#World_Health
Published 17 March 2023
နေ့စဉ်အသုံးပြုနေကြတဲ့ ဆပ်ပြာ၊ လိုးရှင်း၊ ခေါင်းလျှော်ရည်၊ အလှကုန်ပစ္စည်းတွေမှာ စိုးရိမ်စရာတွေရှိလာကြောင်း နောက်ပိုင်းတွေ့ရှိလာကြပါတယ်။
အသားဖြူဆေးတွေနဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်တဲ့ ခရင်မ်တွေမှာ အန္တရာယ်ရှိလောက်စွာပါဝင်တဲ့ မာကျူရီ၊ ရင်သားနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ ဆံပင်ဆိုးဆေးများမှ ဓာတုပစ္စည်းတွေ၊ မျိုးပွားပြဿနာဖြစ်စေတဲ့ ဆပ်ပြာ ခေါင်းလျှော်ရည်အနံ့တွေကို သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
အဆိပ်သင့်ဓာတုပစ္စည်းတွေ ထိတွေ့ခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုပြဿနာ၊ အဝလွန်ခြင်း၊ ရင်ကြပ်စတဲ့ ပြဿနာအမျိုးမျိုးဖြစ်လာနိုင်ပါတယ်။
ကုမ္ပဏီတွေက သူတို့ပစ္စည်းတွေမှာ 'သဘာဝကရရှိတဲ့ထုတ်ကုန်'၊ 'အဆိပ်အတောက်မဖြစ်စေနိုင်'စတဲ့ စာတန်းများဖော်ပြထားပေမယ့် အရည်အသွေးထိန်းချုပ်ကွပ်ကဲမှုအပိုင်းမှာ အားနည်းကြပါတယ်။
မိမိအတွက် အဆိပ်အတောက်မဖြစ်စေတဲ့ ပစ္စည်းတွေကိုသာရွေးချယ်အသုံးပြုသင့်ပြီး အထူးသဖြင့် ဟော်မုန်းပြောင်းလဲချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ ငယ်ရွယ်နုနယ်ချိန်၊ အပျိုဖော်ဝင်ချိန်တို့မှာ သတိထားရမှာဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရာနဲ့ချီတဲ့ အလှကုန်ပစ္စည်းတွေကို ဓာတုပစ္စည်းအန္တရာယ်ကြောင့် တားမြစ်ထားပါတယ်။
တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
- BUTYLATED HYDROXYANISOLE - နှုတ်ခမ်းနီ၊ အိုင်းလိုင်နာ၊ အစိုဓာတ်ထိန်းသိမ်းရည်တို့မှာ အသုံးပြုလေ့ရှိပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြင်း၊ ကျောက်ကပ်ဆဲလ်များထိခိုက်ခြင်း၊ မျိုးပွားစနစ်ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
- M- , O- , P-PHENYLENEDIAMINE ကတ္တရာဆေး - အညိုရင့်ရောင်ရှိတဲ့ ဒီဓာတုပစ္စည်းကို ကတ္တရာမှရပြီး ဆံပင်ဆိုးဆေးတွေမှာ အသုံးပြုကြကာ ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
- DIETHANOLAMINE - ခေါင်းလျှော်ရည်၊ မုတ်ဆိတ်ရိတ်ခရင်မ်တွေလို အမြှုပ်ထတဲ့ပစ္စည်းတွေမှာ ပါဝင်လေ့ရှိပြီး ကင်ဆာဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
- FORMALDEHYDE , FORMALDEHYDE-RELEASERS - အနံ့ပြင်းတဲ့ဒီဓာတုပစ္စည်းကို အချို့အလှကုန်ပစ္စည်းများ၊ ဆံပင်ဖြောင့်ဆေး၊ လက်သည်းနီတို့မှာ အသုံးပြုလေ့ရှိကာ နှာခေါင်းနဲ့ လည်ချောင်းကင်ဆာတို့ ဖြစ်နိုင်ချေရှိပါတယ်။
- ISOBUTANE, PROPANE , OTHER PROPELLANTS - နေကာခရင်မ်၊ ချိုင်းလိမ်းဆီတို့မှာ တွေ့ရပြီး ခေါင်းကိုက်၊ မူးဝေ၊ အော့အန်ခြင်းတို့ ဖြစ်နိုင်ကာ သွေးနီဥ သွေးဖြူဥပြဿနာများ ဖြစ်ပေါ်တတ်ပါတယ်။
