မြန်မာ့ကျောက်စိမ်းထည်များကို တရုတ်သို့အခွန်သက်သာစွာ တင်ပို့နိုင်
‘ရွှေနဲ့ပြုလုပ်ထားတဲ့ မြန်မာ့ကျောက်စိမ်း လက်ဝတ်ရတနာကျောက်စိမ်းထည်တွေကို တရုတ်အပါအဝင် ပြည်ပကို အခွန်သုညရာခိုင်နှုန်းဖြင့်ပို့နိုင်ပြီ’ ဦးမျိုးမြင့် (ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၊ဥက္ကဌ)
Yangon_Times/tthl
#Local_News
#Published_ 15 July 2023
#YMG #Yangon_Times
မြန်မာနိုင်ငံရဲ့ ဂျီဒီပီမှာမြန်မာနိုင်ငံ၏ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့်နှိုင်းယှဉ်ပါကများစွာကွာခြားလျက်ရှိနေသေးတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးတစ်ခုတွင် ပြောကြားပါတယ်။
နေပြည်တော်မှာ ဇူလိုင် ၁၅ရက်က ကျင်းပတဲ့ နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအတွက် ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
ပြည်သူအများစုနေ့စဉ် သုံးစွဲစားသုံးနေရတဲ့ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ဆောင်ရွက်ရမှာဖြစ်ပြီး အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်သည့် ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
ယင်းအပြင် ဗိုလ်ချုပ်မှူးကြီးက မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ဥ၊ နို့များနှင့် စားသောက်ကုန်များ နေ့စဉ်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဒေသတွင်းဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံလုံးဖူလုံမှုရှိရေးအတွက် စဉ်းစားဆောင်ရွက်ရန်လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံတွေက လိုအပ်ချက် ရှိသည့် သီးနှံထွက်ကုန်တွေကို စိုက်ပျိုးရေး သုတေသန၊ ဈေးကွက်သုတေသနများ ပြုလုပ်ပြီး စိုက်ပျိုးပြီးတင်ပို့ဆောင်ရွက်ရန်လိုကြောင်းနှင့် ပြည်တွင်း၌ အဓိကလိုအပ် သည့်သီးနှံများ၊ ပြည်ပတင်ပို့မှုအတွက် အဓိကလိုအပ်သည့် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အစည်းအဝေးတွင် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်နေမှုဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
#ymg/knl
#Seniorgeneralminaunghlaing
#SAC
#myanmareconomy
Published_ 16 July 2023
နေစက်ဝန်းများအပေါ် လူအများ စိတ်ဝင်စားမှု မြင့်တက်လာကြကာ ၂၀၂၅ မှာ ပေါ်ပေါက်လာမယ့် အမြင့်ဆုံးနေလှုပ်ရှားမှုကြောင့်လည်း ကမ္ဘာပေါ်ကို သက်ရောက်မှုတွေကို စိုးရိမ်လာကြပါတယ်။
ထိုကာလမှာ ယနေ့ခေတ် ဒီဂျစ်တယ်လောကနဲ့ ပတ်သက်ပြီး စိုးရိမ်လာကြကာ နေမုန်တိုင်းများကြောင့် ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်များ ပျက်စီးစေနိုင်ဖွယ် ရှိနေပါတယ်။
ဝါရှင်တန်ပို့စ်ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်မှာ နေလှုပ်ရှားမှုအမြင့်ဆုံး ရောက်နိုင်ချေရှိပါတယ်။
၂၀၂၅ နေမုန်တိုင်းကြောင့် အင်တာနက်တွေ ပျက်သုဉ်းရမှာလားဆိုတာ မသေချာမရေရာဖြစ်နေပါတယ်။
ဒီပူပန်စရာတွေက အခြေအမြစ်မရှိတာမျိုး မဟုတ်သလို ပြင်းထန်တဲ့နေမုန်တိုင်းကြောင့် ကမ္ဘာ့ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ ထိခိုက်လာနိုင်ကာ အင်တာနက်ပြတ်တောက်မှုတွေ ဖြစ်လာနိုင်ချေရှိနေပါတယ်။
