Published_13 July 2023
လူသားတွေထက် များစွာသေးငယ်တဲ့ ပျားလေးတွေဟာ သူတို့အတွက် အရေးကြီးတဲ့အရာတွေကို ရွေးချယ်တဲ့အခါ လူသားတွေထက် ပိုမိုလျင်မြန်သာလွန်စွာ ပြုလုပ်နိုင်စွမ်းရှိပါတယ်။
အံ့အားစရာကောင်းတာက နှမ်းစေ့ထက်ပင် သေးငယ်တဲ့ ပျားတွေရဲ့ဦးနှောက်တွေဟာ ဆုံးဖြတ်ချက်ချရာမှာ လူသားတွေထက် ပိုမိုမြန်ဆန်ကာ ပိုမိုတိကျမှုရှိနေကြောင်း မကြာသေးမီက လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
ပျားရည်ထုတ်ပျားတွေက သူတို့ပျားအုံအတွက် အစာရှာရာမှာ ကြိုးပမ်းအားထုတ်မှု၊ စွန့်စားရမှု၊ အကျိုးရလဒ်များကို ကောင်းမွန်ထိရောက်စွာ အသုံးချနိုင်ရန် နှစ်သန်းပေါင်းချီပြီး ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။
တိရိစ္ဆာန်တွေက သူတို့ဘဝနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ အဆက်မပြတ်ရင်ဆိုင်နေရတာကို ဖော်ပြကာ ဆုံးဖြတ်ချက်ချခြင်း အရေးကြီးပုံကို မက်ကွာရီတက္ကသိုလ်မှ ပရော်ဖက်ဆာ'အန်ဒရူဘာရွန်'က ဖော်ပြသွားပါတယ်။
ပျားတစ်ကောင်ရဲ့ လုပ်ငန်းတာဝန်တွေအတိုင်း စက်ရုပ်တစ်ခုကို လုပ်ခိုင်းမယ်ဆိုပါက စူပါကွန်ပျူတာရဲ့စွမ်းရည်မျိုး လိုအပ်လောက်တယ်လို့ ဆိုပါတယ်။
ပျားတွေဟာ ဝတ်ရည်စုဆောင်းခြင်း၊ ရန်သူများထံမှ ကာကွယ်ခြင်းတို့ကို ထိရောက်မြန်ဆန်စွာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရသလို ဘယ်ပန်းတွေက အစာပါဝင်နိုင်သလဲဆိုတာကိုလည်း ဆုံးဖြတ်ရပါသေးတယ်။
လေထဲပျံနေတဲ့အချိန်မှာ လေထဲကတိုက်ခိုက်မှုတွေ အဓိကကြုံနိုင်သလို စားသောက်ဖို့ ရပ်နားလိုက်ရင်လည်း ပန်းတွေလို သရုပ်ဖျက်ဟန်ဆောင်ထားတဲ့ သတ္တဝါတွေနဲ့ တွေ့နိုင်ပါတယ်။
စမ်းသပ်ချက်အရ ပန်းတစ်ပွင့်က အစာရှိလား မရှိဘူးလားဆိုတာ ဆုံးဖြတ်ချက်ချဖို့ ၀.၆ စက္ကန့်သာကြာပြီး လျင်မြန်စွာ ဆုံးဖြတ်နိုင်ကြောင်း ဒေါက်တာ'မာဘူဒီ'က ရှင်းပြခဲ့ပါတယ်။
မသေချာဘူးဆိုရင်တော့ ၁.၄ စက္ကန့်လောက်ကြာမြင့်တတ်ပါတယ်။
သုတေသီတွေက ပျားတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ဆောင်ချက်များအပေါ် အခြေခံကာ ကွန်ပျူတာပုံစံတစ်ခုထုတ်လုပ်ခဲ့ပါတယ်။
ကွန်ပျူတာမော်ဒယ်တည်ဆောက်ပုံက ပျားဦးနှောက်ပုံသဏ္ဍာန်နဲ့ အတော်လေးဆင်တူပါတယ်။
Source: WION.
