#Local_News
Published_ 16 March 2023
ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့၌ ယနေ့ မတ်လ ၁၆ ရက်က ၂၄ ရက်ထိ ကျင်းပမည့် JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲအတွင်း မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်း နှင့် ဂျပန်၊ ဖိလစ်ပိုင်တို့နှင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းကို အုပ်ချုပ်သူအဖြစ် ဒေါ်ဆုပြည့်စုံအောင်၊ နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းတို့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်၊ နည်းပြ ၅ ဦး၊ ကစားသမား ၁၇ ဦး၊ စုစုပေါင်း၂၂ ဦးလိုက်ပါကာ မတ်လ ၁၄ ရက်က ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အာဆီယံမှ အသင်း (၁၀) သင်း၊ ဂျပန် ယူ -၁၆ အမျိုးသမီးလက်ရွေးစင်အသင်း၊ ဂျပန်အမျိုးသမီးကလပ် ယူ -၁၇ အိုကီနာဝါ အက်ဖ်စီအသင်း အပါအဝင် စုစုပေါင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်း (၁၂)သင်းကို (၃) သင်းပါ (၄) အုပ်စုခွဲ ၍ အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်၏ကြောင်း သိရသည်။
မြန်မာ့ လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်း အနေဖြင့် အုပ်စု (C) တွင် ဂျပန်၊ ဖိလစ်ပိုင်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက် နေပြီး မတ်လ ၁၇ တွင် ဂျပန်အသင်းနှင့်လည်းကောင်း၊ မတ်လ ၁၉ တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
အုပ်စု (A)တွင် အိုကီနာဝါအက်ဖ်စီ၊ ဗီယက်နမ်၊ မလေးရှား၊ အုပ်စု (B)တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အုပ်စု (D)တွင်ထိုင်း၊ လာအို၊ တီမော တို့ ပါဝင်ကြကြောင်း ၊ အုပ်စုပွဲစဉ်များပြီးပါက မတ်လ ၂၀ တွင် အုပ်စု( A) တတိယအသင်းနှင့် အုပ်စု (B) တတိယအသင်း၊ အုပ်စု (C)တတိယအသင်းနှင့် အုပ်စု (D) တတိယအသင်း၊ အုပ်စု( A) ဒုတိယအသင်းနှင့် အုပ်စု (B) ဒုတိယအသင်း၊ အုပ်စု (C)ဒုတိယအသင်းနှင့် အုပ်စု (D) ဒုတိယအသင်း၊ အုပ်စု ( A) ပထမအသင်းနှင့် အုပ်စု (B) ပထမအသင်း၊ အုပ်စု (C) ပထမအသင်းနှင့် အုပ်စု (D) ပထမအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ၂၁ တွင် အဆင့် ၁၁ နှင့် အဆင့် ၁၂ နေရာအတွက် အုပ်စု( A) တတိယအသင်း – အုပ်စု (B) တတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)တတိယအသင်း – အုပ်စု (D) တတိယအသင်းပွဲစဉ် တို့မှ အရေးနိမ့်သော အသင်းနှစ်သင်း၊ အဆင့် ၉ နှင့် အဆင့် ၁၀ နေရာအတွက်အုပ်စု ( A) တတိယအသင်း- အုပ်စု (B) တတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)တတိယအသင်း – အုပ်စု (D) တတိယအသင်းတို့ ပွဲစဉ် မှ အနိုင်ရသောအသင်း နှစ်သင်း၊ အဆင့် ၇ နှင့် အဆင့် ၈ နေရာအတွက် အုပ်စု( A) ဒုတိယအသင်း- အုပ်စု (B) ဒုတိယအသင်းပွဲစဉ် – အုပ်စု (C)ဒုတိယ အ သင်း နှင့် အုပ်စု (D) ဒုတိယအသင်းပွဲစဉ်တို့မှ အရေးနိမ့်သောအသင်းနှစ်သင်း၊ အဆင့် ၅ နှင့် အဆင့် ၆ နေရာအတွက် အုပ်စု( A) ဒုတိယ အ သင်း- အုပ်စု (B) ဒုတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)ဒုတိယအသင်း – အုပ်စု (D) ဒုတိယအသင်းပွဲစဉ်တို့မှ အနိုင်ရသောအသင်းနှစ်သင်း၊ အ ဆင့် ၃ နှင့် အဆင့် ၄ နေရာအတွက် အုပ်စု( A) ပထမအသင်း- အုပ်စု (B) ပထမအသင်းပွဲစဉ်နှင့် အုပ်စု (C)ပထမအသင်း – အုပ်စု (D) ပထမအသင်းပွဲစဉ်တို့မှ အရေးနိမ့်သောအသင်းနှစ်သင်း၊ အဆင့် ၁ နှင့် အဆင့်၂ နေရာအတွက် အုပ်စု( A) ပထမအသင်း- အုပ်စု (B) ပထမ အ သင်းပွဲစဉ်နှင့် အုပ်စု(C)ပထမအသင်း – အုပ်စု (D) ပထမအသင်းပွဲစဉ်တို့မှ အနိုင်ရ သောအသင်းနှစ်သင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt #Local_News #ဂျပန် #အမျိုးသမီးအသင်း #ဖိလစ်ပိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အတ္ထရံတံတား၏ ပင်မအောက်ခုံပြုပြင်ရန်လိုအပ်သဖြင့် ၃ တန်အထက်ကားများအား ဖြတ်သန်းခွင့်မပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိအချိန်၌ အတ္ထရံတံတားပေါ်မှ ၃ တန်အောက်ကားများကိုသာ ဖြတ်သန်းခွင့်ပြုပြီး ကားများအား ဖြည်းညင်းစွာမောင်းနှင်၍ တစ်ခြမ်းစီသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
"တံတားပိတ်တယ်ဆိုတာ မဟုတ်ပါဘူး ဖွင့်ထားတယ် ၃ တန်အောက်ကားတွေကို ဖြည်းဖြည်းချင်းမောင်းပြီးဖြတ်ခိုင်းတယ် တစ်စီးနဲ့တစ်စီးလည်း ခွာပြီးမောင်းခိုင်းတယ် ဆိုင်ကယ်တွေကတော့ ဖြတ်သန်းရတာလွယ်တယ် ၃ တန်အထက်ကားတွေကတော့ တခြားလမ်းကပတ်သွားရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
၃ တန်အထက်ကားများအား တရနာ-ခရုံဂူ(စံပယ်ဂူ)ကျိုက်မရောလမ်းမှသာ ဖြတ်သန်းသွားလာရန် အတ္ထရံတံတားအနီး၌ ဆိုင်းဘုတ်ထောင်၍ အသိပေးထားကြောင်း သိရသည်။
#ymg/ppk #Local_News #အတ္ထရံတံတား #ဖြတ်သန်းခွင့်မပြု
#YMG #Yangon-Media-Group
#Local_News
Published-16 March 2023
တရုတ်-မြန်မာနယ်စပ် ဟိုချောင်နယ်စပ်ဂိတ်၏ ယခုနှစ် ပိုကုန် သွင်းကုန်ပမာဏသည် ယွမ် သန်း ၂၀၀ ကျော်လွန်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် မတ်လ ၁၂ရက် အထိ တရုတ်-မြန်မာနယ်စပ် ဟိုချောင်နယ်စပ်ဂိတ် တွင် ပြည်ဝင်ပြည်ထွက်သွားလာသူဦးရေ ၁၅၀၀၀ ကျော်၊ မော်တော်ယာဉ်အစီးရေ ၈၀၀၀ ကျော်ကို စစ်ဆေးခဲ့ ပြီးဖြစ်ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ ယွမ်ငွေ သန်း ၂၀၀ ကျော် တန်ဖိုးရှိ ပို့ကုန် သွင်းကုန် တန်ချိန် ၁၃၀၀၀၀ ကျော်ကို စစ်ဆေးနိုင်ခဲ့ ကြောင်းလည်းသိရသည်။
#ymg/mt #Local_News #တရုတ်-မြန်မာ #ကုန်သွယ်မှု #သံရုံးထုတ်ပြန် #YMG #Yangon- Media -Group
#Local_News
Published_ 16 March 2023
EV တက္ကစီ ယာဉ်တွေကို မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၄ ရက်နေ့အထိ တစ်လအခမဲ့ စီးနင်းခွင့်နှင့် မောင်းနှင်ခွင့်ပေးသွားမှာဖြစ်ကြောင်း EV Myanmar ကုမ္ပဏီ၏ အုပ်စုခွဲဖြစ်သည့် Myan Tickets ကုမ္ပဏီကထုတ်ပြန်ထားသည်။ မြန်မာလျှပ်စစ်ကား အသွင်ကူးပြောင်းရေး စမ်းသပ်ကာလအတွင်း အများပြည်သူများအသိပြုစေဖို့ရည်ရွယ် အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
