Published_ 14 November 2023

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍမှလုပ်ကိုင်သူများကိုချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလ သက်တမ်း တစ် နှစ် ထပ်မံတိုးမြှင့်ပေးထားကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ချက်အရသိရသည်။

အဆိုပါကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍမှလုပ်ကိုင်သူကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခုရှိရာ သတ်မှတ်ချက်များဖြင့်ကိုက်ညီသူများအားချေးငြွေပန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် ပြည့်သည့် နေ့မှစ၍ နောက်ထပ် တစ် နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာထားသည်။

အဆိုပါသတ်မှတ်ချက်များမှာပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ပြီး ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

၄အပြင် ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လုပ်ငန်းကော်မတီမှ ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြသောကြောင့်မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ထို့ကြောင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် အသိပေးကြေညာထားကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group