Published_ 29 June 2023
ထိုင်းဘုရင့်သမီးတော်က ချီးမြှင့်သည့် ထူးချွန်ဆရာများ ဆုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အ.ထ.က(၂) လှိုင်သာယာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အေးစုဝင်းက ရရှိကြောင်း
Princess Maha Chakri Award(PMCA) Foundationက သိရသည်။
ထိုင်းနိုင်ငံ ဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်မှ အာဆီယံ နိုင်ငံများမှ ထူးချွန်ဆရာ၊ ဆရာမ (၁၀)ဦးကို ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံအတွက် လှိုင်သာယာမြို့နယ်ရှိ၊ အထက( ၂) အခြေ ခံပညာအထက်တန်းကျောင်း၌ အထက်တန်းပြရာထူးဖြင့် အင်္ဂလိပ်ဘာသာရပ်သင်ကြားပြသပေးနေသူ ဆရာမဒေါ်အေးစုဝင်းက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆုရရှိသူများကို လာမည့် အောက်တို ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် PMCA ညီလာခံတွင် ဆုချီးမြှင့်သွားဖြစ်ပြီး ဆုရရှိသူများကို Princess Maha Chakri ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ရွှေရင်ထိုးတစ်ခုနှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်းဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းဖောင်ဒေးရှင်းက သိရသည်။
ယင်း Princess Maha Chakri Award ကို မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တုန်းက ဆရာမဒေါ်ရည်မွန်စိုးနှင့် ၂၀၂၁ ခုနှစ်တွင် ဆရာဦးကျော်ဇင်အောင်တို့လည်း ရရှိခဲ့ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Time
Published_ 29 June 2023
ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီးဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ တက္ကသိုလ်များမှကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။
ဦးစွာဝန်ကြီးက သိပ္ပံပွဲတော်ကျင်းပခြင်း အားဖြင့် အခြေခံပညာအဆင့်မှ သည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့်ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံ ဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာ ဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ် လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
ထို့ပြင် မီဒီယာများမှတစ်ဆင့် နိုင်ငံ အတွင်း နျူကလီးယားစွမ်းအင် ဆိုင်ရာအသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နျူကလီးယားစွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky က ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါတယ်။
အဆိုပါ သိပ္ပံပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာတို့တွင် ဇွန် ၂၈ ရက် မှ ၃၀ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် နျူကလီးယား နည်းပညာနှင့်သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပေးပြီးဆုများလည်း ချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။
