Published_ 1 July 2023
တရုတ်နိုင်ငံမှ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းစုများ ဖွံ့ဖြိုးမှုအမြန်ဆုံး မြို့ဖြစ်တဲ့ ဝင်း(န်)ကျိုးမှ တရုတ်လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ တရုတ် ဝင်း(န်)ကျိုး -မြန်မာ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing ၊ Wenzhou Municipal Party Committee ၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် Wenzhou Overseas Friendship Association ၏ ဥက္ကဌ မစ္စတာ Wang Chi ဦီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့မှ ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့များ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ဝင်း(န်)ကျိုး(Wenzhou)ဟာ တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်ရှိ စက်မှုဆိပ်ကမ်းမြို့ ဖြစ်ပြီး စီးပွားရေး ဆိပ်ကမ်းပေါင်းများစွာ တည်ရှိနေပါတယ်။ ဒါ့အပြင် ၎င်းဟာ တရုတ် နိုင်ငံရဲ့ အမျိုးသားအဆင့် ဒေသဆိုင်ရာ အချက်အချာမြို့ဖြစ်သလို အရှေ့တောင်ဘက် ကမ်းရိုးတန်းမှာ အရေးကြီးတဲ့ စီးပွားရေးမြို့ကြီးအဖြစ် တည်ရှိနေပြီး အမျိုးသားအဆင့် ဘက်စုံ သယ်ယူပို့ဆောင်ရေးဆိပ်ကမ်း ပလက်ဖောင်းတစ်ခုလည်းဖြစ်ကာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုမြန်ဆန်ပြီး အသေးစားစက်မှုလုပ်ငန်းများ အဖွံ့ဖြိုးဆုံးမြို့ ဖြစ်ကာ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးမြို့တစ်ခုဖြစ်တဲ့အပြင် ကျွမ်းကျင်ပညာရှင်များစွာ ရှိနေခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နေပါတယ်။
"Come to Wenzhou, Create the Future" ခေါင်းစဉ်ဖြင့် Wenzhou ရဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မြှင့်တင်ရေး၊ တရုတ်-မြန်မာ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ရှာဖွေရေး တို့ကို ကဏ္ဍများအလိုက် ဆွေးနွေးဖလှယ်ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လူမှုရေး၊ စီးပွါးရေး၊ ယဉ်ကျေးမှု စတဲ့နယ်ပယ်များမှာ အပြန်အလှန်ဖလှယ်မှုများ မြှင့်တင်ပေးရန်၊ ပလက်ဖောင်းအသစ် တည်ဆောက်ရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖလှယ်မှုများကို နှစ်ဖက် အပြန်အလှန် အကျိုးကျေးဇူးရရှိနိုင်ရေးအတွက် ထိရောက်စွာ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း တို့ကို ထည့်သွင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်တွင် Wenzhou နှင့် မြန်မာနိုင်ငံကြား ပို့ကုန် သွင်းကုန် ကုန်သွယ်မှု လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ပို့ကုန် ၁၅၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၈၅ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရှိရပါတယ်။
ygm_mnn
#local_news
#Yangon_Media_Group
Published 1 July 2023
ဗိုက်တာမင်-ဒီဖြည့်စွက်စာတွေက နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့အစွမ်းရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
