TV Yangon Times Matters အစီအစဉ်
Published - 6 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စင်ဒီမြတ်(သရုပ်ဆောင်)နှင့်အတူ
-"သရဲဇာတ်ကောင်ပေါ်လွင်အောင်သရုပ်ဆောင်ခဲ့ရပေမယ့် ကိုယ်တိုင်ကသရဲကြောက်တတ်သူဖြစ်ကြောင်း
-ရှူတင်အိမ်ကိုမြင်ရတာနဲ့တင် ကြောက်စိတ်ဝင်ခဲ့မိကြောင်း
-အဖွဲ့သားတွေအတူတူကြိုးစားမှုကြောင့် "သဘင်သည်မြနှင်းဆီ" ဇာတ်လမ်းတွဲအောင်မြင်ခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published-6 November 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေရယူထားသူတွေရဲ့ ပြန်ပေးဆပ်ရမယ့် ချေးငွေသက်တမ်းကာလကို တစ်နှစ်သက်တမ်း ထပ်မံတိုးပေးလိုက်တယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 6 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စင်ဒီမြတ်(သရုပ်ဆောင်)နှင့်အတူ
-"သရဲဇာတ်ကောင်ပေါ်လွင်အောင်သရုပ်ဆောင်ခဲ့ရပေမယ့် ကိုယ်တိုင်ကသရဲကြောက်တတ်သူဖြစ်ကြောင်း
-ရှူတင်အိမ်ကိုမြင်ရတာနဲ့တင် ကြောက်စိတ်ဝင်ခဲ့မိကြောင်း
-အဖွဲ့သားတွေအတူတူကြိုးစားမှုကြောင့် "သဘင်သည်မြနှင်းဆီ" ဇာတ်လမ်းတွဲအောင်မြင်ခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 6 Nov 2022
☑️ခရီးသည် ၄၃ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ယနေ့ နိုဝင်ဘာ ၆ ရက် တနင်္ဂနွေနေ့က တန်ဇန်နီးယားနိင်ငံ လေယာဉ်ဆင်းသက်ခါနီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဗစ်တိုးရီးယားရေကန်ကြီးအတွင်း ထိုးဆင်းပျက်ကျသွား
☑️တန်ဇန်နီးယား အနောက်မြောက်မြို့ ဘူကိုဘာသို့ မဆင်းသက်ခင် လေဆိပ်မှ မီတာ ၁၀၀ အကွာရှိ အဆိုပါရေကန်ကြီးအတွင်း ပျက်ကျခဲ့ခြင်းဖြစ်
☑️စီးပွားရေးမြို့တော် ဒါအက်စ် ဆာလမ်မှ ရေကန်ဘေးမြို့ ကာဂါရာသို့ ပျံသန်းသည့် Precision Air လေကြောင်းလိုင်းပိုင် အဆိုပါ ATR-42လေယာဉ် ခရီးစဉ်အမှတ် PW 494 တွင် ခရီးသည် ၃၉ ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှုထမ်း (၂)ဦးတို့လိုက်ပါလာခဲ့
☑️Precision Air သည် တန်ဇန်နီးယား၏ အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်
☑️လူ ၂၆ ဦးကိုကယ်ထုတ်ပြီး အနီးရှိဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာကော်မရှင်မင်းကြီး အဲလ်ဘတ် ချလာမီလာကပြော
☑️ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လေယာဉ်မှူးနှင့်ဆက်သွယ်ဆောင်ရွက်နေကြာင်း သူက ဆက်လက်ပြော
☑️သမ္မတ ဆမ်မီယာဆူလူဟူက မတော်တဆဖြစ်ရပ်အတွက် ဝမ်းနည်ကြောင်းသတင်းစကားဆို
Source” Reuters/AFP
ဆက်လက်ဖတ်ရှုရန်..⏭⏭⏭
#Tanzania_plane_crash
#Lake_Victoria_Tanzania
#Precision_Air_ATR_plane-crash
Published 6 Nov 2022
