Published-13 July2023
ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်နှင့်သာတေတမြို့နယ်တို့တွင် ဇူလိုင်လ ၁၃ရက် ယနေ့နံနက်ပိုင်းက အိမ်ခြေမဲ့ အလောင်းနှစ်လောင်းတွေ့ရှိကြောင်းလူမှုကူညီရေးအသင်းများထံကသိရသည်။
ဇူလိုင်လ၁၃ရက်နံနက် ၆နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့လယ်ကျောက်တံတားမြို့နယ် လမ်း၄၀ အနော်ရထားလမ်းထိပ်တွင် အိမ်ခြေမဲ့အမျိုးသား၁ဦးလဲကျသေဆုံးလျက်တွေ့ရှိခဲ့၍ လင်းလက်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထို့အတူ ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်ကသာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ မြေနီမှတ်တိုင်အနီး အိမ်ခြေမဲ့ အလောင်းတစ်လောင်း တွေ့ရှိကြောင်း အကြင်နာကုသိုလ်လူမှုကူညီရေးအသင်းကသိရသည်။
" ဒီနားတဝိုက် မှာ အမြဲတွေ့နေကျပဲ၊ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ အကောင်းကြီးပါ။ ဒီမနက် ရေအိုးစဉ်မှာရေသောက်ရင်းလဲကျသွားတာကနေ အသက်ပါသွားတာပါ"ဟုအဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
သေဆုံးသူ၂ဦးလုံးမှာအိမ်ခြေမဲ့ဖြစ်သောကြောင့် ပိုင်ရှင်မဲ့အလောင်းများကိုမြို့နယ်လူမှုကူညီရေးအသင်းများမှ ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times
ဒီဂျစ်တယ်ငွေပေးချေမှု သိသိသာသာမြင့်တက်လာသည့်အတွက် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးမှု လိုအပ်လာ
ပထမဆုရရှိတဲ့ ဗီဒီယိုဖိုင်ကို ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN-JAPAN Cyber Security Awareness Video Competition-2023 ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုပေးပို့မည်
Yangon_Times/my
#Local_News
#Published_ 13 July 2023
#YMG #Yangon_Times
Published_ 13 July 2023
ချင်းတွင်းမြစ်ရေတက်နေသောကြောင့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တွင် မြစ်ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်။
အဆိုပါမြစ်ရေသည် ဇူလိုင်၁၃ရက်မနက်ပိုင်းတွင် ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည်ဟုဆိုသည်။
ဇူလိုင်၁၃ရက်မနက်ပိုင်းတွင်ဟုမ္မလင်းမြို့၏စိုးရိမ်ရေအမှတ်အောက်(၃)ပေခန့်တွင်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သည်ဟုဆိုသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တွင်နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ဖြစ်၍ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန်အကြံပြု သတိပေးထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Published_ 13 July 2023
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ယင်းတို့ အနေဖြင့်လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းကပြောသည်။
“ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမတ်ဝီနိုင်းဟာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်ရှိလာတာ ရှိပါတယ်။
နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်။ နှစ်ယောက်ချင်း တွေ့ဆုံတာ ဖြစ်ပါတယ်။
တွေ့ဆုံတာက တစ်နာရီခွဲနီးပါးလောက် ကြာပါတယ်။ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်တွေ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့လည်း သူဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးတာ ဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် မသိရှိပါဘူး။
ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ရချက်အရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီများအား ပြောသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က NUG နှင့် PDF များကို အသိအမှတ်မပြုသကဲ့သို့ ထောက်လည်း မထောက်ခံကြောင်းပြောကြားခဲ့သည်ဟု ဂျပန်အခြေစိုက် သတင်းဌာနက ရေးသားသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
