#Local_News
Published_ 8 July 2023
ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်များကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် ရန်ကုန်မြို့၌ဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
အဆိုပါဆွေးနွေးပွဲကို ‘ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်အား လက်တွေ့ကျင့်သုံး၍ တရုတ်-မြန်မာယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့်အပြန်အလှန် လေ့လာအတုယူမှုနက်ရှိုင်းစေခြင်း’ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၇ ရက်နေ့ကရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် သံမှူး Mr.Pan Fengက သမ္မတMr.Xi Jinpingသည် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်ကို အဆိုပြုခဲ့ပြီး နိုင်ငံအသီးသီးမှပြည်သူများစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ကြရန်၊ဘုံရန်သူ စိန်ခေါ်မှုများကိုအတူလက်တွဲရင်ဆိုင်ဖြေရှင်းရန်ဆိုသည့်အရေးကြီးလိုအပ်ချက်များအတွက် အချိန်မီ တုံ့ပြန်ခဲ့ကြောင်း၊ ၄င်းတွင်ကမ္ဘာ့ယဉ်ကျေးမှုမတူကွဲပြားမှုများကိုလေးစားရန်၊ လူသားအားလုံး၏ ဘုံတန်ဖိုးများကို ပြန့်ပွားစေရန်၊ယဉ်ကျေးမှုအမွေဆက်ခံခြင်းနှင့်ဆန်းသစ်တီထွင်ခြင်းကိုအလေးထားရန်၊နိုင်ငံအသီးသီးမှပြည်သူများ၏ အပြန်အလှန်သိရှိနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကိုတိုးမြှင့်ရန်ဆိုသည့် ကဏ္ဍလေးရပ် အဆိုပြုမှုများပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊
ရန်ကုန်တက္ကသိုလ်ဒုတိယပါမောက္ခဒေါ်ချိုချိုက သမ္မတMr.Xi Jinping ၏ ဆွေးနွေးညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်အဆိုပြုမှုကို ထောက်ခံကြောင်း၊ အဆိုပြုချက်ကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအကြားနားလည်မှုနှင့်လေးစားမှုများကို ပိုမိုနက်ရှိုင်းစေမည်ဟုယုံကြည်ကြောင်း ပြောသည်၊၊
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်းကတရုတ်နိုင်ငံ၏ အဆိုပြုချက်မှုနှင့်လမ်းညွှန်မှု အောက်၌ကပ်ရောဂါအလွန်တရုတ်-မြန်မာခရီးသွားလုပ်ငန်းကူးလူးဖလှယ်ရေးများကို အမြန်ဆုံးမျှော်လင့်ကြောင်းပြောသည်၊၊
မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဦးစိန်မော်တော်ကယဉ်ကျေးမှုအဆိုပြုချက်တွင် အဆိုပြုထားသည့်တန်းတူညီမျှမှု၊ အားလုံးပါဝင်မှုသဘောတရားနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့သည် မတူကွဲပြားသော်လည်း အကျိုးရလဒ်များတူညီကြောင်း၊ အဆိုပြုချက်ကို လက်တွေ့ကျင့်သုံးစဉ်အတွင်း တရုတ်-မြန်မာဗုဒ္ဓရေစက်နှင့်ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းအမွေဆက်ခံပြီး ပြန့်ပွားအောင်ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်၊၊
ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ဗုဒ္ဓဘာသာ၊ စာပေ၊ ပညာရေးစသည့် ကဏ္ဍများကူးလူးဖလှယ်ရေးဆိုင်ရာများ၊ အပြန်အလှန်လေ့လာအတုယူမှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ဘက်ပေါင်းစုံမှအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
#tthl #Local_News #ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်
#Yangon_Times
#Local_News
Published- 8 July2023
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေ (၂၈)ဘီလီယံကျော်ဖြင့် ကျေးရွာပေါင်း (၉၇ဝ) ကျော်၌ ရေရရှိရေး လုပ်ငန်းပေါင်း (၁,၀၅ဝ)ကို ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွင်းတိမ်တူးခြင်း၊ တွင်းနက်တူးခြင်း၊ မြေသား ရေကန်တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ယခုနှစ် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၅၅၃ ရွာ၌ တွင်းတိမ် ရေစက်(၂) ခု၊ တွင်းနက် (၂၃၆) ခု၊ လက်တူးတွင်း (၃၉) ခု၊ မြေသား ရေကန်(၇၈)ကန်၊စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း (၉၀) ခု ၊အခြားဆက်စပ် လုပ်ငန်း (၉၆) ခု၊ စုစုပေါင်း (၅၈၁) ခုကို ကုန်ကျငွေ (၁၄) ဘီလီယံကျော်ဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကာ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းပေါင်း (၅၈၁) ခုအနက် လုပ်ငန်း(၂၁၀) ခုသာ စတင်ဆောင်ရွက်နိုင်သေးကြောင်းသိရသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကျေးလက်ရေ ရရှိရေး စီမံကိန်းများအနေဖြင့် ကျေးရွာပေါင်း (၄၂၁) ရွက်တွင် တွင်းတိမ်တူးခြင်း (၃၀) ခု၊ တွင်းနက်တူးခြင်း (၆၄) ခု၊ လက်တူးတွင်း (၂၂) ခု၊ မြေသားရေကန်တူးဖော်ခြင်း (၈၂) ကန်၊ စိမ့်စမ်းရေးသွယ်တန်းခြင်းလုပ်ငန်း (၈၈) နှင့် အခြားဆက်စပ်လုပ်ငန်း (၁၈၈) ခု ၊ စုစုပေါင်းလုပ်ငန်းပေါင်း (၄၇၄) ခုတို့ကို ကုန်ကျငွေ (၁၃) ဘီလီယံကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးတိုင်းဒေသကြီးပြည်နယ် လုပ်ငန်း ပေါင်း (ရန်ပုံငွေဖြင့်ဆောင်ရွက် မည့်(၄၇၄) ခုအနက် လုပ်ငန်းပေါင်း (၈၀) ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ပြည် ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကျေးရွာပေါင်း ၁၈၅၈ ရွာတွင် လုပ်ငန်းပေါင်း ၂၀၅၈ ခုကို ကုန်ကျငွေ ၃၉ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

#Local_News #ကျေးရွာပေါင်း (၉၇ဝ) ကျော်တွင် ရေရရှိ
#Yangon_Times/BM
ပို့ကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၄၀၇ သန်းရှိပြီး၊ သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံကျော်ရှိ
#Local_News
