#Local_News
Published_ 27 December 2022
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဒီဇင်ဘာ(၂၆) ရက်က မီးရထားစက်ခေါင်းနှင့်မော်တော်ယာဉ်တိုက်မိပြီး ကားပေါ်ပါခရီးသည်(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဒီဇင်ဘာ(၂၆) ရက်ညနေ(၆)နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာသို့သွားသော လက်ဝဲကျေးရွာလမ်းခွဲတွင် တောင်တွင်းကြီးမှ ပုဂံသို့မောင်းနှင်လာသော မီးရထားစက်ခေါင်းနှင့် တောင်ကြီးမှလက်ဝဲရွာသို့ သွားရောက်ရန် မောင်းနှင်လာသော HIAce အမျိုးအစား (အဖြူရောင်) ယာဉ်တို တိုက်မိခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါဖြစ်စဉ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၁ ဦး၊ အနက်ကျား (၂)၊ မ (၃) ပေါင်း (၅ )ဦး၊ ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တိုအား ညောင်ဦးခရိုင် အမှတ် (၅)အရန်မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်၊၊
မီးရထားစက်ခေါင်းနှင့် ကားတိုက်မိချိန်တွင်ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့စခန်းမှ လူနာတင်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Health
Published 27 December 2022
နှလုံးရောဂါဟာ အစ္စရေးလ်မှာ ဒုတိယမြောက်အသေအများဆုံး အကြောင်းအရင်းဖြစ်ပေမယ့် သိပ်ပြီးနောက်ကျသွားမှသာ လက္ခဏာတွေနဲ့ အန္တရာယ်တွေကို သတိပြုမိကြတာဖြစ်ပါတယ်။
ဆူရာစကီဆေးဘက်ဆိုင်ရာစင်တာမှ ပရော်ဖက်ဆာ'အဲရစ်ဖင်ကယ်စတိုင်'က နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ နှလုံးရုတ်တရက်ဖောက်ခြင်းအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
နှလုံးရောဂါတွေထဲမှာ အဖြစ်အများဆုံးနဲ့ သေဆုံးမှုနှုန်းအများဆုံးကတော့ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပါတယ်။
နှလုံးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့သွေးတွေ ပို့ဆောင်ပေးတဲ့ နှလုံးသွေးကြောတွေ ကျဉ်းမြောင်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီရောဂါဖြစ်နိုင်ချေအရှိဆုံး အကြောင်းအရင်းကတော့ မျိုးရိုးလိုက်ခြင်းပါ။
ဒါကြောင့် အချို့လူတွေ မည်ကဲ့သို့ မှန်ကန်စွာနေထိုင်သည်ဖြစ်စေ မိသားစုထဲမှာ အဆိုပါရောဂါဖြစ်ဖူးသူရှိရင် ဖြစ်နိုင်ချေများပြီး အချို့ကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်တဲ့အပြင် မိသားစုမှာလည်း ကျန်းမာရေးကောင်းမွန်ပါက နှလုံးရောဂါဖြစ်နိုင်ချေ အလွန်နည်းပါတယ်။
ဒီရောဂါအတွက် ကြိုတင်ကာကွယ်ခြင်းကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ယခင်က နှလုံးနဲ့ပတ်သက်ပြီး သိသိသာသာဖြစ်ပျက်ခြင်းမရှိခဲ့ပေမယ့် တစ်ချိန်ချိန်မှာ သွေးကြောထဲက အဆီခဲကြောင့် သွေးကြောပေါက်ကာ နောက်ဆက်တွဲဖြစ်ရပ်များနဲ့အတူ သွေးခဲပိတ်ဆို့သွားပြီးတော့ ရုတ်တရက်နှလုံးဖောက်ခြင်း ဖြစ်တတ်ပါတယ်။
နှလုံးသွေးကြောပိတ်ရောဂါမှာ အဖြစ်အများဆုံးလက္ခဏာက သွေးထဲအောက်ဆီဂျင်ပြတ်လတ်ပြီး နှလုံးအောင့်ခြင်းမျိုး ခံစားရတာပဲဖြစ်ပါတယ်။
လူက အားစိုက်ထုတ်ရချိန်မှာ နှလုံးက သွေးထဲကအောက်ဆီဂျင်ကို ပိုမိုအသုံးပြုရကာ အောက်ဆီဂျင်မလုံလောက်ဘဲ နှလုံးအောင့်ခြင်းကို စတင်ခံစားရလေ့ရှိပါတယ်။
နောက်ပိုင်းမှာတော့ နာကျင်မှုက မေးရိုး၊ ပခုံး၊ သွားတို့ကိုပါ ရောက်ရှိသွားကြပါတယ်။
အကြီးမားဆုံးပြဿနာကတော့ လက္ခဏာပေါ်ပေါက်ချိန်နဲ့ ကုသမှုခံယူတဲ့ကြားက အချိန်ပဲဖြစ်ပါတယ်။
အရေးပေါ်အခန်းတွေမှာ နှလုံးဖောက်ပြီး လူနာရောက်လာရင် နှလုံးပိုက်ထည့်ကာ သွေးခဲကိုပျော်အောင် ပြုလုပ်ပေးကြပါတယ်။
ဒါပေမဲ့ အချိန်အလွန်ကြာပြီးမှ ရောက်လာတယ်ဆိုရင်တော့ အသုံးမဝင်တော့ပါဘူး။
အက်စ်ပရင်သွေးကျဲဆေးက သွေးကိုကျဲစေပြီး သွေးကြောလုံးဝပိတ်ဆို့မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီရောဂါက အင်မတန်ကြောက်စရာကောင်းပေမယ့် ကုသနည်းတွေနဲ့ ဖြစ်ပျက်တတ်ပုံတွေကိုသိထားရင် အခြေအနေကောင်းမွန်နိုင်ပါတယ်။
