#Local_News
Published 9 November  2023


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်သုံးခုကို ရေဖြန့်ဝေပေးနိုင်မည့် ရေဂါလံ ၂သိန်းဆံရေစုကန်ကို သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ယမုံနာလမ်းရှိ သာ/၁ရေစက်ဝန်းအတွင်း တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏သတင်းထုတ်ပြန်ချက်အရသိရသည်။

 

အလျား ၈၀ ပေ အနံ၄၀ပေ နှင့် အနက် ၁၀ ပေရှိပြီး ရေတွန်းစက်များထားရှိရန် အတွက်အလျား၃၀ပေ အနံ ပေ၂၀ကျယ်သည့် ရေတွန်းစက်ရုံကိုလည်း တည်ဆောက်နေကြောင်း သိရသည်။

 

အဆိုပါ ရေတွန်းစက်ရုံသည် လဂွန်းပြင်ရေပေးဝေ ရေးစခန်းမှ  ဖြန့်ဖြူးသည့် ရေအားကို သိုလှောင်ပြီး သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့ကို  ဖြန့်ဖြူးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်နေသည့်
ယခုရေစုကန်တည်ဆောက်မှုကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ရေစုကန်အတွင်း လူနှင့်အခြား အရာဝတ္ထုများ မကျစေရန် ကာရံထားရှိရေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

#Local_News #မြို့နယ်သုံးခု #ရေဂါလံ၂သိန်းဆံ့ #ရေစုကန် #YMG/LW #Yangon_Times