#Local_News
Published_ 7 April 2023
သင်္ကြန်တွင်းမှာ ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးတွေလာရောက်နိုင်ဖို့ အခမဲ့တည်းခိုနိုင်တဲ့နေရာတွေ တောင်တက်ကားတွေ စီစဉ်ထားတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်တွင်း #ကျိုက်ထီးရိုးစေတီ #အခမဲ့တည်းခိုနေရာ
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
မြဝတီ-ကော့ကရိတ်လမ်းကို မဖြတ်သန်းဖို့ သတိပေးစာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နေတာကြောင့် ဒေသခံတွေက အခြေခံစားသောက်ကုန်ဈေး မြင့်တက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
#Local_News #မြဝတီ-ကော့ကရိတ်လမ်း #သတိပေးစာတစ်စောင် #အခြေခံစားသောက်ကုန်ဈေးမြင့်တက် #YMG #Yangon_Media_Group
#Daily_News
Published_ 7 April 2023
၁။မြဝတီ-ကော့ကရိတ်လမ်းကို မဖြတ်သန်းရန် သတိပေးစာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နေ၍ ဒေသခံများက အခြေခံစားသောက်ကုန်ဈေး မြင့်တက်မည်ကို စိုးရိမ်နေ
၂။သင်္ကြန်တွင်းတွင် ကျိုက်ထီးရိုးစေတီကို လာရောက်နိုင်ရန် အခမဲ့တည်းခိုနေရာများ ၊ တောင်တက်ကားများ စီစဉ်ထားဟုဆို
၃။သင်္ကြန်မတိုင်မှီ စက်သုံးဆီဈေး ဆက်တိုက်မြင့်တက်လာ 92တစ်လီတာလျင် ၂၃၀၀ကျပ် ဝန်းကျင်သို့ရောက်လာ
၄။အိန္ဒိယမှ အညိုရောင်အသားအရည်ပိုင်ရှင် မိတ်ကပ်ပညာရှင်များ၏ ဗီဒီယိုများရေပန်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 7 April 2023
အခုရက်ပိုင်းဧပြီလ(၈)ရက်မှ(၁၁)ရက်အတွင်း ဒေသအချို့မှာမိုးသည်းထန်တာ၊မိုးသက်လေပြင်းကျရောက်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီလ(၇)ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #ဒေသအချို့၌ မိုးသည်းခြင်း #မိုးသက်လေပြင်းကျရောက်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ အပါအဝင် သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၃ ဒသမ ၁၈ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
အဆိုပါ ကုန်သွယ်မှုရငွေများမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ (၁) ရက်မှ မတ်လ (၂၄) ရက်အထိ ပြည်ပသို့တင်ပို့သည့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ ပို့ကုန်ဝင်ငွေဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၂ ဒဿ မ ၆၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၁၀ ဒဿမ ၅၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းများ တင်ပို့ရာတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့် အခြားသတ္တုအမျိုးမျိုး တင်ပို့နေကြောင်း သိရသည်။
ymg/ppk
#Local_News #သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှု #အမေရိကန်ဒေါ်လာ
#YMG #Yangon_Media_Group





#Local_News
Published_ 7 April 2023
တရုတ်နိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhouမြို့တွင် The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်၊၊
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံတွင် လာရောက်၍ စီးပွားရေး လုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်မည်ဖြစ်သည်၊၊
