Published_ 17 July 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ မြို့မဈေးအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံရ၍ ကိုရင် ၁ ပါး ၊ ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ဇူလိုင်လ ၁၆ ရက် နံနက်က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဈေးအတွင်း သား၊ငါး အရောင်းဆိုင်များအနီး ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေကြသည့် ကိုရင် အာလောက(ခ)အာကာကျော် နှင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူအမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင် ဗုံးသီးစများအသီးသီး ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် အဆိုပါဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Yamgon_Times/BM
#Local_News
#YMG #Yangon_Times