ထို့ပြင် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူ လူငယ်ပညာရှင်များပါဝင်သည့် အဖွဲ့လိုက်ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း လေ့လာရေးအစီအစဉ်များ၊ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများက နျူကလီးယား စွမ်းအင်နှင့် ဆက်စပ် သိပ္ပံခေါင်းစဉ်များအလိုက်ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများကပြန်လှန်မေးမြန်း ဆွေးနွေးခြင်းများ၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာ အသိပညာများမျှဝေခြင်းအစီအစဉ်များ ပါဝင်မှာဖြစ်ကြောင်းသိရ ပါတယ်။
သိပ္ပံပွဲတော်ကျင်းပစဉ် အတွင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ "ROSATOM" ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်၍ နိုင်ငံတော်အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့် နျူကလီးယား နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲညှိနှိုင်းကော်မတီ ဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Local_News
#YMG #Yangon_Times
Published_ 29 June 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်းဝေဒနာခံစားနေရတဲ့အတွက် လတ်တလောမှာ အသက်ရှူလမ်းကြောင်းဆက်တိုက်ဖိအားပေးစက်(CPAP)ကို စတင်အသုံးပြုနေရကြောင်း အိမ်ဖြူတော်အရာရှိများက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ချီကာဂိုမှာ မိန့်ခွန်းပြောကြားရန် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အိမ်ဖြူတော်မှထွက်ခွာလာရာမှာ သူ့မျက်နှာနှစ်ဖက်စလုံးမှာ အဆိုပါကိရိယာတပ်ဆင်ထားခဲ့ရတဲ့ အရာတွေမြင်တွေ့ရပါတယ်။
၂၀၀၈ ခုနှစ်ကတည်းက သမ္မတဟာ အိပ်ပျော်စဉ်အသက်ရှူကြပ်ခြင်းဝေဒနာ ရှိနေကြောင်း ထုတ်ဖော်ခဲ့ပြီး မနေ့ညကတော့ ထိုဝေဒနာရှိသူတွေမှာ အသုံးများတဲ့ CPAP စက်အသုံးပြုခဲ့ရတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ'အန်ဒရူးဘိတ်စ်'က ပြောကြားသွားပါတယ်။
CPAP စက်တွေဟာ အိပ်ပျော်စဉ်အသက်ရှူကြပ်ခြင်းဝေဒနာအတွက် အသုံးများတဲ့စက်ဖြစ်ပါတယ်။
အိပ်နေစဉ်မှာ နှာခေါင်းအုပ်အတွင်းသို့ လေစီးဆင်းမှုဆက်တိုက်ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းများပွင့်နေစေကာ အောက်ဆီဂျင်ထောက်ပံ့မှု မပြတ်ရရှိစေပါတယ်။
ထိုဝေဒနာဟာ အမေရိကန်လူမျိုးသန်း ၃၀ ခန့်မှာ ဖြစ်ပွားနေပြီး ဆိုးကျိုးတွေကအမျိုးမျိုးရှိနေကာ အောက်ဆီဂျင်ပြတ်လပ်ကာ အိပ်စက်မှုကိုနှောင့်ယှက်စေသလို သွေးတိုးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေများစေပါတယ်။
လတ်တလောနှစ်များအတွင်းမှာ အမေရိကန်မှာ လူပေါင်း ၈ သန်းလောက် CPAP စက်အသုံးပြုနေရတယ်လို့ ကိရိယာထုတ်လုပ်သူများက ခန့်မှန်းထားပါတယ်။
မစ္စတာဘိုင်ဒင်အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် ဒီစက်ကိုအသုံးပြုရတာဖြစ်တယ်လို့ ဘလွန်းဘာ့ဂ်က ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်က မစ္စတာဘိုင်ဒင်ဟာ နှာခေါင်းတွင်းခွဲစိတ်မှုများစွာ ပြုလုပ်ခဲ့ရတယ်လို့ သူ့ဆရာဝန်က ပြောပြခဲ့ပါတယ်။
ဒီလိုခွဲစိတ်မှုတွေက ဝေဒနာကိုသက်သာစေပေမယ့် အပြီးတိုင်ပျောက်ကင်းခြင်းမရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူက ဆိုပါတယ်။
သမ္မတက လတ်တလောသီတင်းပတ်တွေမှာ ကောင်းစွာအိပ်စက်နိုင်ရန်အတွက် CPAP ကိရိယာကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။
Source: The New York Times
#World_Society #အသက်ရှူကြပ်ရောဂါ #အသက်ရှူထောက်ကူစက်ပစ္စည်းစတင်အသုံးပြု #ဂျိုးဘိုင်ဒင်