- PARABENS - ဒီပစ္စည်းကို ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ မျက်နှာသစ်ဆေး၊ သွားတိုက်ဆေးတို့မှာ တွေ့ရပြီး ရင်သားကင်ဆာနဲ့ အမျိုးသားမျိုးပွားစနစ်တို့ကို ထိခိုက်စေပါတယ်။
- POLYETHYLENE GLYCOLS - ဆပ်ပြာ၊ မိတ်ကပ်၊ ခရင်မ်တွေမှာ အသုံးပြုကြပြီး ရေရှည်မှာ ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
- TOLUENE - အရောင်အသွေးမဲ့အရည်ဖြစ်ပြီး လက်သည်းအလှကုန်နဲ့ ဆံပင်ဆိုးဆေးတွေမှာ ပါဝင်ကာ အမြင်အာရုံ၊ အကြားအာရုံ၊ မှတ်ဉာဏ်ပြဿနာတို့ ထိခိုက်နိုင်ပါတယ်။
Source: CNA #World_Health #ဓာတုပစ္စည်း #တစ်ကိုယ်ရည်သုံးပစ္စည်း #YMG #Yangon_Media_Group
#World_Health
Published 17 March 2023
မကြာခဏ သတိမေ့လျော့တတ်တဲ့ ဒီမန်ရှာရောဂါကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေအကြောင်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ပါတယ်။
အမေရိကန်မှ အာရုံကြောခွဲစိတ်ဆရာဝန် ဒေါက်တာ'ဆန်ဂျေဂုတာ'နဲ့ ဦးနှောက်ကျန်းမာရေးပို့ချသူ 'မာ့ခ်မီလ်စတိုင်း'တို့က မှတ်ဉာဏ်ယုတ်လျော့လာခြင်းကို လျှော့ချနိုင်မယ့်နည်းလမ်းများအကြောင်း အကြံပြုသွားပါတယ်။
(၁) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ
ရုပ်ပိုင်းဆိုင်ရာအားထုတ်ခြင်းက ဦးနှောက်ကျန်းမာရေးနဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်တယ်လို့ သိပ္ပံနည်းကျတွေ့ရှိထားပါတယ်။
တစ်နေ့ကို မိနစ် ၃၀ မျှ ခပ်သွက်သွက် ခပ်ဝေးဝေးလမ်းလျှောက်ခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။
(၂) အသိနှင့်ယှဉ်၍စားသောက်ပါ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်၊ စားသောက်ပုံစံတွေကို ကိုယ်တိုင်သတိပြုမိဖို့လိုအပ်ပါတယ်။
အချိုအငန်လျှော့ခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်း၊ အိုမီဂါ၃ဖက်တီးအက်ဆစ်ပါတဲ့ အစားအစာများပိုစားခြင်း၊ တစ်ကြိမ်စားလျှင် အနည်းငယ်သာစားခြင်း၊ စီမံခန့်ခွဲစားသောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
(၃) အသစ်အသစ်များလေ့လာပါ
အသစ်လေ့လာတယ်ဆိုရာမှာ သိပ္ပံနည်းပညာတွေ ဖြစ်စရာမလိုဘဲ ဥပမာအားဖြင့် မသန်တဲ့လက်နဲ့ သွားတိုက်ကြည့်တာမျိုးပါ။
အကြောင်းအရင်းအသစ်တစ်ခုကို စမ်းသပ်တဲ့အခါ ဦးနှောက်ဆဲလ်ချိတ်ဆက်မှုတွေ အားကောင်းလာပါတယ်။
အသက်ကြီးတဲ့အခါ ဆဲလ်ချိတ်ဆက်မှုတွေ အားနည်းသွားတာကြောင့် အသစ်ပြန်လည်ချိတ်ဆက်မိဖို့ အလွန်အရေးကြီးပါတယ်။
(၄) စာဖတ်ပါ
ဦးနှောက်ဟာ ကြွက်သားကဲ့သို့ပင် လေ့ကျင့်မှုမပြုလုပ်ရင် အားနည်းလာမှာဖြစ်ပါတယ်။
မသိသေးတဲ့စာအုပ်တွေကို ဖတ်ရှုခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။
(၅) စိတ်အနားပေးပါ
ဦးနှောက်ကို သေချာအနားမပေးရင် အိပ်ပျော်ရခက်စေပါတယ်။
အိပ်သွားတဲ့အချိန်မှသာ ဦးနှောက်နဲ့ခန္ဓာကိုယ်က ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးတာဖြစ်ပါတယ်။
(၆) မိတ်ဆွေထားပါ
လူသားချင်းပေါင်းသင်းဆက်ဆံရေးကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးနေပါတယ်။
