#World_Health
Published 6 July 2023


ရေချိုးရင်း သွားတိုက်တဲ့အလေ့အကျင့်က တကယ်တမ်းတော့ ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်တယ်လို့ အင်္ဂလန်မှ သွားနှင့်ခံတွင်းဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ'ပေယယ်ဘယ်လာ'က မကြာသေးမီက ရှင်းပြသွားပါတယ်။

 

ပထမဆုံးပြဿနာကတော့ ဘေစင်ရေပိုက်ခေါင်းမှ ထွက်တဲ့ရေအပူချိန်ထက် ရေချိုးခန်းထဲကရေက သိသိသာသာ ပိုနွေးနိုင်တာကြောင့်ပါ။

 

ဒါဟာ သွားတိုက်တံရဲ့ အမွှေးအမျှင်များကို ပျော့ပျောင်းစေပြီး သွားကိုသန့်ရှင်းတဲ့နေရာမှာ ထိရောက်မှုလျော့ပါးစေပါတယ်။

 

အီလက်ထရစ်သွားတိုက်တံ အများစုဟာ ရေစိုခံကြပေမယ့် ပစ္စည်းစနစ်နဲ့ အမွှေးအမျှင်တွေကို ထိခိုက်စေနိုင်တာကြောင့် ရေထဲထည့်ထားတာမျိုးတော့ မလုပ်သင့်ကြောင်း ဆိုပါတယ်။

 

သွားတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် ထိုရေကိုပဲအသုံးပြုမယ်ဆိုပါက ရောဂါပိုးမွှားတွေ ပါးစပ်ထဲသို့ ရောက်ရှိစေနိုင်ပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်စေကာ နာမကျန်းဖြစ်စေနိုင်ပါတယ်။

 

ရေချိုးပိုက်ခေါင်းမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနေနိုင်ပြီး ထိုရေချိုးပိုက်ခေါင်းအောက်မှာ သွားတိုက်မယ်ဆိုရင် ပါးစပ်ထဲကို ဘက်တီးရီးယားတွေ ရောက်ရှိလာနိုင်ပါတယ်။

 

သွားတိုက်ဆေးတွေ ရေချိုးခန်းကြမ်းပြင်ပေါ် ဖိတ်ကျတဲ့အခါမှာလည်း ချော်လဲပြီး ဒဏ်ရာရတတ်ပါတယ်။
ရေချိုးခန်းထဲမှာ စိုစွတ်မှုရှိနေပြီး ဘက်တီးရီးယားများ ပေါက်ဖွားနိုင်တာကြောင့် သွားတိုက်တံကို ရေချိုးခန်းထဲမှာ မထားမိဖို့ အရေးကြီးကြောင်းလည်း ဘယ်လာက အကြံပြုလိုက်ပါတယ်။

ရေချိုးခန်းထဲမှာပဲ သွားတိုက်တာရော ရေချိုးတာရော အကုန်လုံးပေါင်းလုပ်လိုက်ရင် ရေချွေတာရာ ရောက်တယ်လို့ မယူဆသင့်ဖို့လည်း လိုအပ်ပါတယ်။

 

ရေချွေတာရန် ပိုမိုထိရောက်တဲ့ နည်းလမ်းကတော့ သွားတိုက်နေစဉ် ဘေစင်ပိုက်ခေါင်းကို ပိတ်ထားဖို့ကြောင်း အကြံပြုသွားပါတယ်။

 

Source: NY Post #World_Health #ရေချိုးရင်းသွားမတိုက်သင့်သည့်အကြောင်းအရင်း
#Yangon_Time #YMG