#YMG #Yangon_Times
Published_ 29 June 2023
အသားများကို ကြာရှည်စွာထိန်းသိမ်းနိုင်ရန် အေးခဲထားတတ်ကြပေမယ့် ကြာချိန်ဘယ်လောက်အထိ ထိန်းသိမ်းနိုင်မလဲဆိုတာကတော့ ပြောဖို့ခက်နေပါတယ်။
ကျွမ်းကျင်သူများပြောကြားချက်အရ အသားများကို လတ်ဆတ်တဲ့အရသာအတိုင်း ထိန်းသိမ်းထားနိုင်ဖို့ အများဆုံးတစ်လအထိ အေးခဲထားနိုင်တယ်လို့ အကြံပြုထားပါတယ်။
အချို့သောစားစရာများကတော့ ဒီထက်ပိုပြီး အေးခဲထားနိုင်ပါသေးတယ်။
ပုစွန်စိတ်၊ ကျောက်ပုစွန်၊ ပြည်ကြီးငါးတို့ဟာ အအေးခန်းထဲမှာ ၆ လကနေ ၁၈ လအထိ ကြာရှည်ခံပြီး ဝက်အူချောင်းတွေကတော့ ၂ လအထိသာ စိတ်ချစွာအေးခဲနိုင်ပါတယ်။
အသားအမျိုးမျိုးဟာ ထိန်းသိမ်းနိုင်တဲ့ကာလ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
ဟမ်ဘာဂါဆိုရင် ၃ လမှ ၄ လလောက်အထိ ထိန်းသိမ်းနိုင်ကာ အမဲသား၊ သိုးသားတွေကတော့ ၄ လမှ ၁၂ လအထိ ထိန်းသိမ်းနိုင်ပါတယ်။
ကြက်သား၊ ကြက်ဆင်သားတို့ဆိုရင် ၉ လအထိ အေးခဲထားနိုင်ပြီး ကြက်တစ်ကောင်လုံးဆိုရင် တစ်နှစ်လောက်အထိ ကြာရှည်ခံပါတယ်။
ငါး၊ ကဏန်း၊ ကျောက်ပုစွန်တို့ဆိုရင် အေးခဲထားမယ်ဆိုရင် ၄ လလောက်ခံနိုင်ပါတယ်။
အသားတွေလတ်ဆတ်နေတုန်း အေးခဲလိုက်ခြင်းက ယင်းအရည်အသွေးကို ထိန်းသိမ်းနိုင်ရန်အရေးကြီးကြောင်း အမေရိကန်ကုမ္ပဏီယာကူဇိုင်းက ဆိုပါတယ်။
အချိန်ကြာလွန်သွားတဲ့အထိ အေးခဲထားရင် အသားတွေက အနံ့ထွက်လာပြီး ပုံပျက်သွားတာကိုလည်း ဂရုစိုက်သင့်ပါတယ်။
အသားတွေကို လတ်လတ်ဆတ်ဆတ်နဲ့ အနံ့အရသာကောင်းမွန်အောင် ထိန်းသိမ်းရန်နည်းလမ်းတွေကတော့..
- ဝယ်ယူပြီးတာနဲ့ အသားကိုအေးခဲ့ထားပါ။
- အလုံပိတ်အိတ်များဖြင့် ထုတ်ပိုးကာ လုံးဝအအေးရိုက်ခြင်းမဖြစ်အောင် ထိန်းသိမ်းရပါမယ်။
- ထိန်းသိမ်းချိန်မှတ်မိနိုင်ရန် စတင်အေးခဲတဲ့ရက်စွဲကို ရေးသားထားပါ။
- မချက်ပြုတ်ခင်မှာ အေးခဲထားတဲ့အသားတွေကို အရည်ပျော်အောင်လုပ်ပါ။
အဆိုပါနည်းလမ်းများအတိုင်း ပြုလုပ်ပါက ကြာရှည်စွာအေးခဲထားရင်တောင် အရည်အသွေးမြင့်အသားတွေကို အာဟာရရှိရှိဖြင့် အရသာရှိစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
Published_ 29 June 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၃၃၁)ဦးကို ဇွန်လ ၂၉ရက် (ယနေ့) စေလွှတ်ခဲ့ပြီး ယခုလအတွင်း ၅ကြိမ်စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှသိရသည်။
ဇွန်လ၂၉ရက်တွင် Regular ကုန်ထုတ်လုပ်သား (၂၄၉) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၈၀) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၂) ဦး၊ စုစုပေါင်း (၃၃၁) ဦးကိုစေလွှတ်ခဲ့ကြောင်းသိရသည်။
ထို့အတူဇွန်လအတွင်း ပထမဆုံးအကြိမ်အဖြစ်ဇွန်လ၇ ရက်က EPS စနစ်ဖြင့်
မြန်မာလုပ်သား စုစုပေါင်း (၁၅၀) ဦးကို လည်းကောင်း၊ ဒုတိယအကြိမ်အနေဖြင့် EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၄၆) ဦးကို ဇွန်လ၁၃ ရက်က စေလွှတ်ခဲ့ကြောင်းသိရသည်။
တတိယအကြိမ်အဖြစ် ဇွန်လ၂၀ ရက်က EPS စနစ်ဖြင့် မြန်မာလုပ်သား စုစုပေါင်း (၁၄၅) ဦးကိုလည်းကောင်း၊ ဇွန်လ ၂၁ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦးကို စတုတအကြိမ်အနေဖြင့်ထပ်မံစေလွှတ်ခဲ့သည်။
အဆိုပါအလုပ်သမားများရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times

