Published_ 12 july 2023
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်းကို ပြည်နယ်အဆင့်အားကစားပွဲများကျင်းပနိုင် သည့် မိုးလုံလေလုံအားကစားရုံ၊ ခေတ်မီပြေးလမ်းနှင့်ပွဲကြည့်စင်ပါ အားကစားကွင်းနှင့် အဆင့်မီရေကူးကန်တို့ တည်ဆောက်နိုင်ရေး နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်က စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒီသာများ ချက်ပြုတ်နေမှုများအား သွားရောက်ကြည့်ရှုသည့် ခရီးစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ခရီးစဉ်အတွင်း နစက ဥက္ကဌ နှင့် ဇနီး၊ အဖွဲ့ဝင်များအနေဖြင့် စစ်တွေမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရခိုင် ရှေးဟောင်းမြို့တော်များပြခန်း၊ ရခိုင်စာပေကဏ္ဍပြခန်း၊ ရခိုင်ရှေးဟောင်း ဒင်္ဂါး များပြခန်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများပြခန်း၊ ရခိုင်ဓလေ့ထုံးစံများ ပြခန်း၊ ရခိုင် ပြည်နယ်နှင့် ဗုဒ္ဓယဉ်ကျေးမှုပြခန်း၊ ရိုးရာ ကျင်အားကစားပြခန်း တို့အတွင်းလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times




Published_ 12 July 2023
စနစ်ဟောင်းဖြင့် တက္ကသိုလ်ဝင်တန်းမဖြေဖြစ်သူများနှင့် စနစ်ဟောင်းGrade11ကျရှုံးခဲ့သူများအနေဖြင့် စနစ်သစ် ဒွါဒဿမတန်း Grade12 စာမေးပွဲတွင် ပြင်ပဖြေအနေဖြင့် ဖြေဆိုနိုင်သည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှသိရသည်။
စနစ်ဟောင်းနဝမတန်း( Grade 10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းဒဿမတန်း Grade11ကိုမတက်ရောက်ဖြစ်သူများအနေဖြင့် ဒွါဒဿမတန်း Grade12 စာမေးပွဲတွင် ပြင်ပဖြေအနေဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။
‘စနစ်ဟောင်းမှာ ကျရှုံးခဲ့တဲ့သူတွေလည်း စနစ်သစ်မှာပြင်ပဖြေဖြေခွင့်ရတယ်ဆိုရတယ်ဆိုတာအခုမှသိရတာပါ။
စနစ်ဟောင်းစနစ်ဟောင်းဒဿမတန်း Grade11နဲ့ စနစ်သစ် ဒွါဒဿမတန်းGrade12ကတော့ သင်ရိုးတွေကွာခြားတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ဒွါဒဿမတန်းGrade12သင်ရိုးကို ပြန်သင်ယူပြီးတော့ဖြေဆိုရမှာြဖစ်ပါတယ်’အထက်တန်းပြဆရာမတစ်ဦးမှပြောသည်၊၊
၂၀၂၃ခုနှစ်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သူ ၁၆၁၈၅၀ဦးရှိခဲ့ပြီး အောင်မြင်သူ၁၀၉၈၅၁ဦးရှိကာ ကျရှုုံးသူ ၅သောင်းကျော်ရှိခဲ့ကာကျရှုံးသူများအနေဖြင့် ၂၀၂၄ခုနှစ်စနစ်သစ် ဒွါဒဿမတန်းGrade12စာမေးပွဲတွင် ပြင်ပဖြေ အနေဖြင့်ပြန်ဖြေဆိုခွင့် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
Yangon-Times/tthl
#Local_News
#YMG #Yangon_Times
Published_ 12 July 2023
ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းအစိုင်အခဲအူတိုင်ဟာ အလုံးစုံအစိုင်အခဲကြီးပဲ ဖြစ်မနေနိုင်ကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
ယေဘုယျထင်ထားသလို မဟုတ်ဘဲ အူတိုင်ကြီးဟာ အစိုင်အခဲနဲ့ အလယ်ဗဟိုသို့ စီးဆင်းနေတဲ့အရည်များ ပေါင်းစပ်နေတာ ဖြစ်ပါတယ်။
ဂြိုလ်အတိမ်အနက်မှ ကမ္ဘာမြေမျက်နှာပြင်သို့ ပြန်တက်လာတဲ့ ငလျင်လှိုင်းများရဲ့ ပဲ့တင်သံကို အခြေခံပြီး သုတေသနအသစ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
အတွင်းအူတိုင်ဟာ အရင်နားလည်ထားတာထက် ပိုမိုကွဲပြားနေတယ်လို့ တွေ့ရှိလာတာဖြစ်ပါတယ်။
တွေ့ရှိချက်များအရ အူတိုင်အပြင်အရည်က အစိုင်အခဲပြောင်းလာကာ အတွင်းအူတိုင်က နှစ်စဉ် ၁ မီလီမီတာခန့်တိုးမြင့်နေပြီး ကမ္ဘာ့သမိုင်းကြောင်းအစောပိုင်းကထက် လျင်မြန်စွာ ပြောင်းလဲလာကြောင်း တွေ့ရှိထားပါတယ်။
အူတိုင်အစိုင်အခဲအတွင်း သံရည်များ စုပိတ်နေနိုင်ကြောင်း၊ အရင်က အတွင်းအူတိုင်က လျင်မြန်စွာကြီးထွားနေကြောင်း၊ မျှခြေရောက်ပြီး ဖြည်းဖြည်းချင်းသာ ကြီးထွားနေကြောင်း၊ သံအားလုံးက အစိုင်အခဲဖြစ်လာတာမဟုတ်ဘဲ အချို့သံရည်တွေက အတွင်းမှာ ပိတ်မိနေနိုင်ကြောင်း အူတာတက္ကသိုလ်မှ ငလျင်ပညာရှင်'ကိသ်ကိုပါ'က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
"အတွင်းအူတိုင်ကနေ ပြန်ထွက်လာတဲ့ အဆိုပါအချက်ပြမှုက အလွန်သေးငယ်ပြီး နာနိုမီတာခန့်သာရှိပါတယ်။ အခုလုပ်နေတာတွေက ကောက်ရိုးပုံထဲ အပ်ရှာသလိုဖြစ်နေပါတယ်။ ဒီပဲ့တင်သံတွေနဲ့ ရောင်ပြန်ဟပ်မှုတွေက မြင်ရခက်စေပါတယ်" လို့ ကိုပါက ပြောပြပါတယ်။
ကမ္ဘာ့အတွင်းအူတိုင်က ချောမွေ့စွာ အစိုင်အခဲဖြစ်လာတာ မဟုတ်ဘဲ အသွင်အပြင်အမျိုးမျိုးဖြင့် ပြုလုပ်ထားပါတယ်။
အတွင်းအူတိုင်အနှံ့မှာ မညီမျှမှုတွေကို ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း ကော်နယ်လ်တက္ကသိုလ်မှ ဂွမ်နင်ပန်က ပြောပြပါတယ်။
ငလျင်ကြောတွေက ပိုမိုနက်ရှိုင်းပြီး အတွင်းပိုင်းကိုဖောက်ထွင်းလာကြောင်း၊ အချိန်ကြာလာတာနဲ့အမျှ အစိုင်အခဲပြောင်းလာတဲ့နှုန်းနဲ့ ဆက်စပ်နေကြောင်း ကိုပါက ပြောပြခဲ့ပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times
Published_ 12 July 2023
ရန်ကုန်တိုင်းတွင် ပထမ၆လတာအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၄၉၈ဦးရှိ၍ သေဆုံးသူ၃ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တတိယအများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတတိယအများအဖြစ်ရှိနေ၍
တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ လူဦးရေထူထပ်သည့်နေရာများတွင် သွေးလွန်ဖြစ်ပွားမှုပိသွေးလွန်ဖြစ်ပွားမှုပိုများနေကြောင်း၊ တနသ် ာရီတိုင်းသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပထမအများဆုံးဖြစ်ကြောင်း သိရသည်။
