အသေးစားစက်မှုလက်မှုလုပ်ငန်း ၄၀၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်
ခွင့်ပြုလိုက်တဲ့ အရေအတွက်ဟာ ယခုနှစ်ရဲ့ ဧပြီလနဲ့ ဇွန်လ သုံးလတာအတွင်း ဖြစ်
Yangon_Times/my
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
Published_ 29 July 2023
အင်တာမီလန်အသင်းဖော် ရိုမီလူ လူကာကူရဲ့အပြုအမူနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ဝန်ခံပြောဆိုခဲ့ပါတယ် လူကာကူကိုချက်လ်ဆီးအသင်းထံကနေ အင်တာမီလန်ကခေါ်ယူဖို့ကြိုးပမ်းနေတာပါ။
လူကာကူက ဆန်ဆီရို ကိုပြန်လာဖို့ကိုပဲစိတ်ဝင်စားကြောင်းပြောကြားခဲ့ပေမယ့် ချက်လ်ဆီးနဲ့ အင်တာမီလန်အကြား ဆွေးနွေးမှုတွေ အပြီးမသတ်နိုင်ပဲ ဖြစ်နေချိန်မှာ လူကာကူက အင်တာမီလန်ရဲ့ဆက်သွယ်မှုကိုတုံ့ပြန်ဖို့ကန့်ကွက်ခဲ့ပြီး ပြိုက်ဘက်ဂျုဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လူကာကူကို ပြန်လည်ခေါ်ယူဖို့နဲ့ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်အတွဲတစ်တွဲဖြစ်တဲ့ မာတီနက်ဇ်၊လူကာကူအတွဲကို ပြန်လည်အသက်သွင်းဖို့ မျှော်လင့်ချက်တွေဝေဝါးလာနေခဲ့ပါတယ်။
လူကာကူက နောက်ထပ်အီတလီအသင်းတစ်သင်းကို ဘယ်တော့မှပြောင်းရွှေ့မှာမဟုတ်ဘူးလို့ လူသိရှင်ကြားပြောကြားထားခဲ့ပါတယ်။"သူ့ရဲ့အပြုအမူနဲ့ပတ်သက်လို့ကျွန်တော်စိတ်ပျက်မိပါတယ်၊ ကျွန်တော်နဲ့ တခြားအင်တာမီလန်အသင်းဖော်တွေသူ့ကို ဖုန်းဆက်သွယ်ရာမှာပြန်လည်ဖြေကြားခြင်းမပြုခဲ့ပါဘူး”လို့မာတီနက်ဇ်က ငြီးတွားပြောဆိုခဲ့ပါတယ်။'
လူကာကူကို ဂျုဗင်တပ်စ် အသင်းအပြင် ဆော်ဒီအာရေဗျ ကလပ်တွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။.
#World_Sports
#YMG #Yangon_Times

Published_ 29 July 2023
လျှပ်စစ်သုံး EV သုံးဘီးဆိုင်ကယ်(၅၀)စီး ၊EVဆိုင်ကယ်(၉၆)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
ကော်မတီ၏ခွင့်ပြုချက်ဖြင့် ယခုရောက်ရှိလာသည့်EVသုံးဘီးဆိုင်ကယ်များကတော့ Jinpeng အမျိုးအစား လျှပ်စစ်သုံး EV သုံးဘီးမော်တော်ဆိုင်ကယ်(၅၀)စီး နှင့် Wuyang Honda (U-Go) အမျိုးအစားလျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် (၉၆)စီး တို့ဖြစ်သည်။
အဆိုပါ Jinpeng အမျိုးအစား EV သုံးဘီးဆိုင်ကယ်များကို Asia Pacific Automaker Corporation Co., Ltdမှ တင်သွင်းလာခြင်းဖြစ်ပြီး Wuyang Honda (U-Go) အမျိုးအစား EV ဆိုင်ကယ်များကိုတော့ NCX Myanmar Co., Ltd. မှတင်သွင်းလာခြင်းဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် EV သုံးဘီးဆိုင်ကယ်နှင့် EV ဆိုင်ကယ်များကိုလုပ်ထုံးလုပ်နည်းနှင့်အညီထုတ် ယူခွင့်ပြုခဲ့ကြောင်းနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
ဆန်ဈေးတည်ငြိမ်ဖို့ အရန်ဆန်များ ထုတ်ရောင်းရန်ရှိ
‘လျှပ်စစ်ပိုရလာပြီး ဆန်စက်တွေ လည်ပတ်ချိန်ပိုများလာတဲ့အတွက်လည်းကောင်း ပဲခူးတိုင်းအနောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ စပါးရိပ်သိမ်းချိန် စပါးပေါ်ထွက်ဆဲဖြစ်လို့ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမှာဖြစ်တယ်၊၊ အရန်ဆန်တွေ ထုတ်ရောင်းပေးသွားဖို့ ရှိသလို ဆန်သိုလှောင်ရုံတွေကိုလည်း စစ်ဆေးသွားဖို့ ရှိတယ်’ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
