Published_ 22 October 2023
နှိုးစက်မြည်တဲ့အခါ တရေးမှိန်းခလုတ်နှိပ်ပြီး မိနစ်အနည်းငယ်မျှ မျက်လုံးမှိတ်အိပ်တတ်ပါက နိုးကြားဖို့ အထောက်အကူ ဖြစ်စေကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
Sleep Research ဂျာနယ်မှာ ဖော်ပြထားရာမှာ နှိုးစက်မြည်ပြီးနောက် တရေးဆက်အိပ်သူတွေက အိပ်ချိန်ပိုရပြီး နိုးတဲ့အခါ ဦးနှောက်ပိုင်းဆိုင်ရာ ပိုပြီးတက်ကြွနေပါတယ်။
မနက်ခင်းအိပ်ရာထတဲ့ အလေ့အကျင့်နဲ့ ပတ်သက်ပြီး စတော့ခ်ဟုမ်းတက္ကသိုလ်မှ သုတေသီတွေက လူပေါင်း ၁,၇၃၂ ဦးကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
၁,၁၉၅ ဦးက တရေးမှိန်းတဲ့ခလုတ်ကို နှိပ်ကြောင်းဝန်ခံခဲ့ကာ ၄ ပုံ ၁ ပုံကတော့ ထိုခလုတ်ကို ထပြီးနှိပ်ဖို့ကို ဝန်လေးနေကြပါတယ်။
တရေးဆက်မအိပ်တဲ့သူတွေထက် ပျမ်းမျှ ၆ နှစ်ခန့် ငယ်ရွယ်ပြီး တရေးဆက်အိပ်တတ်တဲ့ သူတွေဟာ ညဘက်နောက်ကျမှ အိပ်တတ်သူတွေဖြစ်ပြီး ချက်ချင်းအိပ်ရာထရတဲ့အခါ လူနုံးနေတတ်ပါတယ်။
ဒီလူတွေက နိုးတဲ့အခါ အိပ်တဲ့အရှိန်ပြေဖို့ အချိန်ယူရတတ်ပြီး တရေးဆက်အိပ်ခြင်းက ဒီအရှိန်ပြေဖို့ နည်းလမ်းတစ်မျိုး ဖြစ်လာနိုင်တယ်လို့ ပြုစုဖော်ပြထားပါတယ်။
နောက်ထပ်လေ့လာချက်မှာတော့ တရေးမှိန်းတဲ့ခလုတ်ကို နှိပ်လေ့ရှိပြီး နာရီဝက်ခန့် ဆက်အိပ်တတ်သူ ၃၁ ဦးကို လေ့လာခဲ့ပါတယ်။
နှိုးစက်မြည်သံတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပေမယ့် မိနစ် ၂၀ ကျော်မျှ ဆက်မှေးနေတတ်သူတွေဟာ အတင်းအိပ်ရာထတာမျိုး မလုပ်ရသလို မှတ်ဉာဏ်စမ်းသပ်မှုမှာ အမှတ်ပိုများနေပါတယ်။
နိုးတဲ့အခါ ငိုက်မျဥ်းနေတာခြင်း တူပေမယ့် ဦးနှောက်စွမ်းဆောင်ရည် စစ်ဆေးချက် ၄ မျိုးအနက် ၃ မျိုးမှာ ပိုကောင်းအောင် ဖြေဆိုနိုင်တယ်လို့ သုတေသီများ မှတ်သားခဲ့ပါတယ်။
ယခင်သုတေသနမှာလည်း ထိုသို့တရေးဆက်အိပ်သူတွေဟာ လူမှုပေါင်းသင်းရေး တိုးတက်လာတယ်လို့လည်း တွေ့ရှိဖူးပါတယ်။
အိပ်စက်ခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေပြီး အိပ်ချိန်နည်းလွန်းပါက ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။
အိပ်ချိန်မလုံလောက်ပါက ဦးနှောက်ရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ ကျားအင်္ဂါမထောင်မတ်နိုင်ခြင်း ပြဿနာများ ကြုံလာနိုင်ကာ ချောကလက်၊ ရေခဲမုန့်တို့လို စားစရာတွေ ရှောင်ရှားပြီး ဖုန်း ကွန်ပျူတာ ကြည့်ချိန်လျှော့ချခြင်းတို့ဖြင့် ထိုပြဿနာများ သက်သာစေနိုင်ပါတယ်။
Source: New York Post
Yangon_Times
#World_Health
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 October 2023
လူတစ်ဦးကို ၆ - ၁၀ စက္ကန့်မျှ စကားပြောရုံဖြင့် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိမရှိ ရှာဖွေနိုင်မယ့် ဉာဏ်ရည်တုနည်းပညာကို တွေ့ရှိထားပါတယ်။
Klick Labs မှ လေ့လာထားတာဖြစ်ပြီး အမျိုးသမီးတွေမှာ ရောဂါရှာဖွေတွေ့ရှိမှု တိကျနှုန်း ၈၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေမှာ ၈၆ ရာခိုင်နှုန်းရှိပါတယ်။
ဆီးချိုရှိသူတွေနဲ့ မရှိသူတွေကြား အသံပိုင်းကွာခြားသွားပုံကို လေ့လာတာဖြစ်ကြောင်း သုတေသနပြုစုသူ ဂျေစီကော့ဖ်မန်းက ပြောပြခဲ့ပါတယ်။
လက်ရှိရောဂါရှာဖွေနည်းလမ်းတွေက အချိန်၊ ကုန်ကျစရိတ်၊ သွားလာရေးတွေမှာ အကုန်အကျ များပြားပါတယ်။
အသံနည်းပညာကတော့ ထိုအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။
