ပြည်တွင်းသကြားဈေးကွက် အမြင့်ပိုင်းတွင်ရှိနေ
ပြည်တွင်းသကြားတစ်ပိဿာကို( ၃၀၇၅) ကျပ်သာ ရှိခဲ့ရာက လက်ရှိ (၃၂၀၀) ကနေ (၃၃၀၀) ဝန်းကျင်အထိ ပေါက်စျေးရှိနေ
Yangon_Times/my
#Local_News
#Published_ 1 July 2023
#YMG #Yangon_Times
Published_ 2 July 2023
ဗိုက်တာမင်-ဒီဖြည့်စွက်စာတွေက နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့အစွမ်းရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
နှလုံးသွေးကြောရောဂါ(CVD)ဟာ ကမ္ဘာတဝှမ်းမှာ အသေအများဆုံး အကြောင်းအရင်းတစ်ခုဖြစ်နေပြီး အသက်အရွယ်ရလာတာနဲ့အမျှ နာတာရှည်ရောဂါတွေ ပိုမိုဖြစ်လာနိုင်ကာ နှလုံးသွေးကြောပြဿနာများ ပိုမိုဖြစ်ပွားနိုင်ချေ များလာပါတယ်။
ဗိုက်တာမင်-ဒီပမာဏနဲ့ CVD ဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို အရင်ကလည်း အစဉ်မပြတ်လေ့လာနေခဲ့ပါတယ်။
ဒါပေမဲ့ စမ်းသပ်မှုတွေပြုလုပ်ရာမှာတော့ ဗိုက်တာမင်-ဒီက နှလုံးသွေးကြောပြဿနာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ခဲ့ကြပါဘူး။
ဗိုက်တာမင်-ဒီက အရိုး၊ သွား၊ ကြွက်သားကျန်းမာရေးတို့ ထိန်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်ပြီး ကယ်လ်စီယမ်၊ ဖော့စ်ဖိတ်တို့ကို ထိန်းညှိပေးပါတယ်။
အသက် ၆၀ နဲ့အထက် လူပေါင်း ၂၁,၀၀၀ ကျော်ကို စမ်းသပ်မှုပြုလုပ်ရာမှာ ဗိုက်တာမင်-ဒီဖြည့်စွက်စာတွေက နှလုံးသွေးကြောပြဿနာတွေကို လျှော့ချပေးနိုင်တယ်လို့ လတ်တလောတွေ့ရှိထားပါတယ်။
သုတေသီတွေအနေနဲ့ ဒီတွေ့ရှိချက်တွေအပေါ် အခြေခံကာ နောက်ထပ်တွက်ချက်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားလိုက်ပါတယ်။
ဗိုက်တာမင်-ဒီဖြည့်စွက်စာက CVD ဖြစ်နိုင်ချေကို မသက်ရောက်ဘူးဆိုတဲ့ ယူဆချက်အပေါ် စိန်ခေါ်လာပြီး အခုအခါမှာတော့ လျှော့ချနိုင်ကြောင်း ဖော်ပြလာပါတယ်။
QIMR Berghofer ဆေးဘက်ဆိုင်ရာသုတေသီမှ ပြုလုပ်တဲ့စမ်းသပ်ချက်မှာ ၂၀၁၄ မှ ၂၀၂၀ အတွင်း အသက် ၆၀ မှ ၈၄ နှစ်အတွင်း ဩစတြေးလျလူမျိုး ၂၁,၃၁၅ ဦး ပါဝင်ခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေက ဗိုက်တာမင်-ဒီဖြည့်စွက်စာ စားသုံးတဲ့အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး စားသုံးတဲ့အဖွဲ့ဆိုပြီး ခွဲခြားခဲ့ကာ ၅ နှစ်အထိ တိုင်းတာခဲ့ပါတယ်။
ထိုထဲမှာမှ နှလုံးသွေးကြောပြဿနာဖြစ်ပွားသူ ၁,၃၃၆ ဦးရှိခဲ့ကာ အာနိသင်မဲ့ဆေးသောက်သုံးသူတွေထဲက ၆.၆ ရာခိုင်နှုန်းနဲ့ ဗိုက်တာမင်-ဒီသုံးစွဲသူထဲက ၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
နှလုံးဖောက်ခြင်း ဖြစ်ပွားနှုန်းက ဗိုက်တာမင်-ဒီအဖွဲ့မှာ ၁၉ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး လေဖြတ်ခြင်းကတော့ ကွာခြားမှုမရှိခဲ့ပါဘူး။
လူ ၁၇၂ ယောက်ကတော့ နှလုံးသွေးကြောပြဿနာဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် ဗိုက်တာမင်-ဒီဖြည့်စွက်စာကို လစည်သောက်သုံးပေးဖို့ လိုအပ်ကြောင်း ခန့်မှန်းလိုက်ပါတယ်။
Source: WION.
