Published 29 January 2023
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ်စတန်ပြည်နယ်က လျှိုတစ်ခုအတွင်း ဇန်နဝါရီ ၂၉ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၁ ဦးသေဆုံးခဲ့ရပါတယ်။
ဘတ်စ်ကားတိမ်းမှောက်ရာနေရာက ကားရဲ့အပျက်အစီးကြားထဲမှ အလောင်း ၄၀ ကို တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူ (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကယ်ထုတ်ပြီးသိပ်မကြာခင်သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ (၂)ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ ယန္တယားအကြီးစားတွေသုံးပြီး လိမ်ကောက်နေတဲ့ သတ္တုတွေအတွင်းက လောင်ကျွမ်းနေတဲ့ အလောင်းတွေကို ထုတ်ယူနေကြပါတယ်။ ဘတ်စ်ကားဟာ ဆီပုံးတွေသယ်လာတဲ့အတွက် လျှိုထဲကျသွားတာနှင့် မီးချက်ခြင်းထလောင်တာဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဘတ်စ်ကားဟာ လူ၄၈ ဦးတင်ဆောင်လာတာဖြစ်ပြီး တံတားတိုင်နှင့်တိုက်မိပြီး လျှိုထဲပြုတ်ကျခဲ့တာဖြစ်ပါတယ်။
Source :AFP
#Bus_crash_Pakistan
#Bus_plunged_off_bridge
#Pakistan_Bus_transport
#LocalNews
Published _29 January 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးကို ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် နစက ဆန့်ကျင်အဖွဲ့တစ်ဖွဲ့က မီးရှို့ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကြောင့် မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့်ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများထားရှိသည့် သွပ်မိုး၊အုပ်ညှပ် အဆောက်အဦ အခန်း ၁ ခန်းတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 29 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဝင်းမင်းခန့်၊တင်အောင်ခိုင်၊ဉာဏ်လင်းထွန်း(လူငယ်ဘာသာပြန်စာရေးဆရာ)တို့နှင့်အတူ
-"(ဝင်းမင်းခန့်) ဘာသာပြန်ဝတ္ထုတွေရေးဖို့ တစ်ရက်ကို အချိန်၈နာရီ ဘာသာပြန်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိမှာ"ကမ္ဘာပျက်ကပ်ထဲမှမှော်ဧကရာဇ်"ဆိုတဲ့တရုတ်ပြည်မှာပြသနေဆဲဖြစ်တဲ့ စီးရီးတွဲကို ဘာသာပြန်ဖြစ်နေတယ်ဆိုတဲ့အကြောင်း
-(တင်အောင်ခိုင်) ပထမဆုံးစာအုပ်"နတ်ဘုရားတို့၏ဘုရင် "အမည်ရှိစာအုပ်တွင်အပိုင်း (၁၅၈၃) ပိုင်းပါဝင်ပြီး ဘာသာပြန်ဖို့တစ်နှစ်ခွဲ နှစ်နှစ်နီးပါးကြာမြင်ခဲ့ပြီး ယခုတတိယမြောက်စာအုပ်ကို ဘာသာပြန်ဖြစ်နေပြီဆိုတဲ့အကြောင်း
-(ဉာဏ်လင်းထွန်း) ဘာသာပြန်စရေးတုန်းက ပရိသတ်လည်းနည်းသလို ဝင်ငွေလည်းမရခဲ့တာတွေရှိခဲ့တယ် ဝါသနာတဲ့ထပ်တူကျတဲ့အလုပ်ဖြစ်လို့ ကျေနပ်မိတယ်၂နှစ်အတွင်း တိုးတက်မှုတွေရှိခဲ့ကြောင်း ကိုယ့်ကိုထောက်ပြပေးတဲ့သူတွေဆီကနေ သင်ယူခဲ့ရတာတွေရှိကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published _29 January 2023
