#Local_Sport
Published_ 18 August 2023
ဂျပန်လက်ရွေးစင် ကွင်းလယ်လူ ဝါတာရူအန်ဒိုသည်လီဗာပူးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီး မကြာမီ ဆေးစစ်မှုခံယူသွားမည်ဖြစ်သည်ဟု သိရသည်။၎င်းအား ယူရို ၁၉ သန်းဝန်းကျင်ဖြင့်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီးဆေးစစ်မှု အောင်မြင်ပါက ဘုန်းမောက်နှင့် သြဂုတ် ၁၉ ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်လူစာရင်းတွင်ပါဝင်လာနိုင်မည်ဖြစ်သည်။
ကိုင်စီဒိုနှင့်လာဗီယာတို့ကို ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းကခေါ်ယူသွားခဲ့ပြီးနောက် အသက် ၃၀နှစ် ရှိ ဂျပန်လက်ရွေးစင် ကွင်းလယ်လူအန်ဒိုကိုယခုကဲ့သို့ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။လီဗာပူးအသင်းသည်နောက်ထပ် ဒုတိယမြောက် ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူရန် စောင့်ကြည့်နေပြီး ဖီအိုရင်တီးနားမှ မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်ကိုခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။
အမ်မရာဘက်သည် မူလက မန်ယူအသင်းနှင့် သဘောတူညီမှု ရရှိထားသော်လည်း မန်ယူဘက်မှ ခေါ်ယူရန်နှောင့်နှေးနေမှုများ ကြောင့်စိတ်ပျက်နေသည်ဟုသိရသည်။ကာလရှည် ပစ်မှတ်ထားနေသော ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗန်ဗတ်နှင့်ပဲလေ့စ်ကွင်းလယ်လူဒိုကိုရီတို့ကိုလည်း လီဗာပူးကဆက်လက်စောင့်ကြည့်လျက်ရှိသည်။
#Local_Sport #လူအန်ဒိုလီဗာပူး
This is Anfield
#World_Health
Published 18 August 2023
နွေရာသီရောက်တဲ့အခါ အရသာရှိပြီး လူကြိုက်များတဲ့ အသီးတွေထဲမှာ သခွားမွှေးသီးလည်း ပါဝင်ပါတယ်။
အရည်လည်းရွှမ်းပြီး ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိပါတယ်။
သခွားသီး၊ ဖရဲသီး၊ ဖရုံသီး၊ တို့နဲ့ မျိုးနွယ်တူပြီး အရောင်နဲ့ ပုံစံကွဲပြားကာ ကမ္ဘာတဝှမ်းမှာ အမျိုးအစားအမျိုးမျိုးဖြင့် ရှိကြပါတယ်။
ရေပမာဏ ၉၀ ရာခိုင်နှုန်းပါဝင်ကာ အဆီဓာတ်နဲ့ ပရိုတိန်းဓာတ်တို့ မပါဝင်ဘဲ သခွားမွှေးသီး ၁၀၀ ဂရမ်မှာ ၃၅ ကီလိုကယ်လိုရီ ဖြည့်တင်းပေးပါတယ်။
ဆိုဒီယမ် နည်းပါးကာ ဗိုက်တာမင်-အေ၊ စီ၊ ဖောလစ်အက်ဆစ်၊ ဗိုက်တာမင်-ဘီအမျိုးမျိုး လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။
သခွားမွှေးသီးရဲ့ အာဟာရအကျိုးကျေးဇူးတွေထဲမှာ..
