မိခင်ဖြစ်သူကို သမီးဖြစ်သူက သုဿန်အတွင်းလာရောက်စွန့်ပစ်မှုဖြစ်ပွား
အေးရိပ်ငြိမ်သုသာန် မြန်မာသင်္ချိုင်းနဲ့ တရုတ်သင်္ချိုင်းကြားတွင် လာရောက်စွန်ပစ်
Yangon_Time/my
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
မြွေဆိပ်ဖြေဆေး ထုတ်လုပ်ဖို မြွေပွေးနဲ့ မြွေဟောက် အကောင်ရေထောင်ချီ ဝယ်ယူမယ်
မြွေပွေး( ၁၂၀၀)ကောင်နဲ့ မြွေဟောက် (၄၀၀)ကောင်ကို ဝယ်ယူလို
Yangon_Time/my
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံးအနီးလမ်းများ ခေတ္တပိတ်ထားမည်
‘အာဇာနည်နေ့ အခမ်းအနားကျင်းပရန်ရှိ၍ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)နဲ့ အတွင်းဝန်ရုံးအနီးရှိလမ်းများ ခေတ္တပိတ်ထားရန်ရှိ’ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
Yangon_Time/tthl
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
သထုံ-ဘားအံလမ်းပိုင်းကားလေးများပေးဖြတ်နေပြီ
‘ရန်ကုန်ကနေ မြဝတီသွားမယ့်သူတွေ မော်လမြိုင်ကပတ်ပြီးတော့သွားလို့ရပါတယ်။လတ်တလောမှာ တော့ဘားအံ့-သထုံလမ်းမကြီးကို ကားလေးတွေပေးဖြတ်နေပြီလို့သိရတယ်’ လူမှုကူညီရေးအဖွဲ တာဝန်ရှိသူတစ်ဦး
Yangon_Time/tthl
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
မြန်မာနိုင်ငံ မြစ်ရေကြီးရာသီ ရောက်တော့မည်
‘ မြန်မာနိုင်ငံရေကြီးရာသီက ဇူလိုင်နဲ့ဩဂုတ်လ။ မြစ်တွေရှိတယ် ဧရာဝတီနဲ့ချင်းတွင်းပေါ့။ အပေါ်ကရေတွေ မြစ်အောက်ပိုင်းကိုစုပြီးရောက်သွားမှာဖြစ်တော့ သတိထားဖို့လိုတယ်၊၊ မြစ်ရေကြီးမယ့် စိုးရိမ်ရေအမှတ် ထုတ်ပြန်ရင်သတိထားဖို့ လိုအပ်တယ်’ဦးလှထွန်း(မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး)
Yangon_Time/tthl
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
Published_ 10 July2023
(၃၁၇) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန် တက်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် က တိုကျိုမြို့ အခြေစိုက် ကမ္ဘောဒီးယားသံရုံး၌ ပြုလုပ်ခဲ့သော တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၁၇) ကြိမ်မြောက်အစည်းအဝေးကို ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry ကကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန် က ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ်ရန်ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင် ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံအတွင်းရေးမှူးချုပ်H.E. Dr. Kao Kim Hourn နှင့် Dinner Talk ကိုလည်း ပြုလုပ်ခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ်မှ အာဆီယံဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အာဆီယံသံအမတ်ကြီးများက အာဆီယံဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times



Published_ 10 July 2023
တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်ရှိ မူကြိုကျောင်းတစ်ကျောင်းတွင် ဇူလိုင်(၁၀)ရက် တနင်္လာနေ့က လူတစ်ဦးက လူတစ်ဦးက ထိုးသတ်သဖြင့် လူ(၆)ဦးသေဆုံးခဲ့ရပြီး ထိုသံသယရှိသူကို ဖမ်းဆီးမိခဲ့ပါတယ်။
