သီတင်းကျွတ်ကာလ ထိုင်းခရီးသွားများဝင်အောင်ဆောင်ရွက်သင့်
‘သီတင်းကျွတ်မှာ ထိုင်းခရီးသွားတွေ မြန်မာနိုင်ငံကို ဘုရားဖူးခရီးစဉ်တွေလာအောင် လုံခြုံရေးပိုင်း၊ဝန်ဆောင်မှုအပိုင်းတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်’ဦးနောင်းနောင်းဟန်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ)
tthl/Yangon_Time
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
Published_ 28 June2023
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ဇွန်လ ၂၇ ရက် ညသန်းခေါင်အချိန် ဇွန်လ ၂၈ ရက် နံနက် တစ်နာရီမထိုးမီအချိန်က ယာဥ်တိုက်မှုဖြစ်၍ အမျိုးသား၁ဦးသေဆုံး၍ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၅)တွင် ရန်ကုန် မှ နေပြည်တော်သို့ မောင်းနှင်လာသော Nissan Vanette အမျိုးအစား (ခဲရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက် မိမှုဖြစ်ပွားကြောင်းသတင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ ကျား(၁)ဦး (သေဆုံး)ခဲ့ပြီး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဥ်နေရာသို့(၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နံနက် ၁နာရီ၃၀မိနစ်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Time
Published_ 27 June 2023
ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုန်ကန်မှုပြုလုပ်ခဲ့တဲ့ ဝက်ဂ်နာအဖွဲ့ရဲ့ခေါင်းဆောင်တွေကို ရုရှားသမ္မတ'ဗလာဒီမာပူတင်'က စွပ်စွဲလိုက်ကာ ရုရှားနိုင်ငံသွေးထွက်သံယိုဖြစ်တာကို မြင်ချင်နေကြတယ်လို့ ဆိုလိုက်ပါတယ်။
မိန့်ခွန်းတိုပြောကြားရာမှာ မစ္စတာပူတင်က ပုန်ကန်မှုစီစဉ်သူများကို တရားမျှတအောင်စီရင်မယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
ဘီလာရုစ်သို့သွားရာတပ်ဖွဲ့ ဒါမှမဟုတ် အိမ်ပြန်မယ့်တပ်ဖွဲ့မျိုးချစ်ဝက်ဂ်နာများကိုတော့ ပူတင်က ခေါ်ယူခဲ့ပါတယ်။
ပူတင်အစိုးရကို တွန်းလှန်ရန်ကြိုးပမ်းနေတယ်ဆိုတာကို ငြင်းဆန်ခဲ့တဲ့ ဝက်ဂ်နာခေါင်းဆောင်'ယိဗ်ဂျနီပရီဂိုဇင်'ရဲ့နာမည်ကိုတော့ တိုက်ရိုက်ပြောကြားခြင်း မရှိပါဘူး။
ဝက်ဂ်နာတပ်ဖွဲ့ဟာ ယူကရိန်းနယ်မြေအတွင်း ရုရှားစစ်တပ်နဲ့အတူ တိုက်ခိုက်ပေးနေတဲ့ ကြေးစားသီးသန့်တပ်ဖွဲ့ဖြစ်ပါတယ်။
စစ်ရေးယာဉ်များစီတန်းပြီး ရုရှားအဓိကမြို့ကြီးကို ဝက်ဂ်နာကသိမ်းယူကာ မော်စကိုမြောက်ဘက်ဆီသို့ ချီတက်သွားတဲ့ပုန်ကုန်မှုကြောင့် ရုရှားအစိုးရက ဝက်ဂ်နာကိုတိုက်ရိုက်ထိန်းချုပ်ရန် စီစဉ်လာတာဖြစ်ကြောင်း ပရီဂိုဇင်က တနင်္လာနေ့မှာ တယ်လီဂရမ်ကနေ ၁၁ မိနစ်ကြာအသံလွှင့်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း ကာကွယ်ရေးအရာရှိများပြုလုပ်ခဲ့တဲ့ အမှားတွေကို ဆန္ဒပြချင်တဲ့အတွက်လည်း ပုန်ကန်ခဲ့တာဖြစ်ကြောင်း ဝက်ဂ်နာခေါင်းဆောင်ကဆိုပါတယ်။
