#Local_News
Published_ 15 March 2023
မတ်လ ၁၅ရက်နေ့မှာဖြေဆိုရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာတွဲကို ကျောင်းသားအများစုဖြေဆိုနိုင်တယ်လို့ စာမေးပွဲလာရောက်ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
#Local_News #ဘောဂဗေဒ #ဇီဝဗေဒဘာသာတွဲ #Exam
#YMG #Yangon_Media_Group
#Asia_News
Published 14 March 2023
အင်ဒိုနီးရှားနိုင်ငံ ဝါဝိုနီကျွန်းရှိ လယ်ယာမြေတွေဟာ အင်ဒိုနီးရှားသတ္တုတူးဖော်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး လျှပ်စစ်ကားဘက်ထရီတွေမှာ အသုံးပြုတဲ့ အရေးကြီးပစ္စည်းဖြစ်တဲ့ နစ်ကယ်သတ္တုတွေကို တူးဖော်ရန်ဖြစ်ပါတယ်။
#Asia_News #နစ်ကယ်သတ္တု #အင်ဒိုနီးရှား #တောင်သူလယ်သမား
#YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
မတ်လ ၁၃ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၁၃၀ ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၂,၀၂၁ အထက်နှုန်းထားဖြင့် ဈေးတက်လာကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #ဓာတ်ဆီ #ပြန်လည်ဈေးတက်
#YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
ကမ္ဘာ့ရွှေဈေးဟာ မတ် ၁၅ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၁၁ ဒေါ်လာ ပေါက်ဈေးရှိနေပါတယ်။ ပြည်တွင်းရွှေဈေးကွက်ဟာလည်း ဈေးပြန်တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ ၂၈ သိန်း ၈ သောင်းကျော်မှာရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေဈေး #Gold #Price
#YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
သင်္ကြန်တွင်းကာလမှာ အဝေးပြေးယာဉ်စီးခတွေ တိုးမတောင်ဖို့လမ်းညွှန်ထားပြီးဖြစ်သလို တိုးယူထားပါက ပြန်အမ်းခိုင်းမှာဖြစ်တယ်လို့ YRTC မှ သိရပါတယ်၊၊
#Local_News #သင်္ကြန် #အဝေးပြေးယာဉ်စီးခ #ပြန်အမ်းခိုင်း
#YMG #Yangon_Media_Group
#DailyNews
Published_ 15 March 2023
၁။ သင်္ကြန်တွင်းကာလ အဝေးပြေးယာဉ်စီးခများ တိုးမတောင်းရန်လမ်းညွှန်ထား၊ တိုးယူထားပါက ပြန်အမ်းခိုင်းမည်ဟုဆို
၂။ ကမ္ဘာ့ရွှေဈေး ၁၉၀၀ ကျော်အထိ ပြန်တက် ပြင်ပရွှေဈေးကွက်၂၈သိန်း ၈ သောင်းကျော် ပေါက်ဈေးရှိနေ
၃။ ဓာတ်ဆီဈေးတစ်လီတာ ၂၁၃၀ကျပ်အထိ ပြန်လည်ဈေးတက်လာ
၄။ နစ်ကယ်သတ္တုတူးဖော်ရေး စီမံကိန်းကြောင့် အင်ဒိုနီးရှားတောင်သူလယ်သမားများ လယ်မြေခုခံကာကွယ်နေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 15 March 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အတ္ထရံမြစ်ကူးတံတားကို ပြုပြင်နေတဲ့အတွက် ယာဉ်တွေအလှည့်ကျသွား လာနေရတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဌ ကိုဘိုဘိုဝင်းထံမှ သိရပါတယ်၊၊
#Local_News #အတ္ထရံ #တံတားပြုပြင်
#YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
ယခုနှစ်နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက အပန်းဖြေချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွားဧည့်သည်ဝင်ရောက်မှုတွေပြန်လည်များပြားခဲ့လာတယ်လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါသည်။
သင်္ကြန်မတိုင်ခင်ကာလဖြစ်သော်လည်း ချောင်းသာကိုပြည်တွင်းခရီးသွားလာရောက်မှုမှာ လျော့ကျခြင်းမရှိဘဲ ယခင်နှစ်ထက်ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
လတ်တလောကာလမှာ ချောင်းသာကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုကထောင်နဲ့ချီရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုသည်။
ကိုဗစ်ကာလကတည်းက ခရီးသွားဝင်ရောက်မှုလျော့နည်းခဲ့သောချောင်းသာဟိုတယ်များသည် ရုံးပိတ်ရက်ဆိုလျင် ဟိုတယ်အခန်းပြည့်နှင့် ကြားရက်လျင်ဟိုတယ်အခန်းသုံးဆယ်ကျော်အမြဲ တည်းခိုနေကြောင်း သိရသည်။
ယခင်နှစ်ခရီးသွား ရာသီကာလမှာ ချောင်းသာကမ်းခြေသို့ တစ်ရက်လျှင်ခရီးသွားဧည့်သည် ၁၂၀၀ ကနေ ၁၃၀၀ ကြားအထိ ဝင်ရောက်မှုရှိပြီး ယခုနှစ်လက်ရှိအချိန်မှာ နှစ်ဆကျော်ခန့်မြင့်တက်လာတယ်လို့ဟိုတယ်/ခရီးဌာနရဲ့စာရင်းတွေအရ သိရသည် ။
#ymg/ppk #Local_News #နွေရာသီကာလ #ချောင်းသာ
#YMG #Yangon-Media-Group
#Local_News
Published_ 15 March 2023