လက်ရှိအချိန်မှာ ၉၅ ရာခိုင်နှုန်းလောက်က နှလုံးပိုက်ထည့်ရင် သက်သာသွာကြပြီး ၅ ရာခိုင်နှုန်းကတော့ ခွဲစိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 27 December 2022
စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာပြပွဲ ကို ဒီဇင်ဘာလ ၂၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတက်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလွယ်တကူသိမြင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲကို ဒီဇင်ဘာလ ၂၈ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ပြခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ်ပြသထားကာ စာအုပ်၊ စာစောင်ပြခန်းများနှင့် စားအုပ်အရောင်းဆိုင်များ၊ “ကြီးမြတ်သောမြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းများကို ခင်းကျင်းပြသဖွင့်လှစ်ထားကာ ကျောင်းသား၊ ကျောင်းသူများနှင့်စိတ်ပါဝင်စားသူ ပြည်သူများအနေဖြင့် သွားရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 26 December 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ တည်ဆောက်နေတဲ့ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းသည် ပထမအဆင့်အနေဖြင့် အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်း ရှိတဲ့အနက် အဆောက်အဦ ၁၂၁ လုံး၊ အိမ်ခန်းပေါင်း ၁၉၃၆ ခန်းကို ၂၀၂၃ ခုနှစ် မတ်လတွင်ပြီးစီးအောင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး နှင့်အတူ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းသို့သွားရောက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးမှာကြားခဲ့ပါတယ်။
ဝန်ကြီးက ပြည်သူ့အငှားအိမ်ရာစီမံကိန်း၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းတို့ကို အပိုင်းလိုက်ပြီးစီးစေရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် ယခု အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂) လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးကြား အချက်အခြာကျသည့်နေရာတွင် တည်ရှိတဲ့အတွက် နောင်တစ်ချိန် ရန်ကုန်မြို့ပြ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများသွားလာနေထိုင်ရေး လွယ်ကူအဆင်ပြေ မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ထို့အပြင် တည်ဆောက်ရန်ကျန်အဆောက်အဦ ၇၃ လုံး၊ အိမ်ခန်းပေါင်း ၁၁၆၈ ခန်းကိုလည်း အပိုင်းလိုက် ပြီးစီးအောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 27 December 2022
တောင်ကိုရီးယားနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်ကြမည့် မြန်မာလုပ်သား ၁၅၀ ဦးဟာ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ရောက်ရှိလာခဲ့ ကြောင်း သိရပါတယ်။
ထိုသို့စေလွှတ်ခဲ့သော လုပ်သားများထဲတွင် ကုန်ထုတ်လုပ်သားသစ် ၄၇ ဦး၊ CBT ကုန်ထုတ်လုပ်သား ၆ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၇၆ ဦးပါဝင်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရောက်ရှိခဲ့သော မြန်မာလုပ်သားများအား မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Health_Condition
Published 27 December 2022
အသက် ၂၀ အရွယ်ရှိ 'ဗစ်လိန်း'လို့ခေါ်တဲ့ အမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က MRKH ရောဂါလက္ခဏာရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီရောဂါလက္ခဏာဟာ သားအိမ် သို့မဟုတ် မိန်းမအင်္ဂါယောနိ မရှိခြင်း၊ ကောင်းစွာမဖွံ့ဖြိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒီရောဂါဆန်းဟာ အမျိုးသမီးအယောက် ၅ ထောင်မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပြီး သူ့ခန္ဓာကိုယ်ဟာ ယိုယွင်းနေတယ်လို့ ပြောခံနေရကြောင်း ဆိုပါတယ်။
