#Local_News
Published-9 November 2023


ရန်ကုန်တိုင်း၌ ဆောင်းဆီထွက်သီးနှံလျာထားချက်ဧက၏ ထက်ဝက်ကျော်ဖြင့် နေကြာသီးနှံအား အဓိကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ယခု၂၀၂၃_၂၀၂၄ စိုက်ရာသီအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆီထွက်သီးနှံဧက၁၇,၆၄၀ စိုက်ပျိုးရန်လျာထားပြီးနေကြာကို ဧက ၈,၉၆၉ ဖြင့် အများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေကြာကို တိုက်ကြီးမြို့နယ်၌ ၂၄၁၄ ဧကဖြင့် အများဆုံး၊ လှည်းကူးမြို့နယ်၌ ၈၅၄ ဧက ဖြင့် ဒုတိယအများဆုံး၊ ကွမ်းခြံကုန်းမြို့နယ်၌ ၈၃၄ ဧကဖြင့် တတိယ အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် နှမ်းစိုက်ဧက ၄,၉၅၃ ဧကနှင့် မြေပဲစိုက်ဧက ၃,၇၁၈ဧက စိုက်ပျိုးရန်လျာထား‌ခြင်းဖြစ်ပြီး မြေပဲကိုတိုက်ကြီးမြို့နယ်၌ ၁,၅၅၇ ဧကဖြင့် အများဆုံး၊ လှည်းကူးမြို့နယ်၌ ၉၇၀ ဧက ဖြင့်ဒုတိယအများဆုံး၊ ထန်းတပင်မြို့နယ်၌ ဧက ၅၂၀ ဖြင့် တတိယအများဆုံးနှင့် နှမ်းကို တိုက်ကြီးမြို့နယ်၌ ၄,၉၃၁ ဧကဖြင့် အများဆုံးနှင့် မှော်ဘီမြို့နယ်၌ ၂၀ ဧကဖြင့် ဒုတိယအများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၌ ဆောင်းပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား မိုးရွာသွန်းမှုကုန်ဆုံးချိန်နောက်ကျခြင်းနှင့် စောခြင်းပေါ်မူတည်၍ အောက်တိုဘာနှင့် နိုဝင်ဘာစသည့်လများ၌ စတင်စိုက်ပျိုးလေ့ရှိကာ အပင်သက်တမ်းများမှာသုံးလကြာမြင့်လေ့ရှိကြောင်း သိရသည်။

 

#Local_News #ရန်ကုန်တိုင်း #နေကြာသီးနှံ #ဆောင်းဆီထွက်သီးနှံ #YMG/NN #Yangon_Times