#Local_News
Published_ 09 November 2023


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲကို ဒီဇင်ဘာလ (၄)ရက်မှ(၅)ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌(၂)ရက်တာကျင်းပသွားရန်ရှိကြောင်း သာသနာရေးဦးစီးဌာနမှသိရသည်။

 

အဆိုပါ အဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲ မတိုင်မီ ညှိနှိုင်းအစည်းအဝေးပွဲများလည်း နိုဝင်ဘာလ(၃၀)ရက်မှဒီဇင်ဘာလ(၃)ရက်အထိကျင်းပမည်ဖြစ်ပြီး ပန္နရသမအစည်းအဝေးပွဲကို ဒီဇင်ဘာလ (၄)ရက်မှ(၅)ရက်အထိနှစ်ရက်တာ ကျင်းပသွားမည်ဟုဆိုသည်။

 

အစည်းအဝေးပွဲကြီးသို့ တက်ရောက်မည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများကို ပင့်လျှောက်စာများ ဖြင့်ပင့်လျှောက်ထားကြောင်းနှင့် ပင့်လျှောက်စာအချိန်မီမရောက်ရှိပါက ကျင်းပမည့်နေ့ရက်များအတိုင်း ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်ပါရန် သာသနာရေးဦးစီးဌာနက ဖိတ်ကြားထားသည်။

 

ပြီးခဲ့သည့်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ နောက်ဆုံး ကျင်းပခဲ့ပြီး ယခု၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲကို ပြန်လည်ကျင်းပမည်ကြောင်း သိရသည်။

 

#Local_News #နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ #အစည်းအဝေးပွဲ #tthl #Yangon_Times