#Daily_News
Published_ 8 May 2023
၁။ မုန်တိုင်းဖြစ်နိုင်ခြေ လမ်းကြောင်းအနည်းငယ်ပြောင်းလဲမှုရှိ၊ ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့ထက်ရခိုင်ကမ်းရိုးတန်းဒေသဘက်ဦးတည်နေ
၂။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပျက်စီးမှုများ မဖြစ်စေရန် တောင်သူများအား ကူညီရေး ဆန်စပါးအသင်းချုပ်က ကြိုတင်စီစဉ်
၃။ ဓာတ်တော်ချိုင့်ရေတံခွန်တွင် ရေဆင်းကူရာမှလူငယ်ဦး ရေနစ်သေဆုံး
၄။ အာဖဂန်နစ္စတန်တွင် ခေတ်အဆက်ဆက် တိုယိုတာကိုရိုလာကားများအားလူကြိုက်များနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးရသတင်း
____________
ယခုသတင်းတင်ဆက်နေချိန်တွင် လေဖိအားနည်းရပ်ဝန်းမဖြစ်သေးသောလည်း ယနေ့ မွန်းလွဲ၁နာရီအချိန်ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်နေကြောင်း ဖြည့်စွက်သတင်းပေးပို့အပ်ပါသည်
#Yangon_Media_Group #Daily_News #YMG
Published 8 May 2023
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီလို့ မိုး/ဇလ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
------------------------------------------
(၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=================================================
(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
----------------------------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ (၉.၅.၂၀၂၃)ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး (၁၀.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားကောင်း လာနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) သတိပေးနှိုးဆော်ချက်
------------------------------------------
သို့ဖြစ်ပါ၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉.၅.၂၀၂၃)ရက်နေ့မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက် ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အကြံပြုချက်
----------------------------------
အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်း ရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထု အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များ ကိုစောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါ သည်။
Published 8 May 2023
မြန်မာနိုင်ငံမှာ ဆိုက်ဘာလိမ်လည်မှုအစိတ်အပိုင်းတစ်ခုအဖြစ် လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၂၀ ဦးကို ပြည်တွင်းကွန်ယက်တွေရဲ့ အကူအညီနှင့် အင်ဒိုနီးရှားက ကယ်ထုတ်နိုင်ခဲ့တယ်လို့ အေပီသတင်းဌာနက သတင်းဖော်ပြထားပါတယ်။
အဲဒီအင်ဒိုနီးရှားနိုင်ငံသား ၂၀ ဦးကို မြဝတီမြို့ကနေ ထိုင်းနယ်စပ်ရောက်အောင် စနေနေ့က ကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားသံရုံးကပြောပါတယ်။
ဘန်ကောက်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားတွေကို နေရပ်ပြန်ပို့ပေးဖို့ ထိုင်းအာဏာပိုင်တွေနှင့် အနီးကပ်လုပ်ဆောင်နေပြီလို့လည်း သံရုံးကဆိုပါတယ်။
အလုပ်ခန့်ထားရေးကုမ္ပဏီအတုတွေက သူတို့ကို ထိုင်းမှာ လစာကောင်းကောင်းအလုပ်ရမယ်ဆိုပြီး ညာခေါ်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့ကို မြဝတီမြို့ကို ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကို မြဝတီမြို့မှာ ခရစ်ပတိုဝက်ဘ်ဆိုက်နှင့် အက်ပလီကေးရှင်းတွေအသုံးပြုပြီး ဆိုက်ဘာကနေလိမ်ညာတဲ့အလုပ်တွေလုပ်ဖို့ ပို့ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ ဂျူဒါနူဂရာဟာကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီသူတွေထဲက တစ်ဦးက သူတို့ဒုက္ခရောက်နေတဲ့ ဗီဒီယိုတစ်ခုကို ပြီးခဲ့တဲ့လက တင်ပြီးတဲ့နောက် အဲဒီဗွီဒီယိုကို လူတော် တော်များများသိသွားခဲ့ပါတယ်။ သူတို့က အင်ဒိုအစိုးရကို သူတို့ကိုကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
မြဝတီမရောက်ခင်အထိ လွန်ခဲ့တဲ့ ၈ လအတွင်း သူတို့ဟာ ကုမ္ပဏီတစ်ခုကနေ နောက်တစ်ခုကို တစ်မျိုးပြီးတစ်မျိုး လွှဲပြောင်းပေးခံခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။ ညှင်းပန်းနှိပ်စက်မှုတွေအမျိုးမျိုးခံခဲ့ရတယ်လို့လည်း သူတို့က ပြောကြောင်း သတင်းအရသိရပါတယ်။
မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းမှာ သူတို့ဝင်လာတဲ့ အထောက်အထားမတွေ့ရှိရတဲ့အတွက် သူတို့ဟာ မြန်မာနိုင်ငံထဲ လူကုန်ကူးခံရတာဖြစ်ဖို့များတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေကပြောပါတယ်။
သူတို့ဘယ်လိုလွတ်မြောက်လာတယ်ဆိုတာ ထုတ်မပြောပေမယ့် သူတို့ကိုခန့်တဲ့ ကုမ္ပဏီနှင့် အပေးအယူညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောတယ်လို့ အေပီသတင်းအရသိရပါတယ်။
#ymg/knl
#YangonMediaGroup
#လူကုန်ကူးမှု
#အင်ဒိုနီးရှားနိုင်ငံသား၂၀ဦးကိုမြဝတီမှကယ်ထုတ်
#Local_News
Published_ 8 May 2023
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည် ပြန့်ပွားရေး၊ နှစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Smt. Meenakshi Lekhi ၏ ဖိတ်ကြားမှုအရ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် သည် မေ (၆) ရက်၊ နေ့လည်ပိုင်းတွင် နယူးဒေလီမြို့၊ National Gallery of Modern Art ရှိ ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် ကျောက်မျက်ရတနာ၊ အထည်အလိပ်နှင့် လက်မှုအနုပညာလုပ်ငန်းကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ ကြပြီး အပြန်အလှန် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ ပါတယ်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဟာ သမိုင်းကြောင်းတစ်လျှောက် ခင်မင်ရင်းနှီး ခဲ့ကြတဲ့ အိမ်နီးချင်းတွေ ဖြစ်ကြပါတယ်။