ဒါပေမဲ့ဝက်ဂ်နာဟာ ရုရှားအကျိုးစီးပွားဖြစ်ထွန်းဖို့ပဲ အမြဲတမ်းလုပ်ဆောင်ခဲ့ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။
ပုန်ကန်မှုကိုရပ်တန့်ရန် သဘောတူညီကာ သူ့အပေါ်စွပ်စွဲချက်တွေအားလုံး ပယ်ဖျက်လိုက်ပြီး ဘီလာရုစ်သို့သွားရမယ်လို့ ရုရှားမီဒီယာကဖော်ပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးခံနေရဆဲလို့ သိရပါတယ်။
ရုရှားစစ်သားတွေရဲ့သွေးတွေ ဆက်ပြီးမကျရအောင် ပုန်ကန်မှုကိုအဆုံးသတ်လိုက်တယ်လို့ ဆိုခဲ့တာကို ရုရှားအရပ်သားအချို့က စိတ်ပျက်နေကြပါတယ်။
သမ္မတပြောကြားချက်မှာတော့ ပုန်ကန်ခြင်းကိုစီစဉ်သူတွေဟာ နိုင်ငံနဲ့ပြည်သူတွေကို သစ္စာဖောက်ရာကျပြီး ရုရှားရန်သူတွေအစား သွေးမြေကျအောင် ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။
ရုရှားတွေ တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်တာကို အနောက်တိုင်းက အလိုရှိနေတယ်လို့လည်း စွပ်စွဲခဲ့ပေမယ့် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဝက်ဂ်နာပုန်ကန်မှုထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပူတင်ရဲ့ပြောကြားချက်ထဲမှာ ပုန်ကန်မှုအစပိုင်းကတည်းက အသေအကြေမများပြားအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ပုန်ကန်မှုခေါင်းဆောင်များလည်း သူတို့ရဲ့လုပ်ရပ်တွေက ပြစ်မှုမြောက်တယ်ဆိုတာကို သိရှိသွားပြီဖြစ်ကြောင်း ဆိုပါတယ်။
ဝက်ဂ်နာအဖွဲ့ဝင်တွေကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ပူတင်က ဘီလာရုစ်သို့သွားရောက်ဖို့ အခွင့်အရေးပေးတာ ဖြစ်နိုင်ပါတယ်။
ဝက်ဂ်နာအဖွဲ့နဲ့ ရုရှားစစ်ရေးခေါင်းဆောင်ပိုင်းကြား တင်းမာမှုများ လနဲ့ချီရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
Source: BBC
#World_Military
#ပုန်ကန်မှုဆင်နွှဲခဲ့ #ကြေးစားအဖွဲ့ခေါင်းဆောင်များ #တရားရေးအရစီရင်မည်ဟုပူတင်ပြော
#YMG #Yangon_Time
Published_ 28 June 2023
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပြောင်းလဲရေးမှာ ဝါးပင်ရဲ့အသုံးဝင်နိုင်ပုံအလားအလာကို ဟန်ဂေရီစိုက်ပျိုးရေးနှင့်သိပ္ပံတက္ကသိုလ်မှ သုတေသနပြုခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရန် အရေးကြီးရင်းမြစ်များရှာဖွေနေရာမှာ အဆိုပါဝါးပင်တွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အပြောင်းအလဲကြီး ဖြစ်လာနိုင်ပါတယ်။
ဝါးပင်မှာ လျင်မြန်စွာပြန်လည်ပြည့်ဖြိုးနိုင်တဲ့ အရည်အသွေးရှိပြီး အံ့ဩဖွယ်ရာများစွာရှိပါတယ်။
ဒါ့အပြင် ထူးခြားအရည်အသွေးများရှိတဲ့ သဘာဝအရင်းအမြစ်လည်း ဖြစ်နေပါတယ်။
သူ့ရဲ့ကြီးထွားမှုနှုန်းက အခြားအပင်အများစုထက် သာလွန်နေပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ကို အလွန်စုပ်ယူနိုင်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာလျှော့ချပေးကာ ရာသီဥတုဖောက်ပြန်မှုကိုတိုက်ဖျက်ရာမှာ အရေးပါလာနိုင်ပါတယ်။