ဟောင်ကောင်သင်္ဘောနစ်မြုပ်တဲ့အထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့မြန်မာသင်္ဘောသားတွေ အာမခံကြေးရဖို့ကိစ္စကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် MSF က ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _29 January 2023
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း လဝကအချုပ်ခန်း၌ အကျဉ်းကျခံပြီး ပြည်တော်ပြန်ရန်စောင့်နေသည့်မြန်မာလုပ်သား ၆၅၅ ဦး ဆန္ဒပြမှု ဇန်နဝါရီလ ၂၈ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"သူတို့က အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးပြီ။ဒါပေမဲ့ အခုထိ မြန်မာနိုင်ငံကို မပြန်ရသေးဘူး။ဒါကြောင့် ပြန်ခွင့်ရဖို့ တောင်းဆိုပြီးဆန္ဒပြကြတာလို့ သိရပါတယ်"ဟု ရနောင်းတွင် နေထိုင်းသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။
အဆိုပါ ဆန္ဒပြမှုကြောင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးနေကြကြောင်း၊သို့သော်လည်း ဆွေးနွေးမှုအကြောင်းအရာကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်မှ စ၍ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ လကုန်ထိ အဆိုပါ အချုပ်တွင် ဆန္ဒပြမှုဖြစ်ပွားသည်မှာ နှစ်ကြိမ်ထက် မနည်းရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 29 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဝင်းမင်းခန့်၊တင်အောင်ခိုင်၊ဉာဏ်လင်းထွန်း(လူငယ်ဘာသာပြန်စာရေးဆရာ)တို့နှင့်အတူ
-"(ဝင်းမင်းခန့်) ဘာသာပြန်ဝတ္ထုတွေရေးဖို့ တစ်ရက်ကို အချိန်၈နာရီ ဘာသာပြန်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိမှာ"ကမ္ဘာပျက်ကပ်ထဲမှမှော်ဧကရာဇ်"ဆိုတဲ့တရုတ်ပြည်မှာပြသနေဆဲဖြစ်တဲ့ စီးရီးတွဲကို ဘာသာပြန်ဖြစ်နေတယ်ဆိုတဲ့အကြောင်း
-(တင်အောင်ခိုင်) ပထမဆုံးစာအုပ်"နတ်ဘုရားတို့၏ဘုရင် "အမည်ရှိစာအုပ်တွင်အပိုင်း (၁၅၈၃) ပိုင်းပါဝင်ပြီး ဘာသာပြန်ဖို့တစ်နှစ်ခွဲ နှစ်နှစ်နီးပါးကြာမြင်ခဲ့ပြီး ယခုတတိယမြောက်စာအုပ်ကို ဘာသာပြန်ဖြစ်နေပြီဆိုတဲ့အကြောင်း
-(ဉာဏ်လင်းထွန်း) ဘာသာပြန်စရေးတုန်းက ပရိသတ်လည်းနည်းသလို ဝင်ငွေလည်းမရခဲ့တာတွေရှိခဲ့တယ် ဝါသနာတဲ့ထပ်တူကျတဲ့အလုပ်ဖြစ်လို့ ကျေနပ်မိတယ်၂နှစ်အတွင်း တိုးတက်မှုတွေရှိခဲ့ကြောင်း ကိုယ့်ကိုထောက်ပြပေးတဲ့သူတွေဆီကနေ သင်ယူခဲ့ရတာတွေရှိကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _29 January 2023
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်အရှေ့ဘက်မှလေပြင်းများတိုက်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်၊၊
မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်၊၊
