#Local_News
Published_ 09 November 2023


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များတွင် ဘာသာရပ်သင်တန်းများအလိုက် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

 

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ် တက္ကသိုလ်နေ့သင်တန်း ဝင်ခွင့်ရသူများ၏ စာရင်းကို နိုဝင်ဘာ(၇) ရက်က စတင်ထုတ်ပြန်ကြေညာပေးလျှက်ရှိပြီး တက္ကသိုလ်များကို နိုဝင်ဘာ (၂၃) ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

လတ်တလောတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများအနက် အချက်လက် မပြည့်စုံသူများကို ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်ပြီး ထပ်မံလျှောက်ထားနိုင်ရန် လျှောက်လွှာတွင်ပါရှိသည့် လိပ်စာများအတိုင်း ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ကာလျှောက်ထားသူများအနေဖြင့် မိမိအမှတ်မှီနိုင်သည့် ကျောင်း၊ မိမိလျှောက်ထားသည့် ကျောင်း၏ ကျောင်းသား လက်ခံနိုင်မှုများနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှု အခြေအနေများကို သေချာစွာလေ့လာ စုံစမ်းပြီးမှသာလျှောက်ထားကြရန် လိုအပ်ကြောင်း သိရသည်။

 

#Local_News #တက္ကသိုလ် #ကျောင်းအပ်လက်ခံ #YMG/NN #Yangon_Times