“သေဆုံးသူတွေထဲမှာ ကျောင်းဆရာတစ်ဦး၊မိဘနှစ်ဦးနှင့် ကျောင်းတက်နေတဲ့ ကလေးငယ်(၃)ဦးတို့ဖြစ် ကြပါတယ်” လို့ မြို့အစိုးရပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
ပြောရေးဆိုခွင့်ရသူက သေဆုံးသူတွေဘယ်သူတွေဆိုတာနှင့် အသက်တွေကိုရော ဘာလက်နက်သုံးတယ်ဆိုတာ ကိုရော အသေးစိတ်ထုတ်ဖော်ပြောမသွားပါဘူး။
တနင်္လာနေ့ မနက် ၇နာရီ ၄၀မိနစ်ခန့်မှာ လျန်ကျန်းခရိုင်မှာ အဆိုပါမှုခင်းဖြစ်ပွားခဲ့တာြဖစ်ပြီး မျိုးရိုးအမည် “ဝူ” ပါတဲ့ အသက် ၂၅နှစ်အရွယ်အမျိုးသာတစ်ဦးကို ရၕဲက ဖမ်းဆီးလိုက်ပါတယ်။ ဒါဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပြစ်မှု ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ရဲကပြောပါတယ်။
တိုက်ခိုက်မှုနှင့်ပတ်သက်လို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
ယခုတိုက်ခိုက်မှုဟာ တရုတ်ရဲ့ ဆိုရှယ်မီဒီယာ Weibo ဝေးဘိုမှာ ထိပ်ဆုံးဆွေးနွေးစရာ ဖြစ်နေပါတယ်။
ယနေ့ ဒေသံစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၂၀မိနစ်အထိ ကြည့်ရှုသူပေါင်း သန်း ၁၃၀ ရှိနေပါပြီ။
သေနတ်ကိုတင်းကြပ်စွာ ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံမှာ အစုလိုက်အပြုံလိုက ဓားထိုးခံရမှုတွေနှင့် ရင်ဆိုင်နေကြရပါတယ်။
သေစေလောက်တဲ့တိုက်ခိုက်မှုတွေကို ယခုနှစ်ပိုင်းများအတွင်း ကျောင်းသူ ကျောင်းသား တွေနှင့် ကျောင်းတွေကို ပစ်မှတ်ထားလာနေကြပါတယ်။
တိုက်ခိုက်မှုတွေက အာဏာပိုင်တွေအပေါ် လုံခြုံရေးတိုးမြှင့်ဖို့ နှင့် အဲဒီအကြမ်းဖက်မှုတွေရဲ့ ဇာစ်မြစ်ကို ရှာဖွေဖို့ ဖိအားတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကျန်ရှီးပြည်နယ်က မူကြိုတစ်ကျောင်းမှာ ဓားထိုးမှုဖြစ်ခဲ့လို့ လူ(၃)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၁ခုနှစ်ဧပြီလမှာ တရုတ်ပြည်တောင်ပိုင်းက မူကြိုတစ်ကျောင်းမှာလည်း လူတစ်ဦးက ဓားဖြင့် သောင်းကျန်းတဲ့အတွက ကလေးငယ် (၂)ဦးသဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက တရုတ်ပြည်တောင်ပိုင်း မူလတန်းကျောင်းတစ်ကျောင်းမှာ လူတစ်ဦးက ဓားဖြင့် တိုက်ခိုက်လို့ ကျောင်းသူကျောင်းသား (၃၇)ဦးနှင့် လူကြီး(၂)ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ အနောက်တောင်ပိုင်းက ယူနန်ပြညနယ်ရှိ မူကြိုတစ်ကျောင်းရဲ့ နံရံကို လူတစ်ဦးက ခုန်တက်ပြီး ပျက်စီးစေတဲ့ အရည်တွေနှင့် ပက်တဲ့အတွက် လူ ၅၁ ဦးဒဏ်ရာရခဲ့ပါတယ်။
အများစုဟာ ကျောင်းသူ ကျောင်းသားတွေဖြစ်ကြပါတယ်။
တစ်နှစ်တည်းမှာပဲ ဟိုပေပြည်နယ်မှာ အသက် ၄၀အရွယ်လူတစ်ဦးက ကျောင်းနှင့်ဆက်နွယ်တဲ့ ရာဇဝတ်မှု ကျူးလွန်လို့ ကျောင်းသူကျောင်းသား (၈)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာတွေရရှိခဲ့ပါတယ်။
၂၀၁၈ခုနှစ် ဧပြီလတုန်းက ရှန်ရှီးပြည်နယ်မှာ အသက် ၂၈နှစ်အရွယ် အမျိုးသားတစ်ဦးက ကျောင်းပြင်ပမှာ ကောလိပ်ကျောင်းသူကျောင်းသား (၉)ဦးကိုသတ်ခဲ့ပြီး (၁၂)ဦး ဒဏ်ရာတွေရရှိစေခဲ့ပါတယ်။