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံအရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းသိရသည်၊၊
အရှေ့ဘက်မှလေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်အနေဖြင့်မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်သဖြင့် ပင်လယ်ပြင်သွား သင်္ဘော၊စက်လှေ၊ငါးဖမ်းစက်လှေနှင့်ရေယာဥ်များ အထူးသတိပြုသွားလာရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်၊၊
ymg/tthl
#Yangon _Media_Group
#Local_News
Published _29 January 2023
ကျပ်သိန်းတစ်သောင်းနဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီး Myanmar Effort Company Limited အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသူ တစ်ယောက်နဲ့ မန်နေဂျာကို ကျပ်သိန်းနှစ်ထောင်နဲ့ ပြန်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 29 January 2023
သမုဒ္ဒရာကြမ်းပြင်ဆိုတာ တကယ့်ကို နေဖို့မကောင်းလှတဲ့နေရာပါ။ မှောင်မည်းနေပြီး အေးစက်နေကာ ရေဖိအားတွေက ကြီးမားလေးလံလှတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ရှိနေကြတဲ့ သတ္တဝါတွေကတော့ အံအားသင့်စဖွယ်ကောင်းလောက် အောင်ပြောင်းလဲနေတာကိုတွေ့ကြရပါတယ်။
“အဲဒီနေရာဟာ ဆရာကြီးတွေရဲ့နေရာ” လို့ ဆစ်ဒနီမြို့က ဩစတြေးလျပြတိုက်က ဇီဝမျိုးကွဲဆိုင်ရာ သုတေသနမှူး ယီကိုင်းတီးက ပြောပါတယ်။ “ ခင်ဗျားတို့ ရေအနက် မီတာ ၃၀၀၀မှာ မနေနိုင်ဘူး။ ပြီးတော့အဲဒီမှာ ကိုယ်လုပ်ချင်သလို လည်းမလုပ်နိုင်ကြဘူးမဟုတ်လား” လို့ သူကဖြည့်စွက်ပြောပါတယ်။ အဲဒီနေရာမှာ ရေသတ္တဝါမျိုးစုံဟာ လှည့်လည်ကျက်စားနေကြပြီး သူတို့ဟာ အံဩဖွယ်ရာ အကောင်တွေဖြစ်နေတတ်ကြပါတယ်။
ကိုင်းဟာ မကြာသေးခင်ကမှ RV Investigator လို့ခေါ်တဲ့ သုတေသနရေယာဉ်နှင့်အတူ စူးစမ်းရှာဖွေလေ့လာရေးခရီး ကပြန်ရောက်ခဲ့ပါတယ်။ အဲဒီရေယာဉ်ကို ဩစတြေလျအစိုးရ သိပ္ပံအေဂျင်စီ CSIRO ကပိုင်ဆိုင်ပြီး အိန္ဒိယသမုဒ္ဒရာထဲက ပင်လယ်တွင်းဥယျဉ်အသစ်ရဲ့ ပတ်ဝန်းကျင်တစ်လျောက် ပင်လယ်ရေနက်အောက်ကို စူးစမ်းလေ့လာနေတာဖြစ်ပါတယ်။ အဆိုပါအဖွဲ့ကို ဝိတိုရီယသုတေသနအင်စတီကျူပြတိုက်နှင့် သိပ္ပံပညာရှင်ဒါဇင်များစွာပါဝင်ခဲ့ကြပါတယ်၊ သူတို့ဟာ ကီလင်းကျွန်းစုများရဲ့ သမုဒ္ဒရာကြမ်းပြင်တွေကို လေ့လာပုံထုတ်ခဲ့ကြပါတယ်။ အဲဒီအခါ သူတို့ဟာ ထောင်ပေါင်းများစွာသော နမူနာတွေကို စုဆောင်းနိုင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ချစ်စရာကောင်းလှတဲ့ ပင်လယ်ရေနက် လင်းနို့ငါး batfish မှသည် ကြောက်စရာကောင်းတဲ့ ဆူးတောင်ကြီးတွေနှင့် လစ်ဇတ်ကင်းလိပ်ချောငါး lizardfish တို့နှင့် ပိန်ကပ်နေတဲနားရွက်တွေနှင့် assfish. တွေလည်းပါဝင်ပါတယ်။