၁၈၅၉ ခုနှစ်က ကြေးနန်းလိုင်းများ မီးပွင့်ထွက်ကာ အော်ပရေတာများ ဓာတ်လိုက်ခဲ့တဲ့ ကာရင်တန်ဖြစ်စဉ်မျိုး၊ ၁၉၈၉ ခုနှစ် နေမုန်တိုင်းက ကွီဘက်ဓာတ်အားလိုင်းတွေကို နာရီနဲ့ကြာအောင် ပျက်စီးစေခဲ့တဲ့ဖြစ်စဉ်တွေကို အမှတ်ရစရာဖြစ်လာစေပါတယ်။
အဆိုးရွားဆုံး အဖြစ်အပျက် မကြုံဖူးတာကြောင့် ဒီက အခြေခံအဆောက်အအုံတွေ ဘယ်လိုတုန့်ပြန် ဆောင်ရွက်နိုင်မလဲဆိုတာ မသိရဘူးလို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံပရော်ဖက်ဆာ 'ဆန်ဂျီသာအက်ဘ်ဒူဂျိုသီ'က ပြောပြခဲ့ပါတယ်။
နေမုန်တိုင်းကြောင့် ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ပေါ်ပါက အမေရိကန်တစ်နိုင်ငံတည်းမှာပင် တစ်နေ့တည်းဖြင့် ဒေါ်လာ ၁၁ ဘီလီယံကျော် ဆုံးရှုံးမှုဖြစ်လာနိုင်ပါတယ်။
အာကာသမိုးလေဝသရူပဗေဒပညာရှင် 'တာမစ်ထာစကော့ဗ်'က နေမှဖြာထွက်နေတဲ့ ထုတ်လွှတ်မှုတွေကို ဗီဒီယိုဖြင့်ပြသခဲ့ကာ စွမ်းအားမြင့်အားများကို ပုံဖော်ပြသခဲ့ပါတယ်။
အတိုချုံ့ပြောရရင် ၂၀၂၅ နေလှုပ်ရှားမှုအမြင့်ဆုံးအခြေအနေက နေမုန်တိုင်းများနဲ့ ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်များအပေါ် သက်ရောက်မှုများအကြောင်း စိုးရိမ်ပူပန်စရာတွေ ဖြစ်လာပါတယ်။
မသေချာမရေရာမှုတွေ သတင်းမှားတွေရှိနေပေမယ့် ကျွမ်းကျင်သူတွေက ဘေးအန္တရာယ်တွေကို သတိမူပြီး စီးပွားရေးသက်ရောက်မှုများ ဖြစ်လာနိုင်တဲ့အပေါ် ပြင်ဆင်နေကြပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times
Published_ 16 July 2023
လျှပ်စစ်သုံးမော်တော်ယာဉ်EVကား(၃၇)စီးနှင့်အားသွင်းစက်(၃၀)ခုရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက် ဖြင့် Amazing Auto Co.ltdမှ EVကား၃၇စီးနှင့် Grand Sirius Co.Ltdမှတင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်(EV Charger/60KW)အခု(၃၀)တို့ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့်အဆိုပါလျှပ်စစ်မော်တော်ယာဉ်များနှင့်အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည်ဟုဆိုသည်။
အခုရောက်ရှိလာသည့် EVကားအမျိုးအစားသည် Faw Toyota BZ4xအမှတ်တံဆိပ်အမျိုးအစားဖြစ်ပြီး (၃၇)စီးဝင်ရောက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇူလိုင်လ(၁၀)ရက်ကလည်း MGအမှတ်တံဆိပ် EVကား(၅၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 16 July 2023
မုတ်သုံလေအားကောင်းနေသလို တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်းရှိပြီး ဘင်္ဂလားပင်လယ်မှာလည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာမည်ဖြစ်၍ မြန်မာနိုင်ငံ၏ဒေသတော်တော်များများတွင် မိုးသည်း ထန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် တာလင်းသည် အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်သည်ဟုဆိုသည်။
