#Local_News
Published_ 12 April 2023
နေပြည်တော်သင်္ကြန်တွင် ဇုန် ၄ဇုန် ခွဲပြီး ကျင်းပပေးမှာဖြစ်ပြီး မြန်မာမှု မပျောက်စေဖို့နဲ့ နိုင်ငံတကာအဆင့်မှီဖို့ ရည်ရွယ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News #နေပြည်တော် #လမ်းလျှောက်သင်္ကြန် #ဝင်ကြေးသတ်မှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာ ဗိုလ်တထောင်စေတီတော်မှာ နှစ်သစ်ကူးအခမ်းအနားနဲ့စတုဒိသာအလှူတွေလှူဒါန်းသွားဖိုရှိတယ်လို ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲထံမှသိရပါတယ်၊၊
#Local_News #သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့#ဗိုလ်တထောင်စေတီ #စတုဒိသာအလှူများလှူဒါန် #YMG #Yangon_Media_Group
#Daily_News
Published_ 12 April 2023
၁။သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တွင် ဗိုလ်တထောင်စေတီ၌ နှစ်သစ်ကူးအခမ်းအနားနှင့် စတုဒိသာအလှူများလှူဒါန်းမည်
၂။နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝင်ကြေးသတ်မှတ်၍ ကျင်းပပေးမည်
၃။ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကိုဝင်တိုက်၊ ကားမောင်းသူ သေဆုံး
၄။အမေရိကန်သမ္မတ ဘိုင်ဒင်က အိုင်ယာလန်နိုင်ငံရှိ ဇာတိမြေ ဘော်လီနာမြို့ကို သွားရောက်လည်ပတ်မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 12 April 2023
လတ်တလောမှာ အပူဒဏ်ကြောင့် ကလေးငယ်တွေ ဖျားနာတာနဲ့ သက်ကြီးရွယ်အိုတွေသတိလစ်တာတွေ ရှိလာပြီဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲတွေထံမှ သိရပါတယ်။
#Local_News #အပူဒဏ် #ကလေးငယ်များဖျားနာခြင်း #သက်ကြီးရွယ်အိုများသတိလစ်ခြင်း
#YMG #Yangon_Media_Group
#World_News
Published_ 12 April 2023
မကြာသေးမီက ဆိုရှယ်မီဒီယာတွေမှာ ပေါက်ကြားလာတဲ့ ပင်တဂွန်အချက်အလက်တွေအရ ရုရှား-ယူကရိန်းပဋိပက္ခမှာ အမေရိကန်က အတော်လေးပါဝင်ပတ်သက်နေတာကို တွေ့မြင်ခဲ့ရတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
အမေရိကန်၊ နေတိုး(NATO) ထိပ်သီးစစ်ရေးအချက်အလက်များပါတဲ့ စခရင်ရှော့ပုံတွေမှာ ယူကရိန်းစစ်တပ်အင်အားနဲ့ လက်နက်ဖွဲ့စည်းပုံအချက်အလက်များ ပါဝင်နေပါတယ်။
နှစ်ဖက်စလုံးမှ အသေအပျောက်စာရင်းအချက်အလက်တွေ စစ်မြေပြင်မြေပုံတွေပါဝင်ကာ အချို့အချက်အလက်တွေက ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားပါတယ်။
ဆောင်းရာသီမှာ အကြီးတန်းစစ်အရာရှိများအတွက် ပြင်ဆင်ပုံများပါဝင်ပေမယ့် လိုအပ်တဲ့လုံခြုံရေးရှင်းလင်းမှုများနဲ့အတူ အမေရိကန်ဝန်ထမ်းများနဲ့ စာချုပ်များလည်း သိရှိနိုင်သေးကြောင်း ဝါရှင်တန်ပို့စ်မှာ စနေနေ့က ဖော်ပြထားပါတယ်။
ပေါက်ကြားမှုက စစ်မှန်ကြောင်းထင်ရပေမယ့် စခရင်ရှော့ပုံကြောင့် အတည်ပြုဖို့ခက်ခဲနေကြောင်း နယူးအမေရိကန်လုံခြုံရေးစင်တာမှ ဂျက်ခ်မစ်ဂျ်လီက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ကဲ့သို့ ထိပ်တန်းစစ်ဘက်ဝန်ထမ်းတွေနဲ့ အသုံးပြုနိုင်မယ့်အကျဉ်းချုပ်စာတမ်းများ ဖြစ်ဟန်ရှိပါတယ်။