#ygm_mnn #Local_News #မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား #ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ #YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် မေလ ၈ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၅၀၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် ငွေကျပ် ၇၀ ခန့်ဈေးနှုန်းကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စားသုံးသူများအနေနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ရောင်းချပေးတဲ့ စားသုံးဆီကိုတွေကို စောင့်ဆိုင်းဝယ်ယူနေရတာတွေရှိနေပြီး အကန့်သတ်နဲ့ရောင်းချပေးတာကြောင့် အခက်အခဲတချို့လည်းရှိနေတယ်လို့ စားသုံးသူများက ပြောသည်။
ပြင်ပဈေးကွက်ထဲတွင် စားသုံးဆီဈေး တစ်ပိဿာ ၆၀၀၀ ကျော်ပေါက်ရှိခန့်ရှိနေကြောင်းစားသုံးသူတွေကို မေမြန်းချက်အရသိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီ အဓိတင်သွင်းနေသည့် ပြည်ပနိုင်ငံတွေ၏ ဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ တွက်ချက်ပြီး ပြည်တွင်းမှာဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းတွေကိုဖော်ပြပေးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဒါ့အပြင် စားသုံးဆီများအား ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#ymg/ynzw #Local_News #စားသုံးဆီတစ်ပိဿာ ၄၅၀၀ ကျပ် #ဈေးနှုန်းကျဆင်း
#YMG #Yangon-Media-Group
#Local_News
Published_ 8 May 2023
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိတဲ့ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့များအနေဖြင့် မေ (၇) ရက် အထိ ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ်(၂)ခု နှင့် ကြေးတံဆိပ် (၁၈)ခု စုစုပေါင်း ဆုတံဆိပ် (၂၅)ခု ဆွတ်ခူးရရှိထားပြီးဖြစ်ပါတယ်။
ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး Same Stroke Chinlone Event-2 ပြိုင်ပွဲ ပွဲစဉ်တွင် (ကမ္ဘောဒီးယား၊ မြန်မာ နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအေးအေးသန့်(ခ)မစာဥ၊ မစုတွယ်တာ၊ မမေဖြိုးစံ၊ မသဲသဲ၊ မတင်နီလာဝင်း၊ မယဉ်မင်းသွယ်၊ အခိုင်သဇင်ဖြိုးနှင့် မခိုင်ခိုင် တို့အတွဲက ရမှတ် (၂၂၁) မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
အမျိုးသား/အမျိုးသမီး Event -2 (Mixed Team) ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ နှင့်လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ဝေယံဖြိုး၊ မောင်ခန့် ဝင်းဟိန်း၊ မောင်ဇော်လင်းမောင်၊ မောင်ရဝေအောင်၊ မမှုံနံ့သာ၊ မမေဖူးဟန်၊ မမေဖြိုးစံနှင့် မခိုင်သဇင်ဖြိုးတို့ အတွဲက ရမှတ် (၁၉၈) မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