လျှပ်စစ်ကားစီးခြင်းဖြင့် ရေရှည်ကုန်ကျစရိတ်သက်သာကြောင်း အများပြည်သူများကို အသိပေးခြင်းဖြစ်ကြောင်း EV ကား ကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အသိပညာပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခုအစီစဉ်ပါဝင် စီးနင်းလိုပါက www.myantickets.com တွင် စာရင်းပေးသွင်းပြီး ရန်ကုန်မြို့လသာမြို့နယ်၊ လသာလမ်းမှာလာရောက်စီးနင်းနိုင်ကြောင်း သိရသည်။
#ymg/ynzw #Local_News #EV တက္ကစီ #Online မှ စာရင်းပေးနိုင်
#YMG #Yangon_Media_Group
Published 16 March 2023
ဘင်္ဂလီတွေကို မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံနိုင်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံ နစကရဲ့ တာဝန်ရှိသူအဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီဒုက္ခသည်စခန်းကိုရောက်ရှိနေတယ်လို့ ဒါကာမှလာတဲ့ သတင်းအရင်အမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။
ကော့ဘဇားမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ မိုဟာမက်မီဇာနာရာမင်းကာ “အဲဒီရှေ့ပြေးစီမံချက်အရ မြန်မာနိုင်ငံကိုပြန်လည် ပို့ဆောင်ပေးမယ့် ဘင်္ဂလီ ၁၁၄၀ ဦးရှိပြီး အဲဒီအထဲက ၇၁၁ ဦးဟာ ဆောင်ရွက်စရာကိစ္စတွေရှင်းလင်းပြီးစီးပြီးဖြစ်တယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မွေးဖွားစကလေးငယ်တွေအပါအဝင် ကျန်တဲ့ ၄၂၉ ဦးကိစ္စလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
“ သူတို့ကိုပြန်ပို့ပေးဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်ပြီ” လို့သူကပြောပါတယ်။ ဒါပေမယ့် ဘယ်တော့လည်းဆိုတာတော့ ထည့်မပြောသွားပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝန်းက “ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးနေပြီး ဘင်္ဂလီပထမအသုတ်ကို မကြာမီမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်” လို့ ပြောကြားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဆန်းဘက်ဆန်ဆသာ သတင်းဌာနက သတင်းရေးသားပါတယ်။
Source: Reuters
#ဘင်္ဂလီဒုက္ခသည်
#မြန်မာနိုင်ငံသို့ဘင်္ဂလီဒုက္ခသည်များပြန်ပို့ရေးရှေ့ပြေးစီမံချက်
#YangonMediaGroup
#Local_News
Published-16 March 2023
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၅ နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ ၃၀ ရက်မှ ဧပြီလ ၈ရက်အထိ ၁၀ ရက်တိတိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရသည်။
