#Local_News
Published_ 09 November 2023


အစားအစာဘေးကင်းစေရေးအတွက် တရားမဝင်အသားများ ရောနှောရောင်းချမှုရှိမရှိ ရန်ကုန်မြို့ရှိ ဈေးများတွင် လိုက်လံစစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ၏ထုတ်ပြန်ချက်များ အရသိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေ ပြည်သူများနေ့စဉ်စားသုံးသည့်အသား/ငါးများမှ တစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများအား ဝင်ရောက်စစ်ဆေးခဲ့နေခြင်းဖြစ်သည်။

 

နိုဝင်ဘာ ၈ ရက်တွင် ယင်းဌာနမှ ဒုတိယ တိရစ္ဆာန်ဆေးကုမှူး ဒေါက်တာနွယ်နီဝင်းဦးစီးအဖွဲ့သည် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ အမှတ်(၈၈)ဈေး သို့သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

 

နိုဝင်ဘာ ၉ ရက်တွင်လည်း အဆိုပါအဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိကေတုမတီဈေးသို့ သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှ ဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#Local_News #တရားမဝင်အသား #ရောနှောရောင်းချမှုရှိမရှိ #လိုက်လံစစ်ဆေးကြပ်မတ်နေ
#tthl #Yangon_Times