သုတေသီတွေက လူပေါင်း ၂၆၇ ယောက်ကို ဆန်းစစ်ခဲ့ကြပါတယ်။
အသံဆန်းစစ်နည်းပညာက လူတွေရဲ့သာမန်နားနဲ့ မကြားနိုင်တဲ့ အသံနှုန်းတွေကို ဖမ်းယူနိုင်ပါတယ်။
အသံနည်းပညာက ဆီးချိုရောဂါနဲ့ အခြားရောဂါများကို ရှာဖွေရာမှာ အသုံးဝင်နိုင်ပုံကို လေ့လာကြတာဖြစ်ကြောင်း Klick မှ စစ်ဆေးရေးမှူး ယန်ဖော့ဆက်က ဆိုပါတယ်။
အသံနည်းပညာက လူတိုင်းအသုံးပြုနိုင်တဲ့ ဒီဂျစ်တယ်ပစ္စည်းအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အသုံးဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
နောက်တစ်ဆင့်ကတော့ စမ်းသပ်ချက်ကို ထပ်ပွားပြီး သွေးတိုးနဲ့ အခြားရောဂါများ ရှာဖွေနိုင်ဖို့ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
Source: New York Post
#World_Science
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေ
‘သီတင်းကျွတ်ပွဲတော်ကာလမှာ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်အတွင်းမှာ ကြာပန်းတွေ၊ ဆင်ရုပ်တွေ၊ သမင်ရုပ်တွေနဲ့ ပုသိမ်ထီးတွေကို လျှပ်စစ်မီးတွေနဲ့ အလှဆင် ထားရှိသွားမှာဖြစ်တယ်’ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
သုံးစွဲသူတွေရဲ့ ချေးငွေလိုအပ်ချက်က အနည်းငယ်ကျဆင်းလာကြောင်း ဘဏ်တွေကဆိုပါတယ်။
အမေရိကန်စီးပွားရေးဟာ စက်တင်ဘာလမှ အောက်တိုဘာလဆန်းအထိ အနည်းငယ်မျှ တိုးချဲ့လာတယ်လို့ အမေရိကန်ဗဟိုဘဏ်ရဲ့ ဘေ့ဂျ်ဘွတ်ခ် နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလကတည်းက သုံးစွဲသူတွေရဲ့ ဝယ်ယူမှုဟာ သိသိသာသာ အတက်အကျ မတွေ့ရကြောင်း ဖော်ပြထားပါတယ်။
Yangon_Times
#World_Economy
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 October 2023
၁။ အယ်နီညိုကြောင့် မွေးမြူရေးငါးများ အောက်ဆီဂျင်ပြတ်ပြီး မသေဆုံးအောင် ရေလှုပ်ရှားသည့်စနစ်၊ ရေလှယ်သည့်စနစ်များ အခမဲ့ပေးနေ
၂။ အကျိုးတူ လယ်ယာစနစ်ဖြင့် ကြံစိုက်ပျိုးပါက အထွက်နှုန်းတိုးတက်နိုင်
၃။ ပြည်တွင်းဈေးကွက်အတွင်း အုန်းသီးဈေးမြင့်နေတာကြောင့် ဘင်္ဂလားဒေရှ်မှ ဝယ်လိုမှုရှိပေမယ့် ဈေးအချေအနေစောင့်ကြည့်နေ
၄။ လတ်တလောလများအတွင်း အမေရိကန် စီးပွားရေးအခြေအနေ အနည်းငယ်မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 21 October 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအတွက် ရွှေလုပ်ငန်းလိုင်စင်ငါးမျိုးအပြင်ရွှေမျက်ပါးခတ်လုပ်ငန်းနှင့် ရွှေနန်းဆွဲလုပ်ငန်းလိုင်စင်များကိုလည်းထပ်မံခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည် ။
လတ်တလောတွင် ရွှေနန်းဆွဲ၊နန်းကြိတ်လုပ်ငန်းများနှင့် ဘုရားများ၌ ဆက်ကပ်လှူဒါန်းကြသည့် ရွှေပြားများခတ်လုပ်ကြသည့် ရွှေမျက်ပါးခတ်လုပ်ငန်းများမှလည်း တရားဝင် လိုင်စင်ပြုလုပ်ရန်အတွက်လည်း အရောင်းအဝယ် လိုင်စင်ထောက်ခံချက် များအားထပ်မံ ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" လိုင်စင်လျှောက်ထားလာရင် ထောက်ခံချက်ပေးသွားမှာဖြစ်ပါတယ် ။ ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်အားလုံးကို အခမဲ့ဆောင်ရွက်ပေးနေပါတယ် " ဟု ၎င်းကဆက်ပြောသည်။
လတ်တလောတွင် ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ရွှေအတုံး၊ အခဲအရောင်းအဝယ် လိုင်စင်ထောက်ခံချက် များအား ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အခမဲ့ဆောင်ရွက်ပေးလျှက်