မတ်လ ၃၀ ရက်တွင် သြဝါဒါစရိ ယဆရာတော်ကြီးက ပရိတ်တရားတော်နာယူပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကိုကျင်းပသွားမည်ဖြစ်ပြီး ဧပြီလ ၃ရက် နံနက် ၅ နာရီတွင် ရွှေမောဓောစေတီတော်မြတ်ကြီးအား အနေကဇာတင်၍ တစ်နေ့တာ ပဠာန်းရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဧပြီလ ၄ ရက်တွင် နံနက် ၅ နာရီတွင် ဆွမ်းတော်ကြီးတင်လှူပူဇော်၍ ညနေ ၃ နာရီတွင် ပင့်သံဃာတော်အပါး ၅၀၀ အားဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ကာ ဧပြီလ ၉ ရက် နံနက် ၆ နာရီ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများမှလှူဒါန်းမှုအစုစုအတွက် အမျှပေးဝေရေစက်ချ၍ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာထုတ်ကုန် ပစ္စည်းများရောင်းချခြင်းအပြင် ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #ပဲခူးရွှေမော်ဓော #ဗုဒ္ဓပူဇနိယပွဲတော်
#YMG #Yangon-Media-Group
Published 16 March 2023
မြန်မာနိုင်ငံက တန်ဖိုးကြီး ပင်နီဆူလာ ဟိုတယ်တွဲစီမံကိန်းရဲ့ လုပ်ငန်းရှင်ကုမ္ပဏီက သူတို့ရဲ့ ရန်ကုန်မြို့က ဒေါ်လာ သန်း၁၃၀တန် စီမံကိန်းကြီးကို သင့်တော်တဲ့ အခြေအနေလို့ ယူဆတဲ့ဘယ်အချိန်ဖြစ်ဖြစ် လုပ်ငန်းတွေပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။
ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်များ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ကလီမန့်ကွတ်က သတင်းထောက်တွေက ဗုဒ္ဓဟူးနေ့ကပြောကြားရာမှာ ရန်ကုန်က ဟိုတယ်ဆောက်လုပ်ရေးကို ၂၀၂၁ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာရယူလိုက်ပြီးနောက် ဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ဒါပေမယ့် လုပ်ငန်းခွင်ကို စောင့်ရှောက်ဖို့ ရင်းနှီးမြှပ်နှံမှုလုပ်ခဲ့တာဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့ ကျွန်တော်တို့က သင့်တော်ပြီလို့ထင်ရင် ကျွန်တော်တို့ အချိန်မရွေးပြန်စနိုင်တယ်။ အဆောက်အဦးက ခြေရာလက်ရာမပျက်ရှိနေတယ်။ ဒါဟာသိပ်အရေးကြီးတဲ့အချက်ပဲဖြစ်တယ်” လို့သူကပြောပါတယ်။
စီမံကိန်းဟာ မြန်မာသူဋ္ဌေးကြီးဆာ့ချ်ပန်းရဲ့ ရိုးမအုပ်စု၊ စင်ကာပူမှတ်ပုံတင် Yoma Strategic Holdings နှင့် ရန်ကုန်မှတ်ပုံတင် First Myanmar Investment တို့ရဲ့ ဖက်စပ်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်များကုမ္ပဏီက ၇၀ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန်တာကို ရိုးမ ကပိုင်ဆိုင်ပါတယ်။
အခန်း၈၈ ခန်းပါ ဟိုတယ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းရဲ့ အချက်အခြာမှာရှိတဲ့ ယခင်ကိုလိုနီပုံစံ မြန်မာ့မီးရထားရုံးချုပ်ကြီးကို ပြန်လည်မွမ်းမံတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၄ခုနှစ်မှာစတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အပြီးဆောက်ဖို့ရက်သတ်မှတ်ထားတာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် နှစ်လယ်မှာ စီမံကိန်းကို ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။
မနှစ်ကအထိ ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များဟာ စီမံကိန်း စာရင်းရှိတန်ဖိုး book value ရဲ့ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ impairment charge ကို ဟောင်ကောင်ဒေါ်လာ ၆၇၉သန်း( အမေရိကန်ဒေါ်လာ ၈၆.၅သန်း)ရှိတယ်လို့မှတ်တမ်းပြုထားပါတယ်။
