#Local_News
Published_ 08 November 2023


မျက်မမြင်များအနေဖြင့် အွန်လိုင်းမှ ဂျပန်(N5)၊ အင်္ဂလိပ်စာ၊ တရုတ်ဘာသာစကားများ အခမဲ့သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံ မျက်မမြင်များအသင်းနှင့် Waso Learn Mobile Application တို့ပူးပေါင်း၍ အမြင်အာရုံမသန်စွမ်းသူ ညီအကိုမောင်နှမများအတွက် အွန်လိုင်းမှ အခမဲ့သင်ကြားပေးမည်ဖြစ်သည်ဟု ဆိုသည်။

 

လျှောက်ထားနိုင်သည့် ဘာသာစကားသင်တန်းများကတော့ ၁။ အခြေခံဂျပန်စာ (N5)၊၂။ အခြေခံတရုတ်စကားပြော၊ ၃။ English Fluency တို့ဖြစ်ပြီး ဘာသာစကားသင်တန်းအားလုံးအတွက် Level End Test ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်ပြီးပါက Waso Learn မှချီးမြှင့်သော သင်တန်းဆင်းလက်မှတ် (Soft Copy) ကို ရရှိမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်လိုသူများသည် သင်တန်းအားပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ၊ အင်တာနက် ကောင်းမွန်စွာအသုံးပြုနိုင်သူလစဉ် မိမိသင်ခန်းစာလေ့လာခြင်း ပြီးမြောက်မှုအခြေအနေကို Viber Group တွင် ပြန်လည်အစီရင်ခံနိုင်သူဖြစ်ရမည် ဖြစ်ကြောင်းဖော်ပြထားသည်။

 

တက်ရောက်လိုသူများအနေဖြင့် အောက်ပါအချက်အလက်များအား ပြည့်စုံစွာဖြည့်စွက်၍ မြန်မာနိုင်ငံ မျက်မမြင်များအသင်း Viber ဖုန်းနံပါတ် ၀၉-၂၆၂၂၄၇၀၇၈ သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ ရက်နေ့ ညနေ ၄:၀၀ နာရီနောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်သည်။

 

အသံမက်ဆေ့ဖြင့် ပေးပို့လျှောက်ထားသူများအနေဖြင့် ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာအား စာဖြင့်ရေးသား၍ ထပ်မံပေးပို့ရန်နှင့် ၁။ အမည်၊ ၂။ ပညာအရည်အချင်း၊ ၃။ မမသအသင်းဝင်ဖြစ်ပါက အသင်းဝင်အမှတ်၊ ၄။ ဆက်သွယ်ရန်ဖုန်းနံပါတ် ၅။ နေရပ်လိပ်စာ အပြည့်အစုံ၊ ၆။ တက်ရောက်လိုသည့်အတန်း၊ ၇။ အီးမေးလ်လိပ်စာတို့ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ဂျပန်(N5) #အင်္ဂလိပ်စာ #တရုတ်ဘာသာစကား #tthl #Yangon_Times