အမျိုးသား Same Stroke Chinlone Event - 2 ပြိုင်ပွဲ ပွဲစဉ်တွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မင်း သစ္စာအောင်၊မောင်အောင်မြင့်မြတ်၊မောင်ရဝေအောင်၊ မောင်ဝေယံဖြိုး၊ မောင်သော်ဝေဇင်၊ မောင်ကောင်းမြတ်သီဟ၊ မောင်ပြည့်ဖြိုးကျော်၊ နှင့် မောင်သူရိန်လင်းတို့ အတွဲက ရမှတ် (၁၇၄) မှတ်ဖြင့် တတိယ(ကြေးတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
ဆက်လက်၍ ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုဗီနမ် အမျိုးသား (၂)ယောက်တွဲ အပြပြိုင်ပွဲတွင် ( ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ် နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မနားကွီး နှင့် မောင်တင်ထူးဇော်တို့ အတွဲက ပထမ(ရွှေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
ဗိုဗီနမ်အားကစားနည်း(အမျိုးသမီး) လက်သိုင်းအပြ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြင့်စန္ဒီကျော်က တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီး (၆၀) ကီလို ပြိုင်ပွဲတွင် မနှင်းနန္ဒာဦးက တတိယ ( ကြေးတံဆိပ်ဆု)၊ အမျိုးသား (၆၀) ကီလို ပြိုင်ပွဲတွင် မောင်အောင်ခန့်ဇော်က တတိယ ( ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ဓါးတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်က တတိယ ( ကြေးတံဆိပ်ဆု)၊ ဓါးအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်း နှင့် မောင်တင်ထူးဇော်တို့ အတွဲက တတိယ (ကြေးတံဆိပ်ဆု) အမျိုးသား (၃)ယောက်/ အမျိုးသမီး(၃)ယောက် အသင်းလိုက် အပြပြိုင်ပွဲတွင် မောင်ကျော်သူစိုးအောင်၊ မောင်နေလင်းထက်၊ မောင်ဟိန်းထက်အောင်၊ မခိုင်ဇာထွန်း၊ မဖြိုးအိကျော်နှင့် မသီတာမင်းတို့ အတွဲက တတိယ( ကြေးတံဆိပ်ဆု)၊ အမျိုးသမီး(၄)ယောက်တွဲ ဓါးတစ်လက်အပြပြိုင်ပွဲတွင် မချစ်နိုဒီဆောင်း၊ မစုဝတီဌေး၊ မဖြိုးအိကျော်နှင့် မမြင့်စန္ဒီကျော်တို့အတွဲက တတိယ ( ကြေးတံဆိပ်ဆု) များကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြပါတယ်။
ထို့နောက် Olympic Petanque Complex ၌ ကျင်းပသည့် ပီတန်းအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မေ(၆)ရက်နေ့က အပစ် - Women Single Shooting ပြိုင်ပွဲ၌ ပထမ(ရွှေတံဆိပ်ဆု) ရရှိခဲ့တဲ့ မြန်မာနိုင်ငံမှ မခင်ချယ်ရီသက်နှင့် ဒုတိယ (ငွေတံဆိပ်ဆု)၊ တတိယ(ကြေးတံဆိပ်ဆု)ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဆက်လက်ပြီး OLYMPIC STADIUM, PRINCE STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မေ (၇)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တင်းနစ်၊ ဘိလိယက်၊ ခွန်ခမာ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘော အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၈)ခု ထပ်မံရရှိခဲ့ကြပါတယ်။
