#Local_News
Published-17 March 2023
ကိုရီးယားသမ္မတနိုင်ငံရှိ ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်ဂဟေ လုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် မြန်မာဂဟေလုပ်သား ၃၃ဦးကို ဒုတိယအကြိမ်အဖြစ် မတ်လ ၁၇ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
ယခုအကြိမ်စေလွှတ်ခဲ့ခြင်းမှာ ဒုတိယမြောက်အကြိမ်ဖြစ်ပြီး Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သားများရောက်ရှိခဲ့ရာတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိမှ ကြိုဆို၍လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မတ်လ ၁၂ ရက်ကလည်း မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #ဂဟေလုပ်သား #ကိုးရီးယား #ထပ်မံစေလွှတ် #YMG #Yangon-Media-Group
Published 17 March 2023
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Xi Jinping သည် ရုရှားနိုင်ငံသို့ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မယ်လို့ ရုရှားမီဒီယာ တွေကရေးသားကြပါတယ်။
ခရီးစဉ်အတွင်းမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ဘက်စုံမိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့်သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တဲ့အပြင် နိုင်ငံတကာ နယ်ပယ်တွင် ရုရှား-တရုတ် ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းလာမှုအပေါ် အမြင်ချင်းဖလှယ်ရန်လည်း စီစဉ်ထား တယ်လို့သိရပါတယ်။
ထို့အပြင် အရေးကြီးတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အများအပြားကိုလည်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ရုရှား မီဒီယာတွေကဖော်ပြရေးသားကြပါတယ်။
Source: Agencies
#ရုရှား_တရုတ်ဆက်ဆံရေး
#ပူတင်_ရှီ_တွေ့ဆုံမှု
#Local_News
Published_ 17 March 2023
ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တရုတ်ကြားဝင်ဆောင်ရွက်ပေးမှုကို FPNCC ကြိုဆိုထောက်ခံကြောင်း မတ်လ (၁၅) ရက် မှ (၁၆) ရက်ထိ “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) လုပ်ငန်းအစည်းအဝေး အပြီးတွင် FPNCC က ထုတ်ပြန်လိုက်သည်။
FPNCC အဖွဲ့ဝင် (၇) ဖွဲ့ဖြစ်သော “ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) တို့မှ ခေါင်းဆောင်များ က အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်း အစည်းအဝေးတွင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်း၊ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စေရန် ပေးခဲ့သော နှောင်ကြိုးမဲ့အကူအညီများ အပေါ်လည်း တရုတ်အစိုးရကို ကျေးဇူးအထူးတင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း FPNCC အနေဖြင့် တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
#ymg/mt #Local_News #ပဋိပက္ခ # FPNCC #YMG
#Yangon_Media_Group
#Local_News
Published_ 17 March 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊(၇)စျေးလမ်းမကြီးပေါ်တွင် မတ် ၁၆ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