အသက် ၆၁ နှစ်အရွယ် အင်ဒိုနီးရှား လယ်သမားတစ်ဦးဟာ ၈၈ ကြိမ်မြောက် လက်ထပ်ဖို့ စီစဉ်နေတဲ့ အကြောင်း လူတွေသိသွားပြီးနောက် သူ့ကို အင်ဒိုနီးရှားရဲ့ “ပလေးဘွိုင်ဘုရင်ကြီး” လို့အမည်ပေးလိုက်ကြပါတယ်။
ကန် Kaan ဟာ စပါးစိုက်တောင်သူတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နှင့်အတူ နေထိုင်ပါတယ်။
သူဟာ သူ့ဘဝတစ်လျောက်လုံးမှာ စုစုပေါင်း ၈၇ ကြိမ်မြောက် လက်ထပ်ခဲ့ပြီးပါပြီ.။ အခုသူက သူ့ဇနီးဟောင်းတစ်ဦးနှင့် ၈၈ကြိမ်မြောက် မင်္ဂလာ ဆောင်ပွဲလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ “ ပလေးဘွိုင်ဘုရင်ကြီး”ဟာ သူ့ရဲ့ ဇာတ်ကြောင်းကို ယူကျုသမား YouTuberတစ်ဦးကိုပြောပြတဲ ဗွီဒီယို လူတွေကြားထဲ “ပေါက်” သွားပြီးနောက် အင်ဒိုနီးရှား သတင်းမီဒီယာတွေရဲ့ အကြိုက်သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။
မီဒီယာတော်တော်များများက သူနေထိုင်ရာ ဆီပီအန်ဒီယူရွာအထိ လိုက်လာကြပြီး သူ့ကို အင်တာဗျူူးကြပါတော့တယ်။ အစပိုင်းမှာတော့ သူက အင်တာဗျူးတွေထပ်ပေးဖို့ ငြင်းပါသေးတယ်။နောက်ပိုင်း သတင်းထောက်တွေ ဆက်တိုက်ရောက်လာကြတော့ သူစိတ်က ဖြည်းဖြည်းချင်းပြောင်းသွားခဲ့တာဖြစ်ပါတယ်။
သူဟာ အသက် ၁၄နှစ်မှာ ပထမဆုံးအိမ်ထောင်ပြုပါတယ်။ သူ့ထက်(၂)နှစ်ကြီးတဲ့ မိန်းကလေးတစ်ဦးနှင့်ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်ဟာ (၂)နှစ်ပဲခံခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအိမ်ထောင်ရေးကြောင့်တော့ သူ့နောက်မိန်းမတစ်ဦး ရှာလိုတဲ့ဆန္ဒကို တားဆီးမရပါဘူး။ အဲဒီနောက်တော့ သူဟာ တစ်ယောက်ပြီးတစ်ယောက်ယူပါတော့တယ်။
သူဘာကြောင့် သဘောကျတဲ့ မိန်းကလေးအသစ်တိုင်းကို လက်ထပ်တာလဲလို့ သူ့ကိုမေးတဲ့အခါ သူတို့ကို လေးစားတာ ကြောင့်ဖြစ်တယ်လို့ သူကပြောပါတယ်။ သူတို့ကို အပျော်ကြံသွားတာပါလားလို့ သူတို့မခံစားစေချင်လို့ လက်ထပ်တာ လို့ သူကပြောတာပါ။ အဲဒါကြောင့် အိမ်ထောင်ရေးက တစ်ပတ်ပဲခံခဲ တစ်လပဲခံခံ သူလက်ထပ်ခဲ့တာချည်းပဲလို့ သူက ဆက်ပြောပါတယ်။
“ အကြောင်းရင်းကတော့ အမျိုးသမီးတွေရဲ့ခံစားချက်တွေအပေါ် ကစားတာ ကျွန်တော်မလုပ်ချင်ဘူးလေ။ အဲသလို အကျင့် မကောင်းတာထက်စာရင် လက်ထပ်လိုက်တာကပိုမကောင်းဘူးလား” လို့လည်း ပလေးဘွိင်ဘုရင်ကြီးက ပြောပါတယ်။
သူရဲ့ အိမ်ထောင် ၈၇ ခုမှာ အခု ၄၀ကို ဘာသာရေးရုံးမှာ မှတ်ပုံတင်လက်ထပ်ခဲ့တာဖြစ်ပြီး ကျန်တာတွေကတော့ ရိုးရာဓလေ့ထုံးတမ်းအရ လက်ထပ်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
တစ်ယောက်ကိုကွာပြီးမှ နောက်တစ်ယောက်ကို လက်ထပ်တာမျိုးလည်းမရှိခဲ့ဘူးလို့ သူကပြောပါတယ်။ သူလက်ထပ်ခဲ့တဲ့ အမျိုးသမီးတွေက ၄၆ ဦးက သူနှင့် မကွာရှင်းချင်ကြတာကြောင့် လို့ သူကအကြောင်းပြပါတယ်။ အဲဒါကြောင့် သူက ခပ်လွယ်လွယ်ပဲ လက်ထပ်လိုက်တာဖြစ်ပြီး သူဟာ အချိန်တိုင်းမှာ မိန်းမနှစ်ယောက်နှင့် အထက်ယူထား ပြီးဖြစ်နေတတ်တယ်လို့ သူကပြောပါတယ်။