မေ (၈) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘိလိယက်၊ ပြေးခုန်ပစ်၊ ခွန်ခမာ၊ ဘော်လီဘောနှင့် လက်ဝှေ့ အားကစား ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
#ygm_mnn #Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစားနည်း #ရွှေတံဆိပ်ဆု (၁) ခု
#YMG #Yangon_Media_Group
#World_Business
Published 8 May 2023
အမေရိကန်ကွန်ဂရက်လွှတ်တော်အနေနဲ့ ကြွေးမြီကန့်သတ်ချက်ကိစ္စကို မဖြေရှင်းနိုင်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကျပ်အတည်း ဖြစ်စေနိုင်ပြီး ဖက်ဒရယ်အစိုးရရဲ့ ယုံကြည်စွာကြွေးမြီချေးယူနိုင်စွမ်းအပေါ် မေးခွန်းထုတ်စရာဖြစ်လာနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး 'ဂျဲနတ်ယယ်လန်'က တနင်္ဂနွေနေ့မှာ ပြင်းထန်စွာသတိပေးထုတ်ပြန်လိုက်ပါတယ်။
ကြွေးမြီကန့်သတ်ချက်ကို ဇွန်လအစောပိုင်းအရောက်မှာ မမြှင့်တင်နိုင်ပါက ဘဏ္ဍာရေးဈေးကွက်မှာ အကျိုးဆက်များရှိလာနိုင်ပြီး ဖက်ဒရယ်အစိုးရအနေနဲ့ ပေးဆောင်စရာရှိသည်များကို ပေးနိုင်ဖွယ်မရှိကြောင်း သတိပေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်သူများရဲ့ ဦးခေါင်းကိုသေနတ်ဖြင့်ချိန်ထားသလိုမျိုး အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းများမပြုလုပ်သင့်ကြောင်း ယယ်လန်က ABC program ကို ပြောကြားခဲ့ပါတယ်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကြွေးမြီကန့်သတ်ချက်ကို မြှင့်တင်ပေးရန် သမ္မတဘိုင်ဒင်က ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုထားပါတယ်။
ရီပတ်ဘလစ်ကန်ဦးဆောင်တဲ့ အောက်လွှတ်တော်က ပြီးခဲ့တဲ့လက အစိုးရရဲ့ ၃၁.၄ ထရီလီယံကြွေးမြီကန့်သတ်ချက်ကို တိုးမြှင့်မယ့်ဥပဒေကြမ်းကို အတည်ပြုခဲ့ပေမယ့် လာမယ့်ဆယ်စုနှစ်အတွင်း အသုံးစရိတ်ဖြတ်တောက်မှုများပါ ထည့်သွင်းလာကာ ဘိုင်ဒင်နဲ့ ဒီမိုကရက်တစ်အဖွဲ့ဝင်များက ဆန့်ကျင်ထားကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ဘိုင်ဒင်က ရီပတ်ဘလစ်ကန်အောက်လွှတ်တော်ဥက္ကဌ 'ကီဗင်မက္ကာသီ'၊ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် 'မစ်ချ်မက်ကော်နယ်'၊ ထိပ်တန်းလွှတ်တော်ဒီမိုကရက်များနဲ့ အင်္ဂါနေ့၌ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ပြင်ဆင်နေပါတယ်။
"ဒါက ကွန်ဂရက်ရဲ့ အလုပ်တာဝန်ပါပဲ။ အဲဒါကို အောင်မြင်အောင်မလုပ်နိုင်ရင် စီးပွားရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ ကပ်ဘေးကို ကိုယ်တိုင်ကြုံကြရလိမ့်မယ်" လို့ ယယ်လန်ကပြောကြားခဲ့ပါတယ်။