Published_ 8 July 2023
#ကုန်သွယ်မှုတန်ဖိုးကန်ဒေါ်လာ၁ဘီလီယံကျော်
#Ygm/my
#Yangon_Times
အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့ ပြိုင်ဘက်တိုင်းကို အလေးထားယှဉ်ပြိုင်သွားရမယ်လို့ မြန်မာအသင်းကို သတိပေးစကားဆို
#Local_News
Published_ 8 July 2023
#အမျိုးသမီးဘောလုံးအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်
#YMG/my
#Yangon_Times
‘သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး အလှူခံတဲ့နေရာမှာ လူငယ်ဟာသပညာရှင်တွေနဲ့အတူတူပါဝင်ကြိုးပမ်းခဲ့တာကြောင့်နဲ့ မိုခါရံပုံငွေပွဲမှာလည်း သက်ကြီးဟာသပညာရှင်တွေအနေနဲ့အခမဲ့ဖျော်ဖြေပေးခဲ့တာကြောင့် ဂုဏ်ပြုဆုရရှိတာဖြစ်တယ်’ ဦးပေါ်လေး(ဂုဏ်ပြုဆုရ၊သက်ကြီးဟာသပညာရှင်)
#Local_News
Published_ 8 July 2023
#ဟာသပညာရှင်(၁၀)ဦးကိုဂုဏ်ပြုဆုချီးမြှင့်
#tthl
#Yangon_Times
#Local_News
Published _8 July 2023
၅၀၅ (က)ဖြင့်အမှုဖွင့်ကာအရေးယူခံထားရသော အနုပညာရှင်များဖြစ်ကြသည့်မေပန်းချီ(ခ) မေပန်းချီစိုးနောင်၊ မေလသံစဉ်၊ မြတ်သူသူ(ခ) မိုးမိုးမြတ်ဇင်၊
ရွှေရည်သိန်းတန် နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေ တို့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်းသိရသည်။
ဇူလိုင်လ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း ယင်းအနုပညာရှင်များနှင့် နီးစပ်သူများက ဆိုသည်။
"ဟုတ်ပါတယ်ရှင့်၊ မရွှေရည်ပြန်ရောက်နေပါပြီ။ မေပန်းချီတို့၊ မေလသံစဉ်တို့ ၊ မြတ်သူသူတို့လည်း ပါဝင်တယ်လို့သိရပါတယ်"ဟု ရွှေရည်သိန်းတန်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
သရုပ်ဆောင် မေပန်းချီမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန်၊ မေလသံစဥ်တို့မှာ ပြီးခဲ့သည့် ဧပြီလအတွင်းက အဖမ်းခံခဲ့ရကာ ယခုအခါ ပြန်လည်လွတ်မြောက်လာကြခြင်းလည်း ဖြစ်သည်။
သတင်းစာဆရာ ဦးကျော်မင်းဆွေသည် ယခု ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ၎င်းအားစွဲဆိုထားသည့်အမှုကို ထောင်အတွင်း ရင်ဆိုင်နေရပြီး အမှုမပြီးပြတ်သေးမီ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။




#Yangon_Times
#World_Health
Published 9 July 2023
သင့်ရဲ့တစ်နေ့တာ စွမ်းအင်ပမာဏကို သက်ရောက်စေမယ့် အကြောင်းအရာများစွာ ရှိပါတယ်။
အိပ်ရေးပျက်ခြင်းဖြင့် မနက်ခင်းမှာ မူးဝေခြင်းဖြစ်စေနိုင်သလို အစားအသောက်၊ စိတ်ဖိစီးမှုအလွန်မြင့်မားခြင်းဖြင့်လည်း တစ်နေ့တာအတွင်း စွမ်းအင်ကျဆင်းစေပါတယ်။
ပူအိုက်တဲ့ကာလမှာဆိုရင် သတ္တုဓာတ်ပမာဏ မညီမျှခြင်းကို ဖြစ်စေနိုင်သလို ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း ခံစားရတာဟာ ခန္ဓာကိုယ်ထဲမှာ အချို့သော အာဟာရဓာတ်များ၊ သတ္တုဓာတ်များ ချို့တဲ့တာကြောင့် ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း မလုပ်တာကလည်း ဒီလိုအချိန်တွေမှာ အားအင်ကျဆင်းစေနိုင်ပါတယ်။
