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်အသုံးပြု ပြေးဆွဲရန်လိုအပ်သည့်မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင်ဝန်ကြီးက ရေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် ကမ်းရိုးတန်းသွားရေယာဉ်များတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အစိမ်းရောင်သင်္ဘောမဟာဗျူဟာနှင့် ပြည်တွင်း ရေကြောင်းသွားရေယာဉ်များ၏ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ကွန်ဗင်းရှင်းပါ စံညွှန်းများနှင့်အညီ ကာဗွန်လျှော့ချရေး အစီအစဉ်၌ ပါဝင်ဆောင်ရွက်နေမှုများနှင့် အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာရေးဆွဲချမှတ်ရန်လိုအပ်မှု၊ မဟာဗျူဟာရေးဆွဲရေးအပေါ် ကဏ္ဍအလိုက် တာဝန်ပေးအပ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု အချက်အလက်များ စုဆောင်းအကဲဖြတ်မှုများတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်မှုများကို အကြံပြုခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 10 November 2022
မီးခြစ်ဆံထက် ပိုမိုပါးလွှာတဲ့ လေဆာကုထုံးဖြင့် အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါထောင်မတ်ခြင်းကို ထိခိုက်မှုမရှိစေဘဲ ဆီးကျိတ်ကြီးထွားလာခြင်းကို ထိရောက်စွာ ကုသပေးနိုင်ဖွယ်ရှိနေပါတယ်။
အက်ခိုးလေဆာ(EchoLaser)ကို အာထရာဆောင်းဖြင့် နေရာချပြီး အနီးနားက ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို ထိခိုက်ခြင်းမရှိဘဲ ပိုနေတဲ့ဆီးကျိတ်တစ်ရှူးတွေကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။
အဆိုပါကုသနည်းကို ထုံဆေးပေးပြီး မိနစ် ၃၀ အတွင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အသက် ၅၀ ကျော်လူကြီးတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ကြီးခြင်းလက္ခဏာကို ကုသဖို့နည်းလမ်းအသစ်တစ်ခုလည်း ဖြစ်ပါတယ်။
ဆီးကျိတ်ဆိုတာက သစ်ကြားသီးအရွယ်အစားခန့်ရှိကာ ဆီးအိမ်အောက်ဘက်မှာတည်ရှိပြီး ဆီးလမ်းကြောင်းကို ဖုံးပတ်ထားတာဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်အရွယ်အစားကြီးလာကာ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ဖိမိပြီးတော့ ဆီးစထွက်ဖို့ခက်ခဲခြင်း၊ ဆီးကုန်ဖို့ခက်ခဲခြင်းတို့ဖြစ်လာကာ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်လာစေပါတယ်။
ကုသမှုအနေနဲ့ အရက်သေစာနဲ့ ကဖင်းဓာတ်လျှော့သောက်ခြင်းတို့ဖြင့် နေထိုင်မှုပုံစံပြောင်းလဲနိုင်ပါတယ်။
ဆီးကျိတ်နဲ့ ဆီးအိမ်တဝိုက်ရှိ ကြွက်သားများပြေလျော့စေတဲ့ ဆေးဝါးကုသမှုဖြင့် မသက်သာဘူးဆိုပါက ခွဲစိတ်မှုပြုလုပ်ပြီး ပိုနေတဲ့ဆီးကျိတ်တစ်ရှူးတွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။
ဒီအတွက် ဆီးလမ်းကြောင်းကနေ ဆီးကျိတ်ခွဲတဲ့နည်းလမ်းက စံသတ်မှတ်ချက်ဖြစ်ပေမယ့် မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။
သုတ်ရည်တွေ နောက်ပြန်ရောက်ပြီး မြုံတဲ့အဖြစ်မျိုး ရောက်သွားနိုင်ပါတယ်။
EchoLaser ကတော့ ဘေးအန္တရာယ်နည်းတဲ့ နည်းလမ်းဖြစ်လာနိုင်ပါတယ်။
ဆံခြည်မျှင်ခန့်သာရှိတဲ့ လေဆာကို အပ်လေးထဲမှာထည့်ထားပြီး အပ်ကတော့ ၁ မီလီမီတာရဲ့ ၃ ပုံ ၁ ပုံမျှသာရှိပါတယ်။
အပူပေးလိုက်တဲ့အခါ လေဆာရောင်ခြည်ထွက်လာပြီး မလိုအပ်တဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
