၁၅၁၄ ခုနှစ်က ကျူးဘားမှာတည်ထောင်တဲ့ ကိုလိုနီမြို ထရီနီဒက်မှာ ပရိဘောဂပြုလုပ်သူ'ဟိုဆေးမီဂွယ်လ်ကာဒယ်လ်ဆို'က သူ့မွေးရပ်မှ ဘာသာရေးဆိုင်ရာ လက်လုပ်ပညာနဲ့ သစ်သားပန်ကာဒီဇိုင်းကို စိတ်ဝင်စားသူဖြစ်ပါတယ်။
Published 4 July 2023
#သစ်သားပန်ကာများကရွာ၏သမိုင်းကြောင်းကို ထင်ဟပ်
#World_Art #Yangon_Time #YMG
၄ ဇူလိုင် ၂၀၂၂
(၁၀)ရက်ကြာ ကျင်းပခဲ့သည့် မြန်မာအပါအဝင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နိုင်ငံ(၆)နိုင်ငံမှ မီဒီယာများ၏ ထိပ်သီးအစည်းအဝေး နှင့် ယင်းနှင့်ဆက်စပ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ယနေ့ ဇူလိုင်(၅)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် အဆုံးသတ်ခရီးအဖြစ်ပြီးဆုံးခဲ့ပါတယ်။
ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းဖြင့်သာ အဆိုပါနှစ်စဉ်ပုံမှန်အစည်းဝေးများကိုလုပ်နိုင်ခဲ့ရာမှ ယခု လူတွေ့အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတွေကို ပထမဆုံးအဖြစ် တရုတ်နိုင်ငံတွင်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဇွန်လ (၂၇)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ဘေဂျင်းတွင် လန်ချန်းမဲခေါင်ပူးပေါင်းဆောင်ရွက်မှု မီဒီယာ ထိပ်သီးအစည်းအဝေးကို စတင်ကျင်းပခြင်းဖြင့် ယခုနှစ်အစီအစဉ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်ကြားရေးဝန်ကြီး ( ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ကွန်မြူနစ်ပါတီဗဟိုကော်မတီ Publicity ဌာန အကြီးအကဲ) မစ္စတာ လီရှုလေ Mr. Li Shulei တက်ရောက်ပြီး အဖွင်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် ပြည်သူ့နေစဉ်သတင်းစာအယ်ဒီတာချုပ် မစ္စတာ Tuo Zhenနှင့် မြန်မာနိုင်ငံအပါအဝင် လန်ချန်းမဲခေါင် (၆)နိုင်ငံမှ နိုင်ငံပိုင်မီဒီယာကိုယ်စားလှယ်များက အသီးသီးအမှာစကားပြောကြားခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွက် Global New Light of Myanmarသတင်းစာအယ်ဒီတာချုပ် ဦးအောင်သူရက အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ဆွေးနွေးပွဲအစီအစဉ်နှစ်ခုကို ဆက်လက်ကျင်းပခဲ့ရာ “အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် ဒေသတွင်း စီးပွားရေးနာလန်ထူရေးမောင်းနှင်ပေး” ခေါင်းစဉ်၊ နီးကပ်သောသံယောဇဉ်များအတွက် မီဒီယာအပြန်အလှန်ဖလှယ်မှဒမြှင့်တင်ရေး” ခေါင်းစဉ်တို့ဖြင့် မြန်မာ ပုဂ္ဂလိကမီဒီယာများနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာ အကြီးအကဲများက ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် လန်ချန်းမဲခေါင်မီဒီယာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ဇွန် ၂၈ရက်နေ့တွင် ဘေဂျင်းရှိ တရုတ်စွမ်းအင်အင်ဂျင်နီယာရင်း ကော်ပိုရေးရှင်းနှင့် တရုတ်ဆက်သွယ်ရေးတက္ကသိုလ်များသို့သွားရောက်၍ လေ့လာရင်း ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဇွန် ၂၉ ရက်နေ့တွင် ဘေဂျင်းမြို့ရှိ တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနအောက်ရှိ လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့သွားရောက်လေ့လာရာ ဌာနအကြီးအကဲများကကြိုဆိုပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပါတယ်။
ဇွန် ၃၀ ရက်နေ့တွင် အဖွဲ့ဝင်တွေဟာ ကန်တုံပြည်နယ် ကွမ်ကျိုးမြို့ရှိ ကွမ်ကျိုးမော်တော်ယာဉ်အုပ်စု GACသို့သွာရောက်လေ့လာခဲ့ကြပြီး စက်ရုံတာဝန်ရှိသူတွေက လျှပ်စစ်ကားထုတ်လုပ်နေမှုများကို စက်ရုံအတွင်း လှည့်လည်ပြသခဲ့ကြပါတယ်။ အဲဒီနောက် ဟိုင်းကျူး Haizhu Wetland Park သို့ဆက်လက်သွားရောက်လေ့လာခဲ့ကြပါတယ်၊