တစ်နေ့တာအားအင်ပမာဏ ထိန်းညှိရာမှာ အသုံးဝင်စေတဲ့ အစားအစာများကို အာဟာရပညာရှင်'လော့ဗ်နိဘာထရာ'က အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
(၁) ငှက်ပျောသီး
ဗိုက်တာမင်-ဘီ၆ ကြွယ်ဝစွာပါဝင်ကာ ကာဗိုဟိုက်ဒရိတ်တွေကို ချေဖျက်ပြီး စွမ်းအင်ထုတ်လုပ်ပေးပါတယ်။
(၂) ကွင်အာစေ့
အမျှင်ဓာတ်များပါဝင်ပြီး ခန္ဓာကိုယ်စွမ်းအင်ကို အချိန်ကြာရှည်စွာ ထိန်းသိမ်းပေးပါတယ်။
(၃) ဒိန်ချဉ်
ဒိန်ချဉ်က အစာချေခြင်း၊ အာဟာရစုပ်ယူခြင်းအပါအဝင် လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အရေးပါတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၄) ချီယာစေ့
ကာဗိုဟိုက်ဒရိတ်ပါဝင်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီနဲ့ အမျှင်ဓာတ်များ ပါဝင်တာကြောင့် စွမ်းအင်ကြာရှည်စွာ ထိန်းသိမ်းပေးပါတယ်။
(၅) အုတ်ဂျုံ
သူတို့မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး အစာချေခြင်းကို နှေးစေကာ စွမ်းအင်ကုန်ဆုံးခြင်းကို ကာကွယ်ပေးပါတယ်။
Source: India Today #World_Health #ပြန်လည်ဖြည့်တင်းပေးနိုင်မည့်အစားအစာများ
#Yangon_Time
#World_Health
Published 8 July 2023
အပြာကားနဲ့ ရုပ်ပုံစာပေတွေဟာ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့ပေမယ့် အင်တာနက် တိုးတက်လာတာနဲ့အမျှ ထိုအနုပညာကို ကြည့်ရှုသူ ပိုပြီးများပြားလာပါတယ်။
နာမည်ကြီးအပြာဝက်ဘ်ဆိုက် PornHub ဆိုရင် တစ်နှစ်ကို ဝင်ရောက်ကြည့်ရှုသူ ၃၈ ဘီလီယံရှိပြီး တစ်လကို ၃.၂ ဘီလီယံရှိပါတယ်။
XVideos ဝက်ဘ်ဆိုက်ဆိုရင် တစ်လကို ၃.၃ ဘီလီယံကြည့်ရှုနှုန်း ရှိပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေ ၈ ဘီလီယံသာရှိတာကြောင့် ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နှစ်အတွင်း ထိုဝက်ဘ်ဆိုက်တွေထဲကို ၅ ကြိမ်ခန့် ဝင်ရောက်ကြည့်ရှုတယ်လို့ ခန့်မှန်းရပါတယ်။
အပြာကားများ ကြည့်ရှုခြင်းမှ တစ်ပတ်လောက် ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ရှောင်ရန်ကြိုးပမ်းပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းရှိမရှိကို လတ်တလော လေ့လာခဲ့ကြပါတယ်။
အပြာကားကြည့်ရှုများတဲ့ ပြဿနာများ၊ စွဲလမ်းတဲ့လက္ခဏာများအကြောင်း တင်ပြကြပြီးနောက်မှာ အခုလို လေ့လာကြတာဖြစ်ပါတယ်။
ဒီလိုတွေတင်ပြကြပေမယ့် အပြာကြားပုံမှန်ကြည့်ရှုသူတွေဟာ စွဲလမ်းလာတယ်ဆိုတာကို သုတေသီတွေက လက်မခံသေးဘဲ ရှိနေဆဲဖြစ်ပြီး စွဲလမ်းခြင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖော်ထုတ်ပြသနေပါတယ်။