အမျိုးသား ၃၈ ယောက်မှာ သုတေသနပြုလုပ်ခဲ့ပြီးတော့ ထိရောက်ဘေးကင်းခဲ့ကြောင်း တွေ့ရှိရပါတယ်။
လူနာအားလုံး ၈ နာရီအတွင်းမှာပင် ဆေးရုံဆင်းနိုင်ပြီး နောက်ပိုင်းတွင်လည်း ဆေးဝါး ဆက်လက်သုံးစွဲစရာ မလိုတော့ကြောင်း ဖော်ပြထားပါတယ်။
ပုံမှန်ကုသပေးနေတဲ့နည်းလမ်းထက်လည်း ဘေးအန္တရာယ်နည်းပါးတာကြောင့် EchoLaser က ထိရောက်တဲ့ကုသမှုဖြစ်လာပါလိမ့်မယ်လို့ ယူဆရပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_9 November 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနောက်မြောက်ဘက်(၁၇)မိုင် လောက် အကွာ နဘူးလယ်ဒေသမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ရဲ့ လုပ်ငန်းတွေအတွက် လက်ရှိမှာ မြေယာကိစ္စတွေကို ဆောင်ရွက်နေပါတယ်။
#Yangon_Media_Group
Published 9 Nov 2022
အိန္ဒိယလေတပ်နှင့် ပြင်သစ်လေနှင့်အာကာတပ်တို့ ဟာ နိုဝင်ဘာ (၈)ရက်က ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်က သဲကန္တာရအတွင်းမှာ 'Ex Garuda-VII' ဆိုတဲ့ အမည်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြ တာဖြစ်ပါတယ်။
လေ့ကျင့်ကြရာမှာ ပြင်သစ်တိုက်ခိုက်ရေးလေယာဉ် Rafale fighters ၊ A-330 Multi Role Tanker Transport aircraft (MRTT) Sukhoi Su-30MKI တို့ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။
Source AFP
#India_France_Joint_Airforce_exercise
#Ex_Garuda-VII
#India_France_Military_Ties
#World_Industry
Published 9 November 2022
ဗီယက်နမ်နိုင်ငံဟာ ဆိုလာစွမ်းအင်မြှင့်တင်ရေးနဲ့ ရာသီဥတုသင့်တင့်ရေးစီမံကိန်းများ လုပ်ဆောင်နေပေမယ့် ညစ်ညမ်းတဲ့စွမ်းအင်အသုံးမပြုရေးမှာ ရုန်းကန်နေရပြီး ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးဓာတ်အားပေးအစီအစဉ်ကြီးတစ်ခုက အကောင်းအတိုင်းရှိနေဆဲဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 9 November 2022
ကြက်သွန်နီဈေးက နိုဝင်ဘာလ ပထမအပတ်နောက်ပိုင်းကစပြီး ကုန်စည်ဒိုင်ဈေးကွက်မှာ အနည်းငယ်ပြန်တက်လာတယ်လို့ ကြက်သွန်ပွဲရုံဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 November 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အတိုင်းလည်ပတ်နေပေမယ့် ကိုဗစ်ကာမတိုင်ခင်အခြေအနေထက် လျော့နည်းနေသေးတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိမ်းကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 November 2022
နိုဝင်ဘာလ(၂၀)ရက်ဟာ ကမ္ဘာ့ကလေးများနေ့ ( World Chindren's Day)ဖြစ်ပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 9 November 2022
၁။ မြန်မာ့ကလေးငယ်များ သေဆုံးနှုန်းကျဆင်းအောင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးကြရန်နှင့် အာဟာရပြည့်ဝစွာကျွေးမွေးရန်လိုအပ်ဟုဆို
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်နေသော်လည်း ကိုဗစ်မတိုင်ခင်ထက်လျော့နည်း
၃။ ကြက်သွန်နီဈေး ကုန်စည်ဒိုင်ဈေးကွက်တွင် အနည်းငယ်ပြန်တက်လာ
၄။ ကျောက်မီးသွေးစွမ်းအင်သုံးစွဲနေခြင်းကို လျှော့ချရန် ဗီယက်နမ်ရုန်းကန်နေရဆဲဖြစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_9 November 2022
ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့် ပြည်တွင်းမှာ ရွှေဈေးနည်းနည်းလေး ပြန်တက်လာပါတယ်။
#Yangon_Media_Group
Page 1282 of 1766