#Local_News
Published_ 9 January 2023
၂၀၂၂ခုနှစ်တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှာ မီးလောင်ကျွမ်းမှု(၂၄၄)ကြိမ်၊ဆုံးရှုံးမှုတန်ဖိုးကျပ်သန်းပေါင်း(၁၀၄၀)သန်းရှိခဲ့ပေမယ့် အရင်နှစ်ကထက်မီးလောင်ကျွမ်းမှုနဲ့ဆုံးရှုံးမှုတန်ဖိုးနည်းပါးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရပါတယ်၊၊
#Yangon_Media_Group
#World_Adventure
Published 9 January 2023
ပြင်သစ်အမျိုးသမီး ၅ ဦးနဲ့ စပိန်အမျိုးသမီး ၁ ဦးတို့ဟာ ကြာသပတေးနေ့ကစတင်ပြီး လှော်တက်လှေပေါ်မှာ အလှည့်ကျလှော်ခတ်နေကြပြီဖြစ်ပါတယ်။
လီမာပင်လယ်အော်ကနေ စတင်ကာ ၈ ထောင်ကီလိုမီတာကွာဝေးတဲ့ ပီရူးနဲ့ ပိုလီနေရှာဖရန့်ချ် မူရီယာကျွန်းကြား စိန်ခေါ်လှော်ခတ်သွားကြမှာဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_9 January 2023
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုပဲမျိုးစုံတင်ပို့မှုကနေ မတ်ပဲနဲ့ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 January 2023
လတ်တလောမှာ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကို မကျွေးမွေးမစောင့်ရှောက်နိုင်တော့လို့ လမ်းဘေးမှာပစ်သွားတာမျိုးတွေအဖြစ်များနေတယ်လို့ မြဆည်းဆာဘိုးဘွားရိပ်သာ၊အကျိုးတော်ဆောင် ကိုဇင်မိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_9 January 2023
လက်တလောမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ပိတ်ထားပေမယ့် လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမယ်ဆိုပြီး လိမ်ညာမှုတွေ ရှိနေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 9 January 2023
၁။ လူမှုကွန်ရက်တွင် ပတ်စ်ပို့လုပ်ပေးမည်ဟု ကြေညာပြီး လိမ်လည်မှုများရှိနေ
၂။ သက်ကြီးရွယ်အိုဘိုးဘွားများကို လမ်းဘေးတွင်ပစ်သွားခြင်းများအဖြစ်များနေ
၃။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မတ်ပဲနှင့်ပဲတီစိမ်း အများဆုံးတင်ပို့ထား
၄။ (၈,၀၀၀)ကီလိုမီတာကွာဝေးသည့် တောင်အမေရိကမှဖရန့်ချ်ပိုလီနေရှာသို့ အမျိုးသမီး(၆)ဦးလှေလှော်ခရီးစတင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းမှာရှိတဲ့ မူဆယ်-ရွှေလီ ရဲ့ နယ်စပ်ဂိတ်(၃)ခု ကို တရုတ်ဘက်က ဖွင့်တယ်လို့ ကြေညာပေမဲ့ မြန်မာနိုင်ငံဘက်က ပေးမဖွင့်သေးပါဘူး။
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာကျဆင်းလာပြီး လက်ရှိတွင်လည်း အကျဈေးနှုန်းဖြင့် ရပ်တန့်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းအထိ တစ်လီတာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေရာမှ ယခုတပတ်အတွင်း တဖြေးဖြေးအကျဖက်သို့ ဦးတည်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီလ ၉ ရက်)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၅၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၈၀ ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ယင်းအပြင် လက်ကားရည်ညွှန်းဈေးနှုန်းများအနေဖြင့် 92 တစ်လီတာလျှင် ၁၈၅၂ ကျပ် ဖြစ်ပြီး 95 တစ်လီတာကို ၁၉၂၂ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်းသတ်မှတ်ပေးထားကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရှိ စက်သုံးဆီရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှော င်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေးကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 9 January 2023
