#Local_News
Published_ 6 July 2023


မူးယစ်ဆေးဝါးရောင်းချ၍ဆိုသည့်အကြောင်းပြချက်ဖြင့် Barများ၊ ကလပ်များပိတ်သည်ဟုမကြားမိသေးဟု မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်းဥက္ကဌထံမှ သိရသည်။

 

Barများ၊ ကလပ်များပိတ်သည်ဟု ကောလဟာလကြားနေရသော်လည်း မူးယစ်ဆေးဝါးကြောင့်ပိတ်ရသည်ဟုမကြားမိသေးကြောင်း အသင်းဥက္ကဌ ဦးစံရှိန်ကပြောသည်။

 

လတ်တလောတွင် Barများ၊ ကလပ်များပိတ်ရန် တရားဝင်ထုတ်ပြန်ချက်များ မတွေ့ရှိရသေးကြောင်းနှင့် ည၁၂နာရီမှ ၄နာရီအတွင်းမထွက်ရသည့် ရန်ကုန်တိုင်း၌ညမထွက်ရအမိန့်လည်းရှိနေဆဲဖြစ်သောကြောင့် Bar အချို့၊ ကလပ်အချို့အနေဖြင့်နေ့လယ်ပိုင်းမှ ည၁၁နာရီအချိန်အထိပုံမှန်ဖွင့်လှစ်ထားကြောင်း သိရသည်။

 

#tthl/myn #Local_News #မူးယစ်ဆေးရောင်း၍Barများ၊ကလပ်များပိတ်
#Yangon_Time