၂၉ ဩဂုတ် ၂၀၂၃
တိုယိုတာမော်တော်ကားကုမ္ပဏီဟာ ထုတ်လုပ်ရေးစနစ်ချို့ယွင်းသွားတဲ့အတွက် ဂျပန်မှာရှိတဲ့ ယင်းရဲ့ ကားထုတ်လုပ်စက်ရုံ (၁၄)ရုံ အားလုံးကို အင်္ဂါနေ့က ကားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ အရောင်းရဆုံးကားထုတ်လုပ်သူရဲ့ ပြည်တွင်းထုတ်လုပ်မှုတွေ ရပ်တန့်သွားရပါတယ်။
အဲဒီချို့ယွင်းမှုဟာ တိုယိုတာကို အစိတ်အပိုင်းတွေမှာယူတဲ့အလုပ်ကိုဟန့်တားထားတာဖြစ်လို့ ချို့ယွင်းမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုတော့ ဖြစ်ဟန်မတူဘူးလို့ တိုယိုတာရဲ့ပြောရေးဆိုခွင့်ရသူကပြောပါတယ်။
တိုယိုတာဟာ ယင်းရဲ့ ပြည်တွင်းစက်ရုံ ၁၂ ရုံရဲ့ထုတ်လုပ်မှုကို အင်္ဂါနေ့မနက်ကရပ်ခဲ့ပြိးနောက် ညနေပိုင်းမှာ နောက်ထပ် ကျန်တဲ့ (၂)ရုံကိုပါ ဆက်တိုးပြီးရပ်ခဲ့တာပါ။ စက်ရုံတွေအားလုံးရပ်လိုက်ရလို့ ထုတ်လုပ်မှု ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ သိပ်မရှင်းလင်းပါဘူး။
ဒီစက်ရုံတွေဟာ တိုယိုတာရဲ့ ကမ္ဘာ့ထုတ်လုပ်မှုအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လိုတော့ ရိုက်တာသတင်းဌာနက တွက်ချက်ထားပါတယ်။
ပထမနှစ်ဝက်မှာ ဂျပန်ရဲ့ ထုတ်လုပ်မှုဟာ နေ့စဉ်ကားအစီးရေ ၁၃၅၀၀ ခန့်ရှိတယ်လို့ ရိုက်တာက ခန့်မှန်းတွက်ချက် ထားပါတယ်။ အဲဒီအထဲမှာ တိုယိုတာအုပ်စုထဲပါတဲ့ ဒိုင်ဟတ်ဆုနှင့် ဟီးနိုးတွေကို ထည့်တွက်မထားပါဘူး။
မနှစ်ကတော့ ကားပစ္စည်းအစိတ်အပိုင်းပေးပို့တဲ့ ကုမ္ပဏီတစ်ခု ဆိုက်ဘာအတိုက်အခိုက်ခံရလို့ တစ်ရက်တာ ထုတ်လုပ်မှုရပ်ဆိုင်းပေးခဲ့ရဖူးပါတယ်။
Source Reuters
"စည်ပင်နဲ့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်ဈေးနှင့် တာမွေမြို့နယ် အခွန်လွတ်ဈေးတို့မှာ အရောင်းဆိုင်တွေတိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်တယ်"
မြန်မာနိုင်ဆန်စပါးအသင်းချုပ်
Published_ 29 August 2023
#ဆန်တစ်ပြည်(၂၅၀၀)
#tthl
#Yangon_Times
စက်တင်ဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ အယ်နီညို ဖြစ်စဉ်တွေအတွက် မိုး/ဇလက စောင့်ကြည့်နေပြီး
Published_ 29 August 2023
#အယ်လ်နီညို #မိုး/ဇလက စောင့်ကြည့်
#YMG/my
#Yangon_Times
နှစ်စဉ် သီတင်းကျွတ်ကာလမှသာ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် လတ်တလောအခြေနေအထိ ကြက်သွန်နီတစ်ပိသာလျှင် ၃၈၀၀ကျပ် အထိရှိပြီး မကြာခင်တပိသာလျှင်ကျပ် ၅၀၀၀ ခန့် ထိ ဈေးမြင့်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Published_ 29 August 2023
#ကြက်သွန်နီဈေး #စိုက်ပျိုးမှုနည်း
#YMG/LW
#Yangon_Times
‘မကြာမီရှမ်းပြည်နယ်လွိုင်လင်မြို့၊ စစ်ကိုင်းတိုင်းရွှေဘိုမြို့နဲ့ တနင်္သာရီတိုင်းမြိတ်မြို့ရှိဆေးရုံကြီးတွေမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို တိုးချဲ့ခွဲစိတ်ကုသပေးသွားဖို့ရှိတယ်’ ကျန်းမာရေးဝန်ကြီးဌာန
Published_ 29 August 2023
#လူနာများတိုးချဲ့ခွဲစိတ်ကုသ #အာခေါင်ကွဲ #နှုတ်ခမ်းကွဲ
#tthl
#Yangon_Times
#Local_News