ကြွေးမြီကန့်သတ်ချက်တိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီး ဘိုင်ဒင်က ညှိနှိုင်းမှာမဟုတ်ပေမယ့် ကန့်သတ်ချက်အသစ်ထုတ်ပြန်ပြီးနောက် အသုံးစရိတ်ဖြတ်တောက်မှုများဆွေးနွေးသွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ကွန်ဂရက်က ကြွေးမြီကန့်သတ်ချက်တိုးမြှင့်မှုကို အခြားအသုံးစရိတ်သတ်မှတ်ချက်များ အတိုင်းအတာများနဲ့ မကြာခဏတွဲထားလေ့ရှိပါတယ်။
အမေရိကန်က အစိုးရချေးငွေအပေါ် ကန့်သတ်ချက်ပုံမှန်သတ်မှတ်ထားပါတယ်။
လက်ရှိမှာ ကန့်သတ်ချက်က နိုင်ငံနှစ်စဉ်စီးပွားရေးထွက်ကုန်ရဲ့ ၁၂၀ ရာခိုင်နှုန်းခန့် အကြမ်းဖျင်းရှိပါတယ်။
ကြွေးမြီများက ဇန်နဝါရီလမှာ ထိုကန့်သတ်ချက်သို့ရောက်ရှိခဲ့ပြီး ဘဏ္ဍာရေးဌာနက တာဝန်ဝတ္တရားများကို ကန့်သတ်ချက်အတွင်းမှာသာ ထားရှိခဲ့ပေမယ့် ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လမှာ အမေရိကန်အနေနဲ့ ချေးယူခြင်းလုံးဝရပ်တန့်သွားနိုင်ပါတယ်။
အမေရိကန်ငွေချေးစာချုပ်တွေကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွက် အခိုင်မာဆုံး လုံခြုံစိတ်ချရဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ်သတ်မှတ်ထားကြပေမယ့် ရင်းနှီးမြှုပ်နှံသူများက ဒါတွေကိုမေးခွန်းထုတ်လာကြကာ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အတွင်း ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကို နှောင့်ယှက်စေမယ့် ကြွေးမြီအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အမေရိကအနေနဲ့ ပေးချေစရာရှိတာတွေကို ပေးချေဖို့လိုအပ်ကြောင်း အထက်လွှတ်တော်ဒီမိုကရက်'ဟာကင်မ်ဂျက်ဖရီစ်'က ပြောကြားခဲ့ပါတယ်။
ကြွေးမြီပေးဆောင်ရန်ပျက်ကွက်ခြင်းဟာ အမေရိကန်အတွက် ကပ်ဘေးဖြစ်စေနိုင်ပြီး အတိုးနှုန်းများအပေါ် ဆိုးရွားစွာသက်ရောက်နိုင်တယ်လို့ ဘဏ္ဍာရေးလက်ထောက်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
Source: Reuters #World_Business #ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ##အမေရိကန်ကြွေးမြီကိစ္စ မဖြေရှင်းနိုင် #YMG #Yangon_Media_Group
#World_Technology
Published 8 May 2023
တိရိစ္ဆာန်မှထုတ်လုပ်တာမျိုးမဟုတ်တဲ့ သားရေနဲ့ တာရှည်ခံနိုင်တဲ့ဖက်ရှင်တွေဟာ ရေပန်းစားလျက်ရှိပြီး ကမ္ဘာပေါ်မှာ သရက်သီးအများဆုံးထွက်ရှိရာ အိန္ဒိယက သရက်သီးသားရေဖြင့် ထုတ်လုပ်ဖို့ကြိုးစားနေပါတယ်။
အော်ဂဲနစ်ရင်းမြစ်များနဲ့ သဘာဝအတိုင်းပြိုကွဲနိုင်တဲ့ သားရေကဲ့သို့ပစ္စည်းတွေမှ ရရှိသွားမှာဖြစ်ပါတယ်။
ချန်နိုင်းရှိ CSIR-CLRI အဖွဲ့အစည်းမှ သိပ္ပံပညာရှင်များနဲ့ သုတေသီများက စပါးကောက်ရိုး၊ ဂျုံကောက်ရိုး၊ ကြံကောက်ရိုး၊ လိမ္မော်သီးအခွံ၊ ငှက်ပျောသီးအခွံတို့မှ ထွက်ရှိတဲ့ပစ္စည်းများနဲ့ စိုက်ပျိုးရေးထွက်ကုန်အများအပြားကို စမ်းသပ်ခဲ့ကြပါတယ်။
ခန့်မှန်းချက်များအရ သရက်သီးအများအပြားက ခူးဆွတ်ပြီးနောက်မှာ အရည်အသွေးမမီတာကြောင့် ပြုန်းတီးရာရောက်နေပြီး သရက်သီးမှအခွံတွေက အဓိကကုန်ကြမ်းဖြစ်နေပါတယ်လို့ CSIR-CLRI မှ သိပ္ပံပညာရှင်အကြီးအကဲ ဒေါက်တာ'ထနီကိုင်ဗေလန်'က ပြောကြားခဲ့ပါတယ်။