- ရေဓာတ်ဖြည့်ပေးခြင်း
ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ပါဝင်ပြီး ရေဓာတ်ထိန်းညှိပေးကာာ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။
- ဗိုက်တာမင် ကြွယ်ဝခြင်း
ဗိုက်တာမင်-စီ၊ အေ၊ ဘီတို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အရေပြား ဆံကေသာ ကောင်းမွန်စေခြင်း၊ မျက်လုံး ဦးနှောက်လုပ်ဆောင်ချက်များ မြှင့်တင်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
- အမျှင်ဓာတ်ပေါများခြင်း
သခွားမွှေးသီး ပုံမှန်စားသုံးခြင်းဖြင့် အစာကြေစေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း
ဘီတာကယ်ရိုတင်းနဲ့ ဗိုက်တာမင်-စီတို့ ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတို့လို နာတာရှည်ရောဂါများ ကင်းဝေးစေပါတယ်။
- ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း
ကယ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။
#World_Health #သခွားမွှေးသီးစားသုံးခြင်း #ကျန်းမာရေးအကျိုးကျေးဇူးများ
Source: The Jerusalem Post
ဗြိတိန်အစိုးရက ငွေကြေးဖောင်းပွလာမှုကို ထိန်းသိမ်းဖြေရှင်းရန် အတိုးနှုန်းများမြှင့်တင်ရန် ကြိုးပမ်းခဲ့တာကြောင့် ပြည်သူတွေရဲ့ဘဝမှာ ဝန်ထုပ်ဝန်ပိုးများလာကာ ကဏ္ဍအသီးသီးမှာ သပိတ်မှောက်မှု အများအပြားဖြစ်လာခြင်း၊ အိုးမဲ့အိမ်မဲ့ အရေအတွက်နဲ့ ရာဇဝတ်မှုကျူးလွန်မှု မြင့်တက်လာခြင်း၊ ဂုဏ်ပြုခံရခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းရခြင်းတို့ ဖြစ်လာပါတယ်။
Published_ 17 August 2023
#World_Business #ဗြိတိန်တွင်ငွေကြေးဖောင်းပွမှု #စားဝတ်နေထိုင်ရေးခက်ခဲကြပ်တည်း
#Daily_News
Published_ 17 August 2023
၁။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိစ္စ အများစိတ်ဝင်စားနေကြ ဟုဆို PPST ပြောခွင့်ရတစ်ဦး
၂။ ကြက်ဘဲဝက်မွေးမည့်သူများကို ချေးငွေ သိန်း(၁၅၀)နှင့်သိန်း(၃၅၀)ထုတ်ချေးမည်ဟုဆို
၃။ ယနေ့ည မြန်မာယူ (၂၃) အသင်း အိမ်ရှင်ထိုင်းအသင်းဖြင့် ယှဉ်ပြိုင်ကစားမည်
၄။ ဗြိတိန်တွင်ငွေကြေးဖောင်းပွမှုနှုန်းစံချိန်တင်မြင့်တက်လာကာ ပြည်သူများစားဝတ်နေထိုင်ရေးခက်ခဲကြပ်တည်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published-17-8-2023
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ မကျေပွဲယှဉ်ပြိုင်ထိုးသတ်မည့်အပေါ် လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေဝ က စောင့်ကြည်သွားမည်ဟု ယနေ့ ဩဂုတ် (၁၇)ရက်တွင် သူ၏ ပရိတ်သတ်အား သတင်းစကားပါးလိုက်သည်။
သတင်းစကားပါးရာတွင် ရိုးရာလက်ဝှေ့လောကမှ ၎င်းအနေဖြင့်အနားယူခဲ့ပြီးနောက် သူ၏နေရာအား ဆက်ခံထားသူမှာ သွေးသစ်ဝင်းလှိုင်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ အဖွင့်ဝိတ်တန်း မြန်မာ့လက်ဝှေ့ချန်ပီယံကို သွေးသစ်ဝင်းလှိုင်အား အသိအမှတ်ပြုစေချင်ကြောင်းကိုလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ရေးသားမျှဝေထားသည်။