Publish 29 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်မှာရှိတဲ့ ဆန်ရောင်းဝယ်ရေးရုံးခန်းကို (သြဂုတ် ၂၈ ရက်) နေ့လည်ပိုင်းက ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ခန့် ပါသွားကြောင်း အနီးနားနေထိုင်သူများထံက သိရသည်။
"ဓားပြအတိုက်ခံရတာက "သုခရှင်" ဆန်ရောင်းဝယ်ရေးရုံးခန်းပါ၊ ဝန်ထမ်းတွေရှိနေတဲ့ကြားကနေပဲ Mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူ(၆) ဦးကဓားပြတိုက်သွားတာ။ ပိုက်ဆံသိန်း၂၀၀နီးပါး ပါသွားတယ်လို့တော့ ပြောနေကြတယ်။" ဟု ဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါ လူ(၆)ဦးမှာ (၁)ပေခန့်ရှည်တဲ့ ဓါးတွေနဲ့ရုံးခန်းအတွင်းဝင်ရောက်လာပြီး ဝန်ထမ်းများကိုခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း (၂၀၀) နီးပါးအပြင် ဝန်ထမ်းတစ်ဦးရဲ့ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပက်သက်ပြီး ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ယခုနံနက်ပိုင်းအထိ တရားခံများကို ဖမ်းမိမှုမရှိသေးကြောင်း သိရသည်။
#YMG/LW #ဓားပြတိုက်ခံရ #ဆန်ရောင်းဝယ်ရေးရုံးခန်း
#Yangon_Times
#Local_News
Published_ 29 August 2023
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)က လာမည့်စက်တင်ဘာမှစတင်၍ ဒီဇင်ဘာလအထိ ဓာတ်ဆီဂါလန်ပေါင်း ငါးသန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူကာရောင်းချပေးမည်ဟု ယင်းလုပ်ငန်း၏ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
တင်ဒါစနစ်ဖြင့် ခေါ်ယူရောင်းချရာတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလံ တစ်သန်းရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ရောင်းချရာတွင် လာမည့် စက်တင် ဘာ (၁၂) ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း၊ အောက်တိုဘာ (၃) ရက်နှင့်(၂၄)ရက်တို့တွင် ဓာတ်ဆီဂါလံ နှစ်သန်း၊ နိုဝင်ဘာ(၁၄)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်းနှင့် ဒီဇင်ဘာ (၅)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း အသီးသီးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါတင်သွင်းလိုသူများအနေဖြင့်နေပြည်တော်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)တွင် တင်ဒါအဆိုပြုလွှာသွင်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
တင်ဒါဖွင့်မည့်အချိန်မှာ တင်ဒါဖွင့်ပေးမည့် လစဥ်တိုင်း၏ မွန်းတည့် (၁၂)နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကာ တင်ဒါပိတ်ချိန်အား မွန်းလွှဲ (၂)အချိန်အထိ သတ်မှတ်ထားကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိလိုသူများအနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း ၀၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးရာတွင် မည်သည့်လုပ်ငန်းရှင်မဆို လွတ်လပ်စွာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News #ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)
#Yangon_Times
#Local_News
Published-29 August 2023
သုံးကြိမ်အထိ မီးနီဖြတ်မောင်းသော YBS ယာဥ်မောင်းများအား ယာဥ်လိုင်း ကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကဆိုသည်။