နှလုံးသွေးကြောရောဂါ(CVD)ဟာ ကမ္ဘာတဝှမ်းမှာ အသေအများဆုံး အကြောင်းအရင်းတစ်ခုဖြစ်နေပြီး အသက်အရွယ်ရလာတာနဲ့အမျှ နာတာရှည်ရောဂါတွေ ပိုမိုဖြစ်လာနိုင်ကာ နှလုံးသွေးကြောပြဿနာများ ပိုမိုဖြစ်ပွားနိုင်ချေ များလာပါတယ်။
ဗိုက်တာမင်-ဒီပမာဏနဲ့ CVD ဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို အရင်ကလည်း အစဉ်မပြတ်လေ့လာနေခဲ့ပါတယ်။
ဒါပေမဲ့ စမ်းသပ်မှုတွေပြုလုပ်ရာမှာတော့ ဗိုက်တာမင်-ဒီက နှလုံးသွေးကြောပြဿနာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ခဲ့ကြပါဘူး။
ဗိုက်တာမင်-ဒီက အရိုး၊ သွား၊ ကြွက်သားကျန်းမာရေးတို့ ထိန်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်ပြီး ကယ်လ်စီယမ်၊ ဖော့စ်ဖိတ်တို့ကို ထိန်းညှိပေးပါတယ်။
အသက် ၆၀ နဲ့အထက် လူပေါင်း ၂၁,၀၀၀ ကျော်ကို စမ်းသပ်မှုပြုလုပ်ရာမှာ ဗိုက်တာမင်-ဒီဖြည့်စွက်စာတွေက နှလုံးသွေးကြောပြဿနာတွေကို လျှော့ချပေးနိုင်တယ်လို့ လတ်တလောတွေ့ရှိထားပါတယ်။
သုတေသီတွေအနေနဲ့ ဒီတွေ့ရှိချက်တွေအပေါ် အခြေခံကာ နောက်ထပ်တွက်ချက်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားလိုက်ပါတယ်။
ဗိုက်တာမင်-ဒီဖြည့်စွက်စာက CVD ဖြစ်နိုင်ချေကို မသက်ရောက်ဘူးဆိုတဲ့ ယူဆချက်အပေါ် စိန်ခေါ်လာပြီး အခုအခါမှာတော့ လျှော့ချနိုင်ကြောင်း ဖော်ပြလာပါတယ်။
QIMR Berghofer ဆေးဘက်ဆိုင်ရာသုတေသီမှ ပြုလုပ်တဲ့စမ်းသပ်ချက်မှာ ၂၀၁၄ မှ ၂၀၂၀ အတွင်း အသက် ၆၀ မှ ၈၄ နှစ်အတွင်း ဩစတြေးလျလူမျိုး ၂၁,၃၁၅ ဦး ပါဝင်ခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေက ဗိုက်တာမင်-ဒီဖြည့်စွက်စာ စားသုံးတဲ့အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး စားသုံးတဲ့အဖွဲ့ဆိုပြီး ခွဲခြားခဲ့ကာ ၅ နှစ်အထိ တိုင်းတာခဲ့ပါတယ်။
ထိုထဲမှာမှ နှလုံးသွေးကြောပြဿနာဖြစ်ပွားသူ ၁,၃၃၆ ဦးရှိခဲ့ကာ အာနိသင်မဲ့ဆေးသောက်သုံးသူတွေထဲက ၆.၆ ရာခိုင်နှုန်းနဲ့ ဗိုက်တာမင်-ဒီသုံးစွဲသူထဲက ၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
နှလုံးဖောက်ခြင်း ဖြစ်ပွားနှုန်းက ဗိုက်တာမင်-ဒီအဖွဲ့မှာ ၁၉ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး လေဖြတ်ခြင်းကတော့ ကွာခြားမှုမရှိခဲ့ပါဘူး။
လူ ၁၇၂ ယောက်ကတော့ နှလုံးသွေးကြောပြဿနာဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် ဗိုက်တာမင်-ဒီဖြည့်စွက်စာကို လစည်သောက်သုံးပေးဖို့ လိုအပ်ကြောင်း ခန့်မှန်းလိုက်ပါတယ်။
Source: WION.
#World_Health
#YMG #Yangon_Times
Published_ 2 July 2023
ကိုလက်စ်ထရောလ်ဟာ ခန္ဓာကိုယ်မှာ လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အရေးပါနေပါတယ်။
အသည်းကနေ ထုတ်လုပ်တဲ့ ကိုလက်စ်ထရောလ်ကို ခန္ဓာကိုယ်ဆဲလ်များအားလုံးမှာ တွေ့ရပြီး ဆဲလ်အမြှေးပါးမာကြောခြင်း၊ ဟော်မုန်းထုတ်လုပ်ခြင်း၊ အာရုံကြောနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် လိုအပ်ပါတယ်။
ထရိုင်ဂလစ်ဆရိုက်စ်နဲ့ LDL ဆိုတဲ့ မကောင်းသောကိုလက်စ်ထရောလ်နဲ့ HDL ဆိုတဲ့ အကျိုးပြုကိုလက်စ်ထရောလ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
သာမန်လူတစ်ယောက်အတွက် ကိုလက်စ်ထရောလ်ပမာဏ ၁၅၀ မှ ၂၀၀ ကြားရှိသင့်ပါတယ်။