အဲဒီကျောင်းက ကျောင်းသားတစ်ဦးက အနှောက်အယှက်ပေးလို့ သူက ကလဲ့စားချေတာလို့ သူကနောက်ပိုင်းမှာပြောပါတယ်။
Source Channel News Asia
#YMG #Yangon_Times
Published_ 10 July 2023
တရုတ်နိုင်ငံတစ်ဝှမ်းရှိ အသက် ၇ နှစ်မှ ၁၅ နှစ်ထိ မူလတန်း-အလယ်တန်း ကျောင်းများမှ ကျောင်းသားငယ်များ လာရောက်လေ့လာသည့် ယဉ်ကျေးမှုဖလှယ်ပွဲကို ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ဇူလိုင် ၇ ရက်က ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲကို မြန်မာ-တရုတ် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင် သည့်အနေဖြင့် တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ International Cultural Exchange Programme အစီအစဉ်ဖြင့်ကျင်းပတာ ဖြစ်ပါတယ်။
မြန်မာသံအမတ်ကြီးက အခမ်းအနားဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသည့် တာဝန်ရှိသူများနှင့် ပါဝင်တက်ရောက်ပေးကြသော မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း/ရေ/လေ) မိသားစုဝင်များ ဧည့်သည်တော်များ အားလုံးကို နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် တရုတ်ကျောင်းသားကလေးငယ်များအား မြန်မာသံရုံး၏ တာဝန်ရှိသူမှ မြန်မာနိုင်ငံအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း/ရေ/လေ) မိသားစုဝင်များ၏ မြန်မာကျောင်းသားကလေးငယ်များမှလည်း မြန်မာတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါတယ်။
ထို့ပြင် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ဗဟုသုတ အမေးအဖြေများ မေးမြန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများပြုလုပ်ခဲ့ပြီး၊ မြန်မာ-တရုတ် ကျောင်းသား ကလေးငယ်များအကြား ချစ်ခင်ရင်းနှီးစွာ ယဉ်ကျေးမှုဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#YMG #Yangon_Times
Published_ 10 July 2023
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို ယနေ့ ဇူလိုင် (၁၀) ရက် ည (၇) နာရီအချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကစားရာတွင် အုပ်စု(ဂ)ပွဲစဉ်အတွက် မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
ပြီးခဲ့သော ဇူလိုင် (၈)ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းအသင်းဖြင့် ထပ်မံကစားသွားရမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းကိုထပ်မံအနိုင်ရခဲ့ပါက ဆီမီးဖိုင်နယ်ကို တက်ရောက်ရမည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စု သုံးခု ခွဲထားပြီး အုပ်စု သုံးခုမှ အုပ်စု ပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ တစ်သင်း၊ စုစုပေါင်း လေးသင်းက ဆီမီးဖိုင်နယ် အဆင့်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် (၁၃)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနှင့် အုပ်စု(ဂ) ပထမ၊ အုပ်စု(က) ပထမနှင့် အကောင်းဆုံးအုပ်စု ဒုတိယ အသင်းတို့ ကစားကြရမည်ဖြစ်သည်။
ဗိုလ်လုပွဲကို ဇူလိုင် (၁၅) ရက်နေ့၌ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