မတ်လ ၁၇ ရက်နေ့ ၈ နာရီခန့်က သာကေတမြို့နယ်၊ (၇)စျေးလမ်းမကြီးပေါ်ရှိ အ.ထ.က(၂)ရှေ့တွင် Taxi တစ်စီးမှလမ်းဘေးတွင် ရပ်ထားသည့်ကားအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။
ဝင်တိုက်မိသည့် အရှိန်ကြောင့် Taxi ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ထုတ်ပေးခဲ့ကြပြီးနောက် ဦးခေါင်းကွဲနှင့် ခန္ဓာကိုယ်တွင် ပွန်းပွဲဒဏ်ရာများရရှိထားသဖြင့် မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြသည်။
ဒဏ်ရာရှိသူယာဉ်မောင်းအား ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/ppk #Local_News #သာကေတ #ကားအတွင်းညပ် #YMG
#Yangon-Media-Group
#Local_News
Published_ 17 March 2023
EV လျှပ်စစ်ကားမှာပါဝင်တဲ့ အားသိုလှောင်စနစ်ဟာ အား ၁၀၀ ရာခိုင်နှုန်းအပြည့်သွင်းပြီးရင် မိသားစုငါးယောက်ရှိတဲ့ နေအိမ်တစ်လုံးကို လျှပ်စစ်မီးငါးရက်ပေးနိုင်တယ်လို့ EV Myanmar Group မှ ကိုကျော်ကျော်ထွန်း က ymg ကို ပြောပါတယ်။
#Local_News #EV လျှပ်စစ်ကား #အင်ဗာတာ
#YMG #Yangon_Media_Group
#Local_News
Published-17 March 2023
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းရှိ နေအိမ်တစ်လုံးတွင် မြေအဘွား နှစ်ဦးတည်းရှိချိန် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၇ရက် နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်က အခြားမိသားစုဝင်များ အလုပ်သွားစဉ် နေအိမ်၌ မြေးအဘွား ၂ယောက်တည်းရှိနေချိန် မီးလောင်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
"မီးလောင်တဲ့အချိန်က အိမ်မှာရှိတဲ့ မိသားစုဝင်တွေက အလုပ်သွားကြတာ။ မြေးအဘွား ၂ယောက်တည်းရှိတဲ့အချိန်ပေါ့။ မီးလောင်တော့ မြေးအဘွား ၂ ယောက်ကို ဘေးအိမ်တွေကခေါ်ထားတယ်"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက သိရသည်။
မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့၍ နံနက် ၁၁နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ပြီး ယင်းမီးလောင်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းလည်း သိရသည်။
#ymg/tthl #Local_News #မရမ်းကုန်း #နေအိမ်မီးလောင်မှု #ဒဏ်ရာရရှိ #YMG #Yangon-Media-Group
Published 17 March 2023
ပြိုလဲတော့မည့်အရိပ်အယောင်မြင်နေရတဲ့အတွက် အမေရိကန်ရဲ့ First Republic ဘဏ်ကို အခြား ဘဏ်ကြီး(၁၁) ဘဏ်က ဝင်ရောက်ကူညီကယ်တင်လိုက်တယ်လို့ သိရပါတယ်။
ဆီလီကွန်တောင်ကြားဘဏ်အပါအဝင် မကြာသေးမီက အမေရိကန်ဘဏ်တွေပြိုလဲခဲ့ပြီးနောက် First Republic ဘဏ်ဟာ နောက်ထပ်ပြိုလဲနိုင်မယ်လို့ စိုးရိမ်မှုတွေရှိလာတဲ့အတွက် ပုဂ္ဂလိကဘဏ်ကြီး ၁၁ ဘဏ်က ဝိုင်းကူပေး လိုက်ကြတာဖြစ်ပါတယ်။
Citigroup ၊ JPMorgan Chase နှင့် Bank of Americaတို့အပါအဝင် အဆိုပါ ဘဏ်ကြီး၁၁ ဘဏ်က First Republic ထဲကို ဒေါ်လာ ၃၀ ဘီလျံ ထည့်သွင်းအပ်နှံပေးကြမယ့်အကြောင်း ကြေညာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ဘဏ် (၃)ပတ် ပြိုလဲသွားပြီးနောက် ဘဏ်လုပ်ငန်းခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဘဏ်စနစ်ကို ထောက်ပံ့ပေးတဲ့အနေနှင့် ယခုလို သိသာထင်ရှားတဲ့ ဦးစီးဦးရွက်ပြုလိုက်ကြတာပါ၊
