#Local_News
Published _ 4 december 2022
နေပြည်တော်မြို့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအနေအထားအရ အဝယ်အနည်းငယ် ပြန်လိုက်လာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို ပြီးခဲ့သည့် မေလက စတင်၍ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေရပ်ပြန်ဝင်လာကြသည့် ဒေသခံပြည်သူ တစ်ထောင်ခန့် ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဒေသခံများနေရပ်ပြန်လာနိုင်ရေးအတွက် တယ်လီဖုန်း၊ အသံချဲ့စက်များဖြင့် မြန်မာ၊ကရင်ဘာသာ စကား နှစ်မျိုးဖြင့် အသိပေးနှိုးဆော်၍ပြန်လည်ဖိတ်ခေါ်သောကြောင့် ခေတ္တ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတိုင်ရင်းသားများ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ကြာင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၃ ရက်က သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့သောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က စ၍ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ညောင်နှစ်ပင်စက်မှုဇုန် (၁) မှော်ဘီ - လှည်းကူးနယ်စပ် M-4 C5 လမ်းဆုံတွင် ဗမာလူမျိုး အမျိုးသား (၂) ဦးမောင်းနှင်သည့် ဂျင်းအိတ်များသယ်ဆောင်လာသော (၁၂) ဘီးယာဉ် (အရောင် - အဖြူကျား) ယာဉ်အမှတ် SHN 1B/9658 Nissan Disel သည် လမ်းဘေးမြောင်းအတွင်းထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့ရာ ယင်းယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုးများတွေ့ရှိခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ ဘင်္ဂါလီများမှာ ဂျင်းအိတ်များ အောက်ရှိ အံဝှက်ပြုလုပ်ထားသည့်နေရာ၌ အထောက်အထားမဲ့ ပုန်းခိုလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ဝင်ရောက်လာသူအရေအတွက်မှာ ဘင်္ဂါလီလူမျိုး အမျိုးသား ၅၄ ဦး နှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယင်းတို့အား လှည်းကူးမြို့မရဲစခန်းသို့ပို့ဆောင်ထားကာ ယင်းနေရာအနီး နောက်ထပ် အသက် ၁၈ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
၎င်းအပြင် နောက်ထပ် နိုဝင်ဘာလ ၊ နိုဝင်ဘာလ ၂၉ ရက်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာနှင့် တစ်မိုင်ခန့်အကွာ၌ နောက်ထပ် အသက် ၁၆ နှစ် နှင့် ၁၉ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသား နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ၊ စုစုပေါင်း ဖမ်းဆီးရမိသော ဘင်္ဂါလီ ၇၁ ဦး ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်ကြောင်း၊ ပွဲစားပါ မပါကို မူမသိရှိရဘဲ ယာဉ်မောင်း ၂ ဦးမှာ ယာဉ်တိမ်းမှောက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းတို့၏ အချက်အလက်များကို လှည်ကူးမြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ဆဲဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအား လဝကအက် ၃(၁)/၁၃(၁)ဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်ဘင်္ဂါလီများကိုလည်း အရေးယူနိုင်ရန် နိုင်ငံသားနှင့် ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရေး စစ်ဆေးမေးမြန်း ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ကို ပန်းမြို့တော်အဖြစ် ယခုလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
