#Daily_News
Published_ 5 July 2023
၁။ မိုးရာသီဖြစ်သော်လည်းစီးပွားရေးကိစ္စဖြင့်လာရောက်သည့် တရုတ်ခရီးသွားဝင်ရောက်မှုတိုးနေ
၂။ ရွှေတိဂုံနယ်မြေစိမ်းလန်းစိုပြေစေရန် အပင်ပေါင်း (၃၀၀)ခန့်ထပ်မံစိုက်ပျိုး
၃။ အာဆီယံအမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာဒိုင်လူကြီးလေးဦး တာဝန်ပေးအပ်ခံရ
၄။ တရုတ်နိုင်ငံမှ စွမ်းအင်သစ်ယာဉ်ထုတ်လုပ်မှု အစီးရေသန်း(၂၀)ပြည့်မြောက်ခဲ့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
‘လက်ရှိအချိန်မှာတော့ အလှူငွေရံပုံငွေက ကျပ်သိန်း(၅၀၀)ကျော်ရရှိခဲ့ပြီဖြစ်ပေမယ့်လည်း အလှူငွေပမာဏမပြည့်သေးလိုအကူအညီထပ်မံအကူအညီတောင်းခံတာပါ’အကျဉ်းကျခံနေရသည့်
သင်္ဘောသားရန်နောင်ဖြိုး၏မိခင်
#Local_News
Published 5 July 2023
#အကျဉ်းကျခံနေသည့်မြန်မာသင်္ဘောသားနှစ်ဦး
#tthl #Yangon_Time #YMG
မြန်မာစာ (၇၆ )မှတ်၊ သင်္ချာ (၉၇)မှတ်၊ ဓာတုဗေဒ(၉၅)မှတ်၊ ရူပဗေဒ(၉၅)မှတ်၊ဇီဝဗေဒ(၉၈)မှတ်တို့ အသီးသီးရရှိ
#Local_News
Published 5 July 2023
#ငါးဘာသာဂုဏ်ထူးရှင်ကျောင်းသား
YMG/my #Yangon_Time #YMG
ဒိုင်ကြီးကြပ်အဖြစ် ဦးလှမင်း၊ ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဒေါ်ဇင်မာဦး၊ အကူဒိုင်လူကြီးများအဖြစ် ဒေါ်ဂေးပလောင်နဲ့ ဒေါ်ဝင့်ဝါထွန်းတို့ဖြစ်
#Local_News
Published 5 July 2023
#အာဆီယံအမျိုးသမီးယူ-၁၉
Ymg/myn #Yangon_Time #YMG
#Local_News
Published -5 July 2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် ထင်းတင်ကုန်တင်ကား ရထားလမ်းကူး မောင်းတံကို ဝင်တိုက်ပြီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင် ၅ ရက် နေ့လယ် ၁၂ နာရီအချိန်ဝန်းကျင်ခန့်တွင် မော်လမြိုင်ဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ထင်းတင်ကုန်တင်ကားသည် ရင်ငြိမ်းတောင်ကျေးရွာ ရထားလမ်းကူးတွင် အရှိန်မထိန်းနိုင်ဘဲ မောင်းတံကိုဝင်တိုက်ခဲ့ကြောင်းယာဉ်မောင်းဖြစ်သူမှာ ကားခေါင်းခန်းတွင် ညှပ်မိနေသောကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ကယ်ထုတ်ခဲ့ရပြီး ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
"မောင်းတံကို အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်အခြမ်းက အိမ်၂လုံးကြား ရောက်ရှိသွားပါတယ်။ ဘေးက အိမ်ကို ဝင်တိုက်ပြီးမှ ရပ်သွားတာ"ဟုဒေသခံတစ်ဦးက ဆိုသည်။
နေအိမ်တွင်နေထိုင်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
#Local_News #ရထားလမ်းကူးမောင်းတံဝင်တိုက်မိ၍ ယာဉ်မောင်းဒဏ်ရာရ
#Yangon_Times/BM
