Published_ 26 June 2023
Chinese Bridgeကမ္ဘာ့တက္ကသိုလ်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တရုတ်ဘာသာစကားကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြုကျောင်းသားများကို ဇွန်လ(၂၄)ရက်ကရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။
မူလတန်းအဆင့် ပြိုင်ပွဲဝင်များကို ရွေးချယ်ခဲ့ပြီးနောက် တက္ကသိုလ်နှင့်အထက်တန်းအဆင့်အတွက် မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် ကျောင်းသားကျောင်းသူတွေကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဖိုင်နယ်ပြိုင်ပွဲကို မြန်မာနိုင်ငံတရုတ် ကုန်သည်များအသင်းချုပ်၌ ပြုလုပ်ခဲ့ပြီး ရွေးချယ်ခဲ့သည်။
ဖိုင်နယ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ တရုတ်ဘာသာစကားကျောင်းအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်၂၈ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Myanmar International Education Centerမှ Huaung Lixuanကတက္ကသိုလ်ကျောင်းသားအုပ်စုကပထမ၊ELBC(Eastern Language and Business Center)မှပြိုင်ပွဲဝင်Qiu Youenက အလယ်တန်းကျောင်းသား အုပ်စုပထမတို့ရရှိပြီး ကမ္ဘာလုံး အဆင့်ဖိုင်နယ်ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်ဟုဆိုသည်။
ပြိုင်ပွဲကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံမှူး၊ဖူကျန့်တရုတ်အမျိုးသားအသင်းဥက္ကဌ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ကုန်သည်များ အသင်းချုပ်ဒုတိယဥက္ကဌတို့တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှတရုတ်နွယ်ဖွားလောက၊ယဉ်ကျေးမှု၊မီဒီယာ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ တရုတ်ဘာသာစကားကျောင်းအဖွဲ့အစည်းများမှကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမ လူ၂၀၀ကျော်လောက်တက်ရောက်ခဲ့ကြောင်းသိရသည်။
tthl
#ကမ္ဘာ့အဆင့်Chinese Bridgeပြိုင်ပွဲ #မြန်မာကိုယ်စားပြုကျောင်းသားများ
#YMG #Yangon_Time

ပိတ်စဈေးလျှော့ပြီး မရောင်းပေး၍ သင်္ကန်းဈေးနှုန်းများတက်နေ
‘သင်္ကန်းတွေ ဈေးတက်နေပါတယ်။ အချို့ဆို မဝယ်နိုင်တော့ဘူး။ အရင်ဈေးနဲ့ပိတ်စတွေဝယ်ပြီး
သိုလှောင်ထားတဲ့သူတွေအနေနဲ့ ကုသိုလ်ယူတဲ့အနေနဲ့ ဝါတွင်းကာလမှာအရင်ဈေးအတိုင်းပဲ သင်္ကန်းတိုက်တွေကို
ပိတ်စတွေ ရောင်းချပေးစေချင်တယ်’ သင်္ကန်းတိုက်ပိုင်ရှင်လုပ်ငန်းရှင်
#ymg/tthl
#Local_News
#Published_ 26 June 2023
#Yangon_Time
စားအုန်းဆီလက္ကားစျေး တစ်ပိဿာကို ၄၀၁၀ကျပ် သတ်မှတ်ထားပြီး ဆီကုန်သည်အသင်းက ၄၂၀၀ကျပ်နဲ့ လူနေရပ်ကွက်များ၌ ရောင်းချပေးနေ