“ အမေရိကန်ရဲ့ အကြီးဆုံးဘဏ်တွေရဲ့ ယခုလိုဆောင်ရွက်မှုဟာ First Republicနှင့် ဘဏ်အရွယ်အစားအားလုံး အပေါ်မှာ သူတို့ရဲ့ယုံကြည်မှု ထင်ဟပ်နေတာဖြစ်တယ်” လို့ အဆိုပါဘဏ်အုပ်စုရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။
“ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဏ္ဍာငွေကြေးအင်အားနှင့် ငွေပေါ်လွယ်မှုတွေကို အလိုအပ်ဆုံးဖြစ်နေတဲ့ ပိုမိုကြီးမားတဲ့ စနစ်အတွင်း အတူတကွ ထိရောက်စွာ အသုံးချလိုက်ကြတာဖြစ်ပါတယ်”လို့လည်း ကြေညာချက်ကဆိုပါတယ်။
ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲအပြီး လတ်တလောမှာတော့ အမေရိကန်ဘဏ်တွေကို တနင်္ဂနွေနေ့က ကြေညာခဲ့တဲ့ တစ်နှစ်ငွေချေးအစီအစဉ် အသစ်အောက် ကနေ ဖက်ဒရယ်အရန်ငွေကြေးက ထုတ်ချေးထားပါတယ်။
Source:WION
#First_Republic_ဘဏ်
#အမေရိကန်ဘဏ်အကျပ်အတည်း
#YangonMediaGroup
#Local_News
Published_ 17 March 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုချက်ထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ(၂၀)ကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း သိရသည်၊၊
Myanmar National Airlineကုမ္ပဏီ၏ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်အပါအဝင် စုစုပေါင်းကုမ္ပဏီ(၂၀)၏ လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်၊၊
အဆိုပါကုမ္ပဏီ(၂၀)သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ မတ်လ(၁၄)ရက်မှစပြီး လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #MNA #Money Changer #လိုင်စင်များရုပ်သိမ်း #YMG #Yangon_Media_Group
Published 17 March 2023
နိုင်ငံတကာအိပ်စက်ခြင်းနေ့ကို ဂုဏ်ပြုတဲ့အနေနှင့် အိန္ဒိယ ကုမ္ပဏီတစ်ခုက သူ့ဝန်ထမ်းတွေကို မတ် ၁၇ ရက် ဒီကနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။ လုပ်အားအင်အားစုတွေအကြား ကျန်းမာရေးအလေ့အထတွေ တိုးမြှင့်ဆောင်ရွက်ရန် ကြိးပမ်းအားထုတ်မှုတစ်ခုအနေနှင့် သူတို့က မတ်၁၇ရက် နိုင်ငံတကာ အိပ်စက်ခြင်းနေ့မှာ ရုံးပိတ် ပေးလိုက်တာဖြစ်ပါတယ်။
Wakefit Solutions လို့အမည်ပေးထားတဲ့ D2C အိမ်နှင့်အိပ်စက်ခြင်းဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ပေးတဲ့ အဲဒီကုမ္ပဏီက LinkedIn ကနေ သူ့ရဲ့ ဝန်ထမ်းတွေအားလုံးဆီကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ အဲဒီကြေညာစာမှာ “ အံအားသင့်စရာရုံးပိတ်ရပ်- အိပ်စက်ခြင်းလက်ဆောင်ပေးခြင်း” လို့ ခေါင်းစဉ်တပ်ထားခဲ့ပါတယ်လို့ Mint မီဒီယာကရေးသားပါတယ်။
“ Wakefit ဟာ မတ်၁၇ ရက်သောကြာနေ့မှာဝန်ထမ်းတွေအားလုံးကို သီးခြားရုံးပိတ်ရက်တစ်ခုအဖြစ်သတ်မှတ်ပေးပြီး နိုင်ငံတကာအိပ်စက်ခြင်းနေ့ကိုဆင်နွှဲမယ့်အကြောင်း အူလှိုက်သည်းလှိုက် ကြေညာအပ်ပါတယ်။ ကျွန်ုပ်တို့ဟာ အိပ်စက်ခြင်းဆိုင်ရာ စိတ်အားထက်သန််တဲ့သူတွေ ဖြစ်ကြတဲ့အလျောက် အိပ်စက်ခြင်းနေ့ကို အထူးသဖြင့် သောကြာနေ့မှာကျရောက်လို့ ပွဲတော်တစ်ခုအဖြစ်သတ်မှတ်လိုက်ပါတယ်” လို့ ကုမ္ပဏီကကြေညာပါတယ်။
