Published_ 27 July 2023
အကြမ်းဖက်သမားများက စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးအပါအဝင် ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားမှုအ ပေါ် ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချကြောင်း အဖွဲ့အစည်း (၁၇)ဖွဲ့ က သဘော ထား ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇူလိုင် (၂၀)ရက်က တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏သားဖြစ်သူအပါအဝင် ဆရာ ဆရာမ ငါးဦး စုစုပေါင်းခုနစ်ဦးတို့အား အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့အပြင် ဇူလိုင် (၂၂) ရက်တွင်လည်း အဆိုပါကျောင်းရှိ စိုက်ပျိုးရေး ပညာရပ်များ လာရောက်သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအား အကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
အကြမ်းသမားများ၏ ယင်းလုပ်ရပ်အပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)အပါအဝင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာ နိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)နှင့် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။
Yangon Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times





Published_ 27 July 2023
အာဆီယံဒေသတွင်းနိုင်ငံများပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ပတ်သက်၍အာဆီယံဒေသတွင်း ကွန်ယက်တစ်ခု တည်ထောင်ပြီး အတွေ့အကြုံနှင့်အကြံဉာဏ်များဖလှယ်ပြီးဆောင်ရွက်သွားရန် မြန်မာနိုင်ငံမှ ထောက်ခံဆွေးနွေးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် ‘အရှေ့တောင်အာရှရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ’အာဆီယံပညာရေးဝန်ကြီးများစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးက ‘ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပညာရေးသည်ကလေးငယ်များ၏ သိမြင်ခံစားမှု စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသဖြင့် အနာဂတ်ပညာသင်ယူတတ်မြောက်မှုများစွာအထောက်အကူပြုနိုင်ကြောင်း၊ သို့ဖြစ်၍ အာဆီယံဒေသတွင်းကွန်ယက်တစ်ခုတည်ထောင်ကာ အတွေ့အကြုံများ၊အကြံဉာဏ်များ ဖလှယ်ရန် ထောက်ခံကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံအချင်းချင်းအတွေ့အကြုံများ၊အကြံဉာဏ်များ ဖလှယ်လျက်ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အချင်းအသွေးရှိသောရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်ကလေးတိုင်း လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ ကြေညာချက်ကိုထုတ်ပြန်အတည်ပြုခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မာလာ မြိုင်မှတ်တိုင်တွင် ယနေ့နံနက်က YBS ကားမီးလောင်မှုဖြစ်ခဲ့ပြီး ကားတစ်စီးလုံးနီးပါး ထိခိုက်ပျက်စီးမှုဖြစ်ခဲ့သော်လည်း လူထိခိုက် မှု တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း အနာဂတ် အလင်းတန်းပရဟိတအသင်း တာဝန်ရှိသူကပြောကြားသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၇ ရက် နံနက် ၉နာရီ ၅၀မိနစ်အချိန်ခန့်က ဝါယာရှော့ဖြစ်၍ ကားအနောက်အင်ဂျင်ခန်း အပိုင်းမှ မီးခိုး၊ မီးစများထွက်လာ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသည်။
" မြို့ထဲကနေ လှည်းတန်းဘက်အသွား မဟာမြိုင်မှတ်တိုင် YBS ကား မှတ်တိုင်ပေါ့။.ဘေးပတ်ဝန်းကျင်ပြောပုံအရ မှတ်တိုင်မှာရပ်ချိန်မှာပေါ့ စက်နောက်ဖုံးကနေ မီးခိုးနဲ့မီးစတွေထွက်လာလို့ ဆင်းကြည့်တာနဲ့ မီးလောင်တယ်လို့သိရတယ်။
လူထိခိုက် မှု တစ်စုံတစ်ရာမှ မရှိပါဘူး"ဟု အဆိုပါပရဟိတအသင်း တာဝန်ရှိသူက ပြောကြားသည်။
မီးလောင်မှုသတင်းအရ မီးသတ်ဦးစီးဌာနတာဝန်ရှိသူများနှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းကထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times





Published_ 27 July 2023