‘ရွှေတိဂုံစေတီတော်နယ်မြေအတွင်း စိမ်းလန်းစိုပြေစေဖို့ အခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီကာလမှာ ကျွန်းပင်၊ပျဉ်းကတိုးပင်၊ ပျဉ်းမနားပင်၊ကံကော်ပင်၊ ထိုင်ဝမ်ဗန်ဒါပင်အပါအဝင် အပင်ပေါင်း(၃၀၀)ခန့် ထပ်မံစိုက်ပျိုးခဲ့တယ်။’ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့
#Local_News
Published 5 July 2023
#အပင်ပေါင်း(၃၀၀)ခန့်စိုက်ပျိုး
#tthl #Yangon_Time #YMG
‘တရုတ်နဲ့လေကြောင်းတိုက်ရိုက်ပျံသန်းမှုတွေရှိနေတဲ့အတွက် မိုးရာသီဆိုတော့အပန်းဖြေခရီးအတွက်မဟုတ်ဘဲ စီးပွားရေးကိစ္စအတွက်လာရောက်တဲ့တရုတ်ခရီးသွားတွေတိုးနေပါတယ်’ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊
ဥက္ကဌဦးနောင်းနောင်းဟန်
#Local_News
Published 5 July 2023
#တရုတ်ခရီးသွားဝင်ရောက်မှုတိုး
#Yangon_Time #YMG
#Local_News
Published 5 July 2023
ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ဇူလိုင်(၅)ရက်တွင် နစကမှ ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ (၄၁၉) အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၏ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်ကို အမိန့်အရ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#Ymg/my #Local_News
#Yangon_Times
#World_Politics
Published 5 July 2023
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ခေါင်းဆောင်များဟာ တိုးချဲ့လာတဲ့ ဥရောပအာရှအစုအဖွဲ့အတွင်း ပိုမိုနီးကပ်တဲ့ဆက်ဆံရေး ထူထောင်ရန်နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြပေမယ့် အခြားတိုင်းပြည်များကို ဆန့်ကျင်တာမျိုး မရှိကြောင်း အင်္ဂါနေ့က အလေးပေး ပြောကြားခဲ့ကြပါတယ်။
အဖွဲ့အစည်းရဲ့ ပြဿနာများ၊ လုံခြုံရေးအခက်အခဲများ ဖြေရှင်းရန် အယူဝါဒနဲ့ ရင်ဆိုင်ဖြေရှင်းခြင်း ချဉ်းကပ်ပုံများကို SCO အဖွဲ့ဝင်များက ဆန့်ကျင်ကြောင်း အိန္ဒိယမှကျင်းပတဲ့ အွန်လိုင်းထိပ်သီးအစည်းအဝေးအပြီးမှာ ခေါင်းဆောင်းများက ပူးတွဲကြေညာလိုက်ပါတယ်။
ခေါင်းဆောင်များက နေတိုး(NATO)အဖွဲ့တိုးချဲ့ခြင်းနဲ့ ယူကရိန်းကို အနောက်တိုင်းမှ စစ်ရေးထောက်ပံ့မှုများကို တိုက်ရိုက်မရည်ညွှန်းဘဲ အချို့သောနိုင်ငံတွေ ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေးစနစ်များ အကန့်အသတ်မရှိ တစ်ဖက်သတ်တိုးချဲ့ခြင်းရဲ့ ဆိုးကျိုးတွေကို ဝေဖန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုရာမှာ ခေါင်းဆောင်များက အာဖဂန်မှာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအုပ်စုအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်မှုဖြင့် အစိုးရတစ်ရပ်ထူထောင်ရန် အရေးကြီးတယ်လို့ ယူဆကြောင်း ပြောကြားခဲ့ကြပါတယ်။