စူးစမ်းလေ့လာရေးခရီးသိပ္ပံပညာရှင်အဖွဲ့အကြီးအကဲ တင်မ်အိုဟာရာက အဲဒီထဲက သုံးပုံတစ်ပုံခန့်ဟာ သိပ္ပံပညာအတွက် အသစ်တွေဖြစ်နေပြီး ပင်လက်ရေနက်ထဲမှာ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှု အံ့ဘွယ်တွေဖြစ်နေတယ်လို့ပြောပါတယ်။
ကိုင်းဟာ ခရီးနှင့်အတူ အံအားတစ်သင့်အဖြစ်ရဆုံး ပင်လယ်ရေနက်ငါးတွေကို ယူဆောင်ပြသခဲ့ပါတယ်။ သူတို့ဟာ အင်မတန်မှခက်ခဲတင်းကြပ်လှတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ဘယ်လိုရှင်သန်နေထိုင်ကြတယ်ဆိုတာကိုပါ သူက ရှင်းပြခဲ့ပါတယ်။
“ ကျွန်တော်တို့ စိတ်လှုပ်ရှားစရာကောင်းလှတဲ့ အချို့သတ္တဝါတွေတွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် ဗိုင်ပါငါး viper fish နှင့် ပီလီကန်ငါးရှဉ့် pelican eels နှင့် ထရိုင်ပေါ့ငါး tripod fishes တို့လိုမျိုးတွေပါ။” လို့ကိုင်းက ပြောပါတယ်။
“ အဲဒီရေသတ္တဝါတွေကိုကျွန်တော် ၁၀နှစ်သားကတည်းက အခြေခံကျကျသိခဲ့တာတွေပါ။ ဒါပေမယ့် အဲဒါတွေကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်မျက်စေ့နှင့်ကိုင်တွယ်ကြည့်ရှုရမယ်လို့မထင်ထားခဲ့ဘူး” လို့သူကပြောပါတယ်။
Source WION
#Scientists_discover_fantastical_Creatures_in_deep_sea
#Deep_Sea_Creatures
#Marine_Research
#TV Yangon Times Matters အစီအစဉ်
Published - 29 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဝင်းမင်းခန့်၊ တင်အောင်ခိုင်၊ဉာဏ်လင်းထွန်း(လူငယ်ဘာသာပြန်စာရေးဆရာ)တို့နှင့်အတူ
-"(ဝင်းမင်းခန့်) ဘာသာပြန်ဝတ္ထုတွေရေးဖို့ တစ်ရက်ကို အချိန်၈နာရီ ဘာသာပြန်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိမှာ"ကမ္ဘာပျက်ကပ်ထဲမှမှော်ဧကရာဇ်"ဆိုတဲ့ တရုတ်ပြည်မှာပြသနေဆဲဖြစ်တဲ့ စီးရီးတွဲကို ဘာသာပြန်ဖြစ်နေတယ်ဆိုတဲ့အကြောင်း
-(တင်အောင်ခိုင်) ပထမဆုံးစာအုပ်"နတ်ဘုရားတို့၏ဘုရင် "အမည်ရှိစာအုပ်တွင်အပိုင်း (၁၅၈၃) ပိုင်းပါဝင်ပြီး ဘာသာပြန်ဖို့တစ်နှစ်ခွဲ နှစ်နှစ်နီးပါးကြာမြင်ခဲ့ပြီး ယခုတတိယမြောက်စာအုပ်ကို ဘာသာပြန်ဖြစ်နေပြီဆိုတဲ့အကြောင်း
-(ဉာဏ်လင်းထွန်း) ဘာသာပြန်စရေးတုန်းက ပရိသတ်လည်းနည်းသလို ဝင်ငွေလည်းမရခဲ့တာတွေရှိခဲ့တယ် ဝါသနာတဲ့ထပ်တူကျတဲ့အလုပ်ဖြစ်လို့ ကျေနပ်မိတယ်၂နှစ်အတွင်း တိုးတက်မှုတွေရှိခဲ့ကြောင်း ကိုယ့်ကိုထောက်ပြပေးတဲ့သူတွေဆီကနေ သင်ယူခဲ့ရတာတွေရှိကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_28 January 2023