အချက်အလက်တွေကို စစ်ဆေးကြည့်ရုံနဲ့ ပြောလို့မရနိုင်ကြောင်း မစ်ဂျ်လီက ရှင်းပြပါတယ်။
တကယ်သာဆိုရင် စစ်ပွဲမှာ အမေရိကန်ရဲ့ပါဝင်ပတ်သက်မှုအတိုင်းအတာ၊ လေ့ကျင့်ရေး၊ ယူကရိန်းတပ်များပြင်ဆင်မှုတွေအကြောင်း တွေ့နိုင်မှာဖြစ်ပါတယ်။
မဟာဗျူဟာအတိုင်ပင်ခံရဲ့အဆိုအရ ထိုအချက်အလက်တွေထဲမှာ ယူကရိန်းစစ်မြေပြင်ပေါ် အမေရိကန်ရဲ့လုပ်ဆောင်မှုအသေးစိတ်ကို ဖော်ပြထားပါတယ်။
ဥပမာအားဖြင့် ယူကရိန်းမြေပြင်မှာ အမေရိကန်အထူးစစ်ဆင်ရေးတပ်သားတွေ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။
ယူကရိန်းမှာ အမေရိကန်အစိုးရတပ်သားရာနဲ့ချီရှိတာတွေ၊ ၂၄ နာရီအတွင်း အမေရိကန်မှ တိုက်ခိုက်ရေးလေယာဉ် ၇၂ စင်းပျံသန်းတာတွေ ပါဝင်နေပါတယ်။
ပေါက်ကြားမှုများကြောင့် ယူကရိန်းရှိ နေတိုးစစ်ဆင်ရေးအဖြစ်မှန်တွေနဲ့ တရားဝင်အကောင့်များကြား ကွဲလွဲနေတာကို မြင်တွေ့နိုင်ပါတယ်။
ဒါတွေဟာ အတော်ကို ထဲထဲဝင်ဝင်ပတ်သက်နေပြီး နေတိုးလိုအဖွဲ့အစည်းက ဆောင်ရွက်နေတာမဟုတ်ဘဲ အမေရိကန်မှ ဆောင်ရွက်နေတာဖြစ်ကာ ဒါတွေပေါက်ကြားအောင် လုပ်တဲ့လူက ဒီရည်ရွယ်ချက်ရှိမယ်လို့ ယူဆနေပါတယ်။
#YMG
#World_News #အမေရိကန်စစ်ရေးထိပ်သီးအချက်အလက် #ယူကရိန်းပဋိပက္ခ
#Yangon_Media_Group
Published 12 April 2023
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် XBB1.16 ကြောင့် ပြီးခဲ့တဲ့ရက်များအတွင်း ကိုဗစ်ကူးစက်ခံရသူတွေ ရုတ်တရက် များပြားလာနေပါတယ်။ မြင့်တက်မှုတွေဟာ ဧပြီ ၁၂ရက် ယနေ့အထိဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး တစ်ရက်တည်းကို ကူးစက်ခံရသူပေါင်း ၇၈၃၀ ဦးရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာ ၁ရက်က တစ်ရက် တည်းကူးစက်ခံရသူ ၇၉၄၆ ဦးရှိခဲ့တဲ့အတွက် ယခုမြင့်တက်မှုဟာ ရက်ပေါင်း ၂၂၃ ရက်အတွင်း အမြင့်မား ဆုံးဖြစ်နေပါတယ်။
“XBB 1.16 ဟာ ကလေးငယ်တွေနှင့်လူကြီးတွေအကြား ကူးစက်မှုမြင့်မားနေရခြင်းရဲ့ အရင်းခံအကြောင်းရင်းဖြစ်တယ်။ ဒီ မျိုးကွဲဟာ ခုခံအားစနစ်ကို လွတ်မြောက်နိုင်ပြီး အဲဒီစနစ်ထဲထိုးဖောက်နိုင်တယ်။ အရင် ကိုဗစ်လှိုင်းတွေတုန်းက ကူးစက်ခံ ရသူတွေ၊ ကာကွယ်ဆေးထိုးနှံပြီးသား ဆယ်ကျော်သက်တွေနှင့် လူကြီးတွေလည်း ကူးစက်ခံရနိုင်တယ်” လို့ ဆာဂင်္ဂါရမ် ဆေးရုံရဲ့ ဝါရင့် ကလေးအထူးကုဆရာဝန် ဒေါက်တာဒီရင်ဂူပတာက ပြောပါတယ်။
XBB 1.16 ဟာ ကူးစက်မှုအလွန်မြင့်မားပြီး အရင်မျိုးကွဲတွေထက်တောင် ပြင်းထန်တယ်လို့လည်း သူကပြောပါတယ်။
Source WION
#အိန္ဒိယကိုဗစ်ကူးစက်မှုမြင့်တက်လာနေ
#XBB 1.16
#YangonMediaGroup
#World_Health
Published_ 2 April 2023
အလွန်သေးငယ်တဲ့ဘက်ထရီဖြင့် ရင်သားကင်ဆာဖြစ်နေတဲ့ကြွက်တွေကို ၂ ပတ်အတွင်းကုသပေးနိုင်ခဲ့ကာ လူနာတွေအတွက် မျှော်လင့်ချက်ဖြစ်လာစေပါတယ်။