ဇွန်လ ၂၆ ဂျူလိူင် ၇ ရက်နေ့အထိ တစ်ပိဿာကို လက္ကားစျေး ၄၀၁၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားပါတယ်။
#Local_News
#Published_ 26 June 2023
#ymg /ynzw
#Yangon_Time
Published_ 26 June 2023
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီစက်ပစ္စည်းကိရိယာများတပ်ဆင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်၊သယ်ဆောင်၊ ရောင်းဝယ်ခြင်းကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်သွားမည့်အကြောင်းကို ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နေသည်ဟုဆိုသည်။
နိုင်ငံတော်အနေနဲ့ အသစ်ပေါ်ပေါက်လာသည့်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများကို ဥပဒေနှင့် အညီအမိန့်ကြေညာစာထုတ်ပြန်ကာထိန်းချုပ်သွားမည်ဖြစ်သလို တိုးတက်ခေတ်မီသည့် မူးယစ်ဆေးဝါးရှာဖွေသည့်ကိရိယာများ၊မူးယစ်ဆေးဝါးမူခင်းဆိုင်ရာများကို ဖော်ထုတ်သည့်ပစ္စည်းကိရိယာများ၊နည်းပညာအသုံးပြုလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းခြင်းလုပ်ငန်းများကိုအားသွန်ခွန်စိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
#Tthl #Local News
#အသစ်ပေါ်လာသည့်မူးယစ်ဆေးဝါးများ #နည်းပညာများသုံးပြီးတားဆီးနှိမ်နင်းမည်
#YMG #Yangon_Time
ရန်ကုန်-ဒလ အိမ်ခြံမြေဈေးကွက် သုံးဆ နီးပါးအထိ မြင့်တက်လာ
(၅၃)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ၊၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးသတ်တည်ဆောက်သွားရမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့်က မတ်လအတွင်းက ပြောကြား
#Local_News
#Published_ 26 June 2023
#Ymg/myn
#Yangon_Time
ရန်ကုန်တိုင်းနှင့်ရခိုင်ပြည်နယ်၌မိုးကြီးမည်
‘လေဖိအားနည်းအရှိန်ကြောင့်ရန်ကုန်၊ပဲခူး၊ဧရာဝတီစတဲ့မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမိုးကြီးမယ်။ မိုးကြီးတော့ရေကြီးနိုင်တယ်’ (ဦးလှထွန်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး)
#Local_News
#Published_ 26 June 2023
#ymg/tthl
#Yangon_Time
Published_ 26 June 2023
သားဖြစ်သူ အသုဘကိုသွားသည့်ဖခင် ယာဉ်မတော်တဆဖြစ်၍ ပွဲချင်းပြီးသေဆုံးသွားမှု တစ်ခုဇွန်လ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းမှသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ဆီဇုံအပိုင်ရှိ ဆင်ဖြူတော်ပရိယတ္တိစာသင်တိုက်အတွင်း ပန်းရံလုပ်ကိုင်နေစဉ် ဓာတ်ကြိုးနင်းမိရာမှ ဓာတ်လိုက်ကာ သတိလစ်သွားသော အသက် ၁၉ နှစ်အရွယ် ကိုစောမောင်သိန်း ကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ သေဆုံးသွားခဲ့သောကြောင့် ၎င်း၏ မိသားစုက ယင်းအသုဘကို