“ ဒီစီမံကိန်းကြီးအပြီးသတ်ဖို့ သင့်တော်ပြီလို့ ကျွန်တော်တို့ထင်တဲ့အခြေအနေမှာ လုပ်ငန်းတွေပြန်လုပ်ဖို့ဟာ ကျွန်တော်တို့ လိုလားမှုဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
“ မည်သည့်အကြမ်းဖက်မှုမျိုးမဆို ကုမ္ပဏီတစ်ခုအနေနှင့် လျစ်လျူမရှုဘူးဆိုတာ ရှင်းပါတယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့် “ လူတွေကိုအလုပ်ခန့်ထားတာဟာ သူတို့ကိုကူညီပေးတယ်လို့ ကျွန်တော်တို့က ယေဘုယျခံယူးထားတယ်” လို့လည်း သူကပြောပါတယ်။
Source: Nikkei Asia
#ပင်နီဆူလာဟိုတယ်တွဲများစီမံကိန်းပြန်စမည်
#ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်များကုမ္ပဏီ
#YangonMediaGroup
![]()
#World_Politics
Published 16 March 2023
အမေရိကန်စောင့်ကြည့်ရေးဒရုန်းတစ်ခုကို ရုရှားတိုက်လေယာဉ်များ ဟန့်တားလိုက်တာကြောင့် ပျက်ကျခဲ့ရာမှာ ရုရှားတို့ရန်လိုတဲ့သဘော မြင်တွေ့ခဲ့ရပြီး ခရိုင်းမီးယားဒေသအနီး ဒရုန်းတွေပျံသန်းနေတာဟာ တင်းမာမှုမြင့်တက်စေနိုင်ကြောင်း ရုရှားက အမေရိကန်ကို သတိပေးလိုက်ပါတယ်။
ယူကရိန်းကိုရုရှားကျူးကျော်ခြင်းနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များအတွင်း ဆက်ဆံရေးအဆိုးရွားဆုံးရှိနေစဉ် အမေရိကန်ဒရုန်း ပင်လယ်နက်ပေါ်ကနေ ပျက်ကျသွားပြီးနောက်တစ်နေ့မှာ အမေရိကန်နဲ့ ရုရှားတို့မှကာကွယ်ရေးဝန်ကြီးများနဲ့ စစ်ဘက်အကြီးအကဲတို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဖြင့်ပြောဆိုခဲ့ကြပါတယ်။
ခရိုင်းမီးယားအနီးမှာ အမေရိကန်ဒရုန်းများပျံသန်းခြင်းက ရန်စတဲ့သဘာဝဖြစ်ပြီး ပင်လယ်နက်တဝိုက် တင်းမာမှုတွေမြင့်တက်လာနိုင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး'ဆာဂျီရှိုဂူ'က အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိုက်အော်စတင်'ကို ပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ ညီတူမျှတူ မှန်ကန်စွာတုန့်ပြန်ဆောင်ရွက်သွားရန်နဲ့ နှစ်နိုင်ငံအနေနဲ့ ပဋိပက္ခအတွင်း စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးအခြေအနေ အမြင့်ဆုံးထားရှိရန်နဲ့ တာဝန်ယူမှုအပြည့်ရှိရန်သာ စိတ်ဝင်စားကြောင်း ရုရှားဘက်က ထုတ်ပြန်ခဲ့ပါတယ်။
'လွိုက်အော်စတင်'ကတော့ နိုင်ငံတကာဥပဒေတွေ ခွင့်ပြုထားတဲ့နေရာတွေမှာ အမေရိကန်က ဆက်လက်ပျံသန်းနေမှာဖြစ်ပြီး ရုရှားစစ်လေယာဉ်များအနေနဲ့ ဘေးကင်းစိတ်ချစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေရှေ့မှာ အော်စတင်နဲ့အတူ ရုရှားနဲ့ဖုန်းပြောခဲ့တဲ့ ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဌ ဗိုလ်ချုပ်'မာ့ခ်မီလီ'လည်း ပါဝင်ပါတယ်။
ရုရှားဘက်က Su-27 တိုက်လေယာဉ်နှစ်စင်းဟာ ပင်လယ်နက်နိုင်ငံတကာရေပြင်ထက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ရဲ့ MQ-9 Reaper ဒရုန်းထံ ချဉ်းကပ်ခဲ့ပြီး ဒရုန်းပျက်ကျစေတဲ့လောင်စာနဲ့ ဖျန်းပက်ခဲ့ရာ ပင်လယ်ထဲပျက်ကျသွားခဲ့ပါတယ်။