ထရိုင်ဂလစ်စရိုက်စ်က ၁၅၀ အောက်၊ LDL က ၁၆၀ အောက်နဲ့ HDL ကတော့ ၃၅ အထက် ရှိသင့်ပါတယ်။
နှလုံးရောဂါ၊ သွေးတိုးရောဂါခံစားရသူတွေအတွက်တော့ ကိုလက်စ်ထရောလ် ၁၅၀ အောက်နဲ့ HDL ၁၄၅ အောက် ရှိသင့်ပါတယ်။
သွေးလွှတ်ကြောတွေကနေ အန္တရာယ်ပြုကိုလက်စ်ထရောလ်တွေ ဖယ်ရှားဖို့ကို အကျိုးပြုကိုလက်စ်ထရောလ်များက ကူညီပေးပြီး အဆီနဲ့ ကိုလက်စ်ထရောလ်များတဲ့ စားစရာတွေ အများအပြားစားသုံးပါက မကောင်းသောကိုလက်စ်ထရောလ် မြင့်တက်လာနိုင်ပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေ၊ ကြာရှည်စွာအေးခဲထားတဲ့ စားစရာတွေ၊ ဆိုးဆေးပါတဲ့ စားစရာတွေမှာ ကိုလက်စ်ထရောလ် မြင့်မားစွာပါဝင်ပါတယ်။
ဆီးချိုရှိခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းတို့ကြောင့်လည်း မကောင်းသောကိုလက်စ်ထရောလ် မြင့်တက်စေနိုင်ပါတယ်။
ဇီဝဖြစ်ပျက်မှုနှုန်းနှေးခြင်း၊ သိုင်းရွိုက်နည်းခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့ကြောင့်လည်း မကောင်းသောကိုလက်စ်ထရောလ်တွေ ဖြစ်လာစေပါတယ်။
တိရိစ္ဆာန်များမှရရှိတဲ့ အသားတွေရှောင်ခြင်းဖြင့် မကောင်းတဲ့ကိုလက်စ်ထရောလ်တွေ လျော့စေနိုင်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အကျိုးပြုကိုလက်စ်ထရောလ်တွေ မြင့်တက်လာစေနိုင်ပါတယ်။
မျိုးရိုးဗီဇနဲ့ အသည်းကျန်းမာရေးတို့ကလည်း ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလ်ကို သက်ရောက်စေကာ လူ ၂၀ မှာ ၃ ယောက်နှုန်းက ကိုလက်စ်ထရောလ်ပုံစံမမှန်ခြင်းမျိုး ဖြစ်တတ်ကြပါတယ်။
ကိုလက်စ်ထရောလ်၊ ပြည့်ဝဆီတို့ပါတဲ့ အစားအစာများကို ကန့်သတ်စားသုံးသင့်ပြီး နေကြာဆီ၊ ငါးကြီးဆီ၊ အခွံမာသီးတို့က သွေးတွင်းကိုလက်စ်ထရောလ်ကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times
Published_ 1 July 2023
ကမ္ဘာပေါ်မှာ အသုံးအများဆုံး လူလုပ်အချိုဓာတ်တစ်ခုဟာ ကင်ဆာဖြစ်ပွားစေနိုင်တဲ့အရာ ဖြစ်လာနိုင်ကြောင်း ကမ္ဘ့ာကျန်းမာရေးအဖွဲ့တစ်ခုက ကြေညာလိုက်ကာ စက်ရုံများနဲ့ ကွပ်ကွဲရေးအဖွဲ့များကို သတိပေးလိုက်ပါတယ်။
ကိုကာကိုလာဆိုဒါ၊ မားစ်ပီကေ၊ အချို့သောအချိုရည်တွေမှာ ပါဝင်တဲ့ အက်စ်ပါတိမ်းဟာ လူသားတွေမှာ ကင်ဆာဖြစ်စေနိုင်ကြောင်း နိုင်ငံတကာကင်ဆာသုတေသနဌာန(IARC)နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ကင်ဆာသုတေသနဌာနတို့က ဆိုလိုက်ပါတယ်။
ဒီပစ္စည်းကို ဘယ်လောက်စားသုံးရင် စိတ်ချရလဲဆိုတာကိုတော့ ထည့်ပြီးမဖော်ပြခဲ့ပါဘူး။
စွဲလမ်းစေသောအရာများအကြောင်း လေ့လာဆွေးနွေးတဲ့ WHO ကော်မတီ JECFA က အက်စ်ပါတိမ်းအကြောင်း ယခုနှစ်မှာ ပြန်လည်သုံးသပ်နေပြီး ဇွန်လကုန်မှာ စတင်ဆွေးနွေးသွားမှာဖြစ်ကာ IARC မှ ဆုံးဖြတ်ချက်ထုတ်ပြန်တဲ့နေ့မှာပဲ ကြေညာသွားဖွယ်ရှိနေပါတယ်။
၁၉၈၁ ခုနှစ်ကတည်းက JECFA ဟာ အက်စ်ပါတိမ်းကို နေ့စဉ်လက်ခံနိုင်လောက်တဲ့ ပမာဏအတွင်း စိတ်ချစွာစားသုံးနိုင်တယ်လို့ ဆိုထားပါတယ်။
ပြည်သူလူထုကြား ရှုပ်ထွေးပူပန်မှုများမရှိအောင် အက်စ်ပါတိမ်းအကြောင်း ကြိုးပမ်းသုံးသပ်ပေးဖို့ အဖွဲ့အစည်းနှစ်ခုကို တောင်းဆိုထားပါတယ်။