အောက်ဆီဂျင်အမြောက်အများလည်း ထုတ်လုပ်ပေးကာ ကမ္ဘာဂြိုဟ်ရဲ့လေထုကို ပြန်လည်လတ်ဆတ်စေပါတယ်။
ဒီလိုအရည်အချင်းတွေကြောင့် ဝါးပင်ဟာ ပိုမိုသန့်စင်ပြီး တည်တံ့စွမ်းအင်ရင်းမြစ်များရရှိရန် နည်းလမ်းဖြစ်လာစေနိုင်ပါတယ်။
ဝါးပင်အစိမ်းလိုက်ကို အချဉ်ဖောက်ခြင်း၊ အပူချိန်အမြင့်ဖြင့်ဖြိုခွဲခြင်းတို့ဖြင့် ဇီဝစွမ်းအင်များဖြစ်တဲ့ ဇီဝအီသနောလ်နဲ့ ဇီဝဓာတ်ငွေ့တို့အဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
ဝါးရဲ့ဇီဝစွမ်းအင်အလားအလာကို အသုံးချဖို့အတွက်က ရိုးရှင်းတဲ့လမ်းစဉ်မဟုတ်ဘဲ အထိရောက်ဆုံးစွမ်းအင်ထုတ်လုပ်နိုင်အောင် မှန်ကန်တဲ့ဝါးမျိုးစိတ်တွေကို ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။
ဝါးအမျိုးအစားအမျိုးမျိုးနဲ့ ပုံသဏ္ဍာန်လက္ခဏာများကို သုတေသနလုပ်ခဲ့ကြပါတယ်။
ဝါးပင်ရဲ့ဇီဝစွမ်းအင်ကို အထိရောက်ဆုံးအသုံးချနိုင်ဖို့ သုံးသပ်ချက်တွေကိုလည်း စာတမ်းပြုစုသူများက ဖော်ပြထားကြပါတယ်။
ဝါးရဲ့အကျိုးကျေးဇူးတွေ အမြင့်မားဆုံးအသုံးချနိုင်ရန်အတွက် ဝါးမျိုစိတ်တစ်ခုချင်းစီကို အသင့်လျော်ဆုံးဇီဝစွမ်းအင် ထုတ်လုပ်ခြင်းနည်းလမ်းဖြင့် တွဲလျက်အသုံးချဖို့ပဲဖြစ်ပါတယ်။
Source: WION
#World_Science
#ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် #ထုတ်လုပ်ရေး #အပြောင်းအလဲကြီးဖြစ်လာနိုင်သည့်ဝါးပင်
#YMG #Yangon_Time
Published_ 27 June 2023
ကျန်းမာရေးဝန်ကြီးဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)သို့ စုစုပေါင်း ယန်း ၉၁၃,၁၅၀/- တန်ဖိုးရှိ ဆေးဝါးဆိုင်ရာ ထောက်ပံ့ပစ္စည်း (၂၅) မျိုးကို Japan Medical and Dental Network (JMDN) အဖွဲ့၏ Executive Director ဖြစ်သူ Dr. Nagato Natsume မှ ဇွန်လ၂၆ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုကျိုမြို့၊ မြန်မာသံရုံးတွင် ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်က လှူဒါန်းပစ္စည်းများကို လက်ခံခဲ့ကြောင်း သံရုံးကထုတ်ပြန်ထားသည်။
JMDN အဖွဲ့သည် ယခင်ကလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအား မြန်မာနိုင်ငံသို့ စေလွှတ်ပြီး နှုတ်ခမ်းကွဲနှင့် မွေးရာပါ အာခေါင်ကွဲ လူနာများ အား အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ Japan Cleft Palate Foundation ( JCPF ) နှင့် ပူးပေါင်း၍ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအား ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ဂျပန်နိုင်ငံရှိ မြန်မာလူမှုအသိုက်အဝန်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းများအတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ပတ်သက်သည့် ကျန်းမာရေး ပညာပေးစာအုပ်များ (မြန်မာဘာသာဖြင့်) ကို မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက် သံအမတ်ကြီး