“၂၀၂၂ခုနှစ်ကတည်းကစတင်က အလုပ်ချိန်အတွင်း အိပ်ငိုက်တဲ့သူတွေဟာ ၂၁ ရာခိုင်နှုန်းတိုးလာတယ်လို့ အိန္ဒိယ အိပ်စက်ခြင်းအမှတ်ပေးကတ်ရဲ့ ခြောက်ကြိမ်မြောက်ပြုပြင်တည်းဖြတ်ထုတ်ဝေမှုအရသိရပါတယ်။ ပြီးတော့ ၁၁ရာခိုင်နှုန်းသောလူတွေဟာ အိပ်ရာထချိန်မှာ နွမ်းနယ်နေကြပါတယ်။ အိပ်ရေးမဝခြင်းတွေအတွက် အိပ်စက်ခြင်းနေ့မှာ အိပ်စက်ခြင်းကိုလက်ဆောင်ပေးတာဟာပိုကောင်းမွန်တဲ့နည်းလမ်းဖြင့် ဆင်နွှဲခြင်းလို့ ကျွန်တော်တို့ သတ်မှတ်လိုက်ပါတယ်” လို့ ကုမ္ပဏီက ရေးသားထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အဲဒီကုမ္ပဏီဟာ တစ်မှေးအိပ်ခွင့် မူဝါဒကို ချမှတ်ပေးခဲ့ပြီး အလုပ်ချိန်အတွင်း သူ့ဝန်ထမ်းတွေကို နာရီဝက် တစ်မှေးအိပ်ခွင့် တရားဝင်ခွင့်ပြုခဲ့ပါတယ်။
“မွန်းလွဲပိုင်းတစ်မှေးအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကိုအားပြန်ဖြည့်ဖို့နှင့် အလုပ်ထဲ အာရုံပြန်စိုက်နိုင်ဖို့ ၊ လုပ်ငန်းခွင်ထုတ်လုပ်မှုစွမ်းအားနှင့် ထက်သန်တက်ကြွမှု တိုးတက်စေဖို့ အကူအညီပေးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်” လို့လည်း ကုမ္ပဏီက ပြောပါတယ်။
ကမ္ဘာ့အိပ်စက်ခြင်းနေ့ရဲ့ ရည်ရွယ်ချက်က အိပ်စက်ခြင်းရဲ့တန်ဖိုးနှင့် အိပ်စက်ခြင်းအခက်အခဲတွေဟာ ကျန်းမာရေးနှင့် သုခချမ်းသာအပေါ် ဆိုးကျိုးဖြစ်စေတာ ကို အများပြည်သူ ဂရူမူလာကြစေဖို့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာဟာ အိပ်စက်ခြင်းအခက်အခဲတွေနှင့် ရင်ဆိုင်နေရပြီး လူတွေရဲ့ဘဝတန်ဖိုးတွေကျဆင်းနေရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source: WION
#နိုင်ငံတကာအိပ်စက်ခြင်းနေ့
#အိန္ဒိယကုမ္ပဏီတစ်ခု#နိုင်ငံတကာအိပ်စက်ခြင်းနေ့#ရုံးပိတ်ရက်သတ်မှတ်
#International_Sleep_Day
#YangonMediaGroup
#Local_News
Published_ 17 March 2023
Ev myanmar group မှ တင်သွင်းသည့် တရုတ်နိုင်ငံထုတ် E2BYD ကားများကို အခမဲ့စမ်းသပ်စီးနင်းမောင်းနှင်မှုကို ရန်ကုန်မြို့လသာလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
“မတ်လကုန်အထိ စမ်းသပ်နိုင်အောင်စီစဉ်ထားပေမယ့် လာရောက်စမ်းသပ်မောင်းနှင်တဲ့သူအရေအတွက်ကို ကြည့်ပြီးရက်တွေပြောင်းလဲသတ်မှတ်သွားမှာပါ”ဟု Ev myanmar group မှ တာဝန်ခံက ပြောသည်။
လျှပ်စစ်ကားစီးနင်းခြင်းကြောင့် ရေရှည်ကုန်ကျစရိတ်သက်သာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့ချခြင်းတို့ကို ပညာပေးဆွေးနွေးပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
#ymg/ppk #Local_News #ရန်ကုန် #လျှပ်စစ်ကား #အခမဲ့စမ်းသပ်မောင်းနှင် #YMG #Yangon-Media-Group
#Local_News
Published_ 17 March 2023
မတ် ၁၆ ရက်ည၁၀နာရီဝန်းကျင်လောက်ကရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်ရှိ ရေမြောင်းတစ်ခုအတွင်းအမျိုးသားတစ်ဦး ခြေနှစ်ချောင်းထောင်၍သေဆုံးနေကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာယခင်က ဆိုက်ကားနင်းသူတစ်ဦဖြစ်ပြီး သေဆုံးစဉ်ပြင်ပဒဏ်ရာမတွေ့ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအားမင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
#ymg/ynzw #Local_News #မင်္ဂလာတောင်ညွှန့် #ရေမြောင်းထဲကျ
#YMG #Yangon_Media_Group
#World_Politics
Published 17 March 2023