ကုန်စည်ပြပွဲ၌ မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များအတွက် အကျယ် (၃၀) စတုရန်းမီတာရှိသော ပြခန်းတစ်ခုကို(အခမဲ့) ထောက်ပံ့ပေးမည်ဖြစ်သည်ဟုဆိုသည်၊၊
ယင်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးမြှင့်တင်ရန် ဖြစ်သည့်အတွက် ဖိုရမ်များ၊ Guest Country of Honour, Guest Provinces of Honour and Themes Cities အစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီစဉ်များနှင့် ကွန်ဖရင့်များကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃၊ E-mail:
ymg/tthl
#Local_News #တရုတ်နိုင်ငံ #Lanzhouကုန်စည်ပြပွဲ #ပြခန်းအခမဲ့ #မြန်မာလုပ်ငန်းရှင်များ #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
မဲခေါင်မြစ်ကော်မရှင် ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေးတို့အား လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဧပြီ ၄ ရက် နှင့် ၅ ရက် တို့တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဧပြီ ၄ ရက်တွင် ကျင်းပတဲ့ မဲခေါင်မြစ် ကော်မရှင်ဝန်ကြီးများအဆင့် အစည်းအဝေး၌ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Bounkham Vorachit က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ MRC အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်နှင့် ဒုတိယအတွင်းဝန် ဒေါ်အေးစုသွယ်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဧပြီ ၅ ရက်တွင်ကျင်းပတဲ့ စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်း အဝေး၌ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Sonexay Siphandone မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo Hun Sen ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh ၊ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ် ဆိုင်ရာရုံး အတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton ၊ တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Guoying Li ၊ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် မဲခေါင်မြစ်ကော်မရှင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Pedro Zwahlen တို့က မဲခေါင်မြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #မဲခေါင်မြစ် #ကော်မရှင်ထိပ်သီးအစည်းအဝေး #ဝန်ကြီးများအဆင့် #မြန်မာကိုယ်စားလှယ်အဖွဲ့ #YMG #Yangon_Media_Group


#Local_News
Published_ 7 April 2023
သင်္ကြန်ရုံးပိတ်ရက်ကာလ နယ်ပြန်မည့်သူများအတွက် ရထားလက်မှတ်များကို ဧပြီ ပထမပတ်မှစ၍ ရောင်းချပေး လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ဧပြီ ၇ ရက်မှစတင်၍ သင်္ကြန်အထူးရထားများကို ပြေးဆွဲပေးမည်ဖြစ်သည့်အတွက် ရထားလက်မှတ် ဝယ်ယူလိုသူများအနေဖြင့် အထက်တန်းတွဲ လက်မှတ်များကို သုံးရက်ကြိုတင်စနစ်၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်စနစ်ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်နှင့် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း ၊ဧပြီ ၈ ရက်တွင်ရန်ကုန်-မန္တလေး၊ မန္တလေး- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည် နှင့် ပြည်- ရန်ကုန် အထူး ရထားများကို ပြေးဆွဲပေးသွား မည်ဖြစ်သည်။
