#Local_News
Published 9 November 2023


ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများအရ မူဆယ် ၁၀၅ မိုင်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်မှ တစ်ဆင့်ပို့ကုန်သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိြပီးသားပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲပို့ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

 

လတ်တလောလုံခြုံရေး အခြေ‌အနေ‌အနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ကာလအတွင်းကုန်သွယ်မှုလုပ်ငန်းများ၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိ‌ပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညားထားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့မှုများေကြာင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်သည် ရာနှုန်းပြည့်ရပ်တန့်နေကြောင်း သိရသည်။

 

#Local_News #မူဆယ်၁၀၅မိုင် #အခြားဂိတ်များ #ပြောင်းလဲပို့ခွင့်ပြု #YMG/LW #Yangon_Times