#Local_News
Published_ 11 November 2023


တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကာယဗလအားကစားသမားများမှ ရွှေတံဆိပ်တစ်ဆု၊ ငွေတံဆိပ်တစ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရသည်။

 

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (Man Sport Physique) အားကစားနည်းနှစ်မျိုးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

 

ပြိုင်ပွဲတွင် ကာယဗလအားကစားနည်း70 kg တန်းတွင် ရဲထွန်းနောင်မှ ဒုတိယ၊Man Sport Physique up to 175 cm တွင် ​ငြိမ်းချမ်းမှ ရွှေတံဆိပ်ဆုရရှိခဲ့သည့်အတွက်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှဝမ်းမြောက်စွာဖြင့်ချီးကျူးဂုဏ်ယူကြောင်း ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို နိုဝင်ဘာလ၆ရက်မှ ၁၂ရက်အထိဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

#Local_News #ကမ္ဘာ့ကာယဗလပြိုင်ပွဲ #ရွှေတစ်ဆုငွေတစ်ဆုဆွတ်ခူး #tthl #Yangon_Times