သင်္ကြန်ကာလတွင် လူစီးရထားများ အားလုံးပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် အထူးရထား ခရီးစဉ်ကို ပြန်လည်ပြေးဆွဲ မည်ဖြစ်ကာ ခရီးသည်စီးနင်းမှု အခြေအနေပေါ်မူတည်၍ လိုအပ်ပါက ဧပြီ ၉ ရက် နှင့် ဧပြီ ၁၈ ရက်တို့တွင် အထူးရထား များကို ထပ်တိုးပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ymg/ppk
#Local_News ##သင်္ကြန်အထူးရထား #နယ်ဝေးရထားလက်မှတ်များစတင်ရောင်းချ #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ အီလက်ထရောနစ်စက်ရုံမှ MoU အလုပ်သမား ၁၀၂၂ ဦး၊ အခြားအလုပ်သမား ၃၅ ဦး စုစုပေါင်း ၁၀၅၇ ဦး အလုပ်ထုတ်ပယ်ခြင်းခံရမှုနှင့် ပတ်သက်၍ ကူညီရန် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက လုပ်ဆောင်နေကြောင်း သိရသည်။
၎င်းစက်ရုံမှ အလုပ်သမားများက အဆိုင်း ၃ ဆိုင်းဖြင့် လုပ်ကိုင်နေရာမှ ၂ ဆိုင်းဖြင့် လုပ်ကိုင်လိုခြင်းကြောင့် ဆန္ဒပြမှုများဖြစ်ခဲ့ကြောင်း၊ယင်းကြောင့် အလုပ်သမားများ၏ ဆန္ဒအရ အလုပ်ချိန် သုံးဆိုင်းလုပ်ကိုင်လိုသူများနှင့် နှစ်ဆိုင်းလုပ်ကိုင်လိုသူများကို မတ်လ ၂၇ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၉၃ရာခိုင်နှုန်းမှာ အဆိုင်းသုံးဆိုင်းလုပ်ကိုင်ရန်မဲပေး၍ အဆိုင်းနှစ်ဆိုင်းလုပ်ကိုင်လိုသည့် အလုပ်သမား ၁၀၅၇ဦးကိုထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြာင်းသိရသည်။
အလုပ်ထုတ်ခံရသူများအနက် အခက်အခဲရှိသူများ လာရောက် ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် Call Center ရုံးကို အဆိုပါ စက်ရုံအနီးရှိ ခလောင်မဒီရ စည်ပင်သာယာရုံးတွင် ဖွင့်လှစ်ထားပြီး ထိုင်းအေဂျင်စီများ၊ စက်ရုံဝန်ထမ်း၊ မြန်မာစကားပြန်များဖြင့် အလှည့်ကျ တာဝန်ပေးအပ်ထားကြောင်း သိရသည်။
ဘတ်ငါးသန်းအေဂျင်စီများမှ အလုပ်သမားများ လက်ရှိနေသည့် အဆောင်၊ သင့်လျော်သည့် အဆောင်များတွင် ထားရှိပြီး လိုအပ်သည်များ ထောက်ပံ့လျက်ရှိရာ မြန်မာအေဂျင်စီများလည်း အလုပ်သမားများထံ သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ကူညီပံ့ပိုးလျက် ရှိကြောင်း ၊ လက်ရှိတွင် ထိုင်း-မြန်မာ အေဂျင်စီများက စက်ရုံ၌ ပြန်လည်လုပ်ကိုင်လိုသူ၊ နေရပ်ပြန်လိုသူ၊ အလုပ်ပြောင်းရွှေ့စာရရှိ လိုသူ(အလုပ်သစ် ရရှိလိုသူ၊ အခြားဆန္ဒရှိသူများ)စာရင်းကောက်ခံလျက်ရှိပြီး စာရင်းခွဲခြား၍ လိုအပ်သည်များ ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ မြန်မာအေဂျင်စီ(ငွေကြယ်စင်ဟိန်းနှင့် စွမ်းတော်ဝင်) ၂ ခု၏ ကောက်ယူထားသော စာရင်းများအရ အလုပ်ပြောင်းရွှေ့စာရရှိလိုသူ ၇၂ ဦး၊ အလုပ်ပြန်ဝင်လိုသူ ၂၂၂ ဦး စုစုပေါင်း ၂၉၄ ဦး ၊မြန်မာအေဂျင်စီ(Golden Royal Mandalay)၏ ကောက်ယူထားသော စာရင်းများအရ အလုပ်ပြောင်းရွှေ့စာရရှိလိုသူ ၈၈ ဦး၊ အလုပ်ပြန်ဝင်လိုသူ ၃ ဦး၊ အခြားအလုပ်ရရှိလိုသူ ၁၆၈ ဦး စုစုပေါင်း ၂၅၉ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Local_News #ထိုင်းနိုင်ငံ # အီလက်ထရောနစ်စက်ရုံ #အလုပ်ထုတ်ပယ်ခံရသူများ #ကူညီရန်အလုပ်သမားသံအရာရှိရုံးလုပ်ဆောင်