ပြင်သစ်အစိုးရက ပါလီမန်မှာ မဲခွဲဆန္ဒမခံယူဘဲ ပင်စင်ကိစ္စပြုပြင်ပြောင်းလဲချက်ကို အတင်းအကြပ်ဆုံးဖြတ်လိုက်တာကြောင့် ပဲရစ်မြို့မှာ ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
ပင်စင်ယူရမယ့်အသက်အရွယ်ကို ၆၂ နှစ်မှ ၆၄ နှစ်အထိတိုးမြှင့်လိုက်တာကြောင့် ပဲရစ်ရှိ Place de la Concorde ရင်ပြင်မှာ လူအများစုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြမှုမြင့်တက်လာတဲ့အခါမှာ ရဲတွေက မျက်ရည်ယိုဗုံးများပစ်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
ဆန္ဒပြသူတွေကတော့ လမ်းခင်းကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်နေခဲ့ပါတယ်။
ပါလီမန်အတွင်း အခြေအနေမငြိမ်မသက်ဖြစ်နေချိန် ပြင်သစ်အစိုးရက အထူးဖွဲ့စည်းပုံအခြေခံဥပဒေအာဏာကို အသုံးပြုပြီး ပင်စင်ပြုပြင်ပြောင်းလဲရေးဥပဒေကြမ်းကို အတင်းအကြပ်ဆုံးဖြတ်လိုက်ပါတယ်။
ပြင်သစ်ဝန်ကြီးချုပ်'အယ်လီဆဘက်ဘွန်း' မိန့်ခွန်းမပြောနိုင်အောင် လက်ဝဲနိုင်ငံရေးလွှတ်တော်အမတ်တွေက La Marseillaise သီချင်းကို ကျယ်လောင်စွာ သီဆိုကြပါတယ်။
ပါလီမန်မဲခွဲဆုံးဖြတ်ခြင်းမလုပ်ဘဲ ပင်စင်စားအသက်ကို ၆၂ နှစ်မှ ၆၄ နှစ်အထိတိုးမြှင့်ဖို့ ဥပဒေကို သမ္မတ'အီမန်နျူယယ်မက်ခရွန်'က နောက်ဆုံးအချိန်မှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အောက်လွှတ်တော်မှာ လွှတ်တော်အမတ်များ မဲမပေးခင်မိနစ်ပိုင်းအလိုမှာ မက်ခရွန်က နိုင်ငံရေးအထင်ကရပုဂ္ဂိုလ်များနဲ့ အစည်းအဝေးတက်ရင်း အလုပ်ရှုပ်နေခဲ့ပါတယ်။
အဲဒီနောက် မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်ချေရှိတာကြောင့် မစွန့်စားတော့ဘဲ အထူးအာဏာသုံးလိုက်တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉.၃ အရ အစိုးရဟာ ပါလီမန်မှာအဆုံးအဖြတ်မခံယူဘဲ အာဏာသုံးခွင့်ရှိနေကြောင်း မက်ခရွန်က ဖော်ပြလိုက်ပါတယ်။
လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ဘွန်းကို 'နှုတ်ထွက်နှုတ်ထွက်'လို့ အော်ဟစ်နေကြကာ ဘွန်းစကားမပြောနိုင်အောင် လက်ဝဲပါတီ France Unbowed က နိုင်ငံတော်သီချင်းကို ကျယ်လောင်စွာ သီဆိုခဲ့ကြပါတယ်။
ပင်စင်စားတွေရဲ့ အနာဂတ်အကြောင်း မစွန့်စားချင်လို့ ဥပဒေကြမ်းကို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း၊ ပါလီမန်မှာ နာရီပေါင်းများစွာဆွေးနွေးပြီး ဘာမှဖြစ်မလာတာမျိုး မဖြစ်ချင်ကြောင်း ဘွန်းက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က ကြာသပတေးနေ့မှာ တင်ပြခဲ့တာဖြစ်ပြီး အတိုက်အခံလက်ယာအမတ်တွေက မက်ခရွန်ကို မထောက်ခံချင်တာကြောင့် အစိုးရအနေနဲ့ ရှုံးနိမ့်နိုင်ချေများနေခဲ့ပါတယ်။
လက်ယာအစွန်းရောက်ခေါင်းဆောင် 'မရင်းလီပန်'က "အစိုးရအတွက်တော့ လုံးဝရှုံးနိမ့်တာပါပဲ၊ အစကတည်းက အစိုးရဟာ လူအများထောက်ခံမှုရသယောင် အရူးလုပ်နေခဲ့တယ်" လို့ ဆိုခဲ့ပါတယ်။
စစ်တမ်းကောက်ယူချက်အရ ပြင်သစ်ပြည်သူ ၃ ပုံ ၂ ပုံလောက်ဟာ အဆိုပါပင်စင်ကိစ္စကို ဆန့်ကျင်နေကြပါတယ်။
ကြေညာချက်ထွက်ပြီးနောက်နေ့မှာ သမဂ္ဂများက ဆန္ဒပြသပိတ်မှောက်ဖို့ စုဝေးလိုက်ကြကာ အစိုးရရဲ့လုပ်ရပ်က ဒီမိုကရေစီဆန့်ကျင်ရာရောက်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
Source: WION #World_Politics #ပါလီမန် #ဆန္ဒပြမှုများ
#YMG #Yangon_Media_Group
Page 1286 of 1957