ရုရှားထုတ်ပြန်ချက်မှာတော့ ဒရုန်းနဲ့ထိခိုက်ခြင်းမရှိဘဲ ရုရှားလေပိုင်နက်အနီးမှာ တမင်တကာပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်ကပြောကြားရာမှာ ရုရှားတို့က အနည်းငယ်ရန်လိုတဲ့သဘော မြင်တွေ့ရတယ်လို့ မီလီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ယူကရိန်းတပ်များနဲ့ ရုရှားတပ်များ တိုက်ခိုက်နေကြပေမယ့် အခုဖြစ်ခဲ့တဲ့ ဒရုန်းဖြစ်ရပ်ကတော့ အမေရိကန်နဲ့ ရုရှားကြား ပထမဆုံးထိခိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။
အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များ ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ထားပေမယ့် စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ခြင်းမရှိသေးပါဘူး။
ဒရုန်းကိုဖျက်ချတာဟာ ရုရှားက အခြားနိုင်ငံတွေကိုပါ ပဋိပက္ခထဲ ဆွဲထည့်ချင်နေတာဖြစ်ကြောင်း ယူကရိန်းက ဆိုပါတယ်။
#Source: Reuters #World_Politics #ပင်လယ်နက် #ဒရုန်းပျက်ကျ
#အမေရိကန် #ရုရှား #YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သံမဏိလုပ်ငန်းဟာ အရေးပါကြောင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီဖြင့် ပြည်တွင်းမှာ သံမဏိထုတ်လုပ်နိုင်ပါက အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက သံနှင်သံမဏိလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်တာဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသည့် အရည်အသွေးနိမ့်သံထည့်ပစ္စည်းတွေကိုထိန်းချုပ်ကာကွယ်နိုင်မည့် Myanmar Industrial Standard (MID)ပေါ်ပေါက်လာဖို့ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ အဆိုပါအသင်းဥက္ကဌက ပြောဆိုလိုက်သည်။ သံနှင့်သံမဏိလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ယခုမတ်လအတွင်း အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ပြုလုပ်နေပြီး မတ်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်ခဲ့တာဖြစ်သည်။
အဆိုပါ အစည်းဝေးပွဲမှာ ထိုင်ဝမ်၊ အမေရိကန်၊ ဂျပန်နိုင်ငံများမှလုပ်ငန်းရှင်များက သဘာဝပတ်ဝန်းကျင် မပျက်စီးစေပဲ သံမဏိထုတ်လုပ်မှုကောင်းမွန်စေဖို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #ပြည်တွင်းအရင်းအမြစ် #သံမဏိထုတ်လုပ် #စက်မှုဝန်ကြီးပြောကြား #YMG#Yangon_Media_Group
#Latest_NEWS
Published_ 16 March 2023
ယခင်က သက်ဆိုင်ရာကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နေ့စဉ်ထုတ်သတင်းစာများတွင်သာ ရေးသားဖေါ်ပြခြင်းဖြစ်သော်လည်း လက်ရှိအချိန်တွင် တယ်လီဖုန်းစာတိုမက်ဆေ့ကပါ တိုက်တွန်းနှိုးဆော်နေခြင်း ဖြစ်သည်။