လာရောက်စဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သေတဲ့ကောင်လေးက ရခိုင်ပြည်နယ် မင်းပြားကပါ။မော်လမြိုင်မှာ အလုပ်လုပ်နေတာ။အဲဒီကောင်လေး ဓာတ်လိုက်ပြီး သေတာကြောင့် မင်းပြားမြို့က သူ့အဖေ၊အမေ အပါအဝင် မိသားစုဝင် ၁၀ ယောက်က မော်လမြိုင်ကို မှန်လုံကားတစ်စီးငှားကာ ပြီးလာခဲ့တာ။ နေပြည်တော်နားက အမြန်လမ်းမှာ ကားတိုက် မှုဖြစ်လို့ ကားခေါင်းခန်းမှာ ထိုင်ပြီး လိုက်တာတဲ့ သူ့အဖေ ဦးအထွန်း ပွဲချင်းပြီးဆုံးတယ်၊တခြား ဒဏ်ရာရသူတွေကို နေပြည်တော်ဆေးရုံမှာ ကုသနေရပါတယ်"ဟု လူမှုကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူ တစ်ဦးကပြောသည်။
ယင်းကြောင့် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို နေပြည်တော် ဆေးရုံက မော်လမြိုင်သို့ ယာဉ်ငှားသယ်ဆောင်သွားကြောင်းနှင့် သားဖြစ်သူ နှင့် ဖခင် ဖြစ်သူတို့ကို ယနေ့ ဇွန်လ ၂၆ ရက်တွင် မော်လမြိုင်မြို့၊ ပိန္နဲကုန်းသုသာာန်၌ သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#Yangon_Time #YMG
မြန်မာသင်္ဘောသားများ လုပ်ငန်းခွင်၌ သေဆုံးပါက သတ်မှတ်လျော်ကြေးမရတာလို့ ဖြေရှင်းပေးရတဲ့ဖြစ်စဉ်များ များပြားနေ
သင်္ဘောပေါ်မှာ သေဆုံးသွားလို့ ကုမ္ပဏီက သတ်မှတ်လျော်ကြေးတိုင်း မပေးတာများရှိနေ (((()))))ဦးဟုတ်စွမ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲချုပ်
#Local_News
#Published_ 25 June 2023
#ymg/ ynzw
#Yangon_Times
Published_ 26 June2023
မန္တလေးတွင် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ဖမ်းဆီးရမိသည့် မြန်မာကျပ်ငွေ (၁၄၄.၉၉၉၈) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇွန်လ၂၆ရက် က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
(၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် ယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးမှာ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရထားရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့မီးရှို့ဖျက်ဆီးခဲ့ရာတွင်ဘိန်း(၄၇၈.၀၄၁)ကီလိုကျော်၊ ဘိန်းဖြူ(၆၁၀.၄၄၅)ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား(၄၇.၅)သန်းကျော်၊ အိုက်စ်(၃၅၂၇.၇၅၄)ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၁၉) မျိုးနှင့် ဓါတုပစ္စည်း (၁၅) မျိုးတို့၏ စုစုပေါင်းတန်ဘိုး မြန်မာကျပ်ငွေ (၁၄၄.၉၉၉၈) ဘီလီယံကျော်အား ပါဝင်ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News #မူးယစ်ဆေးများမီးရှို့ဖျက်ဆီးခဲ့
#Yangon_Time #Daily_News #YMG
Published 26 June 2023