#YMG #Yangon_Media_Group





#Local_News
Published_ 7 April 2023
တရားမဝင် ဓာတ်အားသုံးစွဲသူများအနေဖြင့် ငွေဒဏ်အပြင် ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်ထိ ချမှတ်ခံရမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။
တရားဝင် ဓာတ်အားသုံးစွဲခွင့် ပြုထားသော ပြည်သူအချို့နှင့် တရားဝင်ဓာတ်အားသုံးစွဲခွင့် မရရှိသေးသော ပြည်သူအချို့မှာ မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲမှုများ ပြုလုပ်လျက်ရှိကြောင်း ၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲနေသည်ကို တွေ့ရကြောင်းလည်း ယင်း အသိပေးစာတွင် ဖော်ပြထားသည်။
မသမာသူများက လျှပ်စစ်ဓာတ်အားကို ခိုးယူသုံးစွဲခြင်း၊ မီတာမရှိဘဲ တိုက်ရိုက်ခိုးယူခြင်း ။မီတာရှိသော်လည်း မီတာမတက်အောင် ပြုလုပ်သုံးစွဲခြင်း ၊ မီတာမရောက်မီ အဝင်မှသုံးစွဲခြင်း( By Pass )၊ မီတာအဝင်ကြိုး ၊ အထွက်ကြိုး ခွထောက်သုံးစွဲခြင်း ၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုးပြောင်းပြန်တပ်ဆင်ခြင်း ၊ဆင့်ပွားဓာတ်အားဆက်သွယ်အသုံးပြုခြင်း ၊အထွေထွေအိမ်သုံးမီတာ ၊ အိမ်တွင်းသုံးပါဝါမီတာမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ အသေးစားစက်မှုလက်မှု၊ စက်မှုလက်မှုနှင့် တစ်လုံးတစ်ခဲတည်း မီတာမှခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲခြင်း၊ မီတာအမျိုးမျိုးအား ပြုပြင်၍ ဓာတ်အားခိုးယူသုံးစွဲခြင်း ( မီတာရှန့်လင့်များဖြုတ်ခြင်း) ၊ မီတာ၏အတွင်းအစိတ်အပိုင်းကို ပြုပြင်ထားခြင်း၊ မီတာရှိဝက်အူ( Serew )များ လျှော့ခြင်း တို့ကို တွေ့ရကြောင်း သိရသည်။
၎င်းအပြင် စက်မှုလက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အား အသုံးမပြုရန် ကန့်သတ်တားမြစ်ထားသည့် အချိန်အတွင်း လျှပ်စစ်ဓာတ်အားရယူ၍ စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုခြင်း ၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အလှည့်ကျ ဓာတ်အားပိတ်ထားသော အချိန်တွင် မိမိသဘောဖြင့် လျှပ်စစ်ဓာတ်အား ကို ရယူ၍ စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုခြင်း။
လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် အလှည့်ကျဓာတ်အားပိတ်ထားသောအချိန် တွင် မိမိသဘောဖြင့် လျှပ်စစ်ဓာတ်အားကိုရယူ အသုံးပြုခြင်း။ဓာတ်အားလိုင်း( ၂ )လိုင်းနှင့် ဓာတ်အားလိုင်း( ၂ )လိုင်း အထက်ဆွဲထားခြင်း ။အထွေထွေအိမ်သုံး ၊ အိမ်တွင်းပါဝါအသေးစားစက်မှုလက်မှု ၊ စက်မှုလက်မှု တစ်လုံး တစ်ခဲတည်း မီတာများတွင် ချို့ယွင်းမှုများ( Tampered )တရားမဝင်ပြုလုပ်ခြင်း တို့ကိုလည်း လုပ်ဆောင်ကြောင်း စိစစ်တွေ့ရှိရကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။