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့နှစ်ဦးသည် ယခုနှစ်ဇန်နဝါရီ (၂၉)ရက်တွင် လစ်လပ်နေသော အိုးပင်းဝိတ်တန်းချန်ပီယံဆုအတွက် ယှဉ်ပြိုင်ထိုးသတ်ရာသွေးသစ်ဝင်းလှိုင်က အနိုင်ရရှိထားသည်။
ထို့ကြောင့် ယခုလ ဩဂုတ်(၂၀)ရက်နေ့တွင် ထွန်းထွန်းမင်း၏ စိန်ခေါ်မှုကြောင့် မကျေပွဲယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ရာနှစ်ဦးစလုံးကံကောင်းကြစေရန် ဆုမွန်တောင်းထားသည်။
အဆိုပါပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူအားကစားရုံ၌ ကျင်းပသွားမည် ဖြစ်သည်။
#YMG/my #Local_News #ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် #ဒေဝစောင့်ကြည့်နေမည်
#Yangon_Times
လက်ရှိမှာ စုစုပေါင်း ရုပ်အလောင်း (၃၃)ဉီးရှာဖွေတွေ့ရှိထားတာဖြစ်
Published_ 17 August 2023
#ဖားကန့် မနမှော်မြေပြိုကျမှု #ရုပ်အလောင်း (၃၃)ဉီးရှာဖွေတွေ့ရှိ
#YMG/my
#Yangon_Times
‘ကျောင်းကားပေါ်က ကလေးတွေက ကံအရမ်းကောင်းတယ်။ ကားခေါင်းထဲမှာညှပ်မိနေတဲ့ ယာဉ်မောင်းဟာ စတီယာတိုင်နဲ့ခြေထောက်ညှပ်နေခဲ့တာဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာကိုရွှေမေတ္တာ အသင်းအနေနဲ့ ရှေးဦးပြုစုနည်းနဲ့ ပြုစုခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာအားပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်”
ရွှေမေတ္တာလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ
Published_ 17 August 2023
#ဆယ်ဘီးကားနဲ့ကျောင်းကားတိုက်မိ #ကျောင်းသားများမစိုးရိမ်ရ
#tthl
#Yangon_Times
ထိုင်းနိုင်ငံ Rayong Stadium ကွင်းမှာ ကစားကြမှာလည်းဖြစ်
Published_ 17 August 2023
#မြန်မာ ယူ (၂၃) အသင်း #ထိုင်းနိုင်ငံ Rayong Stadium ကွင်း
#YMG/my
#Yangon_Times
‘‘နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ချေးငွေယူပြီး လုပ်ကိုင်လိုသူတွေအနေနဲ့ ဝက်(၁)ယူနစ်ကို ဝက်ကောင်ရေ (၁၀၀)အတွက် ချေးငွေကျပ်သိန်း(၃၅၀)ရရှိနိုင်မှာဖြစ်သလို အသားတိုးကြက်(သို့မဟုတ်) ဘဲ(၁)ယူနစ်ကို ကောင်ရေ(၃၀၀၀)မွေးမြူရန် ချေးငွေကျပ်သိန်း(၁၅၀) ထုတ်ချေးပေးလျက်ရှိကြောင်း၊ သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်ပါကသက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်’’ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်း
Published_ 17 August 2023
#အသားတိုးကြက် #ဝက်
#tthl
#Yangon_Times
အခုရက်ပိုင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိစ္စကို လူအများ စိတ်ဝင်စားနေကြတယ်လို့ PPST အဖွဲ့ဝင် တစ်ယောက်က YMG ကို ပြောပါတယ်။
Published_ 17 August 2023
#သဘောတူစာချုပ် (NCA) #PPST အဖွဲ့ဝင်
#Yangon_Times/PP
#Local_sport
Published_ 17 August 2023