ဦးစိုးဟန် က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်သို့ ဆေးဝါးဆိုင်ရာ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်း၊ နှုတ်ခမ်းကွဲနှင့် မွေးရာပါ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ပေးခြင်းနှင့် မြန်မာလူမှုအသိုက်အဝန်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းများအတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေးစာအုပ် လှူဒါန်းခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား၊ JMDN အဖွဲ့မှ Executive Director ဖြစ်သူ Mr. Nagato Natsume အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Time
ဂီတသမားများစုစည်းပြီးမြန်မာနိုင်ငံဂီတနေ့ကျင်းပ
‘မြန်မာနိုင်ငံ ဂီတနေ့အခမ်းအနားကို ကျင်းပလာတာဟာ အခုဆိုရင်(၁၀)နှစ်ရှိပြီ။ မိုခါမုန်တိုင်းဘေး သင့်သူတွေအတွက် အနုပညာအင်အားတွေစုစည်းပြီး ရံပုံငွေဖျော်ဖြေပွဲနဲ့ ရံပုံငွေဘောလုံးပွဲတွေကို ဦးစားပေးခဲ့လို့ မြန်မာနိုင်ငံဂီတနေ့ကို အကျဉ်းချုံးပြီးတော့ပဲ ကျင်းပဖြစ်ပါတယ်’ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်
#Yangon_Time / tthl
#Local_News
#Published_ 27 June 2023
#မြန်မာနိုင်ငံဂီတနေ့ #အခမ်းအနားကျင်းပ
#YMG #Yangon_Time
ဂျပန်မှ ယန်း(၉)သိန်းဖိုးတန်ဖိုးရှိဆေးဝါးများလှူဒါန်း
‘သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အတွက် ဆေးဝါးဆိုင်ရာထောက်ပံ့ပစ္စည်းတွေလှူဒါန်းတာ၊ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲနဲ့ပတ်သက်တဲ့ကျန်းမာရေးပညာပေးစာအုပ်တာတွေလှူဒါန်းပေးအပ်တာတွေဆောင်ရွက်ခဲ့’ (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)
ymg/tthl
#Local_News
#Published_ 27 June 2023
#သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် #ဂျပန်မှဆေးဝါးထောက်ပံ့
#YMG #Yangon_Time
Published_ 27 June 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် ယနေ့ ဇွန် (၂၇) ရက် နံနက်ပိုင်းက လူငယ်အရွယ်အမျိုးသား၁ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ဇွန်လ၂၇ရက် နံနက်၅နာရီ၂၀မိနစ်က သာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီး ခိုင်ရွှေဝါနှင့် ဓမ္မာရုံမှတ်တိုင်အနီးတွင် အသက်(၂၀)အရွယ်ဝန်းကျင်ခန့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများဖြင့်လဲကျသေဆုံးနေကြောင်းသိရသည်။
" အသက်၂၀ ဝန်းကျင်လောက်ပဲရှိသေးမှာပါ။လဲကျသေဆုံးနေတဲ့ နေရာမှာ သွေးတွေ အများကြီးပဲ"ဟု လူမှုကူညီရေးအသင်းကဆိုသည်။
အဆိုပါအမျိုးသား၏ရုပ်အလောင်းကို အောင်နိုင်သူ လူမှုကူညီရေး အသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူသာကေတမြို့နယ်လူမှုကူညီရေးအသင်းကသိရသည်။
Yangon-Times/BM
#Local_News
#ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသူး #အမျိုးသားငယ်၁ဦး
#YMG #Yangon_Time
Published 27 June 2023
တိုးတက်လာတဲ့ လူလုပ်ဉာဏ်ရည်တု(AI)ဖြင့် လူတစ်ဦးရဲ့အသွင်အပြင်ကိုကြည့်ပြီး သူ့ရဲ့နိုင်ငံရေးအမြင်ကို ခန့်မှန်းနိုင်ဖွယ်ရှိလာပြီး ဒါဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ် စိုးရိမ်ပူပန်စရာ ဖြစ်လာစေနိုင်ကြောင်း ဒိန်းမတ်နဲ့ ဆွီဒင်မှ သုတေသီအဖွဲ့က လေ့လာမှုပြုခဲ့ပါတယ်။
အဆိုပါ AI နည်းပညာက လူတွေမှာ နိုင်ငံရေးဆက်နွယ်နေမှုကို ၆၁ ရာခိုင်နှုန်းတိကျမှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။
မျက်နှာအမူအရာကွဲပြားမှုတွေက နိုင်ငံရေးအမြင်နဲ့ဆက်စပ်နေကြောင်းကို Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
လက်ယာနိုင်ငံရေးဘက်ရောက်တဲ့ အမျိုးသားတွေရော အမျိုးသမီးတွေရောဟာ လက်ဝဲနိုင်ငံရေးသမားတွေထက် ပိုမိုပျော်ရွှင်ပုံပေါ်နေကာ လစ်ဘရယ်ဆန်သူများကတော့ ဘက်မလိုက်တဲ့ပုံစံမျိုးဖော်ပြနေပါတယ်။
မထီမဲ့မြင်မျက်နှာအမူအရာ၊ မျက်လုံးအမူအရာမရှိ၊ နှုတ်ခမ်းထောင့်တစ်ဖက်ကပ်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ လစ်ဘရယ်နိုင်ငံရေးနဲ့ ဆက်စပ်နေပါတယ်။
နိုင်ငံရေးကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ ဆွဲဆောင်မှုနဲ့ နိုင်ငံရေးခံယူချက်တို့ကြား ဆက်စပ်မှုကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
လှပပြီးဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက ကွန်ဆာဗေးတစ်အမြင်ရှိနိုင်တယ်လို့ ခန့်မှန်းရပေမယ့် အမျိုးသားတွေမှာတော့ ဆွဲဆောင်နိုင်စွမ်းနဲ့ လက်ယာနိုင်ငံရေးအားသန်ခြင်းတို့ကြား ဆက်စပ်မှုရှိမနေပါဘူး။
ဒါတွေဟာ နက်နဲတဲ့လေ့လာမှတ်သားနည်းပညာများနဲ့ အလွယ်တကူရရှိနိုင်တဲ့ ဓာတ်ပုံတွေကိုပေါင်းစပ်ရာကနေ ရရှိလာတဲ့ ကိုယ်ရေးကိုယ်တာခြိမ်းခြောက်မှုကို သရုပ်ပြဖို့ရည်ရွယ်တာဖြစ်ပါတယ်။
သုတေသီတွေက ဒိန်းမတ်နိုင်ငံရေးကိုယ်စားလှယ်လောင်းများရဲ့ ရုပ်ပုံပေါင်း ၃,၂၃၃ ပုံကိုကြည့်ပြီး မျက်နှာအမူအရာနဲ့ နိုင်ငံရေးခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခဲ့ပါတယ်။
အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူတွေအတွက်လည်း မျက်နှာဓာတ်ပုံများရရှိလာပြီး အလုပ်ခန့်ထားရန်ဆုံးဖြတ်ချက်တွေမှာ ခံယူချက်အပေါ်အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ ပါဝင်လာနိုင်ပါတယ်။
Source: WION
#World_Technology
#YMG #Yangon_Time
Published 27 June 2023
နှာခေါင်းအရွယ်အစားက ကျားအင်္ဂါအရွယ်အစားကို ထင်ရှားစွာ အဆုံးအဖြတ်ပေးနိုင်တယ်လို့ လေ့လာမှုအသစ်မှာ တွေ့ရှိထားပါတယ်။
တောင်ကိုရီးယား အူလ်ဆန်တက္ကသိုလ်အဖွဲ့မှ သုတေသနပြုချက်က ၂၀၂၁ တုန်းကလေ့လာချက်နဲ့ ရလဒ်တူညီနေခဲ့ပါတယ်။