အခုရက်ပိုင်းအတွင်း ဇူလိုင်လ၁၉ရက်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာအားကောင်းလာပါက ဇူလိုင်လ၂၁ရက်တွင်မုန်တိုင်းငယ်အဖြစ်သို့အားကောင်းလာနိုင်ကြောင်းလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့မုတ်သုန်အားကောင်းခြင်း၊အပူပိုင်းမုန်တိုင်းရှိနေခြင်း၊လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ရန်ရှိခြင်းကြောင့်ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မိုးသည်းထန်ခြင်း၊မိုးပိုခြင်းများဖြစ်ပေါ်မည်ဖြစ်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်းမိုးသည်းထန်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 15 July 2023
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ တတိယလုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှား အမျိုးသမီး ယူ-၁၉ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး တတိယ ကြေးတံဆိပ် ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ ယုယုနိုင်၊ သိင်္ဂီထွေး တို့ ဝင်ရောက်ကစားခဲ့ကြသည်။
မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့သည် ဆုတံဆိပ် ရယူနိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြသော်လည်း ပွဲပန်းမှုဒဏ်ကို ခံစားနေရသဖြင့် ရုန်းကန်ခဲ့ကြရသည်ဟု ဆိုသည်။
အင်ဒိုနီးရှားသည် အိမ်ရှင်အသင်းပီပီ ပရိသတ်အားပေးမှုများဖြင့် အင်တိုက်အားတိုက် ကစားသွားခဲ့ပြီး မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်မှုများ ပြုလုပ်ခဲ့ကြရကြောင်း သိရသည်။
မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပွဲချိန် မိနစ်(၃၀)တွင် ယဉ်လွန်းအိမ်က သွင်းယူခဲ့ပြီး၊ အင်ဒိုနီးရှားအသင်းက ဒုတိယပိုင်းပွဲချိန် (၄၉)မိနစ်တွင် ပင်နယ်တီမှတဆင့် ပြန်လည်ချေပ ဂိုးရရှိခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရှိရေးအတွက် ကြိုးစားကစားခဲ့ကြသော်လည်း ဂိုးထပ်မသွင်းနိုင်ကြသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရကြောင်း သိရသည်။
ပင်နယ်တီ အဆုံးအဖြတ်တွင် လေးလုံးစီ ကန်ကြရာ မြန်မာဘက်မှ သိင်္ဂီထွေး၊ စန္ဒာလင်း၊ ဖြူဖြူဝင်း၊ ဖြူဖွေးတို့ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး၊ အင်ဒိုနီးရှားဘက်မှ နှစ်ဂိုးသာသွင်းယူနိုင်သဖြင့် မြန်မာအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ပထမဦးစွာ အင်ဒိုနီးရှား အသင်းကို ချီးကျုးလိုပါတယ်။ အများကြီး တိုးတက်လာပြီးတော့ အကောင်းဆုံးလည်း အားထုတ်ကစားသွားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲချိန်အတွင်း အနိုင်ရချင်ရင် ဒီ့ထက်ပို အားထုတ်ကြိုးစားဖို့ လိုအပ်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times
ရန်ဘက်နိုင်ငံများဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှ ချစ်သူရည်းစားအတွဲတစ်တွဲဟာ ဂိမ်းချက်တင်တစ်ခုမှာ တွေ့ဆုံပြီးနောက် နယ်စပ်ကိုဖြတ်ကျော်ပြီး အတူတကွ နေထိုင်နေကြပါတယ်။
#World_News
#Published_ 15 July 2023
#YMG #Yangon_Times
#Health_Matters
Published_ 15 July 2023
- အစားအစာတွေ စိတ်ချလက်ချ စားနိုင်တဲ့ဘဝတွေဖြစ်လာအောင် ဘယ်သူတွေက ဘာတွေလုပ်ရမလဲ ဆရာ ...??
#Health_Matters #စိတ်ချလက်ချစားနိုင်တဲ့ဘဝ
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 15 July 2023
- ဘေးမကင်းတဲ့ အစားအစာတွေကြောင့် ပြည်သူ့ကျန်းမာရေးအပေါ်ဆိုးကျိုးသက်ရောက်မှု အတိုင်းအတာ ...??
