#World_Health
Published 6 July 2023


အသက် ၇ နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့ လည်ချောင်းမှာ သွားတိုက်ဆေးအဖုံး ခံနေပြီး ဆိုးဆိုးရွားရွား ချောင်းဆိုးနေတာကို ပါရာဂွေးမှဆရာဝန်များ တွေ့ရှိပြီး အံ့အားသင့်ခဲ့ရပါတယ်။

 

အင်ကာနေစီယွန်မှ မိန်းကလေးဟာ ရက် ၂၀ လောက် ချောင်းဆိုးနေခဲ့ကာ ဆေးရုံသို့ရောက်ရှိလာပြီး အချိန်မီကုသမှု ခံယူခဲ့ကြောင်း ဆေးရုံက ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

 

မိန်းကလေးငယ်ဟာ လည်ချောင်းထဲမှာ အချိန် ၃ ပတ်ခန့် အဆက်မပြတ်ယားယံနေခဲ့ပြီး သူ့မိဘတွေက ဆေးရုံသို့ခေါ်သွားပေမယ့် အကြောင်းအရင်းကို ဆရာဝန်တွေ မရှာနိုင်ခဲ့ပါဘူး။

 

အစပိုင်းမှာ ချောင်းဆိုးတယ်ဆိုပြီး ပြသခဲ့တာကြောင့် အခြေအနေမှန် မသိခဲ့ရတာဖြစ်ကြောင်း၊ ဆေးတွေပေးခဲ့ပေမယ့် လုံးဝသက်သာခြင်းမရှိကြောင်း အင်ကာနေစီယွန်ဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ'ဝေါလ်တာဘင်နီတက်ဇ်'က ရှင်းပြခဲ့ပါတယ်။

 

ချောင်းဆိုးရတဲ့ အရင်းအမြစ်ကိုသိရဖို့ ဆေးရုံသို့ခေါ်ဆောင်ပြီး ဓာတ်မှန်ရိုက်ခဲ့ကြပါတယ်။

 

အဲဒီမှာတော့ သူ့လည်ချောင်း အသက်ရှူလမ်းကြောင်းမှာ အရာဝတ္ထုတစ်ခု ပိတ်မိနေတာကို တွေ့ခဲ့ကြပါတယ်။

 

ဆရာဝန်တွေက လူနာကို မေ့ဆေးပေးကာ အဆုတ်နဲ့ လေလမ်းကြောင်းကို ကြည့်ရှုရာမှာသုံးတဲ့ ပြွန်ပါးလေးတစ်ခုဖြင့် စစ်ဆေးကြည့်ရာမှာ သွားတိုက်ဆေးတောင့်ရဲ့ အဖုံးဖြစ်နေပါတယ်။

 

ဒါဟာ မိန်းကလေး စပြီး ချောင်းဆိုးတဲ့နေ့ကပဲ မျိုချမိတာဖြစ်နိုင်ပြီး ကံကောင်းစွာနဲ့ပဲ ထိုကိရိယာဖြင့် အဖုံးကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။



ကုသပြီးနောက် မိန်းကလေးဟာ ကောင်းစွာသက်သာနေပြီဖြစ်ပါတယ်။

 

၂၀၂၀ တုန်းကလည်း အိန္ဒိယအမျိုးသားတစ်ဦးဟာ သွားတိုက်ရင်း သွားတိုက်တံကို မတော်တဆမျိုချမိပြီးနောက် ခွဲစိတ်ဖယ်ရှားခဲ့ရပါသေးတယ်။

 

Source: NY Post #World_Health #လည်ချောင်းထဲ သွားတိုက်ဆေးအဖုံးဝင်
#Yangon_Times #YMG