တောင်ကိုရီးယားနိုင်ငံမှာ အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းပြီး အနီးအနားက မြစ်ရေတွေပါဝင်လာတဲ့အတွက် ချောင်ကျူးမြို့၊ အိုဆောင်းဘူတာရုံအနီးက ရေလျှံနေတဲ့ ဥမင်လိုဏ်ခေါင်း တစ်ခုအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေရပါတယ်။  အဲဒီဥမင်လိုဏ်ခေါင်းထဲပိတ်မိနေတဲ့ ဘတ်စ်ကားတစ်စီးထဲက အလောင်း(၇)လောင်း ပြန်လည်ထုတ်ယူခဲ့ပါတယ်။

မိုးကြီးတဲ့အတွက် ရေကြီးရေလျှံဖြစ်ကာ မြေပြိုကျမှုတွေပါ ဖြစ်ပွားတဲ့အတွက် လောလောဆယ် ၃၃ ဦးခန့်သေဆုံးနေပြီး လူ ၁၀ ဦးခန့်ပျောက်ဆုံးနေပါတယ်။

Video: SOUTH KOREAN NATIONAL FIRE AGENCY/AFP