ခြေဖျားကြီးတဲ့အမျိုးသားတွေဟာလည်း ကျားအင်္ဂါကြီးနိုင်ချေရှိနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒါဟာ သားအိမ်ထဲမှာတုန်းက တက်စ်တိုစတီရုန်းပမာဏအများအပြားနဲ့ ထိတွေ့ခဲ့တာကြောင့် ဖြစ်မယ်လို့ထင်နေကြပါတယ်။
တက်စ်တိုစတီရုန်းက သားယောက်ျားလေးတွေမှာ နှာခေါင်းနဲ့ မျိုးပွားအင်္ဂါများဖွဲ့စည်းခြင်းတို့မှာ အဓိကပါဝင်ပတ်သက်နေတဲ့အပြင် သားအိမ်ထဲရှိစဉ် ခြေလက်ဖွဲ့စည်းပုံကိုလည်း သက်ရောက်နေပါတယ်။
နှာခေါင်းအရွယ်အစားက ကျားအင်္ဂါအရှည်ကို ညွှန်ပြနေသလို ခြေထောက်အရွယ်အစားကြီးတာနဲ့အမျှ ကျားအင်္ဂါကြီးမားလာပါတယ်။
မမွေးဖွားမီ ဟော်မုန်းထိတွေ့ခြင်းက မျိုးပွားအင်္ဂါတွေရဲ့ ကြီးထွားမှုကိုသက်ရောက်နေတယ်" လို့ သုတေသီဒေါက်တာ 'ဆန်ဝူးဟောင်'က ရှင်းပြခဲ့ပါတယ်။
နောက်ဆုံးလေ့လာချက်အတွက် သုတေသီတွေက အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား ၁,၁၆၀ ဦးကိုလေ့လာခဲ့ကာ နှာခေါင်းအရွယ်အစားနဲ့ မထောင်မတ်တဲ့ပုံမှန်ကျားအင်္ဂါအရွယ်အစားတို့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
အဲဒီနောက် ကျားအင်္ဂါနဲ့ နှာခေါင်းအရွယ်အစားတို့ကြား ဆက်စပ်နေပုံကိုလေ့လာတွေ့ရှိခဲ့ကြပါတယ်။
စမ်းသပ်သူအရေအတွက်က အမျိုးသားထုတစ်ခုလုံးကို ကိုယ်စားပြုရန် မလုံလောက်ပေမယ့် ကျားအင်္ဂါပျမ်းမျှအရွယ်အစားက အမျိုးသားထုကြီးနဲ့ သိပ်ပြီးမကွာခြားလှကြောင်း၊ ကျားအင်္ဂါနဲ့မျက်နှာဖွံ့ဖြိုးမှုတို့မှာ ကျားဟော်မုန်းနဲ့ဆက်စပ်နေပုံတို့မှာ အရေးကြီးကြောင်း ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် အဝလွန်ခြင်းကို ထိန်းချုပ်ခြင်းဖြင့် မျိုးပွားလုပ်ဆောင်ချက်နဲ့ ကျားအင်္ဂါအရွယ်အစားမြှင့်တင်စေနိုင်မလားဆိုတာကို သိရှိဖို့အတွက် နောက်ထပ်သုတေသနပြုလုပ်ဖို့ လိုအပ်ကြောင်းဖော်ပြထားပါတယ်။
Source: WION
#World_Health
#YMG #Yangon_Time
အင်ဒိုနီးရှားတွင် Tiktokတိုက်ရိုက်ထုတ်လွှင့်ရောင်းချခြင်း အတွက် ရင်းနှီးမြှုပ်နှံမှုများပြားလာ
အင်ဒိုနီးရှားဂျာကာတာမှာ တိုက်ရိုက်ထုတ်လွှင့်သူ'ခရစ္စတင်းဖက်ဘရီယန်တီ'က အဝတ်များပြည့်နေတဲ့အခန်းထဲမှာ ရပ်နေပြီး ပြည်တွင်းဖက်ရှင်တံဆိပ်တစ်ခုအတွက် ကြည့်ရှုသူရာဂဏန်းခန့်ထံသို အရောင်စုံအဝတ်များကို တစ်တော့ကနေ ပြသပေးနေပါတယ်။
Source: AFP
#World_Business
#Published_ 26 June 2023
#Yangon_Time
#Daily_News
Published_ 26 June 2023
၁။ မြန်မာသင်္ဘောသားများ လုပ်ငန်းခွင်၌သေဆုံးပါက သတ်မှတ်လျော်ကြေးမရတာလို့ ဖြေရှင်းပေးရတဲ့ဖြစ်စဉ်များ များပြားနေ
၂။ ရန်ကုန်၊ရခိုင်နှင့် ဒေသအချို့ ၌ မိုးကြီး၊ရေလျှံမည်
၃။ ရန်ကုန်-ဒလ အိမ်ခြံမြေဈေးကွက် သုံးဆနီးပါးအထိ မြင့်တက်လာ
၄။ အင်ဒိုနီးရှားတွင် တစ်တော့တိုက်ရိုက် ထုတ်လွှင့်ရောင်းချခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုများပြားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Page 1117 of 1941