Published_ 29 June 2023
အမေရိကန်လူမျိုးတဝက်နီးပါးလောက်ဟာ သွေးပေါင်ချိန်မြင့်မားနေကြပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေများနေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
အသက် ၆၅ နှစ်အထက်လူကြီး ၇၀ ရာခိုင်နှုန်းလောက်မှာ သွေးတိုးရှိနေကြပေမယ့် နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းဖြင့် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
သွေးဖိအားဆိုတာက သွေးကြောနံရံတွေကို တွန်းနေတဲ့သွေးရဲ့ဖိအားဖြစ်ပါတယ်။
သွေးပေါင်ချိန်က တစ်နေ့တာအတွင်း သဘာဝအတိုင်းအတက်အကျရှိပေမယ့် အချိန်အကြာကြီး မြင့်တက်နေတယ်ဆိုရင်တော့ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာများ ရှိလာနိုင်ပါတယ်။
အပေါ်သွေး ၁၃၀ မီလီမီတာမာကျူရီနဲ့ အထက် ဒါမှမဟုတ် အောက်သွေး ၈၀ မီလီမီတာမာကျူရီနဲ့အထက် ဖြစ်နေတယ်ဆိုရင် သွေးတိုးရောဂါရှိနေနိုင်ပါတယ်။
ဆေးဝါးများဖြင့် သွေးတိုးရောဂါကိုထိန်းချုပ်နိုင်သလို အစားအသောက်များဖြင့်လည်း ထိန်းချုပ်နိုင်ပါတယ်။
သွေးတိုးလျှော့ချပေးနိုင်တဲ့ အစားအစာတွေထဲမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်များပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှု နည်းပါးကြပါတယ်။
အမျှင်ဓာတ်ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ အစားအစာတွေဟာလည်း သွေးတိုးခြင်းအတွက် အသင့်လျော်ဆုံးဖြစ်ကြောင်း ကလိဗ်လန်းဆေးခန်းမှ အစားအစာပညာရှင်'ဂျူလီယာဇမ်ပါနို'က ပြောပြထားပါတယ်။
အကြံပြုထားတဲ့ စားစရာတွေကတော့....
- ဗိုက်တာမင်-စီကြွယ်ဝတဲ့ ကီဝီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီညွန့်၊ ငရုတ်ကောင်းတို့ဟာ ဓာတ်တိုးခြင်းကိုကာကွယ်ပေးကာ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
- ဗိုက်တာမင်-အီးကြွယ်ဝတဲ့ ဗာဒံသီး၊ ထောပတ်သီး၊ နေကြာစေ့၊ မြေပဲထောပတ်၊ ဆယ်လ်မွန်တို့ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ပြီး ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
- ပိုတက်ဆီယမ်ဓာတ်က သွေးကြောနံရံတွေကို ပြေလျော့စေကာ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ဆိုဒီယမ်ကို ဖယ်ရှားပေးပြီး ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ အခွံမာသီး၊ အစေ့အဆန်၊ ဂရိတ်ဖရု၊ ထောပတ်သီးတို့ ပါဝင်ပါတယ်။
- ဆယ်လီနီယမ်ကြွယ်တဲ့ ဘရာဇီးလ်အခွံမာသီး၊ ကြက်သား၊ ကြက်ဆင်သားတို့ဟာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ပါတယ်။
- အယ်လ်အာဂျင်နင်းကြွယ်ဝတဲ့ ကြက်၊ ဘဲ၊ အခွံမာသီး၊ အစေ့အဆန်၊ ပဲကြီး၊ နို့ထွက်ပစ္စည်းအချို့ဟာ ကြွက်သားဆဲလ်များကို ပြေလျော့စေပြီး သွေးပေါင်ချိန်ကျစေပါတယ်။
- ကယ်လ်စီယမ်ကြွယ်ဝတဲ့ ဗာဒံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်၊ တိုဖူး၊ ပဲကြီးနှင့်ပဲလေး၊ လိမ္မော်ရည်တို့ဟာလည်း သွေးပေါင်ချိန်ကျစေနိုင်ပါတယ်။
- အိုမီဂါ၃ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာ၊ ချီယာစေ့၊ သစ်ကြားသီး၊ ပဲပိစပ်တို့ဟာ ရောင်ရမ်းခြင်းကိုကာကွယ်ပေးပါတယ်။
- သွေးပေါင်ချိန်ချပေးနိုင်တဲ့ မဂ္ဂနီဆီယမ်ကို အခွံမာသီး၊ အစေ့အဆန်၊ ကောက်ပဲသီးနှံ၊ အစိမ်းရောင်ဟင်းရွက်၊ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။