#World_Science
#YMG #Yangon_Times
Published_ 13July 2023
တစ်ကိုယ်ရည်အာသာဖြေခြင်းက လူသားများအပါအဝင် မျောက်မျိုးနွယ်အားလုံးမှာ အသက်ရှင်ဖွံ့ဖြိုးစေရန် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပြီး မျိုးစိတ်များဆင့်ကဲပြောင်းလဲလာစေရန် ကူညီပေးနိုင်ကြောင်း ဗြိတိန်လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
တစ်ကိုယ်ရည်အာသာဖြေခြင်း အလေ့အကျင့်ဟာ သတ္တဝါလောကအနှံ့ မြင်တွေ့နေကျအရာဖြစ်ပြီး လူသားတွေမှာ အများဆုံးတွေ့ရပါတယ်။
လေ့လာမှုနောက်ကွယ်မှ သုတေသီများဟာ လူသားမျိုးနွယ်ဆင့်ကဲဖြစ်စဉ် သမိုင်းတလျှောက် လူသားများ မျောက်များ မျောက်ဝံများ နောက်ဆုံးဘိုးဘေးများမှာ တွေ့နေနိုင်တယ်လို့ ယုံကြည်ရပါတယ်။
အာသာဖြေခြင်းက တိရိစ္ဆာန်များ အထူးသဖြင့် မျောက်ထီးတွေမှာ မျိုးပွားမှုအောင်မြင်စေရန် အထောက်အကူဖြစ်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီများ မှတ်ချက်ပြုထားတဲ့အတိုင်း သုတ်လွှတ်ခြင်းမရှိဘဲ တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ လိင်စိတ်နိုးကြားမှုကို အမှန်တကယ် တိုးပွားစေပါတယ်။
ဒီလိုပြုလုပ်ခြင်းက မိတ်လိုက်စဉ် လိင်စိတ်ကျဆင်းမသွားစေရန်နဲ့ လျင်မြန်စွာပြီးဆုံးနိုင်စေရန် အသုံးဝင်တဲ့နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
အာသာဖြေခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုက အရည်အသွေးနိမ့်သုတ်ပိုးများကို စွန့်ထုတ်ပေးပြီး မိတ်လိုက်ရန် အရည်အသွေးအမြင့်မားဆုံး လတ်ဆတ်တဲ့သုတ်ပိုးတွေသာ ကျန်ရှိစေပါတယ်။
ဆီးလမ်းကြောင်း သန့်ရှင်းစေပြီး ကျန်းမာရေးထိန်းသိမ်းပေးကာ လိင်မှတဆင့်ကူးစက်တဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။
အမများအာသာဖြေခြင်းနဲ့ ပတ်သက်ပြီးတော့ အထောက်အထားကတော့ မရှိသေးဘဲ နောက်ထပ်အချက်အလက်တွေ လိုအပ်နေပါသေးတယ်။
အာသာဖြေခြင်းအကျိုးကျေးဇူးများအကြောင်း သုတေသနလုပ်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။
ယခင်လေ့လာမှုများအရ စိတ်ဖိစီးမှုပြေလျော့စေခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ ဆက်ဆံရေးကျေနပ်ခြင်းများ ရရှိစေကြောင်း တွေ့ရှိထားပါတယ်။
၂၀၁၆ လေ့လာချက်မှာ အာသာဖြေခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျှော့ချနိုင်ကြောင်း ဖော်ပြထားပါတယ်။
တစ်ကိုယ်ရည်အာသာဖြေခြင်းက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အပြုအမူတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြနေပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
ဘရူနိုင်းနှင့်တရုတ်တောင်ဘက်ကမ်းရိုးတန်းဆိပ်ကမ်းတို့ကြား ချိတ်ဆက်ထားသော ကွန်တိန်နာသင်္ဘောလမ်းကြောင်းကြီး ဖွင့်လှစ်ပြေးဆွဲ
ဘရူနိုင်းဟာ သူတိုရဲ့တစ်ခုတည်းသော ရေနက်ပိုင်းဆိပ်ကမ်းနဲ့ ကွမ်ရှီရွှောင်ဒေသတောင်ဘက်ကမ်းရိုးတန်းရှိ အဓိကတရုတ်ဆိပ်ကမ်းကြားက ကွန်တိန်နာသင်္ဘောလမ်းကြောင်းကို စနေနေ့က ဖွင့်လှစ်ခဲ့ပြီး ဘရူနိုင်းနဲ့တရုတ်နိုင်ငံကြား ပထမဆုံးလမ်းကြောင်း ဖြစ်လာပါတယ်။