#Health_Matters #စိတ်ချလက်ချစားနိုင်တဲ့ဘဝ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 15 July 2023
၁။ သံဃာတော်(၇၀၀၀)ကျော်ကို ဆေးဝါးလှူဒါန်းမည့် ဆေးပဌာန်းပူဇော်ပွဲ ကျင်းပမည်
၂။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ဆန်တင်ပို့ရန် ယူနန်အစိုးရနှင့်ဆွေးနွေးနေ
၃။ One Friday Fight-25 ပြိုင်ပွဲတွင် ထွန်းမင်းနိုင် ရှုံးပွဲကြုံခဲ့
၄။ အချစ်အတွက် အားလုံးကိုအံတုခဲ့သည့် ပါကစ္စတန်အမျိုးသမီးနှင့် အိန္ဒိယအမျိုးသားစုံတွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Health_Matters
Published_ 15 July 2023
- အစားအစာ ဘေးကင်းလုံခြုံမှုအခြေအနေ တိုးတက်နေသလား ဆုတ်ယုတ်နေသလား ဆရာ ...??
#Health_Matters #စိတ်ချလက်ချစားနိုင်တဲ့ဘဝ
#Dr.KML #YMG #Yangon_Media_Group
Published_ 15 July 2023
‘၂၀၂၃ အပြည်ပြည်ဆိုင်ရာလူငယ်များ နွေရာသီစခန်းချပွဲနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ’ (BRIDGE Summer Camp - 2023) သို့တက်ရောက်ရန်နှင့် ဂျပန်နိုင်ငံရှိ ဂျပန်မိသားစုတွင်Home Stayနေထိုင်ရန် မြန်မာကျောင်းသားလူငယ်ခြောက်ဦး ဂျပန်နိုင်ငံသို့ ဇူလိုင်လ၁၄ရက်၌သွားရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ “၂၀၂၃ အပြည်ပြည်ဆိုင်ရာ လူငယ်များ နွေရာသီစခန်းချပွဲနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ’’ကို
၂၀၂၃ ဇူလိုင် ၁၅ ရက်မှ ၂၅ ရက်အထိ Asia Pacific Children Convention (APCC) ကကြီးမှူးပြီး ဂျပန်နိုင်ငံ ဖူကူအိုကာ (Fukuoka) မြို့၌ကျင်းပမည်ဖြစ်သည်။
ယင်းပွဲကိုပါဝင်တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း(MJA)မှဦးစီး ရွေးချယ်စေလွှတ် သည့် Junior Ambassadorကျောင်းသားကျောင်းသူ လေးဦးအပါအဝင် ကျောင်းသားလူငယ်ခြောက်ဦး သည် မြန်မာ-ဂျပန်အသင်းအတွင်းရေးမှူးက အုပ်ချုပ်သူအဖြစ် ဦးဆောင်လိုက်ပါပြီးဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှ ဂျပန်နိုင်ငံသို့ထွက်ခွာသွားခြင်းဖြစ်သည်။
မြန်မာကျောင်းသား လူငယ်အဖွဲ့သည် အာရှပစိဖိတ်ဒေသ ၄၁ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းချပွဲနှင့်ယဉ်ကျေးမှုပွဲတော်သို့ ပါဝင်တက်ရောက်မည် ဖြစ်ပြီး ဂျပန်မိသားစုများ နေအိမ်တွင်လည်း Home Stay အဖြစ်နေထိုင်ကြမည်ဖြစ်သည်။
ယင်းယဉ်ကျေးမှုပွဲတော် အခမ်းအနားကို ဖူကူအိုကာမြို့တွင်ဇူလိုင်၂၁ရက် (သောကြာနေ့)ဒေသစံတော် ချိန် ၁၄:၃၀ နာရီ (မြန်မာစံတော်ချိန်၁၂:၀၀နာရီ) တွင်ကျင်းပမည်ပြီးYouTubeမှ တိုက်ရိုက်ထုတ်လွှင့် (Live) မည်ဖြစ်ရာ မြန်မာလူငယ်အဖွဲ့သည် အမှတ်စဉ်(၁၁) အဖြစ် မြန်မာစံတော်ချိန် ၁၃:၁၀ နာရီတွင် ဖျော်ဖြေ ကပြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 1096 of 1941