တရုတ်နိုင်ငံကို အာရှ၊ ဥရောပတို့နဲ့ ချိတ်ဆက်မယ့် ပိုးလမ်းမဟောင်းကို ပြန်လည်တည်ဆောက်ရန် မျှော်မှန်းထားတဲ့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်သွယ်စီမံကိန်းကြီးကိုလည်း အဖွဲ့ဝင်တွေက အားပေးထောက်ပံ့ခဲ့ကြပါတယ်။
ဥရောပအာရှဆိုင်ရာ လုံခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းကို ၂၀၀၁ ခုနှစ်က တရုတ်နဲ့ ရုရှားတို့က ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်သမ္မတနိုင်ငံ၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်ပါတယ်။
အင်္ဂါနေ့မှာ အီရန်ကလည်း ထိုအဖွဲ့ထဲဝင်ရောက်လာခဲ့ကာ ၉ နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့လက ကာလတိုပုန်ကန်မှုတစ်ခုအပြီး နိုင်ငံတကာအစည်းအဝေးတစ်ခုမှာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'ကို ပထမဆုံးပြန်လည် မြင်တွေ့ခဲ့ရပြီး ရုရှားနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုအကြောင်း SCO ခေါင်းဆောင်များကို အာမခံလိုက်ပါတယ်။
အထူးစစ်ဆင်ရေးဆင်နွှဲခဲ့တဲ့အပေါ် ရုရှားကို အနောက်တိုင်းမှ ဖိအားတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ရန်လိုမှုတွေကို ရုရှားက ကြံ့ကြံ့ခံသွားမှာဖြစ်ကြောင်း အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ကို ရင်ဆိုင်တဲ့နေရာမှာ တရုတ်၊ အိန္ဒိယ၊ အီရန်တို့ကို ရုရှားက အဓိကမိတ်ဖက်နိုင်င့များအဖြစ် ရှုမြင်ထားပါတယ်။
တရုတ်သမ္မတ'ရှီကျင့်ဖင်'က အပြန်အလှန်ဖလှယ်မှုများ အားကောင်းစေရန်၊ ဘုံလုံခြုံရေး အာမခံရန်၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ယုံကြည်မှုမြှင့်တင်ရန် တောင်းဆိုလိုက်ပါတယ်။
ဂျီ၂၀-ထိပ်သီးအစည်းအဝေးကို အိန္ဒိယက လက်ခံကျင်းပမှာဖြစ်ရာ စက်တင်ဘာလအတွင်း ပူတင်ရော ရှီကျင့်ဖင်ပါ နယူးဒေလီကို ရောက်လာရန်မျှော်မှန်းရပြီး ဘိုင်ဒင်နဲ့ အခြားအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များလည်း တက်ရောက်ဖွယ်ရှိပါတယ်။
Source: Reuters #World_Politics #ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တိုးချဲ့ခြင်း
#Yangon_Time #YMG
#Local_News
Published-5 July 2023
ပဲခူးတိုင်းမှ ပရဟိတကျောင်းတွင် ခေါက်ဆွဲကြော်စားသုံးမှ ခလေးငယ် (၁၂၀) ကျော် အစာအဆိပ်သင့်မှု ဇူလိုင်လ ၄ရက်ကဖြစ်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။
