#World_Health
Published 16 August 2023
ရေနွေးဖြင့် ရေချိုးတဲ့အခါ ရေငွေ့တွေက အရေပြားကနေ အငွေ့ပျံပြီး တောင့်တင်းနေတဲ့ ကြွက်သားများကို ပြေလျော့စေနိုင်ပါတယ်။
အပူဓာတ်က သွေးကြောတွေကို ကျယ်စေကာ သွေးလည်ပတ်မှု အားကောင်းစေတာကြောင့် ဇီဝကမ္မဖြစ်စဉ် မြင့်တက်စေပြီး စွမ်းအင်ကို ယာယီမြှင့်တင်ပေးပါတယ်။
ရေနွေးဖြင့်ချိုးခြင်းဖြင့် အသက်ရှူလမ်းကြောင်း ချောမွေ့စေကာ နှာပိတ်ခြင်းကိုလည်း သက်သာစေကြောင်း ဒေါက်တာ'ထရန့်စ်လင်မ်'က ပြောပြခဲ့ပါတယ်။
ရေနွေးကြောင့် အရေပြားပြဿနာ ပိုမိုဆိုးရွားစေတာမျိုးလည်း ဖြစ်တတ်ကြောင်း ဒေါက်တာ'ဒါရက်လင်မ်'က ပြောပြပါတယ်။
နှင်းခူဝေဒနာရှိသူတွေမှာ ရေနွေးဖြင့်ချိုးခြင်းကြောင့် အရေပြားမှ အဆီဓာတ်နဲ့ စိုထိုင်းဆတို့ကို ဖယ်ရှားသလိုဖြစ်ပြီး အရေပြားယားယံခြောက်သွေ့ကာ နှင်းခူပိုဆိုးစေပါတယ်။
အသားအရေ ခြောက်သွေ့ခြင်းမဖြစ်စေရန် ၁၅ မိနစ်ထက်ပိုပြီး ရေနွေးဖြင့်မချိုးသင့်ဘူးလို့ ဆရာဝန်များက အကြံပြုထားပါတယ်။
ရေနွေးဖြင့်ရေချိုးခြင်းနဲ့ ပတ်သက်ပြီး အယူအဆ အမှန်အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လေ့ကျင့်ခန်းလုပ် ချွေးထွက်ပြီးနောက် ရေနွေးဖြင့်ရေချိုးခြင်းကြောင့် အရေပြားမှာ အဖြူစက်ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။
အဖြူစက်တွေက လေ့ကျင့်ခန်းလုပ်ခြင်း ချွေးထွက်ခြင်းတို့ကြောင့် ဖြစ်တာမဟုတ်ဘဲ မှိုကူးစက်ခြင်း၊ ရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်တာပါ။
အဖြူစက်ကုသရန်အတွက် မှိုသတ်ဆေးလိမ်းဆေးများ၊ သောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။
(၂) ရေနွေးဖြင့်ချိုးခြင်းသည် ဘက်တီးရီးယားနှင့်မှိုများကို သေစေနိုင်တယ်ဆိုတာ မမှန်ပါဘူး။
ရေနွေးရဲ့အပူချိန်က အရေပြားပေါ်က ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေနိုင်လောက်တဲ့အထိ မဖြစ်စေပါဘူး။
ပိုးကူးစက်ခြင်းအတွက် ပိုးသတ်ဆေးများ ပေါင်းစပ်လိမ်းပေးဖို့ လိုအပ်ပါတယ်။
(၃) အစာစားပြီးနောက် ချက်ချင်းရေနွေးဖြင့်ချိုးခြင်းသည် အစာချေခြင်းကိုနှောင့်ယှက်တယ်ဆိုတာက မှန်ပါတယ်။
ရေနွေးကြောင့် ခန္ဓာကိုယ်တွင်းအပူချိန် မြင့်တက်ကာ အစာချေအင်္ဂါများသို့ သွေးပိုရောက်စေပေမယ့် အစာစားပြီးနောက် ချက်ချင်းရေချိုးပါက အစာချေမယ့် သွေးတွေက အခြားအင်္ဂါများသို့ ရောက်ရှိသွားကာ အစာချေခြင်းကို နှောင့်နှေးစေပါတယ်။
(၄) အရက်သောက်ပြီးနောက် ရေမချိုးသင့်ဘူးဆိုတာ မမှန်ပါဘူး။
အရက်သောက်ပြီးတော့ ရေချိုးမယ်ဆိုရင် အသည်းက အရက်ကို ပုံမှန်အတိုင်း ချေဖျက်သွားမှာဖြစ်ပါတယ်။
ရေနွေးကြောင့် သွေးကြောကျယ်ရာကနေ အရက်က သွေးထဲသို့ ပိုမိုလျင်မြန်စွာရောက်ပြီး အရက်ရဲ့သက်ရောက်မှု ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။
(၅) အမျိုးသမီးများ ရေနွေးဖြင့်ချိုးခြင်းဖြင့် ဓမ္မတာလာစဉ်ကိုက်ခဲမှုကို သက်သာစေတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ မှန်ကန်ပါတယ်။
ရေနွေးက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေတာကြောင့် သားအိမ်ကြွက်သားတစ်ရှူးတွေလည်း ပြေလျော့စေကာ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။
(၆) အမျိုးသား ကလေးလိုချင်လျှင် ရေနွေးဖြင့်ကြာရှည်စွာ မချိုးသင့်ဘူးဆိုတာ မှန်ကန်ပါတယ်။
အပူချိန်မြင့်တဲ့အခါ သုတ်ပိုးထုတ်လုပ်မှု လျော့နည်းသွားတတ်တာကြောင့် ကလေးလိုချင်တဲ့ အမျိုးသားတွေအနေနဲ့ သတိထားသင့်ပါတယ်။
#World_Health #ရေနွေးဖြင့်ရေချိုးခြင်း #အယူအဆအမှားအမှန်
Source: CNA