#World_Health
#YMG #Yangon_Time
နေတိုးအဖွဲ့အစည်းကြီးသည် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခဲ့သည့်အထောက်အထားမရှိခဲ့ဟု ဘရာဇီးလ်ပညာရှင်တစ်ဦးကဝေဖန်
နေတိုး(NATO)အဖွဲ့အစည်းကြီးဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုမြှင့်တင်ပေးတဲ့ အဖွဲ့အစည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဘဲ အမေရိကန်ရဲ့ဂုဏ်သိက္ခာ ထိန်းသိမ်းရန်အတွက်သာ ကြိုးပမ်းနေတဲ့ စစ်ပွဲဖန်တီးသူဖြစ်တယ်လို့ ဘရာဇီးလ်ပထဝီဝင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။
#World_Military
#Published_ 1 July 2023
#YMG #Yangon_Times
#Health_Matters
- ယင်နှင့်အစားအစာပြဿနာက ရှေးဟောင်းအမွေလို့တောင် ဆိုနိုင်တယ်။ အဲဒီအမွေပြတ်အောင် ဘယ်လိုလုပ်ကြမလဲဆရာ ...??
#Published_ 1 July 2023
#Health_Matters #ယင်ချစ်သည့်အစား #အစာချစ်သည့်လူသား
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
- အစားအစာကိုယင်းနားတော့ အန္တရာယ်ရှိတယ်ဆိုတာ ယေဘုယျသိထားကြပါတယ်။ ဘယ်လောက်အထိများ ကြောက်စရာကောင်းသလဲဆရာ ....??
#Published_ 1 July 2023
#Health_Matters #ယင်ချစ်သည့်အစား #အစာချစ်သည့်လူသား
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 1 July 2023
၁။ ပုဂ္ဂလိကကျောင်းများတွင် မြန်မာစာ၊မြန်မာ့သမိုင်း၊ပထဝီသင်ရန်ညွှန်ကြား
၂။ ဧရာ၀တီမြစ်နှင့် ချင်းတွင်းမြစ်ရေတက်မည်
၃။ မျက်မမြင် အကြောပြင်အနှိပ်လုပ်ငန်းအချို့ နလန်မထူနိုင်သေး
၄။ နေတိုးအဖွဲအစည်းကြီးသည် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခဲ့သည့် အထောက်အထားမရှိခဲ့ဟု ဘရာဇီးလ်ပညာရှင်တစ်ဦးကဝေဖန် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Health_Matters
- မိုးတွင်းကာလရောက်လာတော့ ယင်တလောင်းလောင်းဖြစ်နေတယ်။ ယင်ကိုလူတွေမနှိမ်နှင်းနိုင်တာလားဆရာ ...??
#Published_ 1 July 2023
#Health_Matters #ယင်ချစ်သည့်အစား #အစာချစ်သည့်လူသား
#Dr.KML #YMG #Yangon_Media_Group
Published_ 1 July 2023
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာ ယာမြို့နယ်တွင် စက်ရုံမှပြန်လာသူအမျိုးသားကလမ်းဖြတ်ကူးစဥ် Light truck ကားက ဝင်တိုက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ကားတိုက်ခံရသူအမျိုးသားမှာ ဆေးရုံရောက်ချိန်တွင်သေဆုံးခဲ့ကြောင်း သွေးဒါနလူမှုကူညီရေးအသင်းကသိရသည်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး ဘုရားလမ်းထိပ်မီးပွိုင့်တွင် စက်ရုံမှအပြန် လမ်းဖြတ်ကူးသူအမျိုးသားအား Light truck ကားက ဝင်တိုက်ပြေးမှု ဇွန်လ၃ဝ ရက် ညပိုင်းက ဖြစ်ခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
"ယာဥ်တိုက် မှုကြောင့် လူနာရဲ့ ဦးခေါင်းဟာ လမ်း သမံတလင်းနဲ့ဆောင့်မိပြီး ဦးခေါင်းတစ်ခြမ်းကြေ ကွဲပြီး ဦးနှောက်ကို ထိခိုက်ခဲ့ပါတယ်။လူနာရဲ့ညာခြေထောက်ကလည်း အပွင့်ကျိုးကြေနေတာကိုတွေ့ရတယ်"ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