ထိုင်းနိုင်ငံဝန်ကြီးချုပ်ရွေးကောက်ပွဲအတွက် ရှေ့သို့လှမ်းချီပါတီ(MFP)မှ ပီတာလင်မ်ဂျာရိုအင်ရက်အပြင် နောက်ထပ်နာမည်စာရင်းများ ထပ်မံတင်သွင်းနိုင်ကြောင်း အထက်လွှတ်တော်အမတ် အေကာနစ်မူအင်ဆာဝပ်က ပြောကြားလိုက်ပါတယ်။
မစ္စတာပီတာကို ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်မဲပေးဖို့ MFP ထောက်ခံသူတွေက အထက်လွှတ်တော်အမတ်တွေကို ဖိအားတိုးမြှင့်ပေးလာခြင်းအပေါ် တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။
နောက်ထပ်ရွေးကောက်ခံတွေပါလာရင် အထက်လွှတ်တော်အမတ်တွေအနေနဲ့ ကျင့်ဝတ်စံနှုန်း စွမ်းဆောင်ရည်များအရ အသင့်လျော်ဆုံးထင်တဲ့သူကို မဲပေးခွင့်ရမှာဖြစ်ကြောင်း အေကာနစ်က ပြောပြသွားပါတယ်။
အစကတည်းက လွှတ်တော်ကိုယ်စားလှယ်တွေထံကနေ ၃၇၆ မဲရရှိအောင်ပြုလုပ်နိုင်ရင် အထက်လွှတ်တော်အမတ်တွေ လုံးဝမဲပေးရမှာမဟုတ်ဘဲ မစ္စတာပီတာ ၃၇၆ မဲထက်လျော့ပြီး ရခဲ့တာအတွက် MFP ထောက်ခံသူတွေက အထက်လွှတ်တော်ကိုအပြစ်တင်လိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေကို တုန့်ပြန်လိုက်ပါတယ်။
"အစကတည်းက ၃၇၆ မဲရရင် အစိုးရဖြစ်လာမှာပါ။ ဒါက အထက်လွှတ်တော်ရဲ့ အပြစ်ဖြစ်နေလို့လား" လို့ ဆိုပါတယ်။
မစ္စတာပီတာကို ဝန်ကြီးချုပ်ဖြစ်လာဖို့ အထက်လွှတ်တော်ထောက်ခံမှု လိုချင်နေတဲ့ MFP နဲ့ ပြောဆိုဆွေးနွေးမှုမှန်သမျှအတွက် အချို့အထက်လွှတ်တော်အမတ်တွေက ပိတ်ပင်ထားကြောင်း လွှတ်တော်အမတ်'ဂျိတ်ဆီရာထရာနန့်'က ပြောကြားလိုက်ပါတယ်။
ထိုပါတီက ဘုရင်မျိုးနွယ်အသရေဖျက်မှုဥပဒေပုဒ်မ ၁၁၂ ကို ပြုပြင်လိုနေတာဖြစ်ပါတယ်။
MFP မှလက်နက်ကိုင်တပ်ဖွဲ့များ မူဝါဒပြုပြင်ပြောင်းလဲရေးအကြောင်း မေးမြန်းရာမှာ အေကာနစ်က MFP တင်သွင်းတဲ့မူဝါဒအစား စစ်တပ်ကသူတို့ဘာသာ တင်သွင်းတဲ့ပြောင်းလဲရေးကိုပဲ ထောက်ခံကြောင်းဆိုပါတယ်။
MFP က အမေရိကန်စစ်တပ် ဖွဲ့စည်းပုံအတိုင်းကူးယူပြီး ထိုင်းနိုင်ငံစစ်တပ်ကိုပြောင်းလဲဖို့ စီစဉ်နေကြောင်း စွပ်စွဲလိုက်ပါတယ်။
ပြုပြင်ပြောင်းလဲမှုအောက်မှာ စစ်မှုထမ်းခြင်းအဆုံးသတ်မှာဖြစ်သလို ကာကွယ်ရေးကောင်စီ၊ ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုအဖွဲ့(Isoc)တို့ ဖျက်သိမ်းမှာဖြစ်ပါတယ်။
Source: Bangkok Post
#Asia_Politics #ထိုင်းနိုင်ငံဝန်ကြီးချုပ်ရွေးကောက်ပွဲ #အခြားပုဂ္ဂိုလ်နာမည်များ #အထက်လွှတ်တော်အမတ်
#YMG #Yangon_Media_Group
#World_Science
Published 26 June 2023
အားကစားဝတ်စုံတွေဟာ အကြမ်းခံနိုင်ဖို့ အခိုင်ခံ့ဆုံးကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အဝတ်လျှော်ပြီးသည့်တိုင်အောင် အနံ့စွဲနေတတ်ပါတယ်။
ပိုလီအက်စ်တာကဲ့သို့ ထိုဝတ်စုံအသားတွေဟာ ခန္ဓာကိုယ်ကအနံ့တွေကို စုပ်ယူသွားကြောင်း တစ်တော့ဗီဒီယိုမှာ ဖော်ပြထားပါတယ်။