ရှိကြောင်းသိရသည် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရွှေဆိုင်လုပ်ငန်းတစ်သောင်းကျော်က တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရားဝင်လိုင်စင်များဖြင့် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 October 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် စပါးစိုက်ဧကများမှ တစ်ထောင်ကျော်အားပြန်လည်စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုလအတွင်း ရန်ကုန်တိုင်းအတွင်းရေကြီးနစ်မြှုပ်မှုကြောင့် တိုက်ကြီး၊လှည်းကူး၊မှော်ဘီ၊မဂ်လာဒုံ၊ဒဂုံမြို့သစ်၊ကျောက်တန်း၊တံတား၊သုံးခွ၊ခရမ်း၊တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်း စသည့်မြို့နယ်များ၌ စုစုပေါင်းစပါးစိုက်ဧက
62458 ရေကြီးနစ်မြှုပ်ခဲ့ပြီးအောက်တိုဘာ 17ရက် အထိ 1236 ဧက ကို ပြန်လည်စိုက်ပျိုးပြီးဖြစ်ကာ စာရင်းများ ဆက်လက်ကောက်ယူ နေကြောင်းသိရသည်။
2023_2024ခုနှစ် မိုးစပါးဧက 1,145,000 လျာထားကာ လက်ရှိတွင် ဧက1,148,137 ဧက စိုက်ပျိုးထားရာ
လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထားသည့် စုစုပေါင်းဧကများမှ မြို့နယ်အချို့၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ရန်ကုန်တိုင်းအတွင်း၌ ပြည်တွင်းစားဆန်များအပြင် ပြည်ပတင်ပို့သည့် ဆန်များကိုပါ စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းဈေးကွက် အတွင်း အုန်းသီးဈေးမြင့်နေတာကြောင့် ဘင်္ဂလားဒေရှ် မှ ဝယ်လိုမှု ရှိပေမယ့် ဈေးအချေနေစောင့်ကြည့်နေ
ပွဲတော်ရာသီ ရောက်လာတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းဝယ်လိုအား ရှိလာပြီး ကုန်သည်အချို့ ဝယ်ယူစုဆောင်း တာတွေရှိတာကြောင့် ဈေးကွက်အတွင်း အုန်းသီးလက်ကားဈေးဟာ ကျပ် ၁၀၀၀ ခန့် ရောက်ရှိလာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မှ အုန်းသီးအရောင်းဝယ် လုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
စိုက်စရိတ်နဲ့ ရိတ်သိမ်းစရိတ်ပေး၊ သင့်တင့်တဲ့ဈေးနဲ့ ပြန်ဝယ်ပေးရမယ်
' ဈေးနှုန်းအာမခံချက်ရှိပြီး အရင်းအနှီးအတွက် သိပ်မခက်ခဲတော့ဘူး ။သူက တစ်ဧက အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ရတော့မယ် 'မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းဋ္ဌေး
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
အယ်နီညိုကြောင့် မွေးမြူရေးငါးများ အောက်ဆီပြတ်ပြီး မသေအောင် ကာကွယ်နည်းစနစ်များ အခမဲ့ပေးနေ
‘ငါးမွေးကန်တွေအတွက် ရေစုဆောင်းနည်းတွေ၊ အောက်ဆီဂျင်မပြတ်အောင် ဂရုစိုက်ပြီးတော့ရေလှယ် ပေးတဲ့စနစ်တွေ ရေလှုပ်ရှားတဲ့စနစ်တွေ၊ ရေပန်းထုတ်တဲ့စနစ်တွေကို ငါးမွေးမြူတဲ့တောင်သူတွေကို ငါးမွေးမြူရေးဦးစီးဌာနမှအခမဲ့ ပေးဝေသွားမှာဖြစ်တယ်’ ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာန၊ဒုတိယတိုင်းဦးစီးဌာနမှူးဦးတင့်လွင်
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 October 2023
ဂန္ထဝင်တေးသံရှင်ဦးမင်းနောင်၏ဇနီး ဂန္ထဝင်တေးသံရှင်ဒေါ်ရီလေး အောက်တိုဘာလ(၁၉)ရက်၌ ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှသိရသည်။
ကွယ်လွန်ချိန်တွင်အသက် (၉၁)နှစ်ရှိပြီဖြစ်ပြီးဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဂီတ အစည်းအရုံးအနေနှင့်အထူးပင်ဝမ်းနည်းစိတ်မကောင်းခြင်းများစွာဖြစ်ရကြောင်း ဝမ်းနည်းမှတ်တမ်းဖော်ပြထားသည်။