ပန်းမြို့တော်လုပ်ဆောင်ရန် မြစ်ကြီးနားမြို့၏ ပြည်ထောင်စုလမ်းမကြီး ၊ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက်နှင့် အဓိကလမ်းမကြီးများရှိလမ်းလယ်ကျွန်းများ ၊ လမ်းစုံအဝိုင်းနှင့် တြိဂံမြေနေရာများစသည့် လမ်းဘေးလက်ဝဲလက်ယာ နေရာ ၁၆ ခုကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်ရွယ်ချက်မှာ ခရီးသွားများအား ဆွဲဆောင်နိုင်ရန်ဖြစ်ပြီး အကောင်အထည်ဖော်ရန် နိုဝင်ဘာလ နောက်ဆုံးပတ်ကစ၍ စီမံချက်တွေရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအကောင်အထည်ဖော်မှုများအတွက် မြစ်ကြီးနားမြို့ရှိ အောင်စေရန်အောင်ဘုရားအနီး ၊ ပြည်ထောင်စုလမ်းမကြီးဘေးတြိဂံနေရာ၌စိုက်ပျိုးလုပ်ဆောင်ထားသော မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှုကိုတိုးချဲ့လုပ်ဆောင်ကာ "Welcome to Myitkyina"အလှဆိုင်းဘုတ် တပ်ဆင်ဆောင်ရွက်ခြင်း လမ်းဘေးလက်ဝဲ လက်ယာတွင် မြေယာအလှပြုပြင်ဆောင်ရွက်ခြင်း၊နှစ်ရှည်အရိပ်ရပန်းပင်များပြုစုပျိုးထောင်၍ထပ်မံတိုးချဲ့စိုက်ပျိုးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Local_news
Published_ 4 December 2022
နိုင်ငံတော်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် ၃ ဘီလီယံကို ထုတ်ပေးထားကြောင်း သိရပါတယ်။
အဆိုပါမတည်ငွေကို မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများကို ထိထိရောက်ရောက်ပံ့ပိုးပြီး တိုးပွားလာတဲ့ရန်ပုံငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိအောင်အသုံးပြုရန် နစက ဒုဥက္ကဌက မှာကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားတွင် ထည့်သွင်းမှာကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့၊ အားလုံး လက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး” ပင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။
ထို့ပြင်မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်းနိုင်ငံဖြစ်သည့်အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့်ပစိဖိတ်ဒေသ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၃၃) နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင် အထည်ဖော်လျက်ရှိပါတယ်။
အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း နယ်မြေ (၄) ခုဖြစ်တဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို (၁၉၉၄) ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၉) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Health
Published 4 December 2022
ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်လာရတဲ့ စိတ်ဖိစီးမှုတွေကနေ ဆယ်ကကျော်သက်လူငယ်တွေရဲ့ ဦးနှောက်ရုပ်ပိုင်းဆိုင်ရာဟာ ပြောင်းလဲလာကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ကပ်ရောဂါက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတယ်လို့ သိထားကြပေမယ့် ဦးနှောက်ကို ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်တယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။
ကလေး ၁၆၃ ယောက်ကို ကပ်ရောဂါမတိုင်ခင်နဲ့ ကပ်ရောဂါကာလအတွင်း MRI scan ရိုက်ခဲ့ရာ ဦးနှောက်က လျင်မြန်စွာဖွံ့ဖြိုးရင့်ကျက်လာကြောင်းကို ဖော်ပြခဲ့ကြပါတယ်။
ဒါဟာ အချိန်ကြာမြင့်စွာ ဘေးအန္တရာယ်ဆိုး ကြုံတွေ့ရတာကြောင့်ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။
ဘေးအန္တရာယ်ဆိုးကြုံတွေ့ရခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် ဦးနှောက်ပြောင်းလဲလာခြင်းက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေလားဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ကပ်ရောဂါဟာ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ရုံမက ဦးနှောက်ထဲရှိ အစိတ်အပိုင်းများပါ ပြောင်းလဲသွားကြပါတယ်။
လူတိုင်းက ရောဂါဆိုးကြီးကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံနေရကာ အခု ၁၆ ၊ ၁၇ နှစ်အရွယ်တွေရဲ့ ဦးနှောက်ကို အရင်နှစ်တွေက အခြေအနေနဲ့ နှိုင်းယှဉ်လို့မရတော့ပါဘူးလို့ သုတေသီများက ဆိုပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 4 December 2022
