#Local_News
Published 10 November 2023


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းက ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် နိုဝင်ဘာ (၁၀)ရက် နံနက်(၅) နာရီ (၂၄)မိနစ် အချိန်ခန့်က ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

ကားမီးလောင်မှုကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း တာဝန်ရှိသူများမှ (၁၀) မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၅)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကားမီးလောင်မှုကြောင့် ကားတစ်စီးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်-ပြည်လမ်းမပေါ် #ကား(၁)စီးမီးလောင်မှုဖြစ် #YMG/LW #Yangon_Times