ကန် ရဲ့ အရှည်ကြာဆုံး အိမ်ထောင်က ၁၄နှစ်ကြာခဲ့ပြီး အခြားအိမ်ထောင်တွေက အဲဒီထက် တိုတောင်းပါတယ်။ အချို့ဟာ တစ်လနှစ်လ အချို့ တစ်ပတ်သာခံခဲ့ပါတယ်။
သူဟာ ၈၇ ကြိမ်လက်ထပ်ခဲ့ပေမယ့် တကယ်ယူတဲ့မိန်းမက ၄၆ ယောက်ပဲရှိပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အချို့ကို သူက သုံးခါပြန် လေးခါပြန် ပြန်ပြီးလက်ထပ်ခဲ့တာကြောင့်လို့ သူကပြောပါတယ်။ အဲဒါကြောင့် အခုလာမယ့် ၈၈ ကြိမ်မြောက် လက်ထပ်မယ့်သူဟာလည်း သူ့ ၈၆ကြိမ်မြောက်လက်ထပ်ခဲ့တဲ့ ဇနီးဟောင်းဖြစ်ပါတယ်တဲ့။ ကြည့်ရတာ တော့ အမျိုးသမီးက သူ့ကိုမပြတ်နိုင်တဲ့ သဘောရှိတဲ့အတွက် သူ့အနေနှင့်လည်း ဟင့်အင်းလို့ ကြိုပြီး မငြင်းချင်ဘူး လို့ သူကပြောပါတယ်။
“ ကျွန်တော်တို့ ကွဲနေတာ နှစ်အတော်ကြပြီ။ ဒါပေမယ့် နှစ်ဦးသားအကြားက အချစ်က သန်စွမ်းနေတုန်းပဲ” လို့ ကန် ကပြောပါတယ်။ အဲဒီတုန်းက သူတို့အိမ်ထောက်သက် ၄ လပဲ ကြာခဲ့တာလို့လည်း သူကဖြည့်စွက်ပြောပါတယ်။
#Zee-News
#Playboy_King_Indonesia
#61-yearold_farmer_Kaan
#87_marriages_with_46_women
#Local_News
Published_ 6 November 2022
အင်းစိန်တံတားအဆင်း YBS(၂)စီးခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ(၄၀)နီးပါးရှိပြီး လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ(၆)ရက် ညနေပိုင်းရရှိသော ကနဦးသတင်းတွေအရသိရပါတယ်၊၊
"အင်းစိန်တံတားအဆင်း YBS(၂)စီးခေါင်းချင်းဆိုင်ပြီးတော့တိုက်မိတယ်၊၊ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၃၅)ဦးရှိပါတယ်၊၊ သေဆုံးသူက (၄)ဦးလို့ကြားပေမယ့် ခုဏက ရှေ့တန်းကပြန်လာတဲ့ ပရဟိတသမားကိုမေးကြည့်လိုက်တာ သေဆုံးသူ(၁)ဦးပဲ ရှိတယ်လို့ပြောပါတယ်၊၊အင်းစိန်ကြက်ခြေနီအသင်းက အဓိကဆောင်ရွက်ပေးနေပါတယ်၊၊ယာဥ်မောင်းနှစ်ယောက်လုံးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ပြောပါတယ်"လို့ ပရဟိတလူငယ်များ ပရဟိတအသင်းဥက္ကဌ ကိုရွှေမိုးအောင်ကပြောပါတယ်၊၊
လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူ(၄)(၅)(၆)ဦး ဆေးရုံမှာကုသမှုခံယူနေရဆဲဖြစ်တယ်လို့လည်းဆိုပါတယ်၊၊
အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှလည်း နိုဝင်ဘာလ(၆)ရက်နေ့ မနက်ပိုင်းက လှိုင်သာယာမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်(၄၀)ဦးခန့်ဟာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ရှေးဦးပြုစုပေးခဲ့ကြကာ ဆေးရုံညွှန်းပို့ဖို့လိုအပ်သူတွေကိုလည်း လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ပြန်ထားပါတယ်၊၊