ခန္ဓာကိုယ်အပြင်ဘက်မှာတော့ လိင်အင်္ဂါများ၊ ရင်သား၊ တင်ပါးတို့ ပုံမှန်အတိုင်း ဖွံ့ဖြိုးပါတယ်။
'ဗစ်လိန်း'မှာ မွေးကတည်းက ဒီရောဂါပါလာတာဖြစ်ပေမယ့် အသက် ၁၇ နှစ်အထိ ရာသီမလာသေးတော့မှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သွေးစစ်ဆေးချက်တွေ၊ အာထရာဆောင်းတွေ ရိုက်ပြီးတဲ့အခါ သားအိမ်နဲ့ သားဥအိမ်တို့ မရှိဘူးလို့ စစ်ဆေးရရှိခဲ့ပါတယ်။
နောက်တစ်ကြိမ် ရိုက်ကြည့်တဲ့အခါမှာတော့ သားအိမ်အကြွင်းအစအန ၂ ခုရှိပြီး သားဥအိမ် ၂ ခုတို့ အလုပ်လုပ်ပေမယ့် ကိုယ်ဝန်မဆောင်နိုင်ဘူးလို့ သိလိုက်ရပါတယ်။
"ကျွန်မကိုယ်ဝန်ပေါ် တစ်ယောက်ယောက်က လက်လေးတင်ထားတဲ့ ခံစားချက်မျိုး၊ သန္ဓေသားကန်တဲ့ ခံစားချက်မျိုး အမြဲတမ်းစိတ်ကူးခဲ့ပေမယ့် မရနိုင်တဲ့အတွက် အလွန်စိတ်ပျက်မိတယ်" လို့ 'ဗစ်လိန်း'က ဆိုပါတယ်။
"MRKH လို ရောဂါမျိုးဖြစ်တဲ့သူတွေအနေနဲ့ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး မရှက်မကြောက်မိအောင် ကြိုးစားနေထိုင်နေရတယ်" လို့ ပြောပြလိုက်ပါတယ်။
ဒီရောဂါမျိုးရှိသူတွေဟာ အမျိုးသမီးတစ်ဦးဖြစ်နေဆဲဆိုတာကို လူတွေနားလည်သဘောပေါက်စေဖို့ သူမက မျှော်လင့်နေပါတယ်။
ကိုယ်ဝန်မဆောင်နိုင်တာနဲ့ပဲ မိန်းမမဟုတ်တော့ဘူးလို့ မဆိုလိုနိုင်ကြောင်း၊ အမျိုးသမီးတစ်ဦးရဲ့ဘဝကို ကိုယ်ဝန်ဆောင်ခြင်းတစ်မျိုးတည်းနဲ့ သတ်မှတ်လို့မရကြောင်း ဆိုပါတယ်။
အပြင်မှာရော အွန်လိုင်းမှာပါ လူရာမသွင်းတာကို ကြုံတွေ့နေရပါတယ်။
MRKH ရောဂါရှိတဲ့ ဘဝခရီးက ရှုပ်ထွေးခက်ခဲပြီး ကြေကွဲရပေမယ့် စိတ်ခွန်အားလည်းဖြစ်စေကြောင်း ဆိုပါတယ်။
'ဗစ်လိန်း'ဟာ MRKH stars အဖွဲ့ကိုတည်ထောင်ကာ ဒီရောဂါလက္ခဏာကို လူသိများလာအောင် ထောက်ပံ့ပေးနေပါတယ်။
ဒီလက္ခဏာကို တစ်ဦးတည်း ရင်ဆိုင်စရာမလိုဘဲ အဖွဲ့အစည်းတွေရှိနေပြီလို့ သတင်းပေးလိုက်ပါတယ်။
Source: metro
#Yangon_Media_Group
#Local_News
Published_26 December 2022
အခုနှစ် ထောပတ်သီးရာသီအတွင်းမှာ မလေးရှားနိုင်ငံကို ထောပတ်သီး တန် ၅၀ တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) ကနေသိရပါတယ်။
#Yangon_Media_Group
#World_Industry
Published 26 December 2022
တူရကီရဲ့လီရာငွေကြေးတန်ဖိုး ကျဆင်းလာခြင်းနဲ့အတူ ဈေးနှုန်းဈေးကွက်များ ပြိုင်ဆိုင်မှုပြင်းထန်လာတာကြောင့် ယခုနှစ်အတွင်း တူရကီရှိ ဆံပင်စိုက်ခြင်းလုပ်ငန်းဟာ အလွန်အလုပ်ဖြစ်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_26 December 2022
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 December 2022
နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးတဲ့ မိဘမဲ့နားမကြားသောကလေးငယ်တွေအတွက် လှူဒါန်းနိုင်တယ်လို့ မေရီချက်(ပ်) မင်း နားမကြားသောကလေးငယ်များကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သီတာညွန့်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 December 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုတင်ပို့နေတဲ့ ပို့ကုန်အမယ်တွေထဲမှာ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုက အများဆုံးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 26 December 2022
၁။ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်း အများဆုံးတင်ပို့ထား
၂။ နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးသည့် မိဘမဲ့နားမကြားသောကလေးငယ်များအတွက် လှူဒါန်းနိုင်
၃။ မြဝတီ-ကော့ကရိတ်လမ်းပိုင်းပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကြက်သွန်ဝယ်လိုအားလျော့နည်းလာ
၄။ တူရကီငွေကြေးတန်းဖိုးကျဆင်းလာသော်ငြား ဆံပင်အစားထိုးခွဲစိတ်လုပ်ငန်းကျယ်ပြန့်အောင်မြင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1078 of 1641