ထိုပစ္စည်းက ဆားရည်ထဲ လျှပ်စီးပတ်လမ်းငယ်ဖန်တီးပြီး အောက်ဆီဂျင်နှစ်ထားတဲ့ အကျိတ်တစ်ရှူးနားတဝိုက်မှာ ထိုးသွင်းလိုက်တာဖြစ်ပါတယ်။
ဘက်ထရီက သူ့အလိုလိုအားသွင်းနိုင်ပြီး နာရီ ၅၀၀ အထိ ခံနိုင်ရည်ရှိကြောင်း သုတေသီများက ဆိုပါတယ်။
ထိုနည်းလမ်းက ကင်ဆာဆဲလ်တွေမှာ အောက်ဆီဂျင်ပြတ်လပ်ခြင်းကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။
ဒါ့အပြင် အောက်ဆီဂျင်ကျသွားတဲ့ဆဲလ်တွေထဲ ထိုးသွင်းလိုက်တဲ့အထူးဆေးတွေရဲ့ ထိရောက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။
"၁၄ ရက်ကြာပြီးနောက် ဘက်ထရီအသုံးပြုပြီး ဆေးကုသမှုခံယူခဲ့တဲ့ ကြွက် ၅ ကောင်ရဲ့အကျိတ်တွေက ၉၀ ရာခိုင်နှုန်းလောက်လျော့ကျခဲ့ပြီး ၄ ကောင်ကတော့ အကျိတ်ပျောက်ကင်းသွားပါတယ်" လို့ ရှန်ဟိုင်း ဖူဒန်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဖန်ကျန်'က ပြောပြခဲ့ပါတယ်။
အသုံးပြုတဲ့ဆေးတွေကတော့ HAP လို့ခေါ်တဲ့ ဆေးတွေဖြစ်ပါတယ်။
သူတို့ရဲ့ထိရောက်မှုကို လုံလုံလောက်လောက် သက်သေမပြနိုင်သေးတာကြောင့် ဆေးဘက်ဆိုင်ရာမှာ အသုံးပြုခွင့်မပေးသေးပါဘူး။
ဘက်ထရီက အကျိတ်ကိုဖုံးကွယ်ပေးပြီး အတွင်းရှိအောက်ဆီဂျင်ကို ၁၄ ရက်ကျော်ကြာအောင် အဆက်မပြတ်သုံးစွဲပါတယ်။
ဒါပေမဲ့ အကျိတ်ထဲမှာ အောက်ဆီဂျင်ပြတ်လပ်ပါက ကင်ဆာပျံ့ပွားခြင်းကို များပြားစေနိုင်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ရန်ဒယ်လ်ဂျွန်ဆန်'က ဆိုပါတယ်။
လူတွေမှာ အဆိုပါဘက်ထရီဖြင့်ကုသမယ်ဆိုရင်တော့ ကုန်ကျစရိတ်တွေနဲ့ ထိရောက်မှုကို အရင်တိုင်းတာသင့်ပါတယ်။
ယူကေမှာ ရင်သားကင်ဆာကြောင့် နှစ်စဉ်နှစ်တိုင်းလူပေါင်း ၁၁,၅၀၀ ခန့်သေဆုံးထားပါတယ်။
Source: The Sun
#World_Health #ရင်သားကင်ဆာ #သုတေသီများ #ကြွက်များကိုအချိန်(၂)ပတ်အတွင်းကုသ
#YMG #Yangon_Media_Group
#World_Health
Published_12 April 2023
မိခင်ဖြစ်လာတော့မယ့် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ဂရုတစိုက်စားသုံးဖို့ အလွန်အရေးကြီးပါတယ်။
ကလေးတွေ ကျန်းမာသန်စွမ်းစွာ ဖွံ့ဖြိုးလာစေရန်အတွက် သင့်တင့်မျှတတဲ့အစားအစာအာဟာရ ရရှိဖို့အာရုံစိုက်သင့်ပါတယ်။
နွေရာသီမှာ အထူးသဖြင့် သတိထားစားသုံးသင့်ပြီး ထိုရာသီအတွင်း စားသောက်ချင်စိတ်နည်းပါးကာ ရေဓာတ်ခန်းခြောက်မှု ပိုဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်း စားသုံးသင့်တဲ့ အရေးကြီးအစားအစာတွေကတော့..
(၁) ဟင်းသီးဟင်းရွက်
ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့မှာ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ကယ်လ်စီယမ်တို့ကြွယ်ဝပါတယ်။
သံဓာတ်က သွေးနီဥထုတ်လုပ်ရာမှာ အရေးပါပြီး ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
(၂) အသီးအနှံ
လိမ္မော်သီး၊ ဘယ်ရီသီးများ၊ ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီးတို့မှာ ဗိုက်တာမင်၊ သတ္တုဓာတ်၊ ဗိုက်တာမင်-စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တို့ပါဝင်ပါတယ်။