YBS ယာဥ်များလမ်းပေါ်တွင်အ ခေါက်ရေများများရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး ဗိုလ်ကျမောင်းနှင်နေခြင်း၊ လုယက်မောင်းနှင်နေကြသည်ကို တွေ့မြင်နေရ၍ ယာဥ်မောင်းများ၏မဆင်မခြင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တပြေးညီစောင့်ကြပ်၍ Video မှတ်တမ်းများဖြင့်တင်ပြလာမှုများရှိကြောင်းလည်း ယင်းကဆိုသည်။
သို့ဖြစ်ပါ၍ စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများမှာ မီးနီဖြတ်မောင်းနှင်သူများဖြစ်ပြီး ယာဥ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှူးကျူးလွန်ခဲ့ပါက YBS ယာဥ်လိုင်း ကုမ္ပဏီက YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကာလုပ်ဆောင်နေကြောင်း ဩဂုတ်လ ၂၄ရက်က စည်းကမ်းဖောက် ဖျက်သည့် YBSယာဥ်မောင်း (၁၀၀)ဦးကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ဆောင်ရွက်ရခြင်းသည်ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်ကြောင်းနှင့် ယာဉ်မောင်းများ၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးအရေးယူ
နေရခြင်းဖြစ်ပါကြောင်းလည်း ယင်းကပြောကြားသည်။
YRTC ၏ အဓိက ရည်မှန်းချက် ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာစေရန် YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့် ယာဉ်မောင်းကြီးများသည် ခရီးသည်များအား လိုရာခရီးသို့ လုံခြုံဘေးကင်းစွာပို့ဆောင်ပေးကြရမည့် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယာဉ်မောင်းကောင်းများအဖြစ်သာ မြင်တွေ့လိုပါကြောင်းလည်း ဦးလျန်ကျင့်မန်ကပြောကြားသည်။
#Local_News #သုံးကြိမ်အထိမီးနီဖြတ်မောင်း #YRTC
#Yangon_Times/PP
#Local_News
Published-29 August 2023
တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၆)ဦးကို ယနေ့စေလွှတ်ခဲ့၍ ယခုလအတွင်း (၈၆၃)ဦး စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
သြဂုတ်လ ၂၉ရက်တွင်EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၀၁)ဦး၊ စိုက်မွေးလုပ်သားသစ် (၄၅) ဦး၊ စုစုပေါင်း (၁၄၆) ဦးကိုစေလွှတ်ခဲ့၍ မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထို့အတူ သြဂုတ်လ ၁ရက်တွင် မြန်မာလုပ်သား ၁၃၉ဦးကိုလည်း ကောင်း၊ သြဂုတ်လ ၂ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ၈ရက်တွင် မြန်မာလုပ်သား (၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ၂၂ရက်တွင် မြန်မာလုပ်သား(၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၃ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉)ဦးကိုစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Local_News #EPS #မြန်မာလုပ်သား(၁၄၆)ဦး
#Yangon_Times/PP
၂၉ ဩဂုတ် ၂၀၂၃
တောင်ကိုရီးယားရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ ကိုရီးယားလေကြောင်းလိုင်း Korean Air ဟာ လေယာဉ်ပျံသန်းမှု အန္တရာယ်ကင်းရှင်းရေးအတွက် ခရီးသည်သယ်ဆောင်မယ့် ပစ္စည်းတွေနှင့်အတူ ခရီးသည်ကိုပါ ကိုယ်အလေးချိန် ချိန်တွယ်မယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှ ကြေညာခဲ့ပါတယ်။
