#Local_News
Published_ 26 April 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များတည် ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင် တည်ဆောက်ပြီးစီးမှု၊ အဝင်မုဒ်ဦးများ တည်ဆောက် ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များတည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင် တည်ဆောက် ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာသို့ ပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁၊၂၊၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက် ကရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက် သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာနစက ဥက္ကဋ္ဌ အမှူးပြုသည့် မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဒါယကာ၊ ဒါယိကာမများ၊ ဘုရား စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသော အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီလ ၂၇ နှင့် ဖေဖော်ဝါရီလ ၁၀ ရက် တို့တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာ ပလ္လင်တော် ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကသိရှိနိုင်ရေးအတွက် စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာ ဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူ ကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
အလားတူ ကမ္ဘာပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ယခုအခါ သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #၉၅ရာခိုင်နှုန်းပြီး
#YMG #Yangon_Media_Group










Published_ 25 April 2023
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု ကိုထုတ်ပြန်ပေးလျက်ရှိရာ လူနာသစ်တွေ့ရှိမှု ၃ ရက်ဆက်တိုက် မြင့်တက်လာကြောင်း တွေ့ရှိရပါတယ်။
ဧပြီ (၂၃) ရက်နေ့ထုတ်ပြန်မှုတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး၊ (၂၄) ရက် နေ့တွင် (၅၁) ဦး၊ (၂၅) ရက်နေ့တွင် လူနာသစ် (၇၁) ဦးတွေ့ရှိရသဖြင့် ၃ ရက်ဆက်တိုက် ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ် ပွားမှုများလည်းပါဝင်ကာ မြန်မာနိုင်ငံ၌လည်း ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည်ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့ တဲ့ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါ ကြောင့်သေဆုံးမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၌ ဧပြီ (၂၅) ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၃၁၆,၄၈၆) ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၄၇၁) ဦး ရှိပြီပါတယ်။
ygm_mnn
#Yangon_Media_Group
#Covid-19_Myanmar
Published_ 25 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်အတွင်း PDF အဖွဲ့ဝင် ၇ ဦး ကို လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၀ ခု၊ ကျည်မျိုးစုံ ၁၆၀၇ တောင့်၊ ၄၀ မမ ဗုံးသီး ၂၄ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၆ လုံးတို့ဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဧပြီလ ၁၉ ရက် နေ့လယ်ပိုင်းက သန်လျင်မြို့နယ်၊ ပေါက်တောကျေးရွာအနီး ပိတ်ဆို့ရှာဖွေရှင်းလင်း ခဲ့ရာ ခရမ်း PDF အဖွဲ့ဝင် ရီထွေးအား AK-47 ၁ လက်၊ Type-056 ၁ လက်၊ Glock-19 ၁ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၇.၆၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၆၉ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၁၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ မုဒိတာအိမ်ရာ၊ တိုက်အမှတ်(C)၊ (၄)လွှာ၊ အခန်း (၄၀၉)မှထက်ရဲလင်း(ခ)အေးမောင်၊ စိုးထက်အောင်(ခ) သာလိကာ၊ ကျော်မင်းထက်(ခ)စာကလေးတို့ ၃ ဦးကိုလည်းကောင်း၊ယင်းနေ့ ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊တိုက်အမှတ်(၃၆)၊ (၄)လွှာ၊ အခန်း(A)၌ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မိုးပြည့်စုံကျော် (ခ)ဒေဝ(ခ)မှတ်ကြီး၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသားနှင့် သန့်ဇင်ဦး(ခ)ဗိုက်ကလေး တို့ ၃ ဦးကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ ထက်ရဲလင်း(ခ)အေးမောင်၏ ထွက်ဆိုချက်အရ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် ခရမ်းမြို့နယ်၊ မကျည်းကုန်းကျေးရွာနှင့် သုံးခွမြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံထားသော BA-63၂ ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၂၅ တောင့်ကိုလည်းကောင်း၊ ခရမ်းမြို့နယ်၊ ညောင်ပင် ကျေးရွာနှင့် အလယ်ကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံ ထားသော ပွိုင့်- ၃၈၀ ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ M-4 ကာဘိုင် ၂ လက်၊ M-22 ၁ လက်၊ ပွိုင့်- ၃၀ ကာဘိုင် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ကျည် ၇ တောင့်၊ ၉ မမ ကျည် ၈ တောင့်၊ ပွိုင့်-၃၀ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၁၂၀ တောင့်၊ ၇.၆၂ ကျည် ၂၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ပစ္စတို ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၀ ကာဘိုင်ကျည်အိမ်(အရှည်/အတို) ၂ ခု၊ M-4 ကာဘိုင်ကျည်အိမ် ၅ ခု၊ M-22 ကျည်အိမ် ၅ ခု၊ လက်လုပ်လက်ပစ်ဗုံး ၆ လုံး တို့ကိုလည်းကောင်း၊ ဧပြီလ ၂၄ ရက် ညပိုင်းတွင် ခရမ်းမြို့နယ်၊ ကန်သာကျေးရွာ၏ အနောက်ဘက်ရှိ ကောက်ရိုးပုံအတွင်းမှ M-16 ၂ လက်၊ M4A1 ၁ လက်၊ ၁၂ ဗို့ ၁ လက်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ ပွိုင့်-၃၈၀ ကျည် ၂၆ တောင့်၊ ၉ မမ ကျည် ၆၈ တောင့်၊ ၅.၅၆ ကျည် ၄၈၀ တောင့်၊ ၇.၆၂ ကျည် ၁၉၆ တောင့်၊ ၁၂ ဗို့ကျည် ၄၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ စနိုက်ပါကျည်အိမ် ၁ ခု၊ M-22 ကျည်အိမ် ၁ ခု၊ M-16 ကျည်အိမ် ၃ ခု၊ ၁၂ ဗို့ကျည်အိမ် ၂ ခု၊ M4A1 ကျည်အိမ် ၂ ခုတို့ကို လည်းကောင်း ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ymg/pl
#YangonMediaGroup
#ခရမ်းPDF
#မြန်မာ့နိုင်ငံရေး



#Local_News
Published_ 25 April 2023
ရုံတင်ဇာတ်ကားတွေပါတဲ့ ထုတ်လုပ်သူတွေ၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ ဧပြီ(၂၆)ရက်မှ (၂၈)ရက်အထိ အကယ်ဒမီဆုပေးပွဲဖိတ်ကြားလွှာတွေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်၊၊
#Local_News #ရုံတင်ဇာတ်ကား #အနုပညာရှင် #အတတ်ပညာရှင် #အကယ်ဒမီဆု
#YMG#Yangon_Media_Group
Published_ 25 April 2023
အားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဧပြီလ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ကြမည့်မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ ကထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာ အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်း တင်သွင်းနိုင်ကြ မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မား ဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာတင် ကျေနပ်မနေဘဲ အာရှ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်း ကြိုးပမ်းသွားကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိနေသောကြောင့်နစက မတိုင်မီက ရှိသော ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်က စ၍ ကျန်းမာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟု သီးခြားစီခွဲကာ ဖွဲ့စည်းခဲ့ကြောင်း၊ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများအား အသက်(၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး (၂၃၀)ကို လစဉ်ကျပ်တစ်ရာ ငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယ အဆင့် ၃၉ ဦးနှင့် လူမှုထူးချွန် တတိယအဆင့် ၆၉ ဦး တို့ကိုပေးအပ် ချီးမြှင့် ခဲ့ပြီး ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်စိစစ်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအနေဖြင့်လည်း မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်တို့ဖြင့် အချင်းချင်းရိုင်းပင်း ကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ် အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာပြုမူကျင့်ကြံ နေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံးမပေး ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့နှင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်နှင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံများ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည် ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြို နေမည်ဖြစ် ကြောင်း လည်း ပြောကြားခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၃၄၁ ဦးက အားကစား နည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ymg/pl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်
#မြန်မာ့အားကစား



#World_Automobile
Published 25 April 2023
ယခုနှစ်ရှန်ဟိုင်းမော်တော်ယာဉ်ပြပွဲမှာ တရုတ်နိုင်ငံရှိ လောင်စာဆီမော်တော်ကားခေတ် ကုန်ဆုံးသွားတဲ့အရိပ်အယောင် မြင်တွေ့နေရပါတယ်။
#World_Automobile #တရုတ်လျှပ်စစ်ကား #လောင်စာဆီ
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
ဧပြီလကုန်ပိုင်းမှာ ဒေသအချို့မှာ မုတ်သုန်ကြိုမိုးတွေရွာသွန်းတာနဲ့ မိုးတိမ်တောင်တွေကြောင့်မိုးရွာသွန်းတာ၊ မိုးသက်လေပြင်းတိုက်ခတ်တာတွေ ထပ်ကြုံနိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ဧပြီလကုန်ပိုင်း #မုတ်သုန်ကြိုမိုး #မိုးသက်လေပြင်း
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
ဧပြီလ ၂၄ကနေ မေလ ၁ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၆၈၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်ထဲမှာတော့ တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ခန့် ရှိနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။
#Local_News #စားသုံးဆီ #ရည်ညွှန်းသတ်မှတ် #ပြင်ပပေါက်ဈေး
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့တင်ပို့နေတဲ့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှုက အများဆုံးပါဝင်နေတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
#Local_News #မူဆယ်နယ်စပ် #တရုတ်နိုင်ငံ #ငါးရှဉ့်တင်ပို့မှု
#YMG#Yangon_Media_Group
#Daily_News
Published_ 25 April 2023
၁။ မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှု အများဆုံးဖြစ်နေ
၂။ စားသုံးဆီတစ်ပိဿာ ၄၆၈၀ကျပ် ရည်ညွှန်းသတ်မှတ်သော်လည်း ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ဝန်းကျင်ခန့်ရှိနေ
၃။ ဧပြီလကုန်ပိုင်းတွင် မုတ်သုန်ကြိုမိုးနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုများ ထပ်ကြုံနိုင်
၄။ တရုတ်လျှပ်စစ်ကားများ တွင်ကျယ်လာခြင်းကြောင့် လောင်စာဆီသုံးယာဉ်များ အဆုံးသတ်ရန်နီးစပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 25 April 2023
ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၉၆ ဒေါ်လာနဲ့ဈေးဖွင့်လာပြီး ဧပြီလ ၂၅ ရက်နေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းများအသင်းရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ ၂၃ သိန်း ၅ သောင်းကျော် ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဧပြီလ ၂၅ ရက်နေ့ရဲ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၉ သိန်း ၈သောင်းကျော်ပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ရန်ကုန်ရွှေအသင်း
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
ယခု တစ်ပတ်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထား တစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့ အနည်းကျငယ်ပြန်ကျခဲ့သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ကျော်နေဆဲဖြစ်ကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီ ၂၅ ရက်၊ ဈေးနှုန်းများအရ ရန်ကုန်မြို့၌ အောက်တိန်း ၉၂ တစ်လီတာ ၂,၀၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၁,၉၈၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၀၆၅ ကျပ် ဖြစ်သည်။
ယင်း ပေါက်ဈေးများမှာ ပြီးခဲ့သည့် တစ်ပတ်တာဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက ဓာတ်ဆီ ၁၃၀ ကျပ်၊ ဒီဇယ် ၈၅ ကျပ် စီနှုန်းထားဖြင့် အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ စက်သုံးဆီဈေးနှုန်းများမှာလည်း အောက်တိန်း ၉၂ တစ်လီတာ ၂,၀၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၉၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂,၀၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂,၁၁၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးကော်မတီ PPRD ၏ ရည်ညွှန်းဈေးများအရ သိရသည်။
ယခုဖော်ပြသည့် ရန်ကုန်၊ မန္တလေးမြို့များ၏ စက်သုံးဆီဈေးနှုန်းများသည် တိုင်းနှင့် ပြည်နယ်များအနက် အနိမ့်ဆုံးဈေးများဖြစ်ပြီး ဒေသအလိုက်ကွာဟမှု ရှိနေဆဲဖြစ်သည်။
#ymg/ppk #Local_News #စက်သုံးဆီနှုန်းဈေး
#YMG #Yangon-Media-Group
Page 1081 of 1816