ဖြစ်စဥ်မှာ ပဲခူးမြို့နယ်အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာ(၅၃/၅) အနီးရှိ မေတ္တာကမ်းလက် ပရဟိတမိဘမဲ့ခလေးများစောင့်ရှောက်ရေးကျောင်းမှ ကလေးငယ် (၁၂၀) ကျော် ပဲခူး ခေါက်ဆွဲကြော်စားသုံးရာမှ အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူနေကြကြောင်း ကူညီဆောင်ရွက်ပေးနေသူထံကသိရသည်။
ကလေးငယ်များအားလုံး အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်းနှင့်ကျန်းမာရေးကောင်းမွန်သူအချို့ ဇူလိုင်လ ၅ရက်တွင် ဆေးရုံမှဆင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဖြစ်ခဲ့မှုကြောင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်အတူပရဟိတအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေကြကြောင်းလည်း သိရသည်။



Photo-Tin Swe Myint #Local_News #ခလေးငယ်(၁၂၀)ကျော် အစာဆိပ်သင့်၍ဆေးရုံပို့ခဲ့
#Yangon-Times/BM
#World_Health
Published 5 July 2023
ယူကေဆရာဝန်တစ်ဦးက ကျွန်ုပ်တို့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အိမ်သာတက်ခြင်း အလေ့အထတွေအကြောင်း အံ့အားသင့်ဖွယ်ရာတစ်ခုကို ဖော်ပြလိုက်ပါတယ်။
ထိုအကြောင်းနဲ့ ပတ်သက်ပြီး လူအများ အာရုံစိုက်လာကြကာ ကြည့်ရှုသူပေါင်းများစွာက အဆိုပါအကြံဉာဏ်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ခွဲစိတ်ဆရာဝန်ဒေါက်တာ'ကာရန်ရာဂျန်'က သူ့ရဲ့နောက်ဆုံးဗီဒီယိုထဲမှာ ဝမ်းချုပ်ခြင်း၊ သွေးယိုခြင်းတို့မဖြစ်စေရန်နဲ့ အူလမ်းကြောင်းရွေ့လျားမှု လွယ်ကူချောမွေ့စေရန် အိမ်သာထဲမှာ ထိုင်တဲ့ပုံစံအမှန်ကို ဖော်ပြသွားပါတယ်။
စွန့်ပစ်အလေးကို ခြေထောက်ကြားအောက်ပုံစံ ထိုင်ခြင်းဖြင့် စအိုဝထိန်းချုပ်တဲ့ ကြွက်သားကို ပြေလျော့စေပြီး ချောမွေ့လွယ်ကူစွာ စွန့်ထုတ်နိုင်မှာဖြစ်တယ်လို့ အကြံပြုလိုက်ပါတယ်။
ဒေါက်တာရာဂျန်က တစ်တော့ပေါ်မှာ ဖော်လိုဝါ ၅ သန်းကျော်ရှိနေပြီး ဆေးပညာပိုင်းဆိုင်ရာ အကြောင်းအရာအမျိုးမျိုးကို ကျွမ်းကျင်စွာဖော်ပြနေတာကြောင့် အင်တာနက်ပေါ်မှာ လူအများစိတ်ဝင်စားလာကြပါတယ်။
ပေတံမပါဘဲ ကျားအင်္ဂါတိုင်းတာခြင်းကစလို့ အစာအိမ်ထဲ လေရှိနေခြင်းရဲ့ အန္တရာယ်များအကြောင်းတွေကိုပါ ဒေါက်တာက မျှဝေဖော်ပြခဲ့ဖူးပါတယ်။
အခုနောက်ဆုံးဗီဒီယိုကတော့ လူအများအာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့အကြံပြုချက်က ဒီလိုထိုင်ခြင်းပုံစံမျိုးအကြောင်း အလေးပေးဖော်ပြနေတဲ့ အစာအိမ်နှင့်အူလမ်းကြောင်း ပညာရှင်များရဲ့ အကြံပြုချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။
Source: The Jerusalem Post #World_Health #အိမ်သာတက်စဉ်ပြုမူသင့်သည့်ထိုင်ပုံထိုင်နည်းအမှန်