အုပ်စု မဲခွဲမှုအရ အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကစားရမည်ဖြစ်ပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
YMG/my
#YMG #Yangon_times

Published_ 10 July 2023
ကမ္ဘောဒီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ရာစုနှစ်ဝက်လောက်က အမေရိကန်မှ ပြန့်ကျဲဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ဒဏ်တွေကို ခံစားနေရဆဲဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်'ဟွန်ဆန်'က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
၁၉၇၀ အစောပိုင်းနှစ်တွေမှာ အမေရိကန်တွေကနေ ပြန့်ကျဲဗုံးများဖြင့် တိုက်ခိုက်ခံရတဲ့ နာကျင်ကြေကွဲဖွယ် အတွေ့အကြုံတွေကို ခံစားနေခဲ့ရတယ်လို့ ဟွန်ဆန်က သူ့ရဲ့တယ်လီဂရမ်ချန်နယ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။
ယခုမတိုင်ခင် ရာစုနှစ်ဝက်ကျော် ကြာတဲ့အထိ အဆိုပါဗုံးတွေအားလုံးကို ရှာဖွေဖျက်ဆီးဖို့ နည်းလမ်းမတွေ့ခဲ့ကြောင်း ဆိုပါတယ်။
ယေးလ်တက္ကသိုလ်ရဲ့ ဖော်ပြချက်အရ ၁၉၆၅ နဲ့ ၁၉၇၃ ခုနှစ်များအတွင်း အမေရိကန်ဟာ ကမ္ဘောဒီးယားမှ နေရာပေါင်း ၁၁၃,၇၁၆ နေရာမှာ ဗုံးပေါင်း ၂၃၀,၅၁၆ ခုကျဲခဲ့တယ်လို့ သိရပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခအတွင်း ယူကရိန်းအတွက် အမေရိကန်တို့က ပြန့်ကျဲဗုံးများထောက်ပံ့သွားမယ်လို့ ကြေညာပြီးနောက် ဟွန်ဆန်က အခုလိုမှာကြားလိုက်တာ ဖြစ်ပါတယ်။
ထိုဗုံးတွေအသုံးပြုခဲ့ရင် ဆယ်စုနှစ်တွေ ရာစုနှစ်တွေတိုင်အောင် ယူကရိန်းလူမျိုးတွေအတွက် အဆိုးရွားဆုံးအန္တရာယ် ဖြစ်လာလိမ့်မယ်လို့ ပြောပြခဲ့ပါတယ်။
"ကမ္ဘောဒီးယားနိုင်ငံက သေးငယ်အားနည်းပြီး ကျွန်ုပ်တို့ရဲ့အသံတွေကို အလေးမထားကြမှန်း သိပါတယ်။ ဒါပေမဲ့ ယူကရိန်းပြည်သူတွေကို သနားမိပါတယ်။
တကယ်တမ်းခံစားရမှာက ယူကရိန်းပြည်သူတွေသာဖြစ်ပြီး ဒီစစ်ပွဲမှာ ပြန့်ကျဲဗုံးတွေ အသုံးမပြုရန် အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ကို တောင်းဆိုလိုက်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။
Source: Khmer Times
#World_News
#YMG #Yangon_times
#World_Health
Published 10 July 2023
ကင်ဆာရောဂါနဲ့ အဝလွန်ခြင်းအကြောင်း ဆရာဝန်တွေ သတိပေးလာတာ နှစ်တွေကြာမြင့်နေပြီ ဖြစ်ပါတယ်။
အဝလွန်ခြင်းကြောင့် ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့အပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ချေများစေပါတယ်။
အဝလွန်ခြင်းကြောင့် အရင်က ကင်ဆာ ၁၃ မျိုးဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် အခုတော့ ၁၈ မျိုးအထိ ရှိလာပါတယ်။
သုတေသီတွေက စပိန် ကာတာလိုနီယာမှ လူပေါင်း ၂.၆ သန်းကျော်ကို လေ့လာခဲ့ရာ ၂၀၀၉ ခုနှစ်က အသက် ၄၀ အထက်လူကြီးတွေမှာ ကင်ဆာမရှိခဲ့ကြပါဘူး။
ဒါပေမဲ့ ၂၀၁၈ မှာတော့ လူပေါင်း ၂၂၅,၀၀၀ ဦး ကင်ဆာဖြစ်ပွားခဲ့ပါတယ်။