IARC ဟာ အစားအစာဘေးကင်းရေးအဖွဲ့အစည်းတစ်ခု မဟုတ်သလို အက်စ်ပါတိမ်းအပေါ် သူတို့ရဲ့သုံးသပ်မှုကလည်း စိတ်ချရဖွယ်မရှိဘူးလို့ နိုင်ငံတကာလူလုပ်အချိုဓာတ်ပစ္စည်းအဖွဲ့အစည်း (ISA)ရဲ့ အထွေထွေအတွင်းရေးမှူး'ဖရန့်စ်ဟန့်ဝုဒ်'က ပြောကြားလိုက်ပါတယ်။
အခြေအမြစ်မရှိ ပေါက်ကြားလာတဲ့ အမြင်တွေကြောင့် လူတွေအနေနဲ့ မလိုအပ်ဘဲ သကြားကိုပိုပြီး ရွေးချယ်စားသုံးလာနိုင်တယ်လို့ နိုင်ငံတကာအချိုရည်အဖွဲ့အစည်းကောင်စီ အမှုဆောင်ညွှန်ကြားရေးမှူးချုပ်'ကိတ်လုတ်မန်'က ပြောကြားလိုက်ပါတယ်။
အက်စ်ပါတိမ်းကို နှစ်တွေကြာအောင် လေ့လာခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ အက်စ်ပါတိမ်းအပါအဝင် လူလုပ်အချိုဓာတ်ပစ္စည်းများစွာ စားသုံးခဲ့တဲ့ ပြင်သစ်မှလူပေါင်း ၁ သိန်းကို လေ့လာခဲ့ကြရာ ကင်ဆာဖြစ်နိုင်ချေ အနည်းငယ်မြင့်တက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။
အက်စ်ပါတိမ်းကို အစားအစာကွပ်ကဲရေးတွေက တစ်ကမ္ဘာလုံးမှာ အသုံးပြုခွင့်ပေးထားပြီး ထုတ်လုပ်သူတွေကလည်း ဒီပစ္စည်းအသုံးပြုခွင့်ကို ဆယ်စုနှစ်တွေတိုင်အောင် ကာကွယ်လာခဲ့ပါတယ်။
အက်စ်ပါတိမ်းကို ကင်ဆာဖြစ်နိုင်ချေရှိတဲ့ ပစ္စည်းအဖြစ် ထည့်သွင်းလိုက်ခြင်းကြောင့် နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ရှိလာပါတယ်။
ဒါ့အပြင် ထိုပစ္စည်းကို စိတ်ချစွာစားသုံးနိုင်တဲ့အပေါ်လည်း ထပ်ပြီးအငြင်းပွားနေကြဦးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက WHO က သကြားမပါတဲ့ လူလုပ်အချိုဓာတ်ပစ္စည်းများကို ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့ မစားသုံးရန် အကြံပြုခဲ့ပေမယ့် အစားအသောက်စက်ရုံတွေကတော့ သကြားဓာတ်ပမာဏ လျှော့ချဖို့အတွက် အသုံးဝင်တယ်လို့ ငြင်းဆိုပြောကြားခဲ့ကြပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
တရုတ်မြောက်ပိုင်း တီယန်ကျင်မြူနီစီပယ်ဒေသမှာ တပ်ဆင်တဲ့လေယာဉ်တစ်စင်းကို အဲယားဘတ်စ်က ဥရောပမှမှာယူသူထံသို အင်္ဂါနေ့က ပထမဆုံးအကြိမ်ပိုဆောင်ခဲ့ပါတယ်။
#World_News
#Published_ 30 June 2023
#YMG #Yangon_Times
#Daily_News
Published_ 30 June 2023
၁။ ရုရှားနှင့် တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲတော့မည်ဖြစ်၍ လာမည့်ခရီးသွားရာသီတွင် ရုရှားခရီးသွားများ ပိုများလာနိုင်
၂။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အမှန်တကယ် နေထိုင်ရေး အခက်အခဲရှိပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို (၅)နစ်ကြာ ငှားရမ်းနေထိုင်ခွင့် ပြုသွားမည်
၃။ ရန်ကုန်-မန္တလေးမှ တရုတ်နိုင်ငံမန်စီမြိုသို့ လေကြောင်းခရီးဖြင့် အပတ်စဉ်သွားနိုင်ပြီ
၄။ တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် အဲယားဘတ်စ်လေယာဉ်အား ဥရောပတစ်သို့ ပထမဆုံးအကြိမ်ပို့ဆောင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ရန်ကုန်-မန္တလေး-မန်စီတိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲ
‘ရန်ကုန်-မန္တလေး-မန်စီခရီးစဉ်သစ် ပျံသန်းပြေးဆွဲမှုဟာမြန်မာနိုင်ငံနဲ့ တဲဟုန်ပြည်နယ်ခွဲအကြားစီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေးစတဲ့ ကဏ္ဍတွေမှာ ပိုမိုနက်ရှိင်းစွာပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ အပတ်စဉ် အင်္ဂါနေ့၊ကြာသပတေးနေ့နဲ့စနေနေ့တွေမှာပြေးဆွဲသွားမယ်’(နိုင်ငံခြားရေးဝန်ကြီးဌာန)
