#Local_News
Plublish- 7 -7 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတော(ဒေသအခေါ်) တံတားတစ်စင်းမှာ  ယမန်နေ့  ညနေ (၃) နာရီ ခွဲအချိန်တွ မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံက သိရသည်။

 

ယင်းတံတားမှာ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွားတောင်တက် ကားလမ်းပေါ်တွင် ရှိပြီး၊  မိုင်းခွဲတိုက်ခိုက်မှုကြောင့်  တံတားအလယ်တွင် ခြောက်ပေပတ်လည် အပေါက်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

“ ဖောက်ခွဲခံရတာတော့ မှန်ပါတယ်။ ကျန်တာတွေတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ တံတားကိုလည်း ပြန်ပြင်ဆင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ ကျန်တာတော့ဘာမှထပ်မကြားသေးဘူး”ဟု ဒေသခံလူမှု ကူညီရေးအဖွဲ့ က ပြောသည်။

 

မိုင်းဖောက်ခွဲခံရအပြီးတွင် ကျိုက်ထီးရိုးတောင်ပေါ်မှ ပြန်လည်ဆင်းလာမည့် ဘုရားဖူးများနှင့် ဘုရားဖူးခရီးသည်များ သယ်ယူပို့ဆောင်နေသည့် ကား(၅) စီးခန့် ပိတ်မိနေကြောင်း သိရသည်။

 

ကျိုက်ထီးရိုးတောင်ပေါ်တွင် ပိတ်မိနေသော ဘုရားဖူးများနှင့် ဘုရားဖူးကားများကို ယနေ့ ဇွန်(၇)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တောင်တက်ကားအသင်းတို့က တောင်ခြေသို့ ပြန်လည် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

 

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ကို ဆက်သွယ်စုံစမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

 

ပြီးခဲ့သော ဇွန် (၂၉) ရက်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်ချောင်းတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတား၏ အကျယ်ထက်ဝက်ကျော်ခန့် ပြိုကျပျက်စီမှု ဖြစ်ပွားခဲ့ကာ အိမ်စီးကား နှစ်စီးပြုတ်ကျ၍ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ CJ
#YMG/MY #Local_News #လေးဖာတောတံတားတစ်စင်း မိုင်းခွဲဖျက်စီးခံရ
#Yangon_Times