စကားပြောဖော်တစ်ယောက်ယောက်ရှိခြင်းဖြင့် အသက်အရွယ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းကို သက်သာစေမှာဖြစ်ပါတယ်။
#Source: South China Morning Post #World_Health #ဒီမန်ရှာရောဂါ #ကျန်းမာရေးပညာရှင် #YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
ရန်ကုန် မင်္ဂလာတောင်ညွှန့်မြိုနယ် ၁၅ ပေ တံတားမှာ ကားက ဆိုက်ကားကို တိုက်ပြီးမောင်းနှင် ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။
#Local_News #မင်္ဂလာတောင်ညွှန့် #၁၅ ပေ တံတား #YMG
#Yangon_Media_Group
#Asia_Resource
Published 16 March 2023
ဂျပန်မှာ လှုပ်ရှားမီးတောင် ၁၀၀ ကျော်ရှိကာ ကမ္ဘာပေါ်မှာ မြေအောက်ဘူမိအပူစွမ်းအင်အရင်းအမြစ် တတိယအများဆုံးရှိရာနိုင်ငံဖြစ်သလို ရေပူစမ်းလုပ်ငန်းကဏ္ဍကိုလည်း တောက်လျှောက်ပိတ်ဆို့နေတဲ့ လုပ်ငန်းကြီးဖြစ်နေပါတယ်။
#Asia_Resource #ဂျပန်နိုင်ငံ #ဘူမိအပူစွမ်းအင် #ရေပူစမ်း
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
မတ်လဒုတိယအပတ်ထဲမှာ ပြည်တွင်းရွှေဈေးဆက်တိုက်ဆိုသလို မြင့်တက်နေပြီး မတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ၂၈ သိန်းသောင်းဝန်းကျင်အထိပေါက်ဈေးရှိနေပါတယ်။
#Local_News #ပြင်ပရွှေ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
နွေရာသီကာလ ရပ်ကွက်အချို့မှာ ရေတွင်းတွေခမ်းခြောက်မှု စတင်ဖြစ်ပေါ်လာတဲ့အတွက် သောက်သုံးရေလှူဒါန်းတာတွေ ဆောင်ရွက်ပေးနေရတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက် အကူပြုအဖွဲ့မှ သိရပါတယ်၊၊
#Local_News #Summer #ရေတွင်းခမ်းခြောက်ခြင်း #ရေရှားပါးမှု
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
သင်္ကြန်ကာလအတွင်းမှာ YBS ယာဉ်များ အနေနဲ့ သတ်မှတ်နှုန်းထားထက် ပိုမိုမကောက်ခံဖို့ တိုးမတောင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Local_News #သင်္ကြန်တွင်း #ပိုမိုမကောက်ခံဖို့ #YBS
#YMG #Yangon_Media_Group
#DailyNews
Published_ 16 March 2023
၁။ သင်္ကြန်တွင်းကာလ YBS ယာဉ်များ ယာဉ်စီးခ ပိုမိုမကောက်ခံဖို့ ညွှန်ကြားထားဟုဆို
၂။ နွေရာသီကာလရေတွင်းများ ခမ်းခြောက်ခြင်းနှင့် ရေရှားပါးမှုစတင်ဖြစ်ပေါ်လာ
၃။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးမြင့်တက်
၄။ ဂျပန်နိုင်ငံ၏ ဘူမိအပူစွမ်းအင်စီမံကိန်းအလားအလာကို ရေပူစမ်းလုပ်ငန်းရှင်များ ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 16 March 2023
ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ စီးတီးတက်စီတွေထဲက တက်စီအစီးရေ ၅၀၀ ကို Pilot Project အနေနဲ့ ခေတ်မီတဲ့ စမတ်မီတာစနစ်တပ်ဆင်သွားမှာဖြစ်တယ်လို့ YRTC မှ သိရပါတယ်၊၊
#Local_News #စီးတီးတက်စီ #Smart_Meter
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