ထုတ်လုပ်မှုနည်းစနစ်ကတော့ သရက်သီးပျော့ဖတ်ကို သဘာဝအတိုင်းရရှိလာတဲ့ ပိုလီမာနဲ့ ပေါင်းထည့်ပြီး ရရှိလာတဲ့ပစ္စည်းကနေ အလွှာများပြုလုပ်ရပါတယ်။
CLRI အဖွဲ့က သရက်သီးအမျိုးအစားအားလုံးကနေ ထုတ်လုပ်မှုနည်းပညာအသစ်ကို အကောင်အထည်ဖော်ခဲ့ပြီး အိန္ဒိယတဝှမ်းမှထွက်ရှိတဲ့ သရက်သီးများဖြင့် ပြုလုပ်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။
သရက်သီးအခြေပြုပစ္စည်းတွေက တိရိစ္ဆာန်သားရေလိုမျိုး တာရှည်မခံနိုင်ပေမယ့် အားသာချက်အချို့လည်းရှိနေပါတယ်။
ဒီနည်းပညာကို စက်ယန္တရားဖြင့်ထုတ်လုပ်ပြီး ၃ ရက်အတွင်းထုတ်လုပ်နိုင်ပေမယ့် မူလသားရေပမာဏအတိုင်းထုတ်လုပ်ဖို့ကတော့ ၂ ပတ်ကျော်လိုအပ်ပါတယ်။
တိရိစ္ဆာန်သားရေထုတ်လုပ်ရာမှာ ရေနဲ့ အခြားဓာတုပစ္စည်းများ များစွာလိုအပ်ပေမယ့် သရက်သီးသားရေကတော့ အနည်းငယ်သာလိုအပ်ပါတယ်။
CLRI မှ သရက်သီးအခြေပြုပစ္စည်းထုတ်လုပ်တဲ့ နည်းပညာမူပိုင်ခွင့်အတွက် ဝယ်ယူထားပြီး မကြာမီ ခါးပတ်၊ ပိုက်ဆံအိတ်၊ ကျောက်မျက်သေတ္တာများ ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း CLRI မှပြောကြားခဲ့ပါတယ်။
ဒါ့အပြင် CLRI က စပါးကောက်ရိုး၊ ဂျုံကောက်ရိုး၊ ကြံကောက်ရိုးတို့မှ သားရေကဲ့သို့ပစ္စည်းများ ထုတ်လုပ်ရန်နည်းပညာမူပိုင်ခွင့်ကိုလည်း တင်သွင်းခဲ့ပါတယ်။
Source: WION #သရက်သီးအခွံဖြင့်ထုတ်လုပ်
#YMG #Yangon_Media_Group
#World_Science
Published 8 May 2023
သန္ဓေသားတစ်ဦးရဲ့ ရှားပါးအခြေအနေတစ်ရပ်ကို ကုသရန်အတွက် ဗိုက်ထဲမှမမွေးရသေးတဲ့ကလေးကို ဆရာဝန်တွေက ဦးနှောက်ခွဲစိတ်မှုပြုလုပ်ခဲ့ရကာ ဆေးသိပ္ပံပညာအတွက် အပြောင်းအလဲတစ်ခုဖြစ်လာပါတယ်။
ဦးနှောက်ထဲကသွေးကြောများပုံမှန်မဟုတ်တဲ့ ရှားပါးအခြေအနေ (VOGM)ကို ကုသရန် သန္ဓေသားကို ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေဟာ ဦးနှောက်ထဲရှိ သွေးလွှတ်ကြောများက သွေးကြောမျှင်များနဲ့ချိတ်ဆက်ရမယ့်အစား သွေးပြန်ကြောများကိုတိုက်ရိုက်ချိတ်ဆက်နေကာ သွေးစီးဆင်းမှုကိုနှောင့်နှေးစေတာဖြစ်ကြောင်း ဘော့စ်တွန်ကလေးဆေးရုံက ပြောကြားခဲ့ပါတယ်။
ကလေးမမွေးရသေးခင် သားအိမ်ထဲမှာ အာထရာဆောင်းအကူအညီဖြင့် ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ခွဲစိတ်မှုအပြီးမှာ မွေးဖွားပြီးဖြစ်လာနိုင်တဲ့အခြေအနေဆိုးတွေကို အပြီးတိုင်ကုသနိုင်ခဲ့တယ်လို့ Stroke ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ရောဂါအခြေအနေဟာ နှလုံးနဲ့အဆုတ်ဆီကို သွေးတွေတဟုန်ထိုးတိုးဝင်စေပြီး ခန္ဓာကိုယ်အနှံ့သွေးရရှိစေရန် ပိုမိုကြာရှည်စွာလုပ်ဆောင်ရပါတယ်။