ဇူလိုင်(၁)ရက်နေ့တွင် China Southern Power Grid (SPG) သို့ဆက်လက်လေ့လာခဲ့ကြရာ ကုမ္ပဏီမှ တာဝန်ရှိသူတွေက လန်ချန်း-မဲခေါင်နိုင်ငံများတွင် လျှပ်စစ်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဟွာဝေးကုမ္ပဏီ၏ သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနတည်ရှိရာ Huawei Songshan Lake Industrial Park သို့ သွားရောက်လေ့လာခဲ့ကြပါတယ်။
ဇူလိုင်(၂)ရက်နေ့တွင် ကွမ်ကျိူးမှ ကျူဟိုင်းသို့ရောက်ရှိပြီးနောက် တရုတ်နိုင်ငံ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ(CCC) မှတည်ဆောက်လျှက်ရှိတဲ့ Shenzhen–Zhongshan တံတားတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့သွားရောက်လေ့လာခဲ့ကြပါတယ်။
ဇူလိုင်(၃)ရက်နေ့တွင် လန်ချန်း-မဲခေါင်မီဒီယာအဖွဲ့ဟာ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ယူနန်နေ့စဉ်သတင်းစာနှင့် ဝူဟွာ ခရိုင်ရှိ မြို့ပြအခြေခံလူ့အဖွဲ့အစည်းစီမံအုပ်ချုပ်မှုနှင့် ရပ်ရွာဖွံ့ဖြိုတိုးတက်ရေးဆောင်ရွက်နေမှုတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။
ဇူလိုင်(၄)ရက်နေ့တွင် ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိသည့် တောင်ပေါ် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်လေ့လာခဲ့ကြပါတယ်။ အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံတွင် တောင်ပေါ်တွင်တည်ဆောက်သည့် လေအားတာဘိုင်စီမံကိန်းများတွင် အကြီးဆုံဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် ညနေပိုင်းတွင် တရုတ်မြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေးအခြေစိုက်စခန်းသို့ သွားရောက်လေ့လာခဲ့ကြပြီး ခရီးစဉ် အဆုံးသတ်ခဲ့ကြောင်းသိရှိရပါတယ်။
ယခုအစီအစဉ်ကို တရုတ်နိုင်ငံ ပြည်သူ့နေ့စဉ်သတင်းစာက ကမကထပြုလုပ်ကာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများရှိ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကမီဓီယာများကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်ငံများမှ မီဒီယာကိုယ်စားလှယ်စုစုပေါင်း (၈၀) ကျော်ဟာ တရုတ်မြို့ကြီးသုံးမြို့တွင် ၁၀ရက်ကြာ လေ့လာရေးနှင့်ဆွေးနွေးပွဲများပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
Knl/ymg
#Lancang_Mekong_Cooperation_Media_Summit
#LMC_ Media




#Daily_News
Published_ 4 July 2023
၁။ ပြည်ပကုန်သွယ်မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ (၇) ဘီလီယံကျော်ရရှိထား
၂။ အခုရက်ပိုင်းအတွင်းဖျားနာသူနှင့်တုပ်ကွေးလူနာပိုများလာ
၃။ ကျပ်သိန်း ၅၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၂၀၀ ကျော်ကို လာမထုတ်ပါက နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
၄။ ထရီနီဒတ်တွင် သစ်သားပန်ကာများက ရွာ၏သမိုင်းကြောင်းကို ထင်ဟပ်ဖော်ပြလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ဈေးရုံပေါင်း ၇ ရုံ ထည့်သွင်းဆောက်လုပ်နေတာဖြစ်ပြီး ဈေးရုံ ၄ ရုံ ပြီးစီးနေပြီးဖြစ်
#Local_News
Published 4 July 2023
#တညင်းကုန်းဈေးသစ်ကြီး
#Yangon_Time #YMG
‘ဒီအချိန်က တုပ်ကွေးရာသီဆိုတော့ ပတ်ဝန်းကျင်မှာ ဖျားနာနဲ့တုပ်ကွေးဖြစ်တဲ့သူတွေများနေပါတယ်။ တုပ်ကွေး အဖြစ်များပေမယ့် ဆေးရုံပို့ပေးရတာမျိုးနည်းပါတယ်။ ခြေကျိုးပေါင်ကျိုးတွေပဲ ပိုရတာများတယ်။ ကိုဗစ်လည်းပို့ရတာနည်းပါတယ်’ဦးထွန်းထွန်းဦး(ရှင်သန်ရေးကူညီမှုအသင်း၊ဥက္ကဌ)
#Local_News
Published 4 July 2023
#ဖျားနာသူနှင့်တုပ်ကွေးလူနာများပိုများ
#Yangon_Time #YMG
‘စိမ်းမို့မို့အမှတ်တရ တေးဂီတဖျော်ဖြေပွဲက ပြန်ကြားရေးကရိုက်ကူးထုတ်လွှင့်တာပါ။ Friday Night Live Showအတွက်ပါ။