Photo credit Myanmar RedCross Society
ymg/tthl
#Yangon_Media_Group
Published 6 Nov 2022
☑️အမေရိကန်ပြည်ထောင်စု မာရီလန်းမှ အမျိးသားတစ်ဦးဟာ သူ့ရည်းစားဟောင်းရဲ့အိမ်ထဲဝင်လာပြီး သူ့ရည်းစားဟောင်းနှင့် အခြားသော မိသားစုဝင်(၂)ဦး၊ပြီးတော့ အိမ်ထဲမှာ ရှိနေတဲ့ အခြားသူတစ်ဦးကို သတ်ပစ်
☑️အဲဒီနောက် ကိုယ့်ကိုကိုယ်လည်း သေနတ်နှင့် ပစ်သတ်သေသွားခဲ့တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၅ရက်စနေနေ့ကပြော
☑️ထိုသူမှာ အသက်၂၈နှစ်အရွယ်ရှိ အင်န်ဒရီဆေးလ်ဆိုသူဖြစ်ပြီး သေဆုံးသူများမှာ အသက် ၂၁ နှစ်အရွယ် သူ့ရည်းစားဟောင်း ဆာရာမန်း၊သူမရဲ့မောင် အသက်၁၈နှစ်အရွယ် ကိုင်းမန်း၊ သူမရဲ့မိခင် အသက် ၄၈ နှစ်အရွယ် ဆွမ်မာလီမန်းနှင့် မိသားစုမိတ်ဆွေတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဂျိုဗွန် ဝပ်တွန်တို့ဖြစ်ကြ
☑️ဆေးလ်မှာ အခြား အိမ်တစ်အိမ်တွင်နေထိုင်ပြီး သူ့ကိုယ်သူပါ သေနတ်နှင့်ပစ်ခတ်သတ်သေသွားပြီး သေနတ်ကို ရဲက သိမ်းဆည်းမိ
☑️မိခင်ဆွမ်မာလီမန်းရဲ့ ခင်ပွန်းဟောင်း ဒါရင်းမန်းက အလုပ်ကပြန်လာပြီး အဲဒီအိမ်အလာမှာ အသတ်ခံရသူ (၅)ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို သောကြနေ့ မွန်းလွဲပိုင်းက လာပလက်တာ အိမ်အတွင်း တွေ့ရှိရတာဖြစ်
☑️သေနတ်သမား ဆေးဟာ သူ့ရည်းစား ဆာရာမန်းနှင့် ကလေးနှစ်ယောက်ရထားပြီး (၂)နှစ်သား ဂေလင်းနှင့် တစ်နှစ်တောင်မပြည့် သေးတဲ့ ဝက်စတေို့ဖြစ်ကြပြီး သူတို့ကို အခြားတစ်နေရာမှာ ထိခိုက်မှုမရှိဘဲ ပြန်လည်တွေ့ရှိ
☑️ချားလ်ခရိုင်ရဲဌာနက ရှေ့ပိုင်းမှာ အားလုံးသေနတ်ပစ်ခံရတယ်လို့ပြောပြီး နောက်ပိုင်းမှာ အချို့က ဓားအထိုးခံရတာလို့ ပြော
☑️ဆေးလ်ဟာ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုနှင့် ၂၀၂၁ ဧပြီလတုန်းက တရားစွဲခံရပေမယ့် အသနားခံစာတင်သူက ရောက်မလာလို့ အမှုက လွှတ်ပေးခဲ့ရ
☑️အသတ်ခံရတဲ့ မိခင်ဖြစ်သူဆွမ်မာလီမှာ လာအိုမှ အမေရိကန်ပြည်ထောင်စုသို့ရွှေ့ပြောင်းနေထိုင်ခဲ့သူဖြစ်ကြောင်းသိရ
☑️ယခုအစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို ရဲက ဆက်လက်စုံစမ်းဖော်ထုတ်နေဆဲဖြစ်
Source: AP/DailyMail
#Maryland_Murder_U.S
#Ex-boyfirend_Shots_ex_lovers_and _family
#U.S_Crime
#LocalNews
Published _6 November 2022
ကရင်ပြည်နယ် ၊ ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းတည်ဆောက်မှုအတွက် ကျပ်သန်းပေါင်း ၇၇၀၀ ကျော် ကုန်ကျခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းများကို အခြေခံကာ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျတ်တွင် (၇၇၆၆ ဒသမ ၂၂၄) ကျပ်သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့ဘက်ပွဲကြည့်စင် (ပေ၄၄၀x၃၅ပေ)၊ အနောက်ဘက်ပွဲကြည့်စင် (ပေ ၄၈၀ x ပေ ၆၀)၊ တောင်ဘက်ပွဲကြည့်စင် (ပေ ၂၈၀ x ၃၅ ပေ)၊ မြောက်ဘက်ပွဲကြည့်စင် ( ပေ ၂၈၀ x ၃၅ ပေ)၊ Synthetic မီတာ ၄၀၀ ပြေးလမ်း၊ ဘောလုံးကွင်းတစ်ကွင်း၊ LED Score Boad တစ်ခုနှင့် အခြားဆက်စပ်သော တည်ဆောက်ရေးလုပ်ငန်းများပါရှိကြောင်းလည်းသိရသည်။