BMI ၂၅ နဲ့အထက် ရှိသူတွေကို အဝလွန်တယ်လို့ သတ်မှတ်ကာ ကင်ဆာအမျိုးအစား ၁၈ မျိုး ဖြစ်နိုင်ချေများကြောင်း Nature Communition ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အချိန်ကြာမြင့်စွာ အဝလွန်နေသူတွေမှာလည်း ကင်ဆာဖြစ်နိုင်ချေများပါတယ်။
ငယ်ရွယ်စဉ်တည်းက ဝတဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုပြီးတော့တောင် များနေပါသေးတယ်။
ငယ်ငယ်လေးနဲ့ ဝတဲ့သူတွေမှာ မှတ်ဉာဏ်စွမ်းဆောင်ရည်၊ ဦးနှောက်တည်ဆောက်ပုံတို့နဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းကြောင့် အရင်ကတွေ့ရှိထားတဲ့ ကင်ဆာ ၁၃ မျိုးထဲမှာ အစာရေမျို၊ ရင်သား၊ အူမကြီးနဲ့ အူသိမ်၊ သားအိမ်၊ သည်းေခြအိတ်၊ အစာအိမ်၊ ကျောက်ကပ်၊ အသည်း၊ သားဥအိမ်၊ ပန်ကရိယ၊ သိုင်းရွိုက်၊ ဦးနှောက်အမြှေးပါးတို့ ပါဝင်နေပါတယ်။
ကင်ဆာကာကွယ်ဖို့အတွက် ကိုယ်အလေးချိန်ထိန်းခြင်းက အရေးပါနေပြီး အသက်အရွယ် အစောပိုင်းထိန်းသိမ်းခြင်းက အဓိကကျနေပါတယ်။
Source: NY Post
#Yangon_Times
#World_Science
Published 10 July 2023
လူသားတွေမှာ ကွာရှင်းခြင်းဖြစ်စဉ်က တွေ့နေကျဖြစ်ပေမယ့် ငှက်တွေမှာလည်း ကွာရှင်းခြင်းဖြစ်ကြလေ့ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒါပေမဲ့ လူသားတွေမှာလို စိတ်ခံစားချက်တွေကြောင့် ကွာရှင်းတာမျိုးမဟုတ်ပါဘူး။
ငှက် ၉၀ ရာခိုင်နှုန်းလောက်က မိတ်လိုက်ရာသီတစ်ခုမှာ မိတ်ဖက်တစ်ကောင်တည်း ထားကြပေမယ့် အချို့ငှက်တွေကတော့ လက်ရှိမိတ်ဖက်ကို ကွာရှင်းကာ လာမယ့်မိတ်လိုက်ရာသီတွေအတွက် မိတ်ဖက်အသစ် ရှာဖွေကြပါတယ်။
တရုတ်နဲ့ ဂျာမနီတို့မှ သုတေသီအဖွဲ့က ငှက်တွေမှာ ကွာရှင်းခြင်းကိုဖြစ်စေတဲ့ အဓိကအချက် ၂ ခုကို တွေ့ရှိခဲ့ရာ ငှက်ထီးများအကျင့်ပျက်ခြင်းနဲ့ အလွန်ဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းတို့ ဖြစ်ပါတယ်။
စင်ရော်၊ ပျံလွှားတို့လို ငှက်တွေက ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်ခြင်းနှုန်း မြင့်မားနေပြီး ငန်း၊ ဘဲငန်းတို့လို ငှက်တွေကတော့ ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်မှုနှုန်း နည်းပါးတာကို တွေ့ရပါတယ်။
အထီးအကျင့်ပျက်မှုမြင့်မားခြင်းက ကွာရှင်းမှုနှုန်းမြင့်မားတာနဲ့ ဆက်စပ်နေပြီး ငှက်မအကျင့်ပျက်မှုကတော့ ဒီလိုမျိုး မဖြစ်စေပါဘူး။
ပိုမိုဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း ကွာရှင်းမှုနှုန်း မြင့်မားစေနိုင်ပါတယ်။
မိတ်လိုက်နေရာသို့ အချိန်အခါ မတူဘဲရောက်ရှိခြင်းကြောင့် စောစီးစွာရောက်တဲ့ ငှက်တွေက အခြားငှက်တွေနဲ့ မိတ်လိုက်ကြကာ ကွာရှင်းရခြင်း ဖြစ်လာစေပါတယ်။
ပြောင်းရွှေ့လာတဲ့ငှက်တွေ မတူညီတဲ့ မျိုးပွားနေရာတွေကို ရောက်ရှိကာ ကွဲကွာပြီးနောက် မရည်ရွယ်ဘဲ ကွာရှင်းရတာမျိုးလည်း ရှိကြပါတယ်။
ကွာရှင်းခြင်းကြောင့် မျိုးပွားနေရာရောက်တဲ့အခါ မိတ်ဖက်ဟောင်းကို စောင့်နေစရာမလိုဘဲ စောစောမိတ်လိုက်လို့ရတဲ့ အကျိုးကျေးဇူးတော့ရှိပါတယ်။
ရာသီဥတုပြောင်းလဲမှုကလည်း ငှက်များပြောင်းရွှေ့နေထိုင်တဲ့အပေါ် ကွဲပြားမှုတွေဖြစ်စေကာ ငှက်မျိုးစိတ်တွေမှာ ကွာရှင်းမှုနှုန်းမြင့်မားစေနိုင်ပါတယ်။
Source: WION
#Yangon_Times
Page 1104 of 1941