ကိုဗစ်လော့ဒေါင်းကာလအတွင်း Netflix ဒရာမာကားသစ်ကြောင့် နိုင်ငံခြားသားဧည့်သည်တွေဟာ ဆူမိုလောကကို စိတ်ဝင်စားလာကြပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြပါတယ်။
Published_ 15 August 2023
#World_Sports
#ဂျပန်နိုင်ငံ #ရိုးရာဆူမိုအားကစား #စိတ်ဝင်စားမှုများပြား
၁၅ ဩဂုတ် ၂၀၂၃
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့်အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲနှင့် Under Secretary General ဖြစ်သူ Mr. Martin Griffiths မစ္စတာ မာတင်ဂရစ်ဖစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ယနေ့ ဩဂုတ်၁၅ ရက်တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီနိုင်ငံတော်တာဝန်များ ကိုထမ်းဆောင်ခဲ့မှုအခြေအနေများ၊နစကအနေဖြင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်နေမှုနှင့်တိုင်းရင်းသားဒေသများဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှုအခြေအနေများကိုဆွေးနွေးပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီ့အပြင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများ ပြန့်နှံ့လျက်ရှိမှု နှင့်နိုင်ငံတကာမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အခြေအနေမှန်များကိုသိရှိရန် လိုအပ်လျက်ရှိမှုအခြေအနေများကိုလည်း ထည့်သွင်းပြောြကားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့မှု အခြေအနေတွေကို ထောက်ပြပြောဆိုခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြပါတယ်။
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဟာ နစက အဖွဲ့ဝင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ဒေါက်တာစိုးဝင်းတို့နှင့်လည်း သီးခြားဆီတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Daily_News
Published_ 15 August 2023
၁။ နိုင်ငံခြားငွေလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ(၁၃)ကို လိုင်စင်ထပ်မံရုပ်သိမ်း၊ လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ(၄၅)ခုရှိပြီဖြစ်
၂။ မကွေးတွင်မြေပဲထွက်နှုန်းကောင်းသလို ဆီထုတ်လုပ်ရန် ဝယ်လိုအားလည်းကောင်းနေဟုဆို
၃။ AFC Cup ခြေစစ်ပွဲ ၀င်ကြေးအခမဲ့နှင့် အကြိုအပို့ စီစဉ်ပေးမည်
၄။ ဂျပန်နိုင်ငံ၏ ရိုးရာဆူမိုအားကစားကို နိုင်ငံခြားဧည့်သည်များစိတ်ဝင်စားမှုများပြားလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး 360 Sports က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်
Published_ 15 August 2023
#မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် #360 FIGHT CLUB V
#YMG/my
#Yangon_Times
#Local_News
Published_ 15 August 2023
မိုးရာသီကာလဖြစ်၍ ပုဂံဘုရားများနှင့် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ညောင်ပင်နှင့် အခြားအပင်များ ပေါက်ရောက်မှုများပြားလျက်ရှိသည်။
အဆိုပါ ပုဂံဘုရားများနှင့်ရှေးဟောင်းအဆောက်အအုံများပေါ်တွင်ပေါက်ရောက်နေသည့်ညောင်ပင်နှင့် အခြားအပင်များကို ဓာတုဆေးဖြင့် ဖယ်ရှားရှင်းလင်းရေးများဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။
ပုဂံရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ဘုရားအမှတ်(၁၅၈၉)၊(၁၄၇၈)၊(၁၅၈၀)၊(၁၂၃၉)၊(၁၂၀၂)၊(၁၁၉၂)၊ (၁၆၈၆)၊(၁၃၂၁)၊(၁၁၉၅)၊(၇၄၄)၊(၁၉၁၇)တို့တွင်ပေါက်ရောက်နေသည့် ညောင်ပင်နှင့်အခြားအပင်များကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှတာဝန်ရှိသူများက ဓာတုဆေးဖြင့် အပင်များ ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့အပင်များရှင်းလင်းခြင်းအပြင် ရှေးဟောင်းအဆောက်အအုံအမှတ်(၅၀၅)မြောက်ဘက်အဝင်မုခ်ကြံ့ခိုင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ဌာနမှတာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