လူနာအမျိုးသား သွေးဒါနလူမှုကူညီရေးအသင်းမှ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ဦးစွာပို့ဆောင်ခဲ့ပြီးထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ရာ လူနာသည် နှလုံးခုန်နှုန်းမရှိ၊ သွေးခုန်နှုန်းမရှိ၊ အောက်စီဂျင်ရှူနှုန်းမရှိသဖြင့် အရေးပေါ်ဆေးကုသမှုပေးကာ ကူညီခဲ့သည့်အတွက် အသက်ပြန်ရှူခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာမီ သေဆုံးသွားကြောင်းသိရသည်။
တိုက်ပြေးယာဉ်နှင့် ယာဉ်မောင်းကိုလည်း ဖမ်းမမိသေးကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times

မျက်မမြင်အကြောပြင်လုပ်ငန်းများ နလန်မထူနိုင်သေး
‘ကိုဗစ်ကတည်းကလုပ်ငန်းတွေကျဆင်းခဲ့တာခုထိအဆင်မြပေသေးဘူး။ဆိုင်ခွဲတွေပိတ်လိုက်ရြပီး အခုတစ်ဆိုင်ပဲကျန်တော့တဲ့အထြိဖစ်နေပါတယ်၊၊ ဆိုင်ခန်းငှားခ၊မီတာခတွေနဲ့ ဝန်ထမ်းလစာတွေ လစဉ်ပေးဖိုကို မနည်းရုန်းကန်နေရတယ်’ မျက်မမြင်အကြောပြင်အနှိပ်လုပ်ငန်းရှင်
Yangon_Time/Tthl
#Local_News
#Published_ 1 July 2023
#YMG #Yangon_Times
အခုရက်ပိုင်းအတွင်း မြစ်ရေများတက်မည်
ဇူလိုင်လဆန်းမှာ ဧရာဝတီမြစ်ရေ ၊ချင်းတွင်းမြစ်ရတွေ အနည်းဆုံး(၁)ပေခွဲမှ အများဆုံး(၇)ပေခန့်တက်မည်(မိုးလဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန)
Yangon_Time/Tthl
#Local_News
#Published_ 1 July 2023
#YMG #Yangon_Times
ပုဂ္ဂလိကကျောင်းများတွင် မြန်မာစာ၊မြန်မာ့သမိုင်း၊ပထဝီသင်ရန်ညွှန်ကြား
‘ ပုဂ္ဂလိကအခြေခံပညာကျောင်းတွေမှာ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေဖို မြန်မာစာ၊မြန်မာ့သမိုင်း၊မြန်မာ့ပထဝီအပါအဝင် အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီက သတ်မှတ်ထားတဲ့ သင်ရိုးအပြည့်အစုံကို သင်ကြားရမှာဖြစ်တယ်’ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး
Yangon_Time/Tthl
#Local_News
#Published_ 1 July 2023
#YMG #Yangon_Times
Published_ 1 July 2023
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံး အခြေခံလူတန်းစားရပ်ကွက်ရှိ မီးပွိုင့်တစ်ခုမှာ ရဲအရာရှိတစ်ဦးက ဆယ်ကျော်သက်တစ်ယောက်ကို အသက်သေစေတဲ့အထိ ပစ်ခတ်ခဲ့ပြီးနောက် ၃ ညတိုင်အောင် ဆူပူအုံကြွမှုဖြစ်ပွားနေကာ ရဲအင်အား ၄၅,၀၀၀ ကို လမ်းတွေမှာနေရာချထားလိုက်ပြီးနောက် လာမယ့်နာရီများအတွင်း အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သောကြာနေ့က ပြောကြားလိုက်ပါတယ်။
အဆိုပါအုံကြွမှုအတွင်း အဆောက်အအုံများ ယာဉ်များ မီးရှို့ခံထားရကာ စတိုးဆိုင်များလုယူခံကြရပြီး သမ္မတ'အီမန်နျူယယ်မက်ခရွန်'အနေနဲ့ ၂၀၁၈ ခုနှစ်အဝါရောင်ကျည်ကာ ဆန္ဒပြမှုနောက်ပိုင်း အကြီးမားဆုံးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
မာဆေးလ်၊ လိုင်ယွန်၊ တူးလော့စ်၊ စထရာဘို့၊ လိုင်လီ၊ ပဲရစ်မြို့များအပါအဝင် နိုင်ငံအနှံ့မှာ မငြိမ်မသက်ဖြစ်နေကြပါတယ်။