‘‘ဂန္ထဝင်တေးသံရှင်ဦးမင်းနောင်၏ဇနီး ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန်သွားတယ်ဆိုတာဟုတ်ပါတယ် ခင်ဗျာ။၉၁နှစ်ရှိသွားပြီ။ ‘ပင်မြက်ကလေး’သီချင်းကိုသီဆိုခဲ့သူပါ။ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန် သွားတဲ့အထူးဝမ်းနည်းကြေကွဲရပါတယ်’’ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကYMGကို ပြောသည်။
မြန်မာမှုစန္ဒရားပညာရှင်များလူမှုကူညီရေးအဖွဲ့ဝင်များကလည်းတေးသံရှင်ကြီး စည်သူဦးမင်းနောင်၏ ဇနီး တေးသံရှင် ဒေါ်ရီလေး ( ၉၁ )နှစ် သည် (၁၉.၁၀.၂၀၂၃ )ညနေ ၃ နာရီ တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားကြောင်း ကြားသိရသည့် အတွက် မိသားစုနှင့် ထပ်တူလွန်စွာမှဝမ်းနည်းရပါကြောင်း နှင့် အဖွားဒေါ်ရီလေး ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်ဟုရေးသားဖော်ပြထားသည်။
ဒေါ်ရီရီမြင့်(ခေါ်)ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကို အောက်တိုဘာလ၂၁ရက်နေ့လည်ပိုင်းတွင် အမိုးနီသုဿန်၌ မီးသဂြိုဟ်မည်ဖြစ်ပြီး အောက်တိုဘာလ၂၅ရက်တွင် နေအိမ်၌ရက်လည်ဆွမ်းကျွေးမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
၂၁ အောက်တိုဘာ ၂၀၂၃
ရုရှားနှင့်မြန်မာနိုင်ငံတို့သည် နျူကလီးယားလျှပ်စစ်ဓာတ်အားထုတ်လပ်ရေးစက်ရုံ မြန်မာနိုင်ငံတွင်တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ဒုတိယပတ်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားမီဒီယာများက သတင်းဖော်ပြကြ ပါတယ်။
ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နှင့် မြန်မာနိုင်ငံအစိုးရတို့ဟာ မော်စကိုမှာပြုလုပ်ခဲ့တဲ့ မော်စကို စွမ်းအင် ရက်သတ္တပတ်ပြပွဲအတွင်း လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ကုမ္ပဏီကသတင်းထုတ်ပြန်ခဲ့ပါတယ်။
“ နှစ်နိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ နျူကလီးယားအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ငင်း လိုအပ်ချက်တွေကို သတ်မှတ်ကြဖို့ စီစဉ်ထားပါတယ်။အဲဒီနောက် မြန်မာနိုင်ငံမှာ သေးငယ်တဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့ နယ်ပယ်တွေကို ဦးစားပေးအဆင့် အလိုက် အစီအစဉ်သတ်မှတ်ရေးဆွဲမှာဖြစ်ပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ နားလည်မှုစာချွန်လွှာအရ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ သတ်မှတ်ချက်များနှင့်အညီရော၊ Rosatom ရဲ့ အကောင်းဆုံးလုပ်ငန်းအလေ့အထများအရလည်းကောင်း နျူကလီးယားအခြေခံအဆောက်အအုံကို တည်ဆောက်သွားမှာ ဖြစ် ပါတယ်” လို့ ကုမ္ပဏီက မြန်မာအစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်နှင့်ပတ်သက် လို့ ဖြည့်စွက်ပြောကြားပါတယ်။
“ နားလည်မှုစာချွန်လွှာအထဲမှာ လေ့ကျင့်သင်ကြားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရုရှားနှင့် မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ အဖွဲ့အစည်းများရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ယဉ်ကျေးမှုကိုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ပါဝင်ရေးတွေလည်းပါဝင်ပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။
Source; rigzone
Page 1073 of 2056