#Local_News #ပုဂံရှေးဟောင်းဘုရား(၁၁)ဆူ #ညောင်ပင်နှင့်အခြားအပင်များ
#tthl
#Yangon_Times
မြန်မာအသင်းဘက်ကို အာဖဂန်နစ္စတန်အသင်းက ငါးဂိုးသွင်းယူနိုင်ခဲ့
Published_ 15 August 2023
#Continental Futsal Championship 2023 ပြိုင်ပွဲ #အာဖဂန်နစ္စတန်အသင်း
#YMG/my
#Yangon_Times
ဩဂုတ် ၁၆ ရက်နေ ညနေ(၃) နာရီခွဲအချိန်မှာ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားမည်
Published_ 15 August 2023
#AFC Cup ခြေစစ်ပွဲ #သုဝဏ္ဏကွင်း #မြန်မာ့လက်ရွေးစင်ယူ-၂၃
#YMG/my
#Yangon_Times
‘မြေပဲအထွက်နှုန်းတိုးခဲ့ပြီး တစ်ဧကကို တင်း(၁၀၀)ခန့်လောက်အထိရခဲ့သလို မြေပဲတစ်တင်းကို ကျပ်၄၀၀၀၀ကျော်ဈေးရရှိခဲ့တယ်’ မကွေးမှပဲစိုက်တောင်သူတစ်ဦး
Published_ 15 August 2023
#မြေပဲထွက်နှုန်းကောင်း
#tthl
#Yangon_Times
#Local_News
Published_ 15 August 2023
ပြည်ပသို့ အရေးပေါ်သွားရောက်ရန် နိုင်ငံကူးလက်မှတ်လိုအပ်သူများအတွက် Green Channal ဖြင့် စိစစ်ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် အရေးကြီး၊ အရေးပေါ်၊ ပညာရေး၊ကျန်းမာရေးနှင့် နိုင်ငံခြားသို့ အချိန်မှီသွားရောက်ရန် လိုအပ်သူများအနေဖြင့် ခိုင်လုံသော အထောက်အထားများနှင့်အတူ Green Channal ဖြင့် စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ပွဲစားများက နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန်ငွေကြေးများပိုမိုတောင်းခံပြီး၊ လိမ်လည်လုပ်ဆောင်ပေးနေခြင်းများကို စိစစ်တွေ့ရှိရခြင်းကြောင့် ပြည်သူများအနေဖြင့် အလိမ်မခံရရေး သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။
Green Channal ဖြင့် လျောက်ထားလိုသူများသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်ဖြစ်သည့် www.passport.gov.mmတွင် ကြေညာထားသည့်အတိုင်း ဥက္ကဌ၊ မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈)နေပြည်တော်ဟု လိပ်မူပြီးလျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် အွန်လိုင်းစနစ်မှ ကြိုတင် Booking စနစ်ဖြင့် လျောက်ထားရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဝက်ခန့်အထိ လျောက်ထားသူများရှိနေကြောင်း သိရသည်။
#YMG/my #Local_News #နိုင်ငံကူးလက်မှတ် #Green Channal
#Yangon_Times
‘ဗဟိုဘဏ်ကခွင့်ပြုပေးထားတဲ့ နိုင်ငံခြားငွေလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ(၁၃)ဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer License)ကို အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ရုပ်သိမ်းတယ်’ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Published_ 15 August 2023
#နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင် #ဗဟိုဘဏ်
#tthl
#Yangon_Times
#Local_News
Published-15 August 2023
ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ (ဩဂုတ်၁၅ရက်) တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ ဩဂုတ်လ (၁) ရက် မှ (၁၅) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၈၀) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ (၁၈) ရက် မှ (၃၁) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၈၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #မြန်မာအလုပ်သမား
#Yangon_Times/PP
Page 1111 of 2001