အချို့သောမွေးကင်းစကလေးတွေမှာ နှလုံးကြောင့် အခြားနေရာများမှာ သွေးပိတ်ဆို့ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါ့အပြင် နှလုံးကနေအဆုတ်သို့သွားတဲ့ သွေးလွှတ်ကြောမှာ သွေးပေါင်ချိန် ဆောင့်တက်လာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးဖြစ်တဲ့ ကလေး ၅၀ -၆၀ ရာခိုင်နှုန်းလောက်က ချက်ချင်းနေမကောင်းဖြစ်လာပြီး သေဆုံးနိုင်ချေ ၄၀ ရာခိုင်နှုန်းရှိတယ်လို့ ဘော့စ်တွန်ကလေးဆေးရုံမှ ဒေါက်တာ'ဒါရင်အော်ဘက်ခ်'က CNN ကိုပြောပြခဲ့ပါတယ်။
ကလေးက အခုဆိုရင် အလွန်အခြေအနေကောင်းမွန်နေပြီး ဇီဝကမ္မအချက်အလက်တွေအားလုံး သာမန်ဖြစ်နေပါပြီလို့ ကလေးအမေဖြစ်သူ 'ကင်ညက်တာကိုးလ်မန်း'က ပြောပြခဲ့ပါတယ်။
သန္ဓေသားသက်တမ်း ရက်သတ္တပတ် ၃၀ အကြာမှာ အာထရာဆောင်းဖြင့် ဒီအခြေအနေကိုတွေ့ရှိခဲ့ပြီး VOGM တွေ့ရှိပြီးနောက် ကလေးမှာနှလုံးကြီးနေတယ်လို့ ဆရာဝန်များက ပြောပြခဲ့ပါတယ်။
ကိုယ်ဝန်သက်တမ်း ၃၄ ပတ်မြောက်မှာ ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက် ကလေးမွေးဖွားလာကာ အသက် ၃ ပတ်ရှိပြီဖြစ်တဲ့ကလေးဟာ နှလုံးသွေးကြောဆိုင်ရာ အထောက်အပံ့များ မလိုအပ်တော့ပါဘူး။
အာရုံကြောစစ်ဆေးမှုများလည်း ပုံမှန်ဖြစ်နေကာ MRI မှာလည်း အခြေအနေတိုးတက်ကြောင်း တွေ့ရှိခဲ့ပါတယ်။
#Source: India Today #World_Science #ဦးနှောက်ခွဲစိတ်မှုပြုလုပ်
#YMG #YMG #Yangon_Media_Group
Published 7 May 2023
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်နေပြီး နာဂစ်မုန်တိုင်းလို ပြင်းထန်မယ်လို့ ဆိုရှယ်မီဒီယာများတွင် ပြောဆိုနေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းခဲ့ပါတယ်။ ဗိုလ်ချူပ်ဇော်မင်းထွန်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှုတွေကိုလည်းပြောဆိုခဲ့ပါတယ်။
#ymg/knl
#YangonMediaGroup
#ဆိုင်ကလုန်းမုန်တိုင်း
#မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး
#TV Yangon Times Matters အစီအစဉ်
Published_ 7 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဆန်း (ဂီတမြို့)နှင့်အတူ
ညီအစ်ကိုတွေစုပြီး"ဂီတမြို့"ထူထောင်ဖြစ်တဲ့အကြောင်း
ဂီတမြို့မှာ ပန်းချီသင်တန်း၊ တူရိယာသင်တန်း၊ အဆိုသင်တန်း စသဖြင့် သင်ကြားပေးနေတဲ့အကြောင်း
ကိုဓီရာမိုရ်က မြန်မာသီချင်းတွေကိုစီးရီးလိုက်ရေးထားမယ်လို့ တစ်ခါမှမတွေးထားမိဖူးဘူး။ အခုဆို "ကျွန်မရုပ်ရည်ကိုယ်ပိုင်သံစဉ်သီချင်းများ" အခွေကိုသူဇာအောင်က သီဆိုပြီး မြန်မာနိုင်ငံတွင်မကဘဲ ဂျပန်နိုင်ငံတွင်ပါ ဖြန့်ချီပေးသွားမှာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ကိုဆန်း(ဂီတမြို့)
#YMG #Yangon_Media_Group
#Local_News
Published_ 7 May 2023
ရန်ကုန်တိုင်းမှာ ရေဘေး၊ မုန်တိုင်းအရှိန်သက်ရောက်မှုဘေးစတဲ့ သဘာဝဘေးတွေကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ရှိတယ်လို့ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်တိုင်း #သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်
#YMG #Yangon_Media_Group
Page 1100 of 1855