မော်တော်ယာဉ်များတွင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည်ဖော်ပြချက်ပါရှိသည့် ဖောင်းကြွနံပါတ်ပြားအသစ်များကို လာမည့် မတ်လ ၃၁ ရက်တွင် အပြီးပြောင်းလဲတပ်ဆင်ကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ ပြောင်းလဲတပ်ဆင် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါတွင် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ပြောင်းလဲတပ်ဆင်ခြင်းကို ရာနှုန်းပြည့်ပြီးစီးရန် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၊ Taxi ယာဉ်များ၊ ကုန်တင်ယာဉ်များအား မတ် ၃၁ ရက်အပြီး ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကနဦးမှတ်ပုံတင်ယာဉ်များ နယ်ဝင်၊ အမည်ပြောင်း၊ လိပ်စာပြောင်း၊ အင်ဂျင်ပြောင်း၊ ဆေးရောင်ပြောင်း၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်ပျောက်၊ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်ပျောက်ယာဉ်များနှင့် နှစ်လဲသက်တမ်းတိုးယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ်များကို ပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ပုဂ္ဂလိပိုင် လူစီးကား အစီးရေတနိုင်ငံလုံးတွင် ၆ သိန်းကျော်ရှိကြောင်း ကညနရဲ့စာရင်းတွေအရ သိရသည်။
ပုဂ္ဂလိက မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း နှစ်လဲသက်တမ်းတိုးချိန်တွင်ဖြစ်စေ၊ သက်တမ်းတိုးချိန် မတိုင်မီတို့တွင်ဖြစ်စေ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်ကာ ဖောင်းကြွနံပါတ်ပြားအသစ်များကို အမြန်ပြောင်းလဲတပ်ဆင်ရန်အသိပေးကြေညာထားသည်။
#ymg/ppk #Latest_NEWS #ကားနံပါတ်ဖောင်းကြွ #စာတိုမက်ဆေ့မှနှိုးဆော် #YMG #Yangon-Media-Group
#World_Health
Published 16 March 2023
နွေရာသီမှာ ချွေးအလွန်အကျွံထွက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အပူရှိန်တို့ကြောင့် အသားအရည်ပျက်စီးတတ်ပါတယ်။
ဒီလိုပူပြင်းတဲ့နေ့တွေမှာ အသားအရည်ကို သေချာမထိန်းသိမ်းဘူးဆိုရင် အရေပြားယားယံတာ၊ နေလောင်တာ၊ အသားမည်းတာ၊ ဝက်ခြံထွက်တာ၊ နေရောင်ခြည့်နဲ့ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။
အရေပြားကို ရေရှည်အထိ ကာကွယ်သွားဖို့ နေကာခရင်မ်တွေလိမ်းရန် အရေပြားဆရာဝန်တွေ မကြာခဏအကြံပြုထားကြပါတယ်။
ကျန်းမာတဲ့အသားအရည်ရရှိဖို့ အောက်ပါအမှားအယွင်းများ မပြုလုပ်ရန် ဖော်ပြလိုက်ပါတယ်။
(၁) နေရောင်ကာခရင်မ်ကိုထပ်ခါထပ်ခါ မလိမ်းခြင်း
ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်တာမျိုးမဖြစ်အောင် နေရောင်ကာခရင်မ်လိမ်းဖို့ ကျွမ်းကျင်သူများက တိုက်တွန်းထားပါတယ်။
UVA, UVB ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ဖို့ SPF ပါဝင်တဲ့ နေရောင်ကာခရင်မ်တွေကို ဦးစားပေးအသုံးပြုသင့်ပြီး ၃ နာရီကြာတိုင်း ထပ်ခါထပ်ခါ လိမ်းပေးဖို့ အကြံပြုထားပါတယ်။
(၂) စိုစွတ်မှုမထိန်းသိမ်းခြင်း
နွေရာသီမှာ အစိုဓာတ်ပါတဲ့ ခရင်မ်တွေမလိမ်းဖို့ အချို့တွေပြောတတ်ကြပါတယ်။
ကိုယ့်အရေပြားက အဆီပြန်ပြီး ဝက်ခြံထွက်တတ်တယ်ဆိုရင်တောင် အစိုဓာတ်ထိန်းပေးတဲ့အရည်က အရေပြားရှိအစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
(၃) မိတ်ကပ်ထူထူလိမ်းခြင်း
နေပူထဲထွက်တဲ့အခါ အသားအရည်ကိုကာကွယ်ဖို့ မိတ်ကပ်ထူထူလိမ်းတာမျိုး မပြုလုပ်သင့်ပါဘူး။
မိတ်ကပ်အထပ်ထပ်လိမ်းခြင်းဖြင့် ချွေးပေါက်ပိတ်ခြင်းမျိုး ဖြစ်ပွားတတ်ပါတယ်။
(၄) ဆဲလ်သေများမဖယ်ရှားခြင်း