ဗိုက်တာမင်စီက သံဓာတ်ကိုစုပ်ယူကာ ကိုယ်ခံအားကိုထောက်ပံ့ပေးပြီး ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးပါတယ်။
(၃) ပရိုတိန်း
ကြက်သား၊ ငါး၊ ကြက်ဆင်၊ တိုဖူးတို့မှာ ပရိုတိန်းများပါဝင်ပြီး သံဓာတ်၊ ဇင့်၊ ဗိုက်တာမင်-ဘီ၁၂ တို့ ပံ့ပိုးပေးပါတယ်။
သံဓာတ်က သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေးပါပြီး ဗိုက်တာမင်-ဘီ၁၂ က သန္ဓေသားဦးနှောက်နဲ့ အာရုံကြောစနစ်အတွက် အရေးကြီးပါတယ်။
(၄) ဂျုံနှင့်စပါး
ဆန်ညို၊ ဂျုံပေါင်မုန့် စတာတွေမှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးကာ စွမ်းအင်ပေးစွမ်းနိုင်ပါတယ်။
အမျှင်ဓာတ်က ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး အစာချေခြင်းကို ကူညီပေးပါတယ်။
(၅) မြေပဲနှင့်အစေ့အဆန်များ
ဗာဒံစေ့၊ သစ်ကြားသီး၊ ချီယာစေ့၊ လျှော်စေ့တို့လို အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ ပရိုတိန်း၊ အာဟာရဓာတ်များပါဝင်ပါတယ်။
ဗိုက်တာမင်-အီးက သန္ဓေသားဆဲလ်ကြီးထွားခြင်းအတွက် အရေးပါပြီး မဂ္ဂနီဆီယမ်က သွေးပေါင်ချိန်ထိန်းသိမ်းပေးကာ ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပါတယ်။
Source: The Jerusalem Post
#World_Health #ကိုယ်ဝန်ဆောင် #အရေးကြီးအစားအစာ(၅)မျိုး
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁ဝ) ရက် ညနေပိုင်းက YBS ယာဉ်ကို တားနေစဉ် တိုက်မိပြီး ကားဘီးဖြင့် ကြိတ်မိမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ အေးရိပ်မွန်လူမှုကူညီရေးအသင်းမှသိရသည်။
လှိုင်မြို့နယ်၊ ဗဟိုလမ်းမ၊ မြတ်လေးရုံလမ်းထိပ်မှာ ဧပြီ၁၀ရက်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကအဆိုပါ ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
“ကားစီးမလို့တားရင်းအတိုက်ခံရတာ ၊ ဒါဏ်ရာတွေနဲ့ ပွဲချင်းပီးသေသွားတာ”လို့ အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်မိသည့်ယာဉ်မှာ YBS 22 ခရီးသည်တင်ယာဉ်ဖြစ်ပြီးတော့ သေဆုံးအမျိုးသားကိုရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ မိသားစုနှင့် ဆက်သွယ်ပေးထားကြောင်း သိရသည်။
ymg/ppk
#Local_News #လှိုင်မြို့နယ် #YBS၂၂ယာဉ် #တားစီးစဉ်တိုက်မိ
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
လားရှိုးလေယာဉ်ကွင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသမှ အဓိကကျသည့် လေယာဉ်ကွင်း တစ်ခုဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧပြီလ ၁၁ ရက်က ပြောကြားလိုက်သည်။
လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ယင်းကျောင်းဆောင်တော်အထွတ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီးနောက် အဆင့်မြှင့်နေသည့် လာရှိုးလေယာဉ်ကွင်းသို့ သွားရောက်ကြည့်ရှုစဉ် အထင်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယင်းကြောင့် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရှိ လေကြောင်းလိုင်းများ ပြေးဆွဲမှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ လက်ရှိအဆင့်မြှင့်တင်ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ထားသည့် ကာလများအလိုက် လျာထားလုပ်ငန်းများ ပြီးစီးရန် လုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #မြန်မာ-တရုတ်ကုန်သွယ်မှု #လားရှိုးလေယာဉ်ကွင်း
#YMG #Yangon_Media_Group
Published 11 April 2023
ရှမ်းပြည်နယ်တွင် ရှိခဲ့သည့် စော်ဘွားများ၏ သမိုင်းကိုလည်း ဖော်ထုတ်ထိန်းသိမ်းသင့်သည်ဟု ယူဆသည့်အတွက် ဒေသတွင်းရှိ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုဖြစ်သည် ဟော်နန်း ကို ရှေးမူမပျက်စေဘဲ မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ပေးခြင်းဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို အသစ်ပြန်လည်တည်ဆောက်ပြီးစီး၍ သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်အဖြစ်ဖွင့်လှစ်သည့် အခမ်းအနားတွင်ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ် သိန္နီမြို့တွင် ဧပြီ(၁၁)ရက်နံနက်ပိုင်းကအဆိုပါ သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ကမ္ပည်းမော်ကွန်းကို ဗိုလ်ချုပ်မှူးကြီးက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
အတိတ်သမိုင်းက မြောက်သိန္နီစော်ဘွားကြီး အဆက်ဆက်၏ စည်းရုံး ဦးဆောင်မှုဖြင့် နယ်သူနယ်သားများ၊ ဒေသခံ တိုင်းရင်းသားများသည် စည်းလုံးညီညွတ်စွာနှင့်နိုင်ငံတော်ကာကွယ်ရေး၊ နယ်ချဲ့ကျူးကျော်စစ် ခုခံတွန်းလှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေးများကို ခေတ်အဆက်ဆက် ပါဝင်ဆင်နွှဲခဲ့ကြပါကြောင်း၊ ယင်းကို အသိအမှတ်ပြုသောအားဖြင့် သိန္နီနယ်၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်းဖြစ်၊ သမိုင်းဝင် အဆောက်အဦ တစ်ခုလည်းဖြစ်သည့် သိန္နီဟော်နန်းကြီးကို ဒေသခံပြည်သူများ၏ဆန္ဒနှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်မှ ရှေးမူမပျက် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူမိတယ်လို့လည်း နစက ဥက္ကဋ္ဌက အခမ်းအနားမှာပြောကြားခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာ်ဖော်ပြထားပါတယ်။


အလားတူ မိုင်းပွန်ဟော်နန်းကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းထားပြီး ကျိုင်းတုံဟော်နန်းကြီးကိုလည်း ပုံစံတူပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။
သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရသကဲ့သို့ အတိတ်သမိုင်းကို သင်ခန်းစာရယူပြီး ပိုမိုကောင်းမွန်သည့် ခေတ်စနစ်မျိုးကို လျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း၊ သမိုင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။