အရက်၊ ဆေးဝါးစွဲလမ်းသူတွေ ဖြတ်တောက်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေလိုမျိုး အပြာကားဖြတ်တဲ့လူတွေမှာလည်း ဖြစ်ပေါ်နိုင်သလားဆိုတာကို သုတေသီတွေက လေ့လာဖို့ ကြိုးစားခဲ့ကြပါတယ်။
စမ်းသပ်ခံမယ့်သူတွေကို အဖွဲ့ ၂ ဖွဲ့ခွဲကာ တစ်ဖွဲ့ကတော့ ပုံမှန်အတိုင်းဆက်လက်ကြည့်ခဲ့ကြပြီး နောက်တစ်ဖွဲ့ကတော့ တစ်ပတ်ကြာအောင် အပြာကားမကြည့်ဘဲ နေခိုင်းခဲ့ပါတယ်။
စမ်းသပ်ကာလအတွင်း အပြာကားတစ်ပတ်မကြည့်သူတွေထဲက ၅၄.၆၅ ရာခိုင်နှုန်းက အပြာကားလုံးဝမကြည့်ခဲ့ကြကာ ၄၅.၃၅ ရာခိုင်နှုန်းကတော့ အနည်းဆုံးတစ်ခါ ကြည့်ခဲ့ပါတယ်။
စမ်းသပ်ခံသူများကိုယ်တိုင် အစီရင်ခံထားတဲ့ အချက်အလက်များကို ယခင်လေ့လာမှုများကနေ ကြည့်ရှုခဲ့ကြပါတယ်။
ထိုလေ့လာမှုကတော့ စမ်းသပ်ခံသူများကြား စွဲလမ်းခြင်းလက္ခဏာ ကွဲပြားမှုမရှိကြောင်း တွေ့ခဲ့ပါတယ်။
ဆက်လက်လေ့လာမှုပြုလုပ်တဲ့အခါမှာ အပြာကားဖြတ်တဲ့လက္ခဏာတွေ လျော့သာလျော့ကျသွားပါတယ်။
ထပ်ခါထပ်ခါစမ်းသပ်လေ ဆိုးကျိုးလက္ခဏာတွေ ပိုပိုနည်းလာလေ ဖြစ်ပါတယ်။
#World_Health #အပြာကားကြည့်ခြင်းကိုတစ်ပတ်ခန့်ရှောင်ရှား
Source: The Jerusalem Post
မက္ကဆီကိုတောင်ပိုင်းမြို့လေးတစ်မြို့မှာ ဒေသခံတွေထံ ကံကောင်းမှုများ ရောက်ရှိလာရန်အတွက် မြို့တော်ဝန်က မိကျောင်းမတစ်ကောင်နဲ့ လက်ထပ်တဲ့ ရိုးရာဓလေ့ပွဲကို ကျင်းပခဲ့ပါတယ်။
#World_Tradition
Published 7 July 2023
#မြို့တော်ဝန်နှင့်တွားသွားသတ္တဝါတစ်ကောင်ထိမ်းမြားလက်ထပ်
#Yangon_Times
#Daily_News
Published_ 7 July 2023
၁။ ကလေးငယ်များဖျားလျှင် ရာသီတုပ်ကွေးထင်ပြီး မပေါ့ဆသင့် သွေးလွန်တုပ်ကွေးဖြစ်နိုင်ဟုဆို
၂။ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့အဆိုပြုလွှာပေးပို့ထားပြီဖြစ်ဟုဆို
၃။ MFF Carabao Futsal Amateur Cup 2022 ဘောလုံးပြိုင်ပွဲ Black Cross FC က City Dagon FC (၈-၆) ဂိုးဖြင့် အနိုင်ရ
၄။ မက္ကဆီကိုမြို့လေးမှမြို့တော်ဝန်နှင့် တွားသွားသတ္တဝါတစ်ကောင် ထိမ်းမြားလက်ထပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
‘မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့ အဆိုပြုစာတွဲပေးပို့ခဲ့ပြီးဖြစ်တယ်’
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး
#Local_News
Published 7 July 2023
#ကမ္ဘာ့အမွေအနှစ်စာရင်းတင်ထား
#Tthl
#Yangon_Time
‘ဒီအချိန်မှာ ကလေးတွေဖျားရင် ရာသီတုပ်ကွေးဆိုပြီးမပေါ့ဆသင့်ဘူး။ သွေးလွန်တုပ်ကွေးဖြစ်တာ ဖြစ်နိုင်တယ်။ ဒါကြောင့်ဆေးရုံ၊ ဆေးပေးခန်းတွေမှာ သေချာသွားရောက်ကုသသင့်တယ်’ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုး
#Local_News
Published 7 July 2023
#ရာသီတုပ်ကွေးထင်ပြီးမပေါ့ဆသင့်
#Tthl
#Yangon_Time
Page 1106 of 1941