"သွေးလွန်တုပ်ကွေးရောဂါက ကာကွယ်ဆေးတိုက်တာ၊ ဆေးထိုးတာတို့နဲ့ကာကွယ်လို့မရသေးလို့ ခြင်ကိုက် မခံရအောင်ပဲနေရမှာပါ"ဟု ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခု နှစ် ပထမ ၆လတာ ကာလတူအတွင်းတစ်နိုင်ငံလုံးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၇၈၃၅ဦးရှိ၍ သေဆုံးသူ ၃၁ဦးရှိခဲ့ကြောင်းသိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီးအထူးသဖြင့် အသက် ၅နှစ်မှ ၉နှစ်အရွယ်ကလေးများတွင် အများဆုံးဖြစ်ပွားလေတုပ်ကွေးရောဂါဖြစ်ပွားသူဦးကလေးများ နေ့လည်အချိန်တွင် ခြင်ကိုက် မခံရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို လိုက်နာကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းထားသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
Published_ 12 July 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား၁၅၀ဦးကို ယနေ့စေလွှတ်ခဲ့ပြီး ယခုလဒုတိယပတ်အတွင်း မြန်မာလုပ်သားစေလွှတ်မှု ၃ကြိမ်ရှိပြီဖြစ်သည်။
ဇူလိုင်လ၄ရက်ကလည်း EPS စနစ်ဖြင့် စုစုပေါင်း (၁၅၃) ဦးကိုပထမအကြိမ်အဖြစ်လည်းကောင်း၊လည်းကောင်း၊ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regularကုန်ထုတ်လုပ်သား(၁၄၆)ဦးကိုဒုတိယအကြိမ်အနေဖြင့်လည်းကောင်း
လည်းကောင်း စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သော Regular ကုန်ထုတ်လုပ်သား ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
ဇွန်လအတွင်းကလည်း EPSစနစ်ဖြင့် မြန်မာလုပ်သား ၉၁၉ဦး စေလွှတ်ခဲ့ကြောင်း သံရုံး၏အချက်အ လက် များအရသိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
#Published_ 12 July 2023
သွားဖုံးရောဂါနဲ့ သွားဆုံးရှုံးခြင်းတို့ကြောင့် ဦးနှောက်ထဲရှိ မှတ်ဉာဏ်ပိုင်းဆိုင်ရာနဲ့ အယ်လ်ဇိုင်းမားရောဂါတို့မှာ အဓိကပတ်သက်နေတဲ့ ဟစ်ပိုကမ်းပတ်စ်နေရာမှာ ဦးနှောက်ကျုံ့သွားခြင်းမျိုးနဲ့ ဆက်စပ်နေတာကြောင့် သွားတွေကို ဂရုစိုက်ထိန်းသိမ်းတဲ့အခါ ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
သွားဖုံးရောဂါ၊ သွားဆုံးရှုံးခြင်းတို့ကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်စေတာမဟုတ်ပေမယ့် ဆက်စပ်နေကြောင်း Neurology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