နိုဝင်ဘာလ ၅ ရက်က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါ ဇွဲကပင် အားကစားကွင်းကို ဖွင့်လှစ်ခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက် (၁၈) နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ၊ အမျိုးသမီးလက်ဆင့်ကမ်းပြေးပွဲနှင့် အမျိုးသားအပြေးပြိုင်ပွဲတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#World_Health
Published 7 November 2022
စိတ်ဓာတ်ကျဝေဒနာခံစားရသူတွေကို အံ့ဖွယ်မှိုမှရတဲ့ စိတ်အာရုံချဲ့ထွင်ပေးတဲ့ဒြပ်ပေါင်းဖြင့် ကုသနိုင်ပြီး စိတ်ရောဂါကုထုံးကိုလည်း အကူအညီဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့တာကြောင့် မျှော်လင့်ချက်များရရှိလာပါတယ်။
တွေ့ရှိချက်များအရ စိတ်ကျဝေဒနာအပြင်းအထန်ခံစားနေရတဲ့ လူနာ ၃ ပုံ ၁ ပုံခန့်ဟာ psilocybin ၂၅ မီလီဂရမ်တစ်ကြိမ်နဲ့ ကုထုံးများခံယူပြီးနောက် အလျင်အမြန်သက်သာလာပါတယ်။
ဖြစ်ရတဲ့အကြောင်းအရင်းများကို အဓိကထားသိရှိအောင်ပြုလုပ်ပြီး ကုသမှုများရယူနိုင်ရန် လေ့လာခဲ့ကြပါတယ်။
သုတေသနကို ယူကေ၊ ဥရောပ၊ မြောက်အမေရိကတဝှမ်းရှိ နေရာ ၂၂ နေရာမှာ ပြုလုပ်ခဲ့ကြပြီး ရလာဒ်တွေက ထူးဆန်းတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
ဒီကုသနည်းစမ်းသပ်မှုဟာ ဒေါ်လာ ၃.၇ သန်းကုန်ကျခဲ့ပါတယ်။
ကမ္ဘာပေါ်က လူသန်း ၁၀၀ နီးပါးခံစားနေရတဲ့ စိတ်ကျရောဂါတစ်မျိုးဟာ ကုသမှုဖြင့်မနိုင်တဲ့ဝေဒနာဖြစ်ပြီး စိတ်ကျရောဂါကုထုံး အနည်းဆုံးနှစ်မျိုးလောက်နဲ့လည်း ကုသလို့မရပါဘူး။
ကျွမ်းကျင်သူများရဲ့အဆိုအရ အဆိုပါစိတ်ကျရောဂါမျိုး ခံစားနေရသူ ၅၀ ရာခိုင်နှုန်းခန့်ဟာ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရာမှာ အခက်အခဲရှိနေပါတယ်။
မှိုနဲ့စမ်းသပ်ရာမှာတော့ ကုသပြီးတဲ့အခါ စိတ်ကျရောဂါအခြေအနေ တိုးတက်လာခဲ့ကြောင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
ရလာဒ်ကောင်းများရရှိပေမယ့် လူနာတွေမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း စတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါတယ်။
နောက်နှစ်မှာတော့ psilocybin ဆေး ၂ ကြိမ်ရဲ့သက်ရောက်မှုကို စတင်စမ်းသပ်သွားမှာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
#LocalNews
Published _6 November 2022