#Asia_Development
#Published_ 12 July 2023
#YMG #Yangon_Times
#Daily_News
Published_ 12 July 2023
၁။ မှိုပေါသည့်မိုးရာသီတွင် အဆိပ်ရှိမှိုစားမိ၍ ဆေးရုံရောက်သူများရှိနေ
၂။ ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့တွင် ရွှေဘုန်းပွင့်စေတီ၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ပြုလုပ်မည်
၃။ မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အတွင်း မီးနှစ်ကြိမ် ဆက်တိုက်လောင်ကျွမ်းမှုဖြစ်ပွား
၄။ ဘရူနိုင်းနှင့်တရုတ်တောင်ဘက် ကမ်းရိုးတန်းဆိပ်ကမ်းတို့ကြား ချိတ်ဆက်ထားသော ကွန်တိန်နာသင်္ဘောလမ်းကြောင်းကြီး ဖွင့်လှစ်ပြေးဆွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ရခိုင်ဉီးဆောင်ပါတီအနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ရုံးခွဲတွေဖွင့်လှစ်သွားဖို စီစဉ်နေတယ်လို့ ပါတီ ဉက္ကဌ ဒေါက်တာအေးမောင်က Yangon Times ကို ပြောပါတယ်။
Yangon_Time/my
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ယာဉ်မတော်တဆမှုကျဆင်းရန် ယာဉ်အသုံးပြုသူများက အဓိကကျနေ
ယခုနှစ် ပထမ ၆ လ ပတ်အတွင်း အမြန်လမ်းပေါ်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅၃ ဦး ရှိခဲ့
Yangon_Times/BM
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
မိုးရာသီတွင် အဆိပ်ရှိမှို မစားမိအောင် သတိပြုရန်လို
‘မှိုပွင့်အောက်မှာ အခွက်တွေပါရှိတာ၊ မှိုအရောင်အဆင်းတောက်တောက်ပပရှိတာတွေက အဆိပ်ရှိ မှိုတွေဖြစ်၊ မှိုအဆိပ်သင့်ရင် မိနစ်၂၀ မှ ၄၀အတွင်း မူးဝေအော့အန်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းလျှောတာနဲ့ ပြင်းထန်ပါက အသက်ဆုံးရှုးနိုင်တယ်’ ဒေါက်တာနန္ဒဝင်း၊( မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Yangon_Time/tthl
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အတွင်း မီးနှစ်ကြိမ်ဆက်တိုက် လောင်ကျွမ်းမှုဖြစ်ပွား
တောင်အင်းမြောက်အင်းအမှိုက်ပုံ မီးလောင်ကျွမ်းနေတာကြောင့် တိုင်းမီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် ၁၅ စီး၊ ဘတ်ဟိုးနှစ်စီးနဲ့ မီးငြိမ်းသတ်ခဲ့ရ
Yangon_Time/my
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ရွှေဘုန်းပွင့်စေတီတော်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲပြုလုပ်မည်
‘ကျောင်းတိုက်(၆)တိုက်မှ သံဃာတော် ၃၀ပါးကျော်ကို ဝါဆိုသင်္ကန်းတွေဆက်ကပ်ဖိုရှိပါတယ်။ ဝါဆိုသင်္ကန်းတစ်စုံကို ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါတယ်” (ရွှေဘုန်းပွင့်စေတီတော်ဂေါပကအဖွဲမှတာဝန်ရှိသူ)
Yangon_Time/tthl
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
Published_ 12 July 2023
ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး နယ်စပ်ဂိတ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၌ ပဲ/နှမ်း တင်ပို့ရောင်းချခြင်းအပါအဝင် အခြားပို့ကုန်တင်ပို့ ရောင်းချ ခြင်းကိစ္စရပ်များကို မြန်မာသံအမတ်ကြီးနှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင် ၁၁ ရက်၌ ကူမင်းမြို့ရှိ ယူနန်ကျန်းကျွမ်းဧည့်ဂေဟာရှိ ကျင်းကွေ့ဧည့်ခန်းမတွင် ယူနန်ပြည်နယ် အစိုးရ၏ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ဟောက် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပတ်သက် သည့် ကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများ၏ အကျိုးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
ဆက်လက်၍ ပိုမိုထိရောက်စွာ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို နှစ်နိုင်ငံပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာသံအမတ်ကြီးနှင့်အတူ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ ယူနန်ပြည်နယ် အစိုးရမှ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောညစာဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သတင်းရရှိပါတယ်။
Yangon_Times/mnn
#Local_News
#YMG #Yangon_Times
ဇူလိုင်-၁၂၊၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်နှင့်သူ မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြောကြားခဲ့တယ်လို့ တိုကျိုသတင်းဌာနက သတင်းရေးသားပါတယ်။
အကျပ်အတည်းအဆုံးသတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုတွေပြန်လည်စတင်ဖို့ တောင်းဆိုခဲ့တယ်လို့ ဒွန်ကပြောကြောင်း ချယ်နယ်နယူးအေးရှားရဲ့ သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။
“ သူမဟာ တွေ့ဆုံဆွေးနွေးမှုကိုတိုက်တွန်းအားပေးခဲ့တယ်” လို့ ဒွန်ကပြောပါတယ်။
“ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့တယ်” လို့လည်း ဒွန်ကပြောတယ်လို့ ချယ်နယ်နယူးအေးရှားက သတင်းဖော်ပြပါတယ်။
နေပြည်တော်က အာဏာပိုင်တွေနှင့် စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့အတွက် သူက အကြံပေးခဲ့တယ်လို့လည်း ဒွန်က ပြောတဲ့အကြောင်း ချယ်နယ်နယူးအေးရှားသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရာ ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန် က ပြောတဲ့အကြောင်း အာဆီယံ သံတမန် သတင်းအရင်းအမြစ်ကို ကိုးကားပြီး တိုကျိုသတင်းဌာနက သတင်းဖော်ပြထားပါတယ်။
ဒါဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်နိုင်ငံခြားရေးအရာရှိကြီးတစ်ဦးတို့ ပထမဆုံးတွေ့ဆုံတာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။
ဂျာကာတာမြို့တော်မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ နှစ်ရက်တာအစည်းအဝေးတစ်ခု အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့တာကို အကျဉ်းချုပ်တင်ပြခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးတွေ့ဆုံတာ (၂)နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဒွန်ကပြောပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်တစ်ခုအတွင်းတွေ့ဆုံခဲ့ပုံရတယ်လို့ တိုကျိုက သတင်းရေးသားပါတယ်။
Source kyodonews/ChannelNewsAsia/AFP
Published_12 July 2023
ယူကရိန်းနိုင်ငံအနေဖြင့် အနာဂတ်တစ်ချိန်ချိန်မှာ နေတိုး(NATO)စစ်ရေးမဟာမိတ်အဖွဲ့ထဲ ပါဝင်သင့်တယ်လို့ နေတိုးခေါင်းဆောင်များက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပေမယ့် ယူကရိန်းကို ချက်ချင်းဖိတ်ကြားခြင်း မပြုသေးတဲ့အတွက် သမ္မတ'ဇယ်လန်စကီ' အမျက်ထွက်စရာ ဖြစ်နေရပါတယ်။
ယူကရိန်းကို ကျူးကျော်ဝင်ရောက်နေတဲ့ ရုရှားတပ်တွေကို ယူကရိန်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်ရာမှာ အသာရဖို့ရုန်းကန်နေရချိန် နေတိုးခေါင်းဆောင်တွေက လစ်သူရေးနီးယားမြို့တော်ဗီလ်နီယပ်စ်မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။
ယူကရိန်းရဲ့အနာဂတ်က နေတိုးထဲဝင်ရောက်ရန်ဖြစ်ကြောင်း ခေါင်းဆောင်များ ကြေညာခဲ့ကြပေမယ့် အချိန်အခါကိုတော့ မပြောကြားသွားပါဘူး။
မဟာမိတ်နိုင်ငံတွေ သဘောတူညီပြီး အခြေအနေအကြောင်းတရားတွေ ကိုက်ညီတဲ့အခါ ယူကရိန်းထံ ဖိတ်ကြားသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် ယူကရိန်းကိုက်ညီရမယ့် အခြေအနေတွေကို အတိအကျ မပြောသွားပါဘူး။
နေတိုးက ယူကရိန်းကို အဖွဲ့ထဲဝင်ရောက်နိုင်ရေးအတွက် လိုအပ်ချက်တစ်ခုကို ဖယ်ရှားလိုက်ကာ အဖွဲ့ဝင်ဖြစ်မြောက်ရေးအတွက် အဟန့်အတားကို ထိရောက်စွာ ဖယ်ရှားခဲ့ပါတယ်။
ကြေညာချက်မထုတ်ပြန်ခင်ကပင် ဇယ်လန်စကီက နေတိုးခေါင်းဆောင်များကို ဝေဖန်ထားပါတယ်။
အဖွဲ့ဝင်ဖြစ်ခွင့်အတွက်ရော ဖိတ်ကြားချက်အတွက်ရော အချိန်ကာလ မသတ်မှတ်ထားဘူးဆိုရင် ဒါဟာ အဓိပ္ပာယ်မဲ့တယ်လို့ ဇယ်လန်စကီက ဗီလ်နီယပ်စ်သို့ မရောက်မီမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့က ဗီလ်နီယပ်စ်ရှိ စုဝေးပွဲတစ်ခုမှာပြောကြားရာမှာ နေတိုးသို့ဝင်ရောက်ရန် ဖိတ်ကြားခြင်းမခံရတဲ့အတွက် စိတ်ပျက်မိကြောင်း ဇယ်လန်စကီက ပြောကြားခဲ့ပါတယ်။
"နေတိုးက ယူကရိန်းကို ဘေးကင်းစေမှာဖြစ်သလို ယူကရိန်းကြောင့် နေတိုးအင်အားကြီးထွားလာပါမယ်။
ယနေ့ဒီနေရာကို ရောက်နေတာဟာ နေတိုးနဲ့ မိတ်ဖက်တွေကို ယုံကြည်လို့ ရောက်လာတာပါ" လို့ ပြောကြားသွားပါတယ်။
အရှေ့ဥရောပရှိ နေတိုးအဖွဲ့ဝင်တွေက ယူကရိန်းရဲ့တောင်းဆိုမှုကို ထောက်ခံခဲ့ကာ ယူကရိန်းကို နေတိုးလုံခြုံရေးအောက် ခေါ်ဆောင်ခြင်းဖြင့် ရုရှားတို့ ထပ်မံမတိုက်ခိုက်စေရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ထောက်ပြနေကြပါတယ်။
အမေရိကန်နဲ့ ဂျာမနီတို့လို နိုင်ငံတွေကတော့ နေတိုးနဲ့ရုရှား ထိပ်တိုက်တွေ့ဆုံလာမှာကို အထူးသတိထားနေကြပါတယ်။
နေတိုးရဲ့ကြေညာချက်ထဲမှာ ယူကရိန်းအစိုးရနဲ့ ပြည်သူတွေ သူတို့တိုင်းပြည်၊ သူတို့အကျိုးစီးပွားတွေကို ကာကွယ်ရေးအတွက် အခိုင်အမာစည်းလုံးညီညွတ်သွားဖို့ ထပ်လောင်းပြောကြားလိုကြောင်း ဖော်ပြထားပါတယ်။
Source: CNA
#World_News
#YMG #Yangon_Times
Page 1101 of 1941