သွေးပေါင်ချိန်ကျစေတဲ့ အခြားစားစရာတွေကတော့ ကြက်သွန်ဖြူ၊ ပင်စိမ်း၊ ဖာလာ၊ သစ်ကြံပိုးခေါက်၊ ဂျင်း၊ နံနံပင်၊ စမုန်ဖြူတို့ဖြစ်ပါတယ်။
သွေးပေါင်ချိန်ချဖို့ရာ အာဟာရကဏ္ဍကလည်း အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
ရေဓာတ်ထိန်းသိမ်းခြင်း၊ အချိုရည်ရှောင်ရှားခြင်း၊ အနည်းဆုံး မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။
Source: Fortune
#World_Health
#YMG #Yangon_Time
ကမ္ဘာပေါ်တွင် လစ်သီယံအိုင်းယွန်းဘက်ထရီအများဆုံး အခြေချထုတ်လုပ်ရာ တရုတ်ပြည်မှမြို့တစ်မြို့
တရုတ်ပြည်ဖူကျန့်ပြည်နယ်ရှိ နင်ဒါမြိုဟာ စီးပွားရေးနောက်ကျတဲ့မြိုလေးကနေ အခုဆိုရင် လစ်သီယံအိုင်းယွန်းဘက်ထရီထုတ်လုပ်ရာ ကမ္ဘာ့အကြီးဆုံးထုတ်လုပ်ရေးအခြေစိုက် ဖြစ်လာပါတယ်။
#Asia_Development
#Published_ 28 June 2023
#YMG #Yangon_Time
နတ်လှောင်ကျောင်းအပါအဝင် ပုဂံဘုရား(၅)ဆူကို အိန္ဒိယပညာရှင်များ ထိန်းသိမ်းမည်
‘အိန္ဒိယASIအဖွဲနဲ့ပူးပေါင်းပြီး ဘုရားအမှတ်၂၂၅ ၊၂၃၅ ၊၁၆၀၀ ၊၂၀၁၁ နှင့်၂၀၁၃ တို့မှာ အဆောက်အအုံပိုင်းပြုပြင်ထိန်းသိမ်းတာ ၊နံရံပန်းချီထိန်းသိမ်းတာ ၊ အင်္ဂတေပန်းတော့လက်ရာတွေ ကြံ့ခိုင်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ရှိတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
tthl/Yangon_Time
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
အခြေခံပညာကျောင်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်
ပညာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး၊ ရေစည် ရေကန်တွေအတွင်း အဘိတ်ဆေးခတ်
YMG/ myn
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
ပုသိမ်ကြီးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးခဲ့သည်ဟုယူဆရသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
မူးယစ်ဆေးဝါးထိုးသွင်းထားတယ်လို့ မှတ်ယူရတဲ့ အပ်ပေါက်ရာအပြင် ပါးစပ်ကလည်း အမြှုပ်အချို့ထွက်ကျ
YMG/ myn
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
လာမည့် ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်ပြီး အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်
အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်ကနေ အားကောင်းနိုင်
YMG/ my
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
#Daily_News
Published_ 28 June 2023
၁။ သီတင်းကျွတ်ကာလတွင် ထိုင်းခရီးသွားများ ဘုရားဖူးခရီးစဉ် လာရောက်အောင် ကြိုတင်ပြင်ဆင်ထားသင့်ဟုဆို
ဦးနောင်းနောင်းဟန်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ)
၂။ လာမည့် ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါပြီး အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်
၃။ ပုသိမ်ကြီးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးခဲ့သည်ဟု ယူဆရသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
၄။ ကမ္ဘာပေါ်တွင် လစ်သီယံအိုင်းယွန်းဘက်ထရီ အများဆုံးအခြေချထုတ်လုပ်ရာ တရုတ်ပြည်မှမြို့တစ်မြို့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Page 1116 of 1941