အာဆင်နယ်အသင်း၏ နောက်ခံလူ တင်းဘားသည် ဒူးဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့်ကာလရှည်အနားယူရမည်ဖြစ်ပြီး ခွဲစိတ်ကုသမူလည်းခံယူရမည်ဖြစ်ကြောင်း သိရသည်။
နယ်သာလန်လက်ရွေးစင်တင်းဘားသည် ယခုနွေရာသီတွင် အေဂျက်အသင်းမှ ပြောင်းရွှေ့လာ သူဖြစ်ပြီး နော်တင်ဟမ်ဖောရက်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် ဒဏ်ရာရရှိ၍ လူစားလဲခဲ့ရသည်။"အေသေးစိတ် စမ်းသပ်စစ်ဆေးမှုများအရ တင်း ဘားသည် ညာဖက် ဒူးအရွတ်ကြောဒဏ်ရာရရှိသဖြင့် မကြာမီခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပြီးကာလတစ်ခုအနားယူရမည်ဖြစ်သည်။"ဟု အာဆင်နယ်အသင်းကတရားဝင်ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ပေါင် ၃၈ ဒသမ၅သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသည့်တင်းဘားသည် မန်စီးတီးကို အနိုင်ရသည့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁) အဖြစ်ဖောရက်စ်နှင့်ကစားခဲ့ရာတွင် ယခုကဲ့သို့ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
မိမိအနေဖြင့် ဘောလုံးကွင်းထဲသို့ ပိုမိုသန်မာကြံ့ခိုင်စွာဖြင့်အမြန်ဆုံးပြန်လာနိုင်ရန် မျှော်လင့်ကြောင်း တင်း ဘားက အင်စတာဂရမ်တွင်ရေးသားခဲ့သည်။
#Local_sport #အာဆင်နယ်နောက်ခံ လူတင်းဘား #ကာလရှည်အနားယူရမည်
Ref; fotmob 1
၁၇ ဩဂုတ် ၂၀၂၃
ဘရစ်နေစပီးယားနှင့် ဆမ်အက်ဂါရီတို့သည် ၁၄လသာ လက်ထပ်ခဲ့ပြီးနောက် တစ်ဦးနှင့်တစ်ဦးကွာပြဲကြတော့မည် ဖြစ်ကြောင်း တီအမ်ဇက် မဂ္ဂဇင်းကသတင်းရေးသားဖော်ပြပါတယ်။ ပီးပဲလ်မဂ္ဂဇင်းကြီးကလည်း များစွာသော အရင်းအမြစ်တွေကို ကိုးကားပြီး သူတို့နှစ်ဦးကွဲကွာသွားကြသည်မှာ သေချာကြောင်း အတည်ပြုပေးခဲ့ပါတယ်။
အသက် (၄၁)နှစ်အရွယ်ရှိ ပြဿနာအဆိုတော်ဟာ အသက်၂၉နှစ်အရွယ် အက်ဂါရီနှင့် ဩဂုတ် ၁၆ရက်ညကစပြီး သီးခြားခွဲနေကြမည်ဟု အဆိုတော်က ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ သူ့အပေါ်သစ္စာမရှိဘူးလို့ ဖူးသစ်စ မင်းသား အက်ဂါရီက ကောလာဟလတွေနှင့်ပတ်သက်လို့ သူမနှင့် အတိုက်အခံဖြစ်နေခဲ့ပါတယ်။
သူတို့နှစ်ဦးကွာပြဲသွားကြတာကို တိုက်ရိုက်သိတဲ့ သတင်းအရင်းအမြစ်က တီအမ်ဇက်ကို ပြောကြားရာမှာ အက်ဂါရီဟာ သူတို့ရဲ့အိမ်ဂေဟာကနေ ပြောင်းရွှေ့သွားပြီလို့ပြောပါတယ်။ “ဆမ်ဟာ ကွာရှင်းပြတ်စဲလိမ့်မယ်။ ဘယ်အချိန်ဆိုတာပဲ” လို့ အဆိုပါအရင်းအမြစ်က ပြောပါတယ်။
လိမ်လည်လှည့်စားတယ်ဆိုပြီးစွပ်စွဲကာ သူတို့နှစ်ဦး အကြီးအကျယ်စကားများကြပြီးနောက် အကွဲအပြဲကိစ္စပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
စပီးယားမှာ ဒုတိယအိမ်ထောင် အသက် ၄၅နှစ်အရွယ် ကေဗင်ဖီဒါလိုင်းနှင့်ရခဲ့တဲ့ အသက် ၁၇နှစ်အရွယ် ရှောင်ပရက်စတန်နှင့် အသက်၁၆နှစ်အရွယ် ဂျေဒန်ဂျိမ်းစ် သားနှစ်ဦးရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇွန်လ ၉ရက်နေ့က သူမဟာ အက်ဂါရီနှင့် လက်ထပ်ခဲ့တာဖြစ်ပါတယ်။
Source: ChannelNewsAsia
Page 1108 of 2001