ယခင်အစိုးရလက်ထက်က YP စက်သုံးဆီဆိုင်ဆောက်မည့် မြေကွက် ၆ ကွက်၏ဂရန်ကို ပြန်လည်ပယ်ဖျက်လိုက်ကြောင်း YCDC ထုတ်ပြန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)က ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများကို ဌာနမှ နှစ်(၆၀)မြေငှား စာချုပ်(ဂရန်)များထုတ်ပေးထားခဲ့ကြောင်း၊ယင်း နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)များကို လုပ်ထုံးလုပ်နည်းနှင့်အညီပယ်ဖျက်ပြီးဖြစ်ပါကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ မြေနေရာများမှာ Golden Star Co.,Ltd အမည်ပေါက်သော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၆၂)၊ မြေကွက် အမှတ်(၁)၊ဂရန်စာအုပ်အမှတ်- A 0037058 A ၊ ဧရိယာ(၆၃ ဒသမ ၈၉၅) ဧက၊ Yangon Petrol Co.,Ltd အမည်ပေါက်မြေကွက်များဖြစ်သော မရမ်းကုန်းမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် (၁၂+၁၇+၁၈)၊ မြေကွက်အမှတ်(၁၃/က)၊ ဂရန်စာအုပ် အမှတ် - A 0035310 A ၊ ဧရိယာ (၃ ဒသမ ၇၁၄) ဧက၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၂၃-သုဝဏ္ဏ)၊ မြေကွက်အမှတ်(၂-အေ)၊ ဂရန် စာအုပ်အမှတ် - A 0035148 A ၊ ဧရိယာ (၀ ဒသမ ၆၉၉)ဧက၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊မြေတိုင်းရပ်ကွက်(၁-တိုးချဲ့)၊ မြေကွက် အမှတ် (၆၁၃)၊ ဂရန်စာအုပ်အမှတ်- A 0038147 A ၊ ဧရိယာ(၄၉၄၁)ဧက၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၇)၊ မြေကွက် အမှတ်(၁-က)၊ ဂရန်စာအုပ်အမှတ်- A 0039600 A ၊ဧရိယာ(၀ ဒသမ ၇၅၂) ဧက၊ လမြို့နယ်၊ မြေတိုင်းရပ်ကွက်(၃)၊ မြေကွက်အမှတ် (၁၄၂၄)၊ ဂရန် စာအုပ်အမှတ်- A 0041013 A၊ ဧရိယာ(၁ ဒသမ ၄၁၅)ဧက တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြမြေစီမံခန့်ခွဲမှုဌာန၏ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 29 January 2023
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခု နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်က ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးမှာကျင်းပတဲ့ ကော်မတီအစည်းအဝေးမှာ လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုတိုကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်း၊ မြေပဲနဲ့ နေကြာတွေကို ကြိတ်ခွဲပြီး ဆီ ထုတ်လုပ်တာနဲ့ စားအုန်းဆီသန့်စင် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေပါဝင်တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဆေးဆိုးပန်းရိုက်အဝတ်အထည်တွေကို ထုတ်လုပ်ပြီး ပြည်တွင်း CMP လုပ်ငန်းတွေကို ရောင်းချတဲ့လုပ်ငန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်း၊ ထုပ်ပိုးပစ္စည်းတွေကို ထုတ်လုပ်ပြီး ပြည်တွင်း CMP ဖိနပ်လုပ်ငန်းတွေကို ရောင်းချတဲ့လုပ်ငန်း စတဲ့လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏမှာ ငွေကျပ်သန်း ၆,၀၀၀ လောက်နဲ့ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၃၀၀ ကျော်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1086 of 1700