#Yangon_Time #YMG
#World_Science
Published 5 July 2023
မားစ်လေ့လာရေးယာဉ် Perseverance ဖြင့် ဂြိုဟ်နီမျက်နှာပြင်ပေါ်မှာ ထူးဆန်းတဲ့ ဒိုးနပ်ပုံသဏ္ဍာန် ကျောက်တုံးပုံရိပ်ကို ဖမ်းယူရရှိခဲ့ပါတယ်။
၂၀၂၀ ဇူလိုင်လက စတင်လွှတ်တင်ခဲ့တဲ့ Perseverance ယာဉ်ဟာ ဂျဲဇီရိုတောင်ပေါက်ဝထိပ် ၂၈ မိုင်ပတ်လည်အကျယ်နေရာမှာ စူးစမ်းလေ့လာနေတာဖြစ်ပြီး ရှေးဟောင်းသက်ရှိလက္ခဏာတွေကို ရှာဖွေနေတာဖြစ်ပါတယ်။
မြေကြီးနဲ့ ကျောက်တုံးအပဲ့အစနမူနာတွေကို ယာဉ်ဖြင့်ကောက်ယူစုဆောင်းခဲ့ပြီး အနာဂတ်မှာ မားစ်ဂြိုဟ်မစ်ရှင်အတွက် အသုံးပြုနိုင်ရန် ကမ္ဘာမြေသို့ ပို့ဆောင်ခဲ့ပါတယ်။
မားစ်ဂြိုလ်မျက်နှာပြင်ပေါ်က ဒိုးနပ်ပုံစံကျောက်တုံးကို ဂျဇီရိုမီးတောင်ထိပ်ဝမှ ၁၀၀ မီတာအကွာမှာ ယာဉ်မှာပါရှိတဲ့ ကင်မရာတစ်ခုဖြင့် ရိုက်ကူးခဲ့တာဖြစ်ပြီး ဂြိုလ်ရဲ့မျက်နှာပြင်အကြောင်း သိပ္ပံပညာရှင်များ နားလည်လာစေရန် အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုပုံရိပ်ကိုကြည့်ပြီး အင်တာနက်သုံးစွဲသူများ အံ့ဩသွားရကာ အချို့က ဒါဟာ ဂြိုလ်သားတွေသုံးတဲ့ အိမ်သာ ဒါမှမဟုတ် ဥတစ်မျိုးမျိုးဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ ပိုပြီးသင့်လျော်တဲ့ ဖြေရှင်းချက်မျိုးထုတ်နိုင်အောင် ကြိုးစားနေကာ ဒါဟာ ကောင်းကင်ကနေ မားစ်ပေါ်ကိုကျလာတဲ့ ဥက္ကာခဲဖြစ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။
ဒီပုံကို Perseverance ယာဉ်က ဇွန်လ ၂၃ ရက်နေ့မှာ ရိုက်ယူခဲ့တာဖြစ်ပြီး SETI မှ တွစ်တာပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။
ဒီကျောက်တုံးဟာ အခြားအစိတ်အပိုင်းငယ်တွေနဲ့အတူ ကျလာတဲ့ ဥက္ကာခဲကြီးဖြစ်နိုင်တယ်လို့ SETI က ဖော်ပြထားကာ တွစ်တာအသုံးပြုသူ အများအပြားကတော့ အခြားအရာတွေလို့ ယူဆနေကြပါတယ်။
မားစ်ပေါ်မှာ ဥက္ကာခဲတွေကို ပုံမှန်မြင်တွေ့နေရတာကြောင့် SETI ရှင်းပြချက်က လုံလောက်တယ်လို့ ယူဆရပါတယ်။
ဒါက ဥက္ကာခဲဆိုတာ ၁၀၀ ရာခိုင်နှုန်း မသေချာပေမယ့် ဖြစ်နိုင်ချေအတော်များကြောင်း အရီဇိုးနားပြည်နယ်တက္ကသိုလ် ကမ္ဘာမြေနှင့်အာကာသလေ့လာရေးကျောင်းမှ လက်ထောက်သုတေသီ 'ဂျင်မ်ရိုက်စ်'က ပြောပြခဲ့ပါတယ်။
ဒိုးနပ်ပုံသဏ္ဍာန် ဖြစ်နေတာကတော့ မားစ်ရဲ့လေထုသို့ ဝင်ရောက်လာစဉ် ကျောက်တုံးထဲက အားပျော့တဲ့နေရာတွေ တိုက်စားသွားတာကြောင့် ဖြစ်နိုင်တယ်လို့ SETI ဂြိုလ်သိပ္ပံပညာရှင်'ပါစ်ကယ်လီ'က ပြောကြားလိုက်ပါတယ်။
Source: WION #World_Science #ထူးခြားဆန်းကြယ်သော ဒိုးနပ်ပုံသဏ္ဍာန်ကျောက်တုံး
#Yangon_Time #YMG
Page 1109 of 1941