ယခုနှစ်မှစ၍ NMDC ကျောင်းတက်သူအားလုံး အလုပ်သင်ဝင်ရမည်
‘ ထူးခြားချက်အနေနဲ့ ဒီနှစ်ကစလို့ ကျောင်းသားကျောင်းသူအားလုံး တစ်ဦးမကျန် အလုပ်သင်အနေနဲ့ စတင်သွားမှာဖြစ်ပါတယ်။ အလုပ်သင်ကာလမှာကတည်းက လစာရရှိမှာဖြစ်တဲ့အတွက် အင်မတန်မှ ကျွန်မတို့ ဝမ်းသာဂုဏ်ယူရမှာဖြစ်ပါတယ်’ ဒေါ်နီလာမြင့်ထူး၊ကျောင်းအုပ်ဆရာမကြီး၊ (အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC))
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
မြန်မာသင်္ဘောသား(၄)ဦးအတွက် DNA တိုက်ဆိုင်စစ်ဆေးနေ
‘ပျောက်ဆုံးသွားတဲ့ မြန်မာသင်္ဘောသား(၄)ဦးရဲ့ မိသားစုဝင်တွေထံမှ DNA ရယူပေးပို့ကာ ဆယ်ယူရရှိတဲ့ ရုပ်ခန္ဓာတွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီလုပ်ငန်းစဉ် လုပ်ကိုင်နိုင်ဖို့ မိသားစုဝင်တွေကို MSF က ကူညီဆောင်ရွက်ပေးနေတယ်’ ဦးစိုးမင်းအောင်၊ဥက္ကဌ( မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF))
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
Published 29 July 2023
လူတွေရဲ့ အစားအသောက် ရွေးချယ်မှုနဲ့ လူတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်း ကမ္ဘာမြေကြီးရဲ့ ကျန်းမာကြွယ်ဝခြင်းတို့ကြား ဆက်စပ်နေနိုင်ကြောင်းကို ဟားဗတ်တက္ကသိုလ် TH Chan ပြည်သူ့ကျန်းမာရေးကျောင်းမှ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသူတွေဟာ နှစ် ၃၀ ကာလအတွင်း အသက်သေဆုံးနိုင်ချေ ၂၅ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း သုတေသန တွေ့ရှိခဲ့ပါတယ်။
ဒီလိုအကျိုးပြုစားစရာတွေထဲမှာ ကောက်ပဲသီးနှံများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ မပြည့်ဝဆီတို့ ပါဝင်ပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် သားကြီးငါးကြီးတွေနဲ့ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အသားတွေကတော့ လူတွေအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အကျိုးဖြစ်ထွန်းမှု နည်းပါးတာကို တွေ့မြင်ရပါတယ်။
ဒီလိုသက်ရောက်မှုတွေကို နားလည်စေရန် သုတေသီတွေက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစားသောက်မှုညွှန်းကိန်း (PHDI)ကို မိတ်ဆက်ပေးခဲ့ပါတယ်။
PHDI ဆိုတာက အစားအစာအမျိုးမျိုးက ကျန်းမာရေးနဲ့ ကမ္ဘာမြေပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတဲ့ နောက်ဆုံးသိပ္ပံနည်းရ တွေ့ရှိချက်များကို ဖော်ပြနေပါတယ်။
ဒီညွှန်းကိန်းထဲမှာ ရေဘယ်လောက်ပမာဏ သုံးစွဲတယ်၊ မြေနေရာဘယ်လောက် လိုအပ်တယ်၊ မြေဩဇာများကြောင့် ရေထုညစ်ညမ်းစေတာတွေ၊ စားစရာထုတ်လုပ်မှုအတွင်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်ပေါ်လာတာတွေ စတဲ့အချက်အလက်တွေ ပါဝင်နေပါတယ်။
၁၉၈၆ မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်မှ လူပေါင်း ၁ သိန်းကျော်ရဲ့ အချက်အလက်များကို သုတေသီအဖွဲ့က