ဇွန်လမှာ နယူးဇီလန်လေကြောင်းလိုင်းက အလားတူသတ်မှတ်ကြေညာခဲ့ပြီးနောက် ကိုရီးယားလေကြောင်းကလည်း ကြေညာခဲ့တာပါ။
ဆိုးလ်မြို့တော်မှာရှိတဲ့ တောင်ကိုရီးယားရဲ့ အလုပ်အရှုပ်ဆုံးလေဆိပ်နှစ်ခုစလုံးကနေ ထွက်ခွာမယ့် ခရီးသည်တွေကို ကိုယ်အလေးချိန်တိုင်းတဲ့ စက်ပေါ်တက်ခိုင်းမှာဖြစ်ပါတယ်။ ဂင်ပိုလေဆိပ်မှ ပြည်တွင်းသွားခရီးသည်တွေဟာလည်း ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁၉ အထိ ကိုယ်အလေးချိန်ချိန်တွယ်ခံကြရမှာဖြစ်ပါတယ်။ အလားတူ အင်ချီယွန် လေဆိပ်မှထွက်ခွာမယ့်ခရီးသည်တွေလည်း စက်တင်ဘာ ၈ရက်မှ ၁၉ ရက်အထိ ကိုယ်အလေးချိန်ချိန်တွယ်ခံရမှာ လို့ သတင်းမှာဖော်ပြထားပါတယ်။
ကိုရီးယားအလံတပ် လေယာဉ်လိုင်းတွေအားလုံးဟာ အတူသယ်အိတ်များနှင့်အတူ ခရီးသည်ရဲ့ကိုယ်အလေးချိန်ကိုပါ ချိန်တွယ်ကြဖို့ ကိုရီးယား မြေ၊အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။ “ လေယာဉ်ရဲ့ အလေးချိန်နှင့် ညီမျှမှု စံချိန်စံနှုန်းများအရ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလိုဆောင်ရွက်ရတာဟာ လေယာဉ်မှာ ဝန်ဖြန့်ကျက်မှုကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုစေဖို့ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် တွက်ချက်ရတာဖြစ်ပါတယ်။ ဇွန်လတစ်လလုံးမှာလည်း နယူးဇီလန်လေကြောင်းလိုင်းမှာ စီးနင်းလိုက်ပါကြတဲ့ ခရီးသည်တွေကို လေယာဉ်မတင်ခင် ကိုယ်အလေးချိန်ချိန်ခဲ့ကြရပါတယ်။
ဒါဟာ လေယာဉ်ဘေးကင်းစိတ်ချရစွာနှင့်စွမ်းရည်ပြည့်စွာ မောင်းနှင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဆောင်ရွက်မှုဖြစ်တယ်လို့ နယူးဇီလန်လေကြောင်းလိုင်းကပြောပါတယ်။
လေယာဉ်မတင်ခင် ခရီးသည်တိုင်းကို ကိုယ်အလေးချိန်ချိန်တာဟာ လေယာဉ်ရဲ့ဘေးကင်းမှုကို တိုးတက်စေတယ်လို့ အင်ဒီပင်းဒန့် သတင်းစာကရေးပါတယ်။ လက်ရှိမှာ လေကြောင်းလိုင်းတွေဟာ လေယာဉ်တစ်ခုလုံးရဲ့ အလေးချိန်ကို တွက်ရာမှာ ခရီးသည်အားလုံးရဲ့ အလေးချိန်ကို ပျှမ်းမျှမှန်းဆထည့်သွင်းနေကြတာဖြစ်ပါတယ်။
Source Independent
#Local_News
Published_ 29 August 2023
လန်ချန်း-မဲခေါင်ပူးပေါင်းမှုစီမံကိန်းအဖြစ် မန္တလေးနည်းပညာတက္ကသိုလ်နှင့်ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။
အဆိုပါစီမံကိန်းကို လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံတက္ကသိုလ်များအကြား သိပ္ပံနည်းပညာကူးလူးဖလှယ်ရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းစတင်ခြင်း အခမ်းအနားကို ဩဂုတ်(၂၈)ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နေပြည်တော်ဆက်သွယ်ရေးရုံးမှ ဌာနမှူး Mr. Zhang Zhonghuaက ‘ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးများလာစေပြီး အသေးစိတ်ကဏ္ဍလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးထမ်းဆောင်ပေးသည့် အပြင် တရုတ်-မြန်မာအဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်လာရန် မျှော်လင့်ကြောင်း’ထည့်သွင်းပြောခဲ့သည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ်ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း(၁၀၆)ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်ကာ ယင်းအခမ်းအနားသို့တရုတ်နိုင်ငံမှ ဌာနမှူး Mr. Zhang Zhonghua နှင့်အတူ မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