Yangon Times/tthl
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အမှန်တကယ် နေထိုင်ရေးအခက်အခဲရှိပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့်
နိုင်ငံ့ဝန်ထမ်းများကို (၅)နစ်ကြာ ငှားရမ်းနေထိုင်ခွင့် ပြုသွားမည်
ဌားရမ်းခွင့် ရရှိသူများအနေနဲ့ ကနဉီး ငှားရမ်းခ သုံးလစာ ပေးသွင်းသွားရမည်
Yangon Times/my
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
တိုက်ရိုက်လေကြောင်းလိုင်း ရှိလာမည်ဖြစ်၍ ရုရှားခရီးသွားများ တိုးလာနိုင်
‘ပြီးခဲ့တဲ့နှစ်တွေက ရုရှားခရီးသွားတွေကို ဗီဇာFreeပေးခဲ့ပေမယ့် တိုက်ရိုက်လေကြောင်းပြေးဆွဲမှုမရှိသေးတဲ့အတွက် ခရီးသည်တွေကထင်သလောက်မတက်လာခဲ့ဘူး။ဒီနှစ်မှာတော့တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲမှုတွေရှိလာတော့မှာဖြစ်လို ရုရှားခရီးသွားဝင်ရောက်မှုတိုးလာနိုင်ခြေရှိတယ်’ဦးနောင်းနောင်းဟန်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ)
Yangon_Time/tthl
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
ယာဉ်စည်းကမ်းမလိုက်နာသည့် YBS ယာဉ်များကို မှတ်တိုင်များရှိ စစ်ဆေးရေးအဖွဲက ဓာတ်ပုံမှတ်တမ်းဖြင့် စောင့်ကြည့် အရေးယူမည်
စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်း (၁၀၀) ဉီးကို ခေါ်ယူပြီး အသိပညာပေး
Yangon Times/myn
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
၅၂ ကြိမ်မြောက်အောင်ဘာလေထီ ဆုချီးမြှင့်ပွဲမှာ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ကျပ်သန်း(၃၆၂၃ဒဿမ၆၉၂)ချီးမြှင့်
ဇွန်လအတွင်းက ရောင်းချထားတဲ့ အောင်ဘာလေသိန်းဆုထီလက်မှတ်နဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်တွေကနေ ကျပ်သန်း (၅၁၇၆ ဒဿမ ၇၀၃ )အထိ ရောင်းချရ
Yangon_Times/ my
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
Published_ 30 June 2023
မန္တလေးမြို့တိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ဘုန်းတော်ကြီးတစ်ပါးရေတွင်းထဲပြုတ်ကျ၍ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ကသိရသည်။
ဖြစ်စဥ်မှာ ၂၉ရက် ညနေ ၅နာရီ၃၀မိနစ်ခန့်က အမရပူရမြို့နယ် မြပုခက်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း အနက်ပေ (၄၀) ဝန်းကျင်ရှိ သုံးရေတွင်းထဲသို့ ဘုန်းတော်ကြီးတစ်ပါးပြုတ်ကျခဲ့ကြောင်းသိရသည်။
"အနက်ပေ (၄၀)ဝန်းကျင်ရှိ ရေတွင်းထဲမှာ ရေအနက်က ၅ပေကျော်လောက်ရှိပါတယ်။ သေဆုံးနေတာတွေ့ရပြီး ပြန်ဆယ်တင်ပေးခဲ့ပါတယ်"ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်နေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) တိုင်းရုံး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ချက်ချင်းသွားရောက်ခဲ့ပြီး အမှိုက်ဆင်းဆယ်ရင်း ပြုတ်ကျသည်ဟုယူဆရကြောင်းလည်း နီးစပ်သူတစ်ဦးကဆိုသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
Page 1114 of 1941