ဧရာဝတီတံတား(မကွေး)ရေလမ်း ပြောင်းလဲမည်ဖြစ်ပြီး ရေယာဉ်များအတွက်အစုန်သွားရမည့်ရေလမ်းကြောင်းနှင့် အဆန်သွားရမည့်ရေလမ်းကြောင်းများသီးခြားစီဖြစ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ဧရာဝတီတံတား(မကွေး)ရေလမ်းတွင်ဖြတ်သန်းသွားလာကြသည့် ရေယာဉ်များအနေဖြင့် မူလက ရေလမ်းကြောင်းအဖြစ် ရေလယ်တိုင် အမှတ်(၁၆) မှ(၁၇)ကြားတွင် အစုန်ရောအဆန်ပါ ဖြတ်သန်းသွားလာကြရခြင်းဖြစ်သည်၊၊
မတ်လ(၁၈)ရက်မှစ၍ ရေလမ်းကြောင်းပြောင်းလဲမှုအဖြစ် ရေလယ်တိုင်အမှတ်(၁၆) မှ(၁၇)ကြားတွင် အဆန်ရေယာဉ်များဖြတ်သန်းသွားလာရမည်ဖြစ်ပြီးရေလမ်းကြောင်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇) မှ(၁၈) ကြားတွင်အစုန်ရေယာဉ်များဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်းရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ပြောင်းလဲမည့်ရေလမ်းကြောင်း၏ကင်းလွတ်အကျယ်မှာ (၁၁၀)မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်၁၇မီတာရှိသည်ဟုဆိုသည်၊၊
ရေယာဉ်များဖြတ်သန်းရမည့်ဝင်ပေါက်ကို နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား၊ညဘက်တွင် မီးစိမ်းပြထားမည်ဖြစ်ပြီး မဖြတ်သန်းရမယ့်နေရာကို အနီရောင် အမှတ်အသား၊ မီးနီပြထားမည်ဖြစ်သည်၊၊
ရေလယ်တိုင် တစ်ဖက်တစ်ချက်မှာ (၁၅)ပေခန့်ထိုးထွက်မှုရှိသည့်အတွက် ရေလယ်တိုင်နှစ်ခုကြားကို ယှဉ်တွဲခုတ်မောင်းခြင်းမပြုရန်၊တွန်းတွဲရေယာဉ်များတစ်တွဲချင်းချိတ်ဆွဲမောင်းနှင်ရန်နှင့် အစုန်ဦးစားပေးပြီး လုံလောက်တဲ့အကွာအဝေးက ချဉ်းကပ်လမ်း ကြောင်းမှန်ဖြင့် မောင်းနှင်ရန်လိုကြောင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတိပေးသည်၊၊
#ymg/tthl #Local_News #ဧရာဝတီတံတား(မကွေး) # အစုန်နှင့်အဆန် #YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲအသီးသီး အတွက် ဂျာမနီနည်းပြ မိုက်ကယ်ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ယခုလ မှ စတင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း၊ လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက်အန်ဒရီတို့နှင့်အတူ တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က သိရသည်။
မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner) မိုက်ကယ်သည် ၁၉၈၉ ခုနှစ်တွင် ဆွစ်ဇာလန် ကလပ် BSC Old Boys Basel နှင့်အတူ နည်းပြဘဝကို စတင်ခဲ့ပြီး ဂျာမနီ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ ကလပ်အသင်းများကို တာဝန်ယူခဲ့ကာ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ ၁၇ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မှစတင်၍ မလေးရှားကလပ် ဆီလန်ဂေါတွင် နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