ပိုလီအက်စ်တာ၊ စပန်ဒက်စ်၊ နိုင်လွန်သားတွေဟာ စိုထိုင်းဆကိုတွန်းလှန်ပြီး လျင်မြန်စွာခြောက်သွေ့စေပေမယ့် ချိုင့်ငယ်လေးတွေထဲမှာ ချွေးမော်လီကျူးများ ခိုအောင်းနိုင်ပါတယ်။
သန့်စင်ရန်နည်းလမ်းအတွက်ကတော့ ရှာလကာရည်စိမ်ခြင်းနဲ့ အဝတ်လျှော်ပုံးထဲ မထည့်ခြင်းတို့ ပြုလုပ်ရန်လိုအပ်တယ်လို့ ကျွမ်းကျင်သူများက အကြံပေးလိုက်ပါတယ်။
အားကစားဝတ်စုံတွေ ကျုံ့နိုင်ဆန့်နိုင်ပြီး ခံနိုင်ရည်ရှိဖို့ ပိုလီအက်စ်တာ၊ စပန်ဒက်စ်၊ နိုင်လွန်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်လေ့ရှိပြီး အခြားချည်သားတွေထက် အနံ့ဆိုးတွေကို ပိုမိုဆွဲဆောင်ကာ လျှော်လို့မပြောင်တတ်ကြပါဘူး။
၂၀၁၈ ခုနှစ်က စမ်းသပ်ခံ ၈ ဦးကို ပိုလီအက်စ်တာနဲ့ပြုလုပ်တဲ့ ဝတ်စုံများနဲ့ နိုင်လွန်ဖြင့်ပြုလုပ်တဲ့ ဝတ်စုံများ ဝတ်ဆင်စေပြီး ဘယ်အရာက အနံ့ပိုစွဲသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
နိုင်လွန်နဲ့ ပိုလီအက်စ်တာတို့ကြား အနံ့ပြင်းထန်မှုကွာခြားချက်မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
အဝတ်လျှော်ပုံးထဲထည့်ခြင်းမျိုးမလုပ်ဘဲ အားကစားဝတ်စုံတွေကို အတွင်းအပြင်လှန်ပြီး အခြောက်လှန်းသင့်ပါတယ်။
ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေက အထဲမှာပိုမိုများပြားကာ အတွင်းအပြင်လှန်လိုက်ရင် အနံ့တွေထွက်သွားနိုင်ပါတယ်။
ဘက်တီးရီးယားတွေက အမှောင်ထဲမှာပွားများတတ်ကာ အပူဓာတ်က အနံ့ကိုပိုဆိုးစေပါတယ်။
ညစ်ပတ်တဲ့အားကစားဝတ်စုံတွေကို ပုံးထဲထည့်လိုက်ခြင်းဖြင့် အလင်းရောင်နဲ့ လေဝင်လေထွက် မရှိစေပါဘူး။
ရှာလကာရည်နဲ့ရေ ရောထားတဲ့အထဲကို မိနစ် ၃၀ ကြာထည့်စိမ်ခြင်းဖြင့် အနံ့ကင်းစင်စေမှာဖြစ်ပါတယ်။
ဝတ်ဆင်ပြီးတိုင်း ရေပူပူနွေးနွေးနဲ့လျှော်ရင်လည်း အနံ့အသက် ဖယ်ရှားနိုင်ပါတယ်။
Source: Daily Mail #World_Science #အားကစားဝတ်စုံများအနံ့စွဲရသည့်အကြောင်းအရင်းကိုထုတ်ဖော်
#Yangon_Times
Published_26 June 2023
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရန်အတွက်မျိုးစပါးများအား ဇွန်လ ၂၄ရက်နေ့တွင် ပထမဆုံးအကြိမ်ပို့ဆောင်ခဲ့ကြောင်း ပြန်ကြားရေး၀န်ကြီးဌာနမှသိရသည်။
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်နေကြောင်း လည်းသိရသည်။
အဆိုပါမျိုးစပါးများအား ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ဝယ်ယူခဲ့ပြီး ပေါ်ဆန်းရင် မျိုးစပါး ၁၄၀၀၀ တင်း၊နေပြည်တော် ကောင်စီနယ်မြေမှ ဝယ်ယူခဲ့ သည့် GW-11 မျိုးစပါး ၉၂၅၃ တင်း၊မကွေးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဝယ်ယူခဲ့သည့် နှံကောက်မျိုးစပါး ၄၃၃၀ တင်းတို့အား သွားရောက်ပို့ဆောင်နေကြောင်းသိရသည်။
ymg/ynzw
Yangon_Time
#Local_News #YMG #Yangon_Media_Group
Page 1118 of 1941