လက်ရှိမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ ပုံစံတူ ရုပ်တုကို ထုလုပ်နေပြီး
ဆရာတော်ရဲ့ဓာတ်ပုံနှစ်ပုံကို သူ့ရဲ့ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေထားပြီး မည်သည့်ပုံ ထုလုပ်ရမည်ကို အကြံဉာဏ်တောင်းခံ
Yangon_Times/my
#Local_News
#Published_ 13 July 2023
#YMG #Yangon_Times
စာသင်ကျောင်းများ၌ အာဟာရဖွံဖြိုးရေးများလုပ်မည်
‘မြန်မာနိုင်ငံမှာ နိုသောက်တဲ့အလေ့အကျင့်အားနည်းနေတဲ့အတွက် ကယ်ဆီယမ်ဓာတ်အားနည်းပြီး အမျိုးသမီးတွေမှာ အရိုးပွ၊အရိုးကျိုးတာနဲ့ကလေးငယ်တွေမှာ အရပ်ပုတာတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်မိုလို့ ကလေးငယ်တွေကို နိုနဲ့နိုထွက်ပစ္စည်းအာဟာရတွေ တိုက်ကျွေးသွားမယ်’ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း
Yangon_Times/tthl
#Local_News
#Published_ 13 July 2023
#YMG #Yangon_Times
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ မြန်မာ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယတွေကို အတည်ပြုပြောဆိုပါတယ်။ နှစ်ဦးတည်းသာ လွတ်လွတ်လပ်လပ်တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သူကပြောပါတယ်။
#YMG #Yangon_Times
Published_ 13 July 2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဆွမ်းခံကြွလာသည့် သံဃာတော် ၁ ပါး ခွေးကိုက်ခံရ၍ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ပြည်)က သိရသည်။
ဖြစ်စဥ်မှာယနေ့ ဇူလိုင်လ၁၃ရက် နံနက် ၈နာရီအချိန်က ပြည်မြို့၊ ဆံတော်ရပ်ကွက် ဘူတာကြီးအရှေ့ ( Hotel 3D အနီး )တွင် ဆွမ်းခံကြွလာစဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"မနက်၈နာရီလောက်က ဆွမ်းခံကြွဘုန်းကြီးတစ်ပါး ခွေးကိုက်ခံရလို့ ဒဏ်ရာတွေရနေတယ်လို့ အကြောင်းကြားလာတယ်။ အကြောင်းစုံကိုတော့ သေချာမသိခဲ့ရဘူး။ ခွေးကိုက်ဖို့လိုက်တော့ ပြေးတာမှာ လဲကျတာမျိုးလားလည်းမသိ။ ဦးခေါင်းကဒဏ်ရာရတာကတော့ သေချာပါတယ်"ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါလူမှုကူညီရေးအသင်းမှ မြေပြင်အရေးပေါ်ကုသ လိုအပ်သည်များကို ပြုစုကူညီပေး၍ အရေးပေါ် ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးသို့ ပါရမီ (3) အရေး ပေါ်ယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
အမျိုးသမီး ယူ- ၁၉ ပြိုင်ပွဲ မြန်မာနှင့် ဗီယက်နမ် ယှဉ်ပြိုင်ကစားမည်။
ဆီမီးဖိုင်နယ်ပွဲစဥ်မှာ အိမ်ရှင်အင်ဒိုနီးရှားအသင်းနဲ့ ထိုင်းအသင်း၊ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်း တို့ ယှဉ်ပြိုင်ကစားမည်
Yangon_Times/my
#Local_News
#Published_ 13 July 2023
#YMG #Yangon_Times
နိုင်ငံခြားငွေ လဲလှယ်ခွင့်ရကုမ္ပဏီ(၁၀)ခုကို လိုင်စင်ရုပ်သိမ်း
‘မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နှင့်ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိသည့် အတွက် နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) တွေကို အမှုဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်း’မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Yangon_Times/tthl
#Local_News
#Published_ 13 July 2023
#YMG #Yangon_Times
Published_ 13 July 2023
စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဒဲနစ် မန်ဒူးရော့ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့်တွေ့ဆုံ၍ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထိုသို့ဆွေးနွေးရာတွင် အထူးသဖြင့်သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာပူးပေါင်း ထုတ်လုပ်ရေး၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆေးဘက် ဆိုင်ရာ အထောက်အကူပြုပစ္စည်း ကိရိယာများထုတ်လုပ်ရေး၊ MSME စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် အခွင့်အလမ်းများ ရှာဖွေနေမှုနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲသို ရုရှားနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး Alexey V. Gruzdev၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကဌာန၊ ညွှန်ကြားရေးမှူး Nosov Sergey Sergeevich ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းနှင့် အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူးPiven Valery Vyacheslavovich ၊ ဒုတိယ ဝန်ကြီးချုပ်၏ လက်ထောက် Alexey A. Mednikov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ စီးပွားရေးသံမှူး Kazadaev Vladimir Sergeevich နှင့် မြန်မာကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲသည် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံ၊ ရက်ကတ်ထရင်ဘတ်မြို၌ ကျင်းပသည့် INNOPROM International Industrial Exhibition သိုတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#YMG #Yangon_Times
Published_ 13 July 2023
ဘီလျံနာစွန့်ဦးတီထွင်သူ 'အီလွန်မက်စ်'က နှစ်ရှည်လများစီစဉ်နေတဲ့ ဉာဏ်ရည်တုကုမ္ပဏီအသစ် xAI ကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ChatGPT အစားထိုးတည်ဆောက်ဖို့ တူညီတဲ့ အမေရိကန်နည်းပညာကုမ္ပဏီကြီးများမှ အင်ဂျင်နီယာများ ပါဝင်တဲ့အဖွဲ့ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
တက်စ်လာလျှပ်စစ်ကားထုတ်လုပ်ရေး စီအီးအို၊ စပေ့စ်အိတ်စ်ကုမ္ပဏီ စီအီးအို၊ တွစ်တာပိုင်ရှင်ဖြစ်တဲ့ အီလွန်မက်စ်က ထိုကုမ္ပဏီကို ဦးဆောင်သွားမှာဖြစ်ကာ ဉာဏ်ရည်တုတီထွင်မှုကို ခေတ္တရပ်ဆိုင်းသင့်ပြီး စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်လိုအပ်ကြောင်း အကြိမ်ကြိမ်ပြောကြားထားပါတယ်။
ဉာဏ်ရည်တုကြောင့် လူသားကဏ္ဍပျက်စီးနိုင်မယ့် အလားအလာအကြောင်း မက်စ်ကစိုးရိမ်ပူပန်ကြောင်း အကြိမ်ကြိမ် သတိပေးထားပါတယ်။
ဗုဒ္ဓဟူးနေ့ညနေခင်းမှာ မက်စ်က ပိုမိုဘေးကင်းစိတ်ချရတဲ့ ဉာဏ်ရည်တုတည်ဆောက်ရန် သူ့ရဲ့အစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။
အကယ်၍ ဉာဏ်ရည်တုက စကြဝဠာရဲ့ သဘောသဘာဝကို နားလည်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဒါဟာ ဉာဏ်ရည်တုဘေးကင်းရေးရှုထောင့်ကနေ တွေးခေါ်နိုင်တဲ့ အကောင်းဆုံးအရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လူသားတွေထက် ပိုပြီးထက်မြက်ပါးနပ်တဲ့ စူပါဉာဏ်ရည်တုတွေ လာမယ့် ၅ နှစ် ၆ နှစ်အတွင်း ရောက်ရှိလာလိမ့်မယ်လို့ မက်စ်က ခန့်မှန်းလိုက်ပါတယ်။
ChatGPT နောက်ကွယ်က OpenAI ကုမ္ပဏီကို ၂၀၁၅ ခုနှစ်က ပူးတွဲတည်ထောင်ခဲ့တဲ့ မက်စ်ဟာ ၂၀၁၈ မှာ ကုမ္ပဏီဘုတ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
xAI အဖွဲ့မှာ ဂူဂဲလ်ဒီ့ပ်မိုင်း အင်ဂျင်နီယာဟောင်း အီဂေါဘာဘုရှ်ခင်၊ ဂူဂဲလ်မှာ အလုပ်လုပ်ခဲ့တဲ့ တိုနီဝူ၊ ဂူဂဲလ်မှ သုတေသနသိပ္ပံပညာရှင် 'ခရစ်ရှန်ဆဇက်ဂျဒီ'၊ မိုက်ခရိုဆော့ဖ်မှာ လုပ်ခဲ့တဲ့ ဂရက်ယန်တို့ ပါဝင်ပါတယ်။
နီဗာဒါမှာ တည်ထောင်တဲ့ X.AI အမည်ရှိကုမ္ပဏီတစ်ခုကို မက်စ်က မတ်လမှာ မှတ်ပုံတင်ခဲ့ပါတယ်။
ကုမ္ပဏီမှာ မက်စ်က တစ်ဦးတည်းသော ညွှန်ကြားရေးမှူးဖြစ်ပြီး မက်စ်ရုံးချုပ် စီမံညွှန်ကြားရေးမှူး ဂျဲရတ်ဘာချယ်လ်က အတွင်းရေးမှူးဖြစ်ပါတယ်။
xAI အဖွဲ့ကို အကြံပေးမယ့် ဒန်ဟင်ဒရစ်ခ်က လက်ရှိမှာ AI Safety စင်တာညွှန်ကြားရေးမှူးဖြစ်ပြီး သူ့ရဲ့အလုပ်က AI အန္တရာယ်တွေကို ကြီးကြပ်ရတာဖြစ်ပါတယ်။
မက်စ်ရဲ့ကုမ္ပဏီအသစ်က တွစ်တာ၊ တက်စ်လာ၊ အခြားကုမ္ပဏီများနဲ့လည်း နီးစပ်စွာလုပ်ကိုင်သွားမှာဖြစ်ပါတယ်။
xAI က ဆန်ဖရန်ဆစ္စကိုဘေးနေရာမှာ အတွေ့အကြုံရှိ အင်ဂျင်နီယာများနဲ့ သုတေသီများ ခေါ်ယူနေပါတယ်။
Source: Reuters.
#World_News
#YMG #Yangon_Times
Page 1100 of 1941