အဲဒီနောက် သိန္နီဟော်နန်း ပြည်လည်တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒေသခံ ဦးစိုင်းမျိုးညွန့်က သိန္နီမြို့ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်းအနေဖြင့် ဒေသတွင်းရှိ ရဟန်းရှင်လူ ပြည်သူအပေါင်း၏ ဆန္ဒကိုခံယူပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗုံးဒဏ်ကြောင့် မီးလောင်မြေခခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦ တစ်ခုဖြစ်သော စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းအား ရှေးမူရင်းလက်ရာမပျက်အသစ်တစ်ဖန်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တပ်မတော်ကို တင်ပြအကူအညီတောင်းခံခဲ့ကြောင်း၊ ယခုဟော်နန်းကြီး၏ မူလအလှူရှင်ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ ယခုဟော်နန်းကြီးကို ကူညီတည်ဆောက်ပေးခဲ့သည့်အတွက် ဒေသခံ ပြည်သူလူထု အားလုံးကိုယ်စား အထူးကျေးဇူးတင်ဝမ်းမြောက်တယ်လို့ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ သိန္နီဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင်ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ် တည်ဆောက်
ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းသားအစစ်များဖြင့် မန္တလေးနန်းတော်ပုံစံအတိုင်းဆောက်လုပ်ထားပြီး အဆောက်အဦကြီး တစ်ခုထဲတွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားသောအဆောက်အဦများစွာ ပါဝင်သည့် ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင်ညီလာခံခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်း ပါရှိကြောင်း၊ စော်ဘွားကြီးသည် နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခွင်လုံးကို ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ခုနှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီးအပိုင်သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည်သိန်းနီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကြဲဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပြီး သမိုင်းတွင်ထင်ရှားခဲ့သည့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ကြောင်းသိရှိရပါတယ်။
အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အဦသစ်ကို မူလအဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လှစ်ပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။
#ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်
#YangonMediaGroup



#Local_News
Published_ 11 April 2023
သင်္ကြန်ကာလအတွင်း YBS ယာဉ်အစီးရေ ငါးထောင်ကျော် ပြေးဆွဲပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #YBS ယာဉ် #ငါးထောင်ကျော်ပြေးဆွဲ #YRTCထုတ်ပြန်
#YMG #Yangon_Media_Group
Page 1101 of 1816