အလားတူ မီတာနှင့်တွဲဖက်သုံးစွဲထားသော Current Transformer ၊ Voltage Transformer များကိုလည်းကောင်း၊ မီတာနှင့် Current Transformer ၊ Voltage Transformer များကိုဆက်သွယ်ထားသော လျှပ်စစ်ပတ်လမ်း ( Electric Circuit ) ကိုလည်းကောင်း မူလအနေအထားမှ ပျက်ယွင်းအောင်ပြုပြင်မှု( Tampered )ပြုလုပ်ခြင်း ။မီတာနှင့်တွဲဖက်သုံးစွဲထားသော Current Transformer ၊ Voltage Transformer များကိုလည်းကောင်း ၊ မီတာနှင့် Current Transformer ၊ Voltage Transformer များကို ဆက်သွယ်ထားသော လျှပ်စစ်ပတ်လမ်း( Electric Circuit )ကိုလည်းကောင်း၊ Tampered ပြုလုပ်ခြင်း မဟုတ်သည့် မီးသုံးသူ၏ ပယောဂမပါရှိဘဲ အကြောင်းတစ်စုံ တစ်ခုခုကြောင့် အားနည်းမှု ၊ ချို့ယွင်းမှု ၊ ပျက်စီးမှုဖြစ်ခြင်းတို့ ရှိကြောင်းလည်း ပါရှိသည်။
ယင်း မသမာသောနည်းဖြင့် ဓာတ်အားသုံးစွဲသူများကြောင့် ဓာတ်အားပျောက်ဆုံးမှုများ ၊ ဗို့အားကျဆင်းမှုများ ၊ ထရန်စဖော်မာများမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုများ ၊ ဓာတ်လိုက်မှုအန္တရာယ်များ ၊ မီးဘေးအန္တရာယ်များနှင့် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေ လျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်နေသည့်အပြင် တရားဝင် ဓာတ်အားသုံးစွဲသူ ပြည်သူများအတွက် လည်း အနှောင့်အယှက်ဖြစ်ပေါ်စေမည်ဖြစ်သည့်အတွက် " သက်ဆိုင်ရာမြို့နယ်များမှလည်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
ကွင်းဆင်းရာတွင် သုံးစွဲမှုနည်းလမ်းတစ်ခုခုကို ဖောက်ဖျက်ကျူးလွန် ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိပါက မီးသုံးစွဲသူကာယကံရှင်နှင့်အတူ ပူးပေါင်းကြံစည်ပါဝင် လုပ်ဆောင်သူများအား ဓာတ်အားဖြတ်တောက်ခြင်း ၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများ အရေးယူခံရမည်ဖြစ်သည့်အပြင် ( ၂၀၁၄ ) ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ( ၅၂ )၊( ၅၃ )အရ အမှုဖွင့်တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ် အပြင် အနည်းဆုံးငါးနှစ် မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Local_News #တရားမဝင် ဓာတ်အားသုံးစွဲသူများ #ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်
#YESC အသိပေး #YMG #Yangon_Media_Group
#World_Military
Published_ 7 April 2023
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရေးကို ပံ့ပိုးကူညီတဲ့အနေနဲ့ကနေဒါနိုင်ငံက ဂျပန်သို့ စစ်လေယာဉ်တစ်စင်း စေလွှတ်ထားမယ်လို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ကနေဒါတော်ဝင်လေတပ်မှ CP-140 Aurora လေယာဉ်အား စေလွှတ်နေရာချလိုက်ပြီဖြစ်ကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး'အန်နီတာအာနန်'က ကြေညာလိုက်ပါတယ်။
CP-140 Aurora လေယာဉ်က မြောက်ကိုရီးယားအနေနဲ့ ရေကြောင်းဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများအတိုင်း လိုက်နာခြင်းရှိ/မရှိ၊ အထူးသဖြင့် လုံခြုံရေးကောင်စီမှ တားမြစ်ထားတဲ့ သင်္ဘောချင်းလောင်စာထည့်သွင်းခြင်း၊ အခြားကုန်ပစ္စည်းများပို့ဆောင်ခြင်းများကို အချိန်ရက်သတ္တပတ် ၆ ပတ်ကြာတဲ့အထိ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ကနေဒါအစိုးရအဖွဲ့က ပြောကြားခဲ့ပါတယ်။
ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားစီမံကိန်းများကြောင့် မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံခဲ့ရပါတယ်။
မတ်လ နှောင်းပိုင်းမှာလည်း ရေအောက်နျူကလီးယား တိုက်ခိုက်ရေးဒရုန်းအသစ်ကို စမ်းသပ်ခဲ့ကာ ခေါင်းဆောင်'ကင်မ်ဂျုံအန်'က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရပ်တန်းကရပ်သင့်ပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေက မြောက်ကိုရီးယားကို ရန်စနေသလိုဖြစ်နေကြောင်း တရုတ်နဲ့ရုရှားတို့ကလည်း ဝေဖန်အပြစ်တင်လိုက်ပါတယ်။
တစ်ဖက်ကလည်း ရုရှားနဲ့တရုတ်တို့ဟာ မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုများမှ ကာကွယ်ပေးပြီး ပိုမိုအားကောင်းအောင်ကူညီပေးနေတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း မြောက်ကိုရီးယားကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ သဘောထားကွဲပြားနေခဲ့ပါတယ်။
ဗီတိုအာဏာရ တရုတ်၊ ရုရှားတို့နဲ့အတူ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်လို့ ဘာမှထူးခြားစေမှာမဟုတ်ကြောင်း၊ ဒီလိုအရေးယူမှုများကို ဖြေလျှော့ပေးစေလိုကြောင်း ပြောကြားခဲ့ကြပါတယ်။
Source: Reuters
#World_Military #မြောက်ကိုရီးယား #ကနေဒါလေယာဉ်တစ်စီး # ဂျပန်တွင်နေရာချ #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ယခုနှစ်သင်္ကြန်ပွဲတော်တွင် လူငယ်သင်္ကြန်ဇုန်များ ထည့်သွင်းထားမည်ဖြစ်ပြီး လူငယ်များ ဆပ်ပြာမူန့်များဖြင့် ပျော်ရွှင်စွာ ကစားနိုင်မည့် Form Party နှင့်လူငယ်များအတွက် ရောင်စုံသင်္ကြန် Colourful Party များထည့်သွင်းကျင်းပပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။
ဧပြီလ ၆ရက်နေ့က ပြည်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် နေပြည်တောင်ကောင်စီနယ်မြေအတွင်း တိုင်းရင်းသားရေကစားမဏ္ဍပ် ပြင်ဆင်ဆောက်လုပ်ထားရှိမှုနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အများပြည်သူ လျှောက်လမ်းများအပေါ်တွင် ရေမှုန်ရေမွှားများဖြင့် ပက်ဖျန်းပေးနိုင်ရေး ဆောင်ရွက်ပြင်ဆင်နေမှုများ၊ သနပ်ခါးသင်္ကြန်ဇုန်နှင့် ဝင်ပေါက်အမှတ် (၁) တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးနိုင်ဖို့ညွှန်ကြားခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့မှာလည်း ယခုနှစ်သင်္ကြန်ပွဲတော်အတွက် မြို့တော်ခန်းမအနီးမှာ ဗဟိုရေကစားမဏ္ဍပ် တည်ဆောက်နေပြီး မဟာဗန္ဓူလပန်းခြံဘေးမှာလည်း လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စီစဉ်နေကြောင်းသိရသည်။ဒါ့အပြင် ရန်ကုန်မြို့ပြည်သူရင်ပြင်တွင်သင်္ကြန်ပွဲတော်ကျင်းပဖို့ စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်နှင့်ကန်တော်ကြီးတို့မှ ရေဆက်သွယ်ကစားလိုပါက ဧပြီ၁၃ရက်နေ့ (အကြိုနေ့)နောက်ဆုံးထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမူ)သို့ ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမှာဖြစ်ကြောင်း အဆိုပါကော်မတီမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News ##ယခုနှစ်သင်္ကြန် #Form Party #Colourful party
#YMG #Yangon_Media_Group



Page 1108 of 1816