အရေပြားမှာ ဆဲလ်သေများကွာကျပြီး ဆဲလ်အသစ်များ ပေါ်ထွက်ရမှာဖြစ်ကာ ဒီလိုမျိုးမဖယ်ရှားဘူးဆိုရင် ချွေးပေါက်ပိတ်သွားနိုင်ပါတယ်။
(၅) ရေဓာတ်မဖြည့်ခြင်း
နွေရာသီမှာ ရေဓာတ်ဖြည့်တင်းခြင်းက အရေးပါတဲ့အခြေအနေဖြစ်ပါတယ်။
တစ်နေ့ကို ရာသီစာအသီးအနှံများနဲ့ ရေ ၂-၃ လီတာသောက်ပေးခြင်းဖြင့် ရေဓာတ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: India Today #World_Health #အသားအရည်ထိန်းသိမ်းခြင်း #Summer #YMG #Yangon_Media_Group
#World_Health
Published 16 March 2023
ညအိပ်ရာမဝင်ခင် အလင်းရောင်လျှော့ချခြင်းဖြင့် ကိုယ်ဝန်ဆောင်များ ဘေးကင်းစေနိုင်ကြောင်း နော့သ်ဝက်စ်တန်ဆေးပညာမှ သုတေသနပြုလုပ်ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်များအနေဖြင့် ညမအိပ်ခင် ဖုန်း၊ ကွန်ပျူတာအလင်းရောင် မှိန်မှိန်ဖြင့်ကြည့်ရှုပြီး အခန်းအလင်းရောင်လည်း မှိန်ပျပျဖြင့်သာ နေထိုင်ပါက ကိုယ်ဝန်ဆောင်ချိန်ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီလိုဆီးချိုရောဂါဖြစ်တဲ့ အမျိုးသမီးတွေဟာ အိပ်ရာမဝင်ခင် ၃ နာရီအတွင်း အလင်းရောင်တောက်တောက်နဲ့ ထိတွေ့တာကြောင့်ဖြစ်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အိပ်ရာမဝင်ခင်မှာ ပတ်ဝန်းကျင်လင်းထိန်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေအန္တရာယ်များကို မစဉ်းစာမိကြဘူးလို့ ဦးဆောင်စာတမ်းပြုစုသူ အာရုံကြောပညာရှင်ဒေါက်တာ'မင်ဂျီကင်မ်'က ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုတက်တဲ့ဖြစ်စဉ်တွေက အမေရိကန်အပါအဝင် ကမ္ဘာတဝှမ်းမှာ အလွန်ဖြစ်ပွားနေရာ အခုလိုတွေ့ရှိမှုက အလွန်အရေးပါနေပါတယ်။
ဒီလိုဆီးချိုက အမေရိကန်မှာ ၂၀၁၁ ကနေ ၂၀၁၃ အတွင်း ၄.၅ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၀ မှာ ၇.၈ ရာခိုင်နှုန်းရှိလာပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ပွားခြင်းဖြင့် နောက်ထပ်ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ အန္တရာယ်ရှိလာနိုင်ပါတယ်။
ဒါ့အပြင် မွေးလာတဲ့ကလေးတွေမှာ အဝလွန်ခြင်း၊ သွေးတိုးခြင်းတို့ ဖြစ်နိုင်ချေများနိုင်ကာ ဆီးချိုရောဂါဖြစ်နိုင်ချေ ၁၀ ဆ ပိုများနိုင်ပါတယ်။
ညအချိန် အလင်းရောင်များများထိတွေ့ခြင်းက လူတစ်ယောက်ရဲ့ ဂလူးကို့စ်ဇီဝဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ ယူဆထားကြပါတယ်။
ဘယ်လိုမျိုး အလင်းရောင်တောက်တောက်တွေက အဆိုးဆုံးလည်းဆိုတာ မသိသေးပေမယ့် ဖုန်းတွေမှာ အလင်းပြာလုပ်ဆောင်ချက်ကို ပိတ်ပစ်ကာ ညမီးထွန်းခြင်းတို့က သင့်တော်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဆိုပါတယ်။
ကွန်ပျူတာ၊ လက်ကိုင်ဖုန်းတို့ကို အသုံးမပြုဘဲနေခြင်းက အကောင်းဆုံးဖြစ်ပေမယ့် သုံးရမယ်ဆိုရင် အလင်းရောင်ကို တတ်နိုင်သမျှ လျော့ထားသင့်တယ်လို့ ကင်မ်က ပြောပြသွားပါတယ်။
#Source: NY Post #World_Health #ကိုယ်ဝန်ဆောင်မိခင် #အလင်းရောင်ဖျော့ဖျော့ #YMG #Yangon_Media_Group
Page 1288 of 1957