အသက် ၁၇ နှစ်အရွယ် အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကိုနွယ်ဖွား 'နာဟယ်လ်အမ်'ဟာ ပဲရစ်မြို့ နန်တယ်ရာဆင်ခြေဖုံးရပ်ကွက်မှာ အင်္ဂါနေ့က ပစ်သတ်ခံရတာ ဖြစ်ပါတယ်။
သူ့ရဲ့သေဆုံးမှုကို ဗီဒီယိုရိုက်ကူးရရှိခဲ့ရာ လူမျိုးရောနှောနေတဲ့ အခြေခံလူတန်းစားရပ်ကွက်မှာ ရဲများလူမျိုးရေးခွဲခြားခြင်းနဲ့ အကြမ်းဖက်ခြင်းတို့ကို ကာလကြာရှည်စွာ တိုင်ကြားထားချက်တွေကို ပြန်လည်အစဖော်သလို ဖြစ်ခဲ့ပါတယ်။
မာဆေးလ်မြို့တောင်ပိုင်းမှာ ဆန္ဒပြသူတွေက သောကြာနေ့ညမှာ လက်နက်ဆိုင်တစ်ခုကို ဝင်ရောက်ပြီး ကျည်မပါတဲ့ သေနတ်များ ခိုးယူသွားခဲ့ပါတယ်။
ထိုဆိုင်မှလို့ယူဆရတဲ့ သေနတ်ကိုင်ဆောင်ထားသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ထိုဆိုင်ကို အခုတော့ ရဲတွေစောင့်ကြပ်နေပြီဖြစ်ပါတယ်။
အာဏာပိုင်များက ဆန္ဒပြမှုများကို အစောပိုင်းက တားမြစ်ထားခဲ့ပြီး စားသောက်ဆိုင်အပြင်နေရာတွေကို စောစောပိတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ည ၇ နာရီမှာရပ်ဆိုင်မယ်လို့ ပြောကြားထားပါတယ်။
လူ ၈၀ ဖမ်းဆီးခဲ့ပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာမှာလားဆိုတဲ့ မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီး'ဂျရဲလ်ဒါမာနင်'က နိုင်ငံတော်သမ္မတ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ကြာသပတေးညမှာ ရဲအရာရှိ ၂၀၀ ကျော်ဒဏ်ရာရရှိပြီး လူ ၉၀၀ ကျော်ဖမ်းဆီးခံခဲ့ရကာ သူတို့ရဲ့ပျမ်းမျှအသက်က ၁၇ နှစ်သာရှိပါတယ်။
ဆူပူအကြမ်းဖက်မှုတွေက ဆင်ခြေဖုံးနေရာတွေမှာ အဆိုးရွားဆုံးဖြစ်နေပြီး ပြင်သစ်မြို့ကြီးများအထိ ကူးစက်လာကာ သိသိသာသာ အခြေအနေဆိုးရွားလာပါတယ်။
လုယူခံရတဲ့ဆိုင်တွေထဲမှာ အက်ပဲလ်စတိုးဆိုင်၊ ကာစီနိုစူပါမားကတ်၊ ချက်တလက်လက်စ်ဟောလက်စ်ဈေးဝယ်စင်တာ၊ နိုက်ခ်ဖိနပ်ဆိုင်တို့ပါဝင်ပါတယ်။
စတိုးဆိုင်ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲခဲ့တဲ့ လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
သမ္မတမက်ခရွန်ကတော့ ဝန်ကြီးအခက်အခဲ ဒုတိယအစည်းအဝေးကို တက်ရောက်ရန် ဘရူဆဲလ်ရှိ ဥရောပသမဂ္ဂအစည်းအဝေးပွဲမှ ထွက်ခွာလာပါတယ်။
မက်ခရွန်က ဆူပူအကြမ်းဖက်တဲ့ ဆိုးဆိုးရွားရွားဗီဒီယိုရိုက်ကွက်တွေကို ဖယ်ရှားပေးရန်နဲ့ အကြမ်းဖက်မှုပြုလုပ်တဲ့သူတွေရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပေးရန် ဆိုရှယ်မီဒီယာတွေကို တောင်းဆိုလိုက်ပါတယ်။
အရင် ပြင်သစ်ကိုလိုနီလက်အောက်ခံ လူနည်းစုအသိုင်းအဝိုင်းများအပေါ် ရဲတွေအကြမ်းဖက်မှုများ ပြုလုပ်ပြီးနောက် တရားမျှတမှုမရှိတဲ့အတွက် မကျေနပ်ချက်တွေ ဖြစ်ပေါ်လာရတယ်လို့ နာဟယ်လ်အမ်ကို စောင့်ရှောက်လာခဲ့တဲ့ မိုဟာမက်ဂျာကူဘီက ပြောကြားလိုက်ပါတယ်။
မက်ခရွန်ကတော့ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား လူမျိုးရေးခွဲခြားမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times
Page 1113 of 1941