#tthl #Local_News #မန္တလေး-ကူမင်းနည်းပညာတက္ကသိုလ်
#တရုတ်-မြန်မာအဆင့်မြင့်ပညာရေး #Yangon_Times
#World_Politics
Published 29 August 2023
သမ္မတဂျိုးဘိုင်ဒင်ဟာ တိုင်းပြည်အတွက် အကျိုးပြုမယ့် သမ္မတတစ်ဦးဖြစ်ဖို့ရာ အသက်ကြီးရင့်လွန်းနေပြီလို့ အမေရိကန်နိုင်ငံသားတွေက စစ်တမ်းတစ်ခုမှာ သဘောတူညီခဲ့ကြပါတယ်။
သူ့ထက် အသက်အနည်းငယ်သာ ငယ်တဲ့ ဒေါ်နယ်လ်ထရမ့်ကတော့ အသက်အရွယ်နဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရတာမျိုး မရှိပါဘူး။
လက်ရှိမှာ ထရမ့်ဟာ တရားစွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် ရီပတ်ဘလစ်ကန်တွေထဲမှာ ပြိုင်ဘက်တွေကို အပြတ်အသတ် အသာရနေပါသေးတယ်။
ဘိုင်ဒင်ကိုယ်တိုင်ကလည်း အသက်အရွယ် ပြဿနာအကြောင်းကို သဘောပေါက်ထားပြီး ဖြစ်ပါတယ်။
အလုပ်ခွင်နေရာတွေမှာ အသက်အရွယ် ခွဲခြားဆက်ဆံခြင်းကို တားမြစ်တာမျိုး ရှိတတ်ပေမယ့် သမ္မတနေရာကို ရွေးကောက်တင်မြှောက်တဲ့ ပြည်သူတွေကတော့ သူတို့ရဲ့ အမြင်ကွဲလွဲမှုကို ဖော်ပြဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။
စစ်တမ်းအရ ၇၇ ရာခိုင်နှုန်းသော လူတွေက ဘိုင်ဒင်ဟာ နောက်ထပ်သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ရန် အသက်ကြီးလွန်းနေပြီလို့ ဆိုကြပါတယ်။
ဒီထဲမှာ ရီပတ်ဘလစ်ကန်တွေထဲက ၈၉ ရာခိုင်နှုန်းနဲ့ ဒီမိုကရက်တစ်တွေထဲက ၆၉ ရာခိုင်နှုန်း ပါဝင်နေပါတယ်။
အမေရိကန်မှ အရွယ်ရောက်ပြီးသူ လူဦးရေတဝက်ခန့်ဟာ ထရမ့်ကိုလည်း အသက်ကြီးလွန်းပြီလို့ သတ်မှတ်နေကြကာ ရီပတ်ဘလစ်ကန်တွေထက်စာရင် ဒီမိုကရက်တစ်တွေက အသက်အရွယ်ကဏ္ဍကို ပိုပြီးဝေဖန်ချင်ကြတာကို တွေ့ရပါတယ်။
ဒီမိုကရက်တစ်တွေရော၊ ရီပတ်ဘလစ်ကန်တွေရော၊ ပြင်ပလှုပ်ရှားသူတွေကပါ အာဏာရအသိုင်းအဝိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြုပြင်ချင်နေကြပြီး သမ္မတအုပ်ချုပ်မှုပိုင်း၊ ကွန်ဂရက်လွှတ်တော်၊ အထက်တရားရုံးတို့မှာ အသက်အရွယ် ပိုင်းခြားသတ်မှတ်ချင်နေကြပါတယ်။
အမေရိကန်နိုင်ငံသားတွေထဲက ၃ ပုံ ၂ ပုံခန့်က သမ္မတရာထူးနဲ့ ကွန်ဂရက်လွှတ်တော်အတွက် ရွေးကောက်ခံကိုယ်စားလှယ်များကို အသက်ကန့်သတ်ရန်နဲ့ တရားရေးကိစ္စများမှာ မဖြစ်မနေ အငြိမ်းစားယူရမယ့် အသက်အရွယ် ထားရှိရန်တို့ကို ထောက်ခံနေကြပါတယ်။
စစ်တမ်းထဲမှာ နိုင်ငံရေးလောကထဲမှ လူအများစုက နိုင်ငံရဲ့အုပ်ချုပ်မှုပိုင်းမှာ ငယ်ရွယ်သူတွေ မျက်နှာသစ်တွေကို တွေ့မြင်ချင်နေကြပါတယ်။
ဗာဂျီးနီးယားမှ အသက် ၂၈ နှစ်ရှိ ဆက်သွယ်ရေးအကြံပေး နိုအာဘာဒင်က သူဟာ သမ္မတရာထူးအတွက် ထရမ့်အစား ဘိုင်ဒင်ကိုပဲ အလေးပေးချင်ပေမယ့် သမ္မတရွေးကောက်ခံမယ့်သူတွေကို သူ့လိုအသက်အရွယ် အပိုင်းအခြားကပဲ ဖြစ်စေချင်တယ်လို့ ဆန္ဒရှိနေပါတယ်။
အရင်က ထရမ့်ကို မဲပေးခဲ့သူ အသက် ၆၂ နှစ်ရှိ ဂရက်ပက်ခ်က ဘိုင်ဒင်ကိုရော ထရမ့်ကိုပါ သမ္မတနေရာအတွက် မရှိစေချင်တော့ဘူးလို့ ပြောပြသွားပါတယ်။
Source: AP News #World_Politics #ဂျိုးဘိုင်ဒင်
Page 1091 of 2002