အမှတ် (၄) ဓာတ်မြေသြဇာ စက်ရုံ (မြောင်းတကာ) နှင့် အမှတ် (၅) ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်) တို့မှ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၃၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုလုက်ငန်းက သိရသည်။
အဆိုပါ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် တောင်သူလယ်သမားများလက်ဝယ် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းလည်း ယင်းလုပ်ငန်းက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊မြောင်းတကာကျေးရွာတွင်တည်ရှိသည့် အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)ကို လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် စတင်လည်ပတ်ခဲ့ကာ အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေကထွက်သည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အမှတ်(၅)ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်)စက်ရုံသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အိုးဘိုကျေးရွာအနီးတွင်တည်ရှိပြီး ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဓာတ်မြေသြဇာထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _6 November 2022
ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို နိုဝင်ဘာလ ၃ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်အချိန်က သောင်းကျန်သူများ ထပ်မံမိုင်းခွဲဖျက်ဆီးလိုက်ပြန်ပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နေသော ၂၄၀ မဂ္ဂါဝပ် ဓာတ်အားလှိုင်းများဖြစ်သည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ မဟာဓာတ်အားလိုင်း မှ တာဝါတိုင် (၁၅) တိုင်ကို (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်ကို (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁) တိုင်ကို (၇) ကြိမ် ဖျက်ဆီးခံခဲ့သည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်းလည်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင် ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Health_Tips
Published 6 November 2022
ကျန်းမာရေးပြဿနာများ ရှောင်ရှားနိုင်ဖို့ အမျိုးသားများအနေနဲ့ မိမိဘာသာကျန်းမာရေးစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။
အချိန်အနည်းငယ်ပေးရုံနဲ့ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပြီး စောစောသိရှိလေ စောစောကုသနိုင်လေဖြစ်ပါတယ်။
အမျိုးသားများအနေနဲ့ အိမ်မှာတင် ကိုယ်တိုင်စစ်ဆေးမှုများပြုလုပ်နိုင်ပြီး အခြေအနေမကောင်းပါက ဆရာဝန်ပြဖို့ မတုန့်ဆိုင်းသင့်ပါဘူး။
ဘာတွေကို ကိုယ်တိုင်စစ်ဆေးနိုင်သလဲဆိုတော့..