ဂျပန်ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သန်ကောင်များရဲ့ အနံ့ခံစွမ်းရည်ကိုအသုံးချကာ ပန်ကရိယကင်ဆာကို စစ်ဆေးစမ်းသပ်နိုင်မယ့် ကမ္ဘာ့ပထမဆုံးနည်းပညာကို တီထွင်လိုက်ကြကြောင်း ဆိုပါတယ်။
Hirotsu Bio Science ကုမ္ပဏီဟာ N-NOSE plus Pancreas test ဆိုတဲ့စမ်းသပ်စစ်ဆေးခြင်းကို နိုဝင်ဘာလအတွင်း ထုတ်လုပ်လိုက်ပြီဖြစ်ပြီး ဂျပန်နိုင်ငံမှာ တိုက်ရိုက်ကြော်ငြာထားသလို ၂၀၂၃ ခုနှစ်မှာ အမေရိကန်ထံ ပို့ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
စမ်းသပ်မယ့်လူက ဆီးနမူနာကို ဓာတ်ခွဲခန်းသို့ပို့ဆောင်ပေးကာ စမ်းသပ်ခွက်ငယ်ထဲမှာ နီမာတုတ်လို့ခေါ်တဲ့ ချေးပိုးကောင်တွေနဲ့ ရောထားလိုက်ပါတယ်။
သိပ္ပံနာမည် C.elegans လို့အမည်ရပြီး ဒီသန်ကောင်တွေဟာ ခွေးတွေထက် အနံ့ခံအာရုံပိုကောင်းကာ ကင်ဆာဆဲလ်တွေဆီ အနံ့ခံသွားနိုင်ပါတယ်။
၁ မီလီမီတာခန့်သာရှိတဲ့ ဒီသတ္တဝါတွေဟာ ရောဂါရှာဖွေရေးပစ္စည်းဖြစ်လာတယ်လို့ ကုမ္ပဏီတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ 'တာကာကီဟီရိုဆု'က ပြောကြားခဲ့ပါတယ်။
Hirotsu Bio ကုမ္ပဏီဟာ ၂၀၂၀ ဇန်နဝါရီလတုန်းကလည်း N-NOSE consumer စစ်ဆေးစမ်းသပ်နည်းကို ထုတ်လုပ်ခဲ့ပြီး ကင်ဆာဖြစ်နိုင်ချေရှိ/မရှိ သိရှိစေပါတယ်။
အခုနောက်ဆုံးထုတ်လုပ်မှုမှာတော့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ချေးပိုးကောင်တွေအနေနဲ့ ပန်ကရိယကင်ဆာဆဲလ်တွေကနေ ဝေးရာကို ထွက်ခွာကုန်ကြတာဖြစ်ပါတယ်။
ပန်ကရိယကင်ဆာက ရောဂါရှာဖွေဖို့ခက်ခဲပြီး ပျံ့နှံ့မှုမြန်ဆန်တာကြောင့် အရင်ဆုံးသူ့အတွက် ဖန်တီးရတာဖြစ်ပါတယ်။
လာမယ့်နှစ်တွေမှာတော့ အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတို့ကို စမ်းသပ်စစ်ဆေးနိုင်မယ့်နည်းလမ်းများ ရှာဖွေနိုင်ဖို့မျှော်လင့်ထားပါတယ်။
ပန်ကရိယကင်ဆာစစ်ဆေးနည်းက ၅၀၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုလုပ်ငန်းစဉ်များ စနစ်တကျချမှတ်ထားတဲ့ ဂျပန်နိုင်ငံမှာတောင် သာမန်ရောဂါစစ်ဆေးခြင်းထက် ပိုပြီးအကုန်အကျများမှာဖြစ်ပါတယ်။
ဝယ်ယူသူတွေထံ တိုက်ရိုက်ရောင်းချဖို့ စီစဉ်နေခြင်းက ရလဒ်မှားယွင်းမှုများလာမှာကို ဆရာဝန်အချို့က ဝေဖန်နေကြပါတယ်။
N-NOSE စမ်းသပ်နည်းက အခြားရောဂါစစ်ဆေးနည်းတွေလို တိကျမှုရှိပြီး ရောဂါကိုစောစီးကာ ရှာဖွေနိုင်ကာ နောက်ထပ်စမ်းသပ်မှုများနဲ့ ကုသမှုများကို အချိန်မီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_3 December 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်တွေပေါ်မှာ အကြမ်းဖက်လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ယာဉ်တွေပေါ်မှာ ရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်ချိတ်ဆက်သတင်းပေးပို့တဲ့ စနစ်ကို စတင်လုပ်ဆောင်နေတယ်လို့ YRTC က နေသိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 December 2022
မြန်မာနိုင်ငံကနေ တရုတ်ကို စားသောက်ကုန်ပစ္စည်းများတင်ပို့ရာတွင် GACC ထံ မှတ်ပုံတင်ရမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#World_Archaeology
Published 3 December 2022
ရှေးဟောင်းသုတေသနပညာရှင်များဟာ စပိန်ခေတ်မတိုင်ခင်က ဒဏ္ဍာရီလာမြင်ကွင်းများကို ပုံဖော်ထားတဲ့ နံရံဆေးရေးပန်းချီကားကို ပီရူးမြောက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- အနာကြီးရောဂါကို တစ်ဦးချင်းစီက ကာကွယ်နိုင်ပါသလား??
#Yangon_Media_Group
#Local _News
Published_3 December 2022
ငါးပုတ်သင်ကို မျိုးထိန်းသိမ်းပြီး ငါးအရေအတွက်ထွက်ရှိမှုနှုန်း ပိုမိုများပြားအောင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်လျှက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1117 of 1643