မိုက်ကယ်၏ နည်းပြအဖွဲ့သို့ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဦးကိုကိုအောင် (ဂိုးနည်းပြ)၊ ဦးဇော်လင်းအောင် (ဂိုးနည်းပြ)တို့ကို တွဲဖက်တာဝန်ပေးထားကြောင်း၊မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သတ်မှတ်ရက် (ဖီဖာခြေစမ်းပွဲနေ့)အတွင်း အိန္ဒိယ ဘောလုံးအဖွဲ့ချုပ်ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများကို သွားရောက် ကစားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြေစမ်းပွဲ ပထမပွဲအဖြစ် အိန္ဒိယလက်ရွေးစင်အသင်းနှင့် မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၈ ရက်တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦး မှာ ဂိုး - ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)၊နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်) အလယ်တန်း - ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊၊ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)ရှေ့တန်း - ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC) တို့ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရသည်။
#ymg/mt #Local_News #မြန်မာ့လက်ရွေးစင် #ဂျာမနီနည်းပြ #မိုက်ကယ်ဖိုက်တန်ဘိုင်နာ #YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်(၂)စီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်၊၊
ဆက်လက်ပြီး မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက်ကြက်ခြေနီ အရေးပေါ်လူနာတင် ယာဉ်(၂)စီးကို ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်သည် ဟုဆိုသည်၊၊
အဆိုပါ လူနာတင်ယာဉ်များကို မြန်မာနိုင်ငံကြက်ခြေ နီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ(၁၅)ရက်တွင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်၊၊
အခမ်းအနားတွင်မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာ မောင်မောင်မြင့်က"ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်စနစ်ကို မိမိတို့ မြို့နယ်အတွင်းရှိ ရပ်ရွာလူထု နာမကျန်းဖြစ်သည့်အခါ အကူအညီပေးရန်၊ မတော်တဆထိခိုက်မှုများအတွက် အရေးပေါ်ကူညီရန်၊ လူနာတင်ယာဉ်ဝန်ဆောင်မှုအတွက် ဝင်ငွေတိုးလုပ်
ငန်းများ ဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေပါကြောင်း၊ လွှဲပြောင်းပေးသော ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်များကို ရပ်ရွာလူထုအတွက် ထိထိရောက်ရောက် စနစ်တကျ အသုံးပြုကြစေလိုကြောင်း"ပြောကြားခဲ့သည်၊၊
နိုင်ငံတဝန်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအတွင်း ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ် အကူအညီ လိုအပ်သူများကို စဉ်ဆက်မပြတ် အကူအညီပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် အကူအညီပေးခြင်း(၂၁,၃၇၆)ကြိမ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #ကြက်ခြေနီ #လူနာတင်ယာဉ်
#YMG #Yangon_Media_Group
Page 1287 of 1957