(၁) အဖုအကျိတ်များစစ်ဆေးခြင်း
ယောက်ျားတွေရဲ့ ခန္ဓာကိုယ်နေရာအနှံ့ အထူးသဖြင့် သီးသန့်နေရာတွေနဲ့ ရင်ဘတ်နေရာတွေမှာ အဆီကျိတ်ထွက်/မထွက် တစ်လတစ်ခါလောက်ကြည့်သင့်ပါတယ်။
ရေချိုးတဲ့အခါမျိုးမှာ စစ်ဆေးဖို့က အသင့်တော်ဆုံးအချိန်ပါပဲ။
(၂) နှလုံးခုန်နှုန်းတိုင်းတာခြင်း
နှလုံးရောဂါက အမျိုးသားတွေမှာ အသေအပျောက်အများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပြီး ပုံမှန်နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားရှိသင့်ပါတယ်။
၁၂၀ ထက်များခြင်း ဒါမှမဟုတ် ၆၀ အောက်နည်းခြင်း ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။
(၃) ဆီးအခြေအနေ
ဆီးသွားတဲ့အကြိမ်ရေ၊ အရောင်ပြောင်းလဲခြင်းဟာ သိပ်အန္တရာယ်မရှိပေမယ့် ဆီးသွားရခက်ခဲလာပြီဆိုရင်တော့ ဆီးကျိတ်ကင်ဆာဖြစ်တတ်ပါတယ်။
ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးလမ်းကြောင်းကို ဖိမိပြီးတော့ ဆီးသွားရခက်ခဲလာတာပါ။
(၄) ခံတွင်းစစ်ဆေးခြင်း
ပါးစပ်ထဲမှာ ဖြစ်ပေါ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိတတ်ပါတယ်။
ပါးစပ်ထဲက အဖုအကျိတ်တွေ၊ အနာတွေ စတာတွေကို ကြည့်ရှုစစ်ဆေးပြီး သွားဖုံးသွေးယိုခြင်း၊ ရေစီးကမ်းပြိုလိုက်ခြင်းတို့ဆိုရင်တော့ အရေးတကြီးဆရာဝန်ပြသင့်ပါပြီ။
(၅) မှဲ့နှင့်အရေပြားအကွက်များ
မှဲ့တွေ အကွက်တွေက သာမန်ဆိုရင် ပြဿနာမရှိပေမယ့် ရုတ်တရက်ထွက်လာတာမျိုးဆိုရင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။
ထွက်လာတဲ့မှဲ့တွေကို ပုံပန်းသဏ္ဍာန်၊ အရောင်၊ အရွယ်အစား၊ မို့တက်လာတဲ့ အနေအထားတွေကို မှတ်သားပြီး ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
အရေပြားကင်ဆာဟာ အဖြစ်အများဆုံးကင်ဆာတစ်မျိုးလည်း ဖြစ်ပါတယ်။
Source: The Sun
#Yangon_Media_Group
Page 1287 of 1766