#Local_News
Published_ 10 November 2023

ရန်ကုန်-တာချီလိတ် Expressယာဉ် နှင့် TOYOTA Alphard ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၄)နှင့် (၄၅/၅)ကြားတွင် တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် Alphard ယာဉ်ပေါ်ပါ မ(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်‌ပေးခဲ့ကြောင်းနှင့် Express ယာဉ်ပေါ်ပါ ခရီးသည် ကျား(၁၄)ဦး ၊ မ(၁၅)ဦး၊ စုစုပေါင်း (၂၉)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုဝင်ဘာ ၁၀ ရက် မနက် ၀၇ ၃၀ အချိန်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၄)နှင့် (၄၅/၅)ကြားတွင် နေပြည်တော်ဘက်မှ မောင်းနှင်လာသော YUTONG အမျိုးအစား(ရန်ကုန်-တာချီလိတ် Express) ယာဉ်သည် ရန်ကုန်ဘက်မှ မောင်းနှင်လာသော TOYOTA Alphard အမျိုးအစား(အဖြူရောင်)ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး တံတားဘောင်အားတိုက်မိရပ်တန့်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်-တာချီလိတ် #တစ်ဦးထိခိုက်ဒဏ်ရာရ #ယာဉ်တိုက်မှုဖြစ် #tthl #Yangon _Times