(၂၀၂၃)ခုနှစ် ဇန်နဝါရီလအတွင်းဂျာမန်ဘာသာစကား အခမဲ့လေ့လာသင်ယူနိုင်မည့် Free Trial Classကို အွန်လိုင်းကနေတစ်ဆင့်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းGoethe -Institut Myanmar မှ သိရသည်၊၊
သင်တန်းကို ဇန်နဝါရီလ (၁၁) ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံသိရှိထားရမည့်ဂျာမန်ဘာသာ စကားအကြောင်း ၊ အက္ခရာများနှင့်အသုံးဝင်မည့်စကားလုံးများကို လေ့လာရမည်ဖြစ်၍ ဂျာမန်ဘာသာဖြင့်ပတ်သတ်သည့်အခြေခံဗဟုသုတများကို လေ့လာနိုင်မည်ဖြစ်သည်၊၊
Free Trial Class ကိုအွန်လိုင်းကနေပြုလုပ်မှာဖြစ်ပြီး လူဦးရေ (၅၀) အထိသာလက်ခံသွားမှာဖြစ်လို့ စိတ်ဝင်စားသူတွေအနေဖြင့်ဇန်ဝါရီလ (၁၁) ရက် ၊ နံနက် (၁၀) နာရီ နောက်ဆုံးထားပြီး
ပါဝင်သင်ကြားလိုသူများအနေဖြင့် ဇန်ဝါရီလ (၁၁) ရက် ၊နေ့လည် (၁) နာရီ မှ နေ့လည် (၂ ၀၀) နာရီအထိ Zoom Meeting ဖြင့် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး ဥရောပနိုင်ငံတော်တော်များများတွင်လည်း ဂျာမန်ဘာသာစကားကို အသုံးပြုကြ၍ ဂျာမန်စာလေ့လာထားခြင်းကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နာရေးပို့ဆောင်သည့်ကားတစ်စီး ချောက်ထဲထိုးကျ၍ ယာဉ်ပေါ်တွင်လိုက်ပါသူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ယခုအခါ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်း မော်လမြိုင်အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
အသုဘပို့ဆောင်ရန်ရပ်ထားသည့်ယာဉ်မှာ ယာဉ်မောင်းမရှိချိန်ဂီယာပြုတ်ကျ၍ ချောက်ထဲထိုးကျခဲ့မှု ဇန်နဝါရီလ ၈ ရက် ညနေ ၂နာရီ မိနစ်၄၀ခန့်က မော်လမြိုင်မြို့၊ သွေးသောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ယာဉ်က ချောက်ထဲထိုးကျသွားတော့ အသုဘပို့ဖို့လိုက်ပါလာတဲ့သူထဲက ၅ဦး ထိခိုက်ရခဲ့တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတော့မရှိဘူး။ ဒဏ်ရာရတဲ့သူတွေကို လူမှုကယ်ဆယ် ရေးအသင်းတွေက ဆေးရုံကို ပို့ပေးခဲ့ပါတယ်” မော်လမြိုင်အရေးပေါ်လူမှုကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၅၃၀ ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်တစ်ပါတ်ထက် ၆၀ ကျပ် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ သတ်မှတ်ထားပေးထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းနေရကြောင်း သိရသည်။
ယင်းအပြင် ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 9 January 2023
ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ၄င်းတို့စုဆောင်းထားသည့် ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခု ထိန်းသိမ်းခွင့်ပေးအပ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှသိရသည်၊၊
အဆိုပါ ထိန်းသိမ်းခွင့်ပေးအပ်သည့်'ရှေးဟောင်းဝတ္တုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ( ၅)ရက်က ပုဂံရှေးဟောင်းသုတေသနဌာနခွဲ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်များနှင့် Bagan Myanmar Group of companies မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဌာနခွဲညွှန်ကြားရေးမှူးမှ ဦးအောင်ကြည်(အထွေထွေမန်နေဂျာ၊ Bagan Myanmar Group of Companies) ထံသို့ ၎င်းတို့စုဆောင်းထားသည့်ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခုတို့အတွက် ထိန်းသိမ်းခွင့်လက်မှတ်နှင့် ရှေးဟောင်းဝတ္တုပစ္စည်းစာရင်း မှတ်တမ်းစာအုပ်တို့ကိုပေးအပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1115 of 1700