စိမ်းမို့မို့သီချင်းတွေနဲ့ပတ်သက်လို မူပိုင်ခွင့်နဲ့ပတ်သက်လို ခွင့်ပြုချက်တောင်းဖို့ သတင်းစာထဲထည့်ကြေညာတာပါ’မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ
#Local_News
Published 4 July 2023
#‘စိမ်းမို့မို့အမှတ်တရတေးများ’
#Yangon_Time #YMG
#Local_News
Published_ 4 July 2023
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စင်ကာပူခရီးသွားဝင်ရောက်မှုဟာ သိသိသာသာ မြင့်တက်လာတာကြောင့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်တွေ ထပ်တိုးပျံသန်းပြေးဆွဲဖို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က စီစဉ်နေပါတယ်။
မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက လေးသိန်းကျော်ရှိနေပြီး လာရောက်မှုအများဆုံးနိုင်ငံတွေထဲမှာ စင်ကာပူ နိုင်ငံ ပါဝင်ပါတယ်။
MAI လေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို ဇူလိုင် ၁၆ ရက်က စတင်ပြီး တိုးချဲ့ပျံသန်းမှာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ကို ယခင်က အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေမှာ ပျံသန်းပြေးဆွဲရာမှ မေ ၂၉ ရက် ကစတင်ပြီး တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ထပ်မံတိုးချဲ့ပျံသန်းခဲ့ကာ လာမယ့် ဇူလိုင် ၁၆ ရက်ကစပြီး တနင်္ဂနွေနေ့မှာပါ ထပ်မံတိုးမြှင့်ပြီး ပျံသန်းပြေးဆွဲမှာဖြစ်ပါတယ်။
ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို တစ်နေ့နှစ်ကြိမ် ပျံသန်းပြေးဆွဲပေးနေတာ ဖြစ်ပြီး ရန်ကုန်မြို့မှ နံနက် ၈ နာရီ မိနစ် ၂၀ မှာထွက်ခွာပြီး စင်ကာပူသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ ထို့နောက် စင်ကာပူကနေ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ မှာ ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့ကို ညနေ ၃ နာရီ မိနစ် ၂၀ မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှ ညနေ ၃ နာရီ ၁၅ မိနစ်ထွက်ခွာတဲ့ ခရီးစဉ်က စင်ကာပူကို ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်မှာဆိုက်ရောက်ပြီး စင်ကာပူမှ ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်မှာ ပြန်လည်ထွက်ခွာကာ ရန်ကုန်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်မှာ ပြန်လည်ဆိုက်ရောက်မယ်လို့ သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 4 July 2023
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလတွင် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံ၌ ပိတ်မိနေသူများနှင့်အရေးယူခံခဲ့ရသူ မြန်မာနိုင်ငံသား အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၈၆ ဦးတို့သည် ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်း မြို့ရှိတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားခဲ့ပါတယ်။
ထို့နောက် ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင် လာခြင်း ရှိ/မရှိတို့ကို စစ်ဆေးပြီး လက်ခံခဲ့ကြပါတယ်။
၎င်းတို့အနက် ရောဂါပိုးတွေ့ရှိသူများကို ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသူများကို နေရပ် ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #ပိတ်မိနေသူမြန်မာနိုင်ငံသား၈၆ဦး
#YMG #Yangon_Media_Group
#Local_News
Published_ 4 July 2023
တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့တွင် ရောက်ရှိနေသည့် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃ ရက်က BYD အမျိုးအစား လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံသို သွားရောက်လေ့လာကြပါတယ်။