ရည်းစားစကားပြောသည်ကိုငြင်းဆန်သည့် ထိုင်းအမျိုးသမီးအား မြန်မာအမျိုးသားတစ်ဦးက ကတ်ကြေးဖြင့်ထိုးခဲ့သောကြောင့် မတ်လ ၁၂ ရက်တွင် အမှတ် ၈၊ ကော့ဖန်ငန်ကျေးရွာ၌ ဖမ်းဆီးခဲ့ကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်း မီဒီယာများတွင် ဖော်ပြရေးသားကြသည်။
ထိုင်းနိုင်ငံ၊ စုလာ့တ်ဌာနီခရိုင်၊ ကော့ဖန်ငန်မြို့နယ်၊ ကော့ဖန်ငန်ကျေးရွာ၌ နေ ထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးအား မြန်မာနိုင်ငံသား အောင်ထွေးနိုင် ဆိုသူက မတ်လ ၁၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်က မိမိအနေဖြင့် ၎င်းမှချစ်ကြိုက်နေကြောင်း ပြောဆိုခဲ့ရာ ယင်းအမျိုးသမီးမှလက်မခံသဖြင့် ကတ်ကြေးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေရာအနီးရှိ ရည်းစားစကားပြောခံရသည့် ထိုင်းအမျိုးသမီး၏ သူငယ်ချင်းများက ဝိုင်းဝန်းဖြန်ဖြေခဲ့သော်လည်း အောင်ထွေးနိုင်က လက်မခံသည့်အပြင် ဝိုင်းဝန်းဖြန်ဖြေသူ ၃ ဦးကိုပါ ကတ်ကြေးဖြင့်ထိုးခဲ့သည့်အတွက် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း သိရသည်။
ymg/mt #Local_News #ရည်းစားစကား #ထိုင်းအမျိုးသမီး #ကတ်ကြေးဖြင့်ထိုး #YMG #Yangon_Media_Group
#Local_News
Published-15 March 2023
ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက မတ်လ ၁၅ ရက် (ယနေ့) တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ ၊ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်၍ တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ မတ်လ (၁) ရက် မှ မတ်လ (၁၅) ရက် အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၀၆) ခုတွင် မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၈၀၀)ကျော် ခေါ်ယူမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်မှ ဖေဖော်ဝါရီလ (၂၈)ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၃၄) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၇၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သေးသည်။
#ymg/mt #Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား
#YMG #Yangon-Media-Group
#Local_News
Published_ 15 March 2023
၂၀၂၄ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Haigeng Training Center တွင် မတ်လ ၁၄ရက်မှ ၂၄ ရက် အထိ သွားရောက်လေ့ကျင့်ခြေစမ်းနေကြကြောင်း သိရသည်။
ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ခြေစမ်းမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲများအဖြစ် မတ်လ ၁၇ ရက်တွင် ကမ္ဘောဒီးယား အမျိုးသမီးအသင်း၊ မတ်လ ၁၉ ရက်တွင် Sichuan FC ၊ မတ်လ ၂၂ရက်တွင် Changchun FC တို့နှင့်ခြေစမ်းပွဲများ ကစားမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးလိဂ် ၂၀၂၂ အပြီး နိုဝင်ဘာလ က စတင်၍ ပဏာမ ကစားသမား (၃၅)ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် အိုလံပစ်ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား ၂၄ ဦးကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ လက်ခံ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
#ymg/mt #Local_News #လက်ရွေးစင်အမျိုးသမီး #အိုလံပစ် #ကူမင်းမြို့ #YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
ထိုင်း-လာအို နယ်စပ်၊ မဲခေါင်မြစ်အတွင်းမှ နှစ်ပေါင်း ၇၀၀ ခန့်ရှိ ရှေးဟောင်းစေတီတော်တစ်ဆူ ပေါ်ထွက်လာခဲ့ကြောင်း The Nation Thailand သတင်းတွင် ဖော်ပြရေးသားထားသည်။
အဆိုပါ ရှေးဟောင်းစေတီတော်သည် မဲခေါင်မြစ်ရေကျချိန်၌ ပေါ်ထွက်လာခြင်းဖြစ်ပြီး ယခုအခါ စေတီတော်ပေါ်ထွက်လာခြင်းကြောင့် ထိုင်းနိုင်ငံ၊ နောင်ခိုင်မှ လာရောက်ဖူးမြှော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယင်း စေတီတော်အား ၁၅ ရာစုနှစ်ခန့်က မြတ်စွာဘုရားရှင်၏ ခြေတော်ရာ အရိုးတော် ၉ ပါးအား ဌာပနာ၍တည်ထားခဲ့ခြင်းဖြစ်ကာ ၁၈၄၇ ခုနှစ်တွင် မြစ်စီးဆင်းသည့် လမ်းကြောင်းပြောင်းသွားရာမှ မဲခေါင်မြစ်အတွင်း ပြုတ်ကျနစ် မြုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားကြကြောင်းလည်း သိရသည်။
Photo - The Nation Thailand
#ymg/mt #Local_News #မဲခေါင်မြစ်အတွင်း #ရှေးဟောင်းစေတီတော် #YMG #Yangon_Media_Group
Page 1289 of 1957