သွားနေရာတဝိုက်တစ်ရှူးများ ရောင်ရမ်းပြီး သွားဖုံးကျုံ့ကာ သွားတွေဆုံးရှုံးရတာဟာ အလွန်အဖြစ်များကြောင်း၊ ဒါကြောင့် ဒီမန်ရှာရောဂါနဲ့ ဆက်စပ်နေနိုင်ပုံကို လေ့လာသုံးသပ်ဖို့က အလွန်အရေးကြီးကြောင်း၊ ထိုဦးနှောက်နေရာက စဉ်းစားတွေးတောခြင်း၊ မှတ်ဉာဏ်ပိုင်းတို့ကို ထိန်းချုပ်ထားကာ သွားတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ နောက်ထပ်အကြောင်းအရင်း ဖြစ်လာကြောင်း ဂျပန် တိုဟိုကူတက္ကသိုလ်မှ စာတမ်းပြုစုသူ ဒေါက်တာ'ဆာတိုရှီယာမာဂူချီ'က ပြောကြားလိုက်ပါတယ်။
စမ်းသပ်မှုအစပိုင်းမှာ မှတ်ဉာဏ်ပြဿနာမရှိတဲ့ ပျမ်းမျှအသက် ၆၇ နှစ်ရှိလူပေါင်း ၁၇၂ ဦးကို လေ့လာခဲ့ပါတယ်။
စမ်းသပ်မှုအစနဲ့ နောက်ထပ် ၄ နှစ်အကြာတို့မှာ ဟစ်ပိုကမ်းပတ်စ်ထုထည် တိုင်းတာဖို့ ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊ မှတ်ဉာဏ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
သွားအရေအတွက်စစ်ဆေးခြင်း၊ သွားဖုံးရောဂါစစ်ဆေးခြင်း၊ သွားဖုံးတစ်ရှူးတိုင်းတာခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးခဲ့ပါတယ်။
သွားဖုံးရောဂါအပျော့စားရှိတဲ့သူတွေက လက်ဝဲဘက်ဟစ်ပိုကမ်းပတ်စ်နေရာမှာ ဦးနှောက်လျင်မြန်စွာကျုံ့ခြင်းနဲ့ ဆက်စပ်နေတဲ့ သွားတွေ အနည်းငယ်သာရှိပေမယ့် သွားဖုံးရောဂါပြင်းထန်သူတွေကတော့ ထိုကဲ့သို့ဆက်စပ်နေတဲ့ သွားတွေပိုများနေပါတယ်။
သွားဖုံးရောဂါအပျော့စားရှိသူတွေမှာ သွားတစ်ချောင်း ဆုံးရှုံးခြင်းကြောင့် ဦးနှောက်ကျုံ့နှုန်းက ဦးနှောက်တစ်နှစ်အိုမင်းခြင်းနဲ့ တူညီနေပါတယ်။
သွားဖုံးရောဂါပြင်းထန်သူတွေမှာတော့ သွားတစ်ချောင်းကြောင့် ဦးနှောက်ကျုံ့နှုန်းက ဦးနှောက် ၁.၃ နှစ်အိုမင်းခြင်းနဲ့ တူညီနေပါတယ်။
သွားဆရာဝန်နှင့်ပုံမှန်ပြသကာ သွားဖုံးရောဂါဆိုးရွားခြင်းကို ထိန်းသိမ်းဖို့အရေးကြီးပြီး သွားဖုံးရောဂါပြင်းထန်တဲ့ သွားတွေကို နှုတ်သင့်ရင်နှုတ်သင့်သလို သင့်လျော်တဲ့ပစ္စည်းများဖြင့် အစားထိုးသင့်ကြောင်း ယာမာဂူချီက ဆိုပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
သောကြာနေ့ကကျင်းပတဲ့ စပိန်ဆန်ဖာမင်ပွဲတော် ပထမဆုံးနွားထီးပြေးပွဲပြိုင်ပွဲမှာ လူ ၆ ဦးဒဏ်ရာရခဲ့ကြောင်း ဆေးဝန်ထမ်းများက ဆိုပါတယ်။
#World_Event
#Published_ 11 July 2023
#YMG #Yangon_Times
#Daily_News
Published_ 11 July 2023
၁။ မြောက်ဥက္ကလာဆေးရုံကြီးတွင် သွေးကင်ဆာလူနာကို ဖခင်၏ပင်မဆဲလ် (Stem cell) အသုံးပြုပြီး သွေးခြင်ဆီအစားထိုးကုသနိုင်ခဲ့
၂။ မှိုဟင်းဘုန်းပေးမိရာက မှိုဆိပ်တက်ကာဆေးဝါးကုသခံနေရသည့် မိုင်းဖုန်းဆရာတော်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် မိုင်းဖုန်းသို့ ပြန်ကြွ
၃။ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိ
၄။ စပိန်နိုင်ငံမှဆန်ဖာမင်ပွဲတော်နွားထီးပြိုင်ပွဲအတွင်း လူ(၆)ဦးဒဏ်ရာရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက သူသည် နိုင်ငံရေးမှအနားယူတော့မည်ဖြစ်ကြောင်း ဇူလိုင် ၁၁ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့ပါတယ်။သူဟာ စစ်တပ်အာဏာသိမ်းပြီး အာဏာရယူခဲ့ပြီး ၉နှစ်အကြာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူဟာ ယာယီအားဖြင့်တော့ အုပ်ချုပ်ပေးမယ်လို့လည်း ကတိပေးပြောကြားပါတယ်။
စစ်တပ်ကျောရိုးပြုထားတဲ့ ယူနိုက်တက်ထိုင်းနေရှင်းပါတီဟာ မေ ၁၄ ရက်ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀၀မှာ ၃၆ နေရာသာရရှိခဲ့ပြီးနောက် သူဒီလိုကြေညာမယ်လို့ တော်တော်များများက မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ သူဟာ နောက် အစိုးရဖွဲ့ပြီးသည်အထိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိနေဦးမှာပါ။
တပ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ဘုရင်စနစ်ကို အခိုင်အမာယုံကြည်ထားတဲ့သူဟာ ၂၀၁၉ရွေးကောက်ပွဲမှာပါလီမန်က သူ့ကိုဝန်ကြီးချုပ်အဖြစ် မရွေးခင်အထိ စစ်အစိုးရကို ဦးဆောင်ခဲ့ပါတယ်။
သူဟာ အောင်မြင်မှုများစွာရရှိခဲ့တယ်ဆိုတဲ့အချက်အပေါ် အသက် ၆၉နှစ်အရွယ် ပရာရွတ်က ငြင်းဆိုခဲ့ပါတယ်။
“ ကျွန်တော်ဟာ ဝန်ကြီးချုပ်အဖြစ်နှင့် ချစ်မြတ်နိုးရဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်၊ဘာသာနှင့် ဘုရင်စနစ်ကို ကာကွယ်ပေးခဲ့ပါတယ်။ ရလာဒ်ဟာ လက်ရှိမှာ ပြည်သူတွေအတွက် အသီးအပွင့်ဖြစ်ထွန်းနေပါပြီ” လို့ သူက ပြောပါတယ်။
“ကျွန်တော်ဟာ နိုင်ငံရဲ့ ဒေသအားလုံး တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကိုတိုးမြှင့်ဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ပြည်တွင်းနှင့် နို်ငံတကာ အတားအဆီးတော်တော်များများကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်” လို့ သူကဆက်ပြောပါတယ်။
ကိုးနှစ်တာကာလအတွင်း သူဟာ တရာရုံးအမှု၊အောက်လွှတ်တော်အယုံအကြည်မရှိအဆိုမဲခွဲမှုတွေနှင့် အတိုက်အခံတွေရဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေများစွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
ကြာသပတေးနေ့မှာ ပါလီမန်အသစ်က မသေချာမရေရာတဲ့ ရလာဒ်ထွက်နိုင်တဲ့ ဝန်ကြီးးချုပ်အသစ်ရွေးချယ်ဖို့ စီစဉ်နေစဉ်မှာ သူအနားယူမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
Source Reuters
#Thailand_Politics
#Prayuth Chan-ocha
ဒွေးကွယ်လွန်ခြင်း(၁၆)နှစ်ပြည့်နှစ်ပတ်လည်အလှူများပြုလုပ်
‘ဒွေးကွယ်လွန်တာ(၁၆)နှစ်ပြည့်နှစ်ပတ်လည်အမှတ်တရအဖြစ် ရွာလုံးကျွတ်စတုဒိတာကျွေးတာနဲ့ ကျောင်းတက်နေတဲ့ ကလေး၇၀၀ကို အာဟာရကျွေးတာတွေပြုလုပ်ခဲ့တယ်’ .......... ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)