ဝန်ကြီးနှင့် အဖွဲ့အား အာရှပစိဖိတ်အရောင်းဌာန မန်နေဂျာ Ms. Gillian Li BIN မှ BYD မော်တော်ယာဉ်များ စတင်ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု၊ ဈေးကွက်ရရှိမှုနှင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ် (EV) များ ထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။
ယင်းနောက်ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး BYD အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုကြပါတယ်။
ထို့နောက်ဝန်ကြီးသည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ နေရောင်ခြည်စွမ်းအင် သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် K Star စက်ရုံသို ရောက်ရှိကြပြီး စက်ရုံဆိုင်ရာ အချက်အလက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေများကို လေ့လာခဲ့ကြောင်းသတင်းရရှိပါတယ်။
#ygm_mnn #Local_News #BYD လျှပ်စစ်ကားစက်ရုံသို့စက်မှုဝန်ကြီးသွားရောက်လေ့လာ
#Yangon_Media_Group
#Local_News
Published 4 July 2023
ကချင်ပြည်နယ်၊ တနိုင်းမြို့အနီးဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
ဇူလိုင်လ(၄)ရက်နေ့ နေ့လည်ပိုင်းတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တနိုင်းမြို့အနောက် အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ်တွင် နှစ်စပိုင်းမှစပြီး ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး အင်အားအသင့်အတင့်ရှိသော အင်အားရစ်(ခ်)တာစကေး (၄.ဝ)ကျော်သည့်ငလျင်များလည်းလှုပ်ခတ်မှုများခဲ့ကြောင်း မြေငလျင်ဌာနခွဲမှသိရသည်။
#tthl #Local_News #တနိုင်းအနီးတွင်မြေငလျင်လှုပ်
#Yangon_Times
#Local_News
Published 4 July 2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်ရှိ နန့်ယင်းမြစ်သည် နောက်(၁)ရက်အတွင်းစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်(၄)ရက်တွင်သတိပေးချက်ထုတ်ပြန်ထားသည်။
လတ်တလောတွင် နန့်ယင်းမြစ်ရေသည် မိုးညှင်းတွင်စိုးရိမ်ရေမှတ်အောက်(၁)ပေခွဲခန့်ရောက်နေပြီး မိုးကောင်းတွင် စိုးရိမ်ရေမှတ်အောက်(၃)ပေခွဲရောက်နေသည်ဟုဆိုသည်။
သို့ဖြစ်၍ မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အတွင်းရှိမြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
#tthl #Local_News #မိုးညှင်းနှင့် မိုးကောင်းတွင်မြစ်ရေကြီးနိုင်
#Yangon_Time
#Local_News
Published- 4 July 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဇူလိုင်လ ညပိုင်းက ချစ်သူစုံတွဲချိန်းတွေ့နေစဥ် ဓားထိုးလုယက်ခံရ၍ ကောင်လေးဖြစ်သူမှာသေဆုံးခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်က သိရသည်။
မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက်နေ့၊ ည ၉ နာရီ ၁၀ မိနစ်ခန့်က ချိန်းတွေ့နေသည့်ချစ်သူစုံတွဲထံ အမည်မသိသူများရောက်ရှိလာ၍ ခြိမ်းခြောက်ပြောဆို၍ ဖုန်းလုယက်မှုဖြစ်ခဲ့ပြီး အဆိုပါစုံတွဲမှ အမျိုးသားကို ဓားဖြင့်ထိုးသွားခဲ့ကြောင်း သိရသည်။
"ရှိတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပြီး ဖုန်းလုယက်တာကိုမပေးတာကြောင့် ကောင်လေးကိုဓားနဲ့ထိုးသွားပါတယ်။ ဓားဒဏ်ရာများတဲ့အတွက် ဆေးရုံအရောက် မှာပဲဆုံးသွားပါတယ်"ဟု ယင်းအသင်းက သိရသည်။
လက်ရှိတွင်သေဆုံးသူ၏ရုပ်အလောင်းကို မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။
ယင်းအပြင်အမျိုးသမီးငယ်မှာလည်း ရိုက်နှက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
#Local_News #ဓါးထိုးခံရ၍ အမျိုးသားသေဆုံး
#Yangon-Times/BM
Page 1110 of 1941