#Local_News
Published 7 July 2023

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမပေါ်တွင် အိမ်စီးကားနှင့်ဖယ်ရီကားတို့ဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းက သိရသည်။

 

ဖြစ်စဥ်မှာ ဇူလိုင်လ ၆ ရက် ည ၈ နာရီအချိန်ခန့်က လှိုင်သာယာအရှေ့ပိုင်း၊ ရန်ကုန်-ညောင်တုန်းလမ်း အောက်ထိပ်မှတ်တိုင်အနီး ဖယ်ရီကားကို အိမ်စီးကားက အရှိန်လွန်၍ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

"ဖယ်ရီကားက တိမ်းမှောက်သွားခဲ့ပြီး ယာဥ်မောင်းက ခြေထောက် ၂ ဖက်လုံးထိသွားတယ်။ အိမ်စီးကားပေါ်က လူ ၂ ယောက်ကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်စရာမရှိပါဘူး"ဟု မေတ္တာပါရမီလူမှုကူညီရေးအသင်းက သိရသည်။

 

ယာဥ်တိုက်မှုဖြစ်ရာနေရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင်များသွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအား မေတ္တာပါရမီလူမှုကူညီရေးအသင်းယာဥ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #ယာဥ်၂စီးတိုက်မိ၍၃ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times/BM