‘သရုပ်ဆောင်ဒွေး(ကိုသားကြီး)ကွယ်လွန်သွားတာ(၁၆)နှစ်ပြည့် နှစ်ပတ်လည်ရှိပြီ၊သူ့ကိုရည်စူးပြီး အလှူတစ်ခုလုပ်သွားဖိုရှိတယ်’ ........ သရုပ်ဆောင်သုန္ဒြေဦး
‘အစ်ကို ရုပ်ရှင်ကားတွေလာရင်ခဏတစ်ဖြုတ်ရပ်ကြည့်လာနိုင်ပြီ’ ...... သရုပ်ဆောင်သားညီ
Yangon_Time/tthl
#Local_News
#Published_ 11 July 2023
#YMG #Yangon_Times
#Published_ 11 July 2023
လျှပ်စစ်သုံးမော်တော်ယာဉ်EVကား(၅၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာကြောင်းသိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသည့် MGတံဆိပ်မော်တော်ယာဉ် များဖြစ်သည်ဟုဆိုသည်။
ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာသည့်ကားအမျိုးအစားနှင့်ကားစီးရေကတော့ MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇) စီး၊ MG Marvel R အမျိုးအစား လျှပ်စစ် သုံးမော်တော် ယာဉ် (၃) စီးနှင့် MG, MG5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီး၊ စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၅၅) စီး ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်အဆိုပါကားများကို ဇူလိုင်(၁၀)ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များတင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Yangon_Time/Tthl
#Local_News
#YMG #Yangon_Times
Published_ 11 July 2023
လစဉ်မီတာခကြွေးကျန် ၄ လအထက်ရှိသည့် မီတာများကို လာမည့် စက်တင်ဘာ ၁ ရက်ကစ၍ အပြီး ဖြုတ်သိမ်းသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မီးသုံးသူများသည် သုည ယူနစ် ၆ လဆက်တိုက်ဖြစ်သည့် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသော မီတာနှင့် ဓာတ်အားခ ကြွေးကျန် ၄ လနှင့် အထက်ရှိသော မီတာများကို မီတာအပြီး ဖြုတ်သိမ်းရန်နှင့်ဓာတ်အားခကြွေးကျန် လာရောက်ပေးဆောင်ပါက အခြေခံ အဆောက်အဦကြေး ထပ်မံပေးသွင်းပြီမှသာ မီတာအသစ်ပြန်လည်တင်ဆင်ပေးဖို့ ညွှန်ကြားထားကြောင်းလည်းသိရသည်။
ထို့ကြောင့် စက် မှုလုပ်ငန်းသုံး CT မီတာ၊ တန်ဖိုးနည်းအိမ်ရာ၊ ရပ်ကွက်နဲ့ ကျေးရွာအတွင်း တပ်ဆင် သုံးစွဲထားသည့် မီတာများ၏ သုည ယူနစ် ၆ လဆက်တိုက် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသည့် မီတာနဲ့ ဓာတ်အားခကြွေးကျန် ၄ လနှင့်အထက်ရှိသည့် မီတာများကို ဩဂုတ်လကုန်နောက်ဆုံးထားပေးသွင်းရန်နှင့် ပေးဆောင်ခြင်းမရှိပါက စက်တင်ဘာ ၁ ရက်ကစ၍ မီတာအပြီး ဖြုတ်သိမ်းသွားမည်ဟု ညွှန်ကြားချက် အရသိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
Page 1102 of 1941