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာ၌ မြန်မာနိုင်ငံသားတစ်ဦး ငါးရှာရင်း ဓါတ်လိုက်သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချမ်းမွန် ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာတွင် ပန်ရံအလုပ်လုပ်ကိုင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ဒေသခံများက လူတစ်ဦး ရေမြောင်းဘေးတွင် သေဆုံးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ စွမ်ဖလစ်ထိုင်းရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
အခင်းဖြစ်ပွားရာနေရာတွင် ဝါယာကြိုး၊ ပလာရာ၊ လက်နိပ်ဓါတ်မီး စသည်တို့ကို တွေ့ရှိခဲ့ကြောင်း၊ချောင်း အတွင်း ဝါယာလျှော့ရိုက်၍ ငါးရှာနေစဉ် ဓါတ်လိုက်ပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် အ မှုခင်းဆရာဝန်က လည်း ဓါတ်လိုက်ပြီး သေဆုံးသော ဖြစ်စဉ်ဟု အတည်ပြုကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာ့လက်ရွေးစင်နှင့် မကာအိုလက်ရွေးစင်အသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲတွေကို အိမ်ကွင်းအဝေးကွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အနိုင်ရရှိတဲ့အသင်းက ဒုတိယအဆင့်ခြေစစ်ပွဲကိုထပ်မံယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၂၀၂၆ ခြေစစ်ပွဲ (အာရှဇုန်-ပထမအဆင့်) နှင့် အာရှဖလား ၂၀၂၇ ခြေစစ်ပွဲ မဲခွဲခဲ့တာ ဖြစ်ပါတယ်၊
လာမယ့် အောက်တိုဘာ (၁၂) ရက်နှင့် (၁၇) ရက်နေ့တို့မှာ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်များတဲ့အသင်းက ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
မြန်မာအသင်းနှင့် မကာအိုအသင်းတိုဟာ (၅) ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး (၅) ကြိမ် စလုံးကို မြန်မာအသင်းကပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ကစားသမား ၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အာရှ ဖူဆယ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ ဇွန် ၁၇ ရက်က စတင်ပြီး ပဏာမကစားသမား ၂၄ ဦးနဲ့ လေ့ကျင့်ပြင်ဆင်ခဲ့ တာဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမား ၁၈ ဦးသို့ လျှော့ချခဲ့ခြင်းဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(ခ)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစု အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီးမြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည် ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်း အသင်း၊ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ၇ နာရီတွင် ဆော်လမွန်ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲတွင် ကစားသမား (၁၆)ဦးသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ကစားသမား ၁၈ ဦးစလုံးကို ထိုင်းခြေစမ်းခရီးစဉ်ကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဂိုးသမားများ
ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ညီညီသန့်
ကစားသမားများ
မျိုးမြင့်စိုး၊ မင်းခန့်၊ ရှိုင်းထက်အောင်၊ လပိုင်ဇော်လွန်း၊ ဝေဇင်ဦး၊ ညိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ မျိုးသက်အောင်၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ ကိုရဇ္ဇ၊ သက်နောင်၊ ဇော်ဖြိုးဦး။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times



ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်အတွင်း မိသားစုဝင် တစ်သောင်းကျော်အတွက် စပါးမျိုးစေ့များ ICRC က ပေးဝေ
ရပ်ရွာလူထုတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပိုမို တိုးတက်လာစေဖို့နဲ့ ရေရှည်ရပ်တည်နိုင်မှုကို အားပေးမြှင့်တင်ပေးတာဖြစ်
Yangon_Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
အခြေခံစားကုန်ဈေးတက်၍ စားသောက်ဆိုင်လုပ်ငန်းများအခက်ကြုံ
‘စားသောက်ဆိုင်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပေမယ့်လည်း အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ကြက်သွန် စတာတွေလည်း တစ်ရိပ်ရိပ်ဈေးတက်နေသလို သွင်းကုန်ပစ္စည်းတွေလည်းဈေးတက်နေလို့ ရုန်းကန်နေရတယ်’ ဦးနေလင်း၊ဥက္ကဌ (မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို))
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
ပြည်ပမှစားအုန်းဆီဈေး နှစ်ပတ်နေမှပြန်တည်ငြိမ်မည်
‘စားအုန်းဆီဈေးတွေ လာမယ့်နှစ်ပတ်အတွင်း ပြန်တည်ငြိမ်သွားဖို့ရှိသလို စားအုန်းဆီဈေးတက်လို့ ပြည်တွင်းထုတ်မြေပဲဆီနဲ့ ဈေးသိပ်မကွာတော့တဲ့အတွက် ပြည်တွင်းဆီတွေဈေးကွက်ပိုမိုရရှိလာတယ်’
ဦးရဲသူအောင်(ဒုဥက္ကဌ၊ရန်ကုန်တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
နွေရာသီ ကာလတွင်ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးများစွာသုံးစွဲခဲ့ပြီးနောက်အဆင်နယ်အသင်းလူစာရင်းမှာကမ္ဘာတွင် တန်ဖို: အကြီးဆုံးဖြစ်လာသည်ဟု သိရသည်။
ရိုက်စ်၊ဟာဗက်ဇ်နှင့် တင်းဘားတို့ကို ခေါ်ယူပြီးနောက်ယခုကဲ့သို့ တန်ဖိုးမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အာတီတာ၏ အာဆင်နယ်အသင်းမှာ လက်ရှိတွင်တန်ဖိုး ယူရို၁ ဒသမ၅၁ဘီလီယံရှိနေပြီး ဂွာဒီယိုလာ၏ မန်စီးတီး ၊အခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့် ဥရောပထိပ်တန်းကလပ်အသင်းကြီးများဖြစ်သေ ပီအက်စ်ဂျီ'ဘိုင်ယန်မြူးနစ် ရီးရဲမက်ဒရစ်၊ဘာစီလိုနာ တို့ကိုကျော်ဖြတ်၍ ထိပ်ဆုံးနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။
အင်္ဂလန်အသင်းများက ထိပ်တန်းနေရာ၌ရပ်တည်နေသော်လည်းဥရောပ ထိပ်တန်းအသင်း ၂၅ သင်းစာရင်းတွင် နာပိုလီအက်သလက်တီကို၊ အင်တာမီလန်၊ ဂျုဗင်တပ်၊ အေစီမီလန်၊နှင့် ဘေယာလေဗာကူဆင်တို့လည်းပါဝင်လျက်ရှိသည်။
ယခုကဲ့သို့ငွေကြေး မြောက်မြားစွာသုံးခွဲခဲ့သော်လည်းအာဆင်နယ်သည် ကစားသမားထပ်မံခေါ်ယူရန်စီစဉ်နေပြီး တိုက်စစ်မှုးနေရာအတွက် အက်သလက်တီကိုမက်ဒရစ်မှ ယာအိုဖိလစ်ကို စောင့်ကြည့်လျက်ရှိသည်ဟုသိရသည်။
Ref: Daily Cannon
#YMG #Yangon_Times
Published_ 27 July 2023
မာဂျရင်းအစား သံလွင်ဆီစားသုံးပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာထက်မြက်မှု ဆက်ရှိနေနိုင်မလားဆိုတာကို မာဆာချူဆက်စ် ဘော့စ်တွန်ရှိ အမေရိကန်အာဟာရအသိုင်းအဝိုင်း နှစ်စဉ်အစည်းအဝေးပွဲမှာ လေ့လာတင်ပြခဲ့ပါတယ်။
အမေရိကန်ကျန်းမာရေးကျွမ်းကျင်သူ ၉ သောင်းကျော်ပါဝင်တဲ့ ကြိုတင်စမ်းသပ်မှုထဲမှာ သံလွင်ဆီပိုမိုစားသုံးသူတွေက လာမယ့်ဆယ်စုနှစ် ၃ ခုအတွင်း ဒီမန်ရှာကြောင့် သေဆုံးနိုင်ချေ လျော့နည်းသွားကြောင်း တွေ့ရှိခဲ့ပါတယ်။
သံလွင်ဆီ မစားသုံးသူများနဲ့ယှဉ်တဲ့အခါ သံလွင်ဆီစားပွဲတင်ဇွန်း တဝက်ကျော်ကို နေ့စဉ်စားသုံးသူများဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါကြောင့် သေဆုံးနိုင်ချေကို ၂၈ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
မာဂျရင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ နေရာမှာ သံလွင်ဆီအစားထိုးလိုက်ပါက ဒီမန်ရှာကြောင့်ဖြစ်တဲ့ သေဆုံးနိုင်ချေကို ၁၄ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
ဒီလိုလေ့လာချက်တွေက ချက်ကျလက်ချ သက်သေပြတာမျိုးထက် ဆက်နွယ်နေတာကိုသာ ညွှန်ပြနေတယ်လို့ ပညာရှင်များ အသိအမှတ်ပြုထားကြပါတယ်။
သံလွင်ဆီမှာ ပါဝင်တဲ့ အိုမီဂါ-၃ဖက်တီးအက်ဆစ်က ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ အစွမ်းသတ္တိရှိပြီး ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
ဒီမန်ရှာဖြစ်ပွားရတဲ့ အကြောင်းအရင်းထဲမှာ ရောင်ရမ်းခြင်းကလည်း ပါဝင်ပတ်သက်နေတယ်လို့ ယူဆရပါတယ်။
သံလွင်ဆီအများအပြား သုံးထားတဲ့ မက်ဒီတာရေနီယန် အစားအစာတွေကြောင့် သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်နဲ့အသိဉာဏ်စွမ်းရည်များ တိုးတက်စေနိုင်ပြီး ဒီမန်ရှာဖြစ်နိုင်ချေ လျော့နည်းစေကြောင်း ဆက်စပ်တွေ့ရှိထားပါတယ်။
အခုနောက်ဆုံး လေ့လာချက်မှာတော့ သံလွင်ဆီက အစားအစာပုံစံတစ်ခုလုံးထက် ပိုပြီးအကျိုးရှိနေတယ်လို့ ဆိုထားပါတယ်။
နှလုံးသွေးကြောကျန်းမာရေးအပေါ် သံလွင်ဆီရဲ့သက်ရောက်မှုကို တွေ့ရှိထားကာ သံလွင်ဆီနဲ့ ဒီမန်ရှာဖြစ်နိုင်ချေ နည်းခြင်းတို့ကြား ဆက်စပ်ပုံကိုတော့ မရှင်းလင်းနိုင်ဘူး ဖြစ်နေပါတယ်။
သံလွင်ဆီမှာပါဝင်တဲ့ ဓာတ်တွေက ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်တဲ့အစွမ်းသတ္တိရှိပါတယ်။
ဒီမန်ရှာမဖြစ်စေရန်အတွက် ပုံသေနည်းလမ်းမရှိဘဲ နေထိုင်စားသောက်မှုပုံစံ ပတ်ဝန်းကျင်အခြေအနေတို့ကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးပါနေပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
Published_ 27 July 2023
မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်'ဟာ ရုရှားကာကွယ်ရေးဝန်ကြီး 'ဆာဂျီရှိုဂူ'နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံစလုံးမှ ဆက်ဆံရေးမြှင့်တင်သွားရန် ကတိပြုထားခဲ့တဲ့အတိုင်း တိုင်းပြည်ကာကွယ်ရေးပြပွဲသို့ လှည့်ပတ်ပြသခဲ့ပြီး မြောက်ကိုရီးယားမှ တားမြစ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်များကို ပြသခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့ပါတယ်။
ရှိုဂူက ရုရှားသမ္မတ'ဗလာဒီမာပူတင်' ပေးလိုက်တဲ့စာကို ကင်မ်ဂျုံအန်ထံ ပေးအပ်ခဲ့ပါတယ်။
ရှိုဂူဦးဆောင်တဲ့ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်လိုက်တဲ့ ပူတင်ကို ကင်မ်က ကျေးဇူးတင်လိုက်ကာ အဆိုပါတွေ့ဆုံမှုက မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ဗျူဟာကျပြီး အစဉ်အလာရှိတဲ့ဆက်ဆံရေးကို ပိုမိုနီးစပ်စေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့၊ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင် 'လီဟောင်ကျောင်'တို့ပါဝင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ဟာ မြောက်ကိုရီးယားမှာ ကျင်းပတဲ့ ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်သို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒါဟာ ကိုဗစ်ကပ်ရောဂါပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ ဒီလိုမျိုး အထင်ကရပုဂ္ဂိုလ်တွေ ပထမဆုံးပြန်လည်ရောက်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားက တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးထူထောင်ကာ ဘုံပြိုင်ဘက်အမေရိကန်ကို ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ကင်မ်က ရှိုဂူကို ကာကွယ်ရေးလက်နက်ပြပွဲသို့ ခေါ်ဆောင်လာကာ အသစ်ထုတ်လုပ်ထားတဲ့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများကို ပြသခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ စည်းမျဉ်းသတ်မှတ်ချက်များအရ မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်နည်းပညာ အသုံးပြုပြီး လက်နက်များထုတ်လုပ်ခြင်းမှ တားမြစ်ထားကာ ထိုစဉ်က ရုရှားနဲ့တရုတ်တို့လည်း ပါဝင်ခဲ့ပါတယ်။
နှစ်နိုင်ငံ အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးစီးပွားတို့ကို နယ်ချဲ့သမားများ နိုင်ထက်စီးနင်းပြုခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတကာ တရားမျှတမှု၊ ငြိမ်းချမ်းရေးတို့ကို အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ကင်မ်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြသွားပါတယ်။
KCNA က ယူကရိန်းစစ်ပွဲကို တိုက်ရိုက်ဖော်ပြခြင်းမရှိဘဲ ရုရှားတို့ တရားမျှတမှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်တဲ့တိုက်ပွဲကို မြောက်ကိုရီးယားက အပြည့်အဝထောက်ခံကြောင်း ကာကွယ်ရေးဝန်ကြီးချုပ် 'ဂန်ဆန်နမ်'က ပြောကြားခဲ့တယ်လို့တော့ ဖော်ပြခဲ့ပါတယ်။
ရှိုဂူကလည်း မြောက်ကိုရီးယားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်ကြောင်း ပြုံယမ်းစားသောက်ပွဲမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနဲ့ လက်နက်အပေးအယူလုပ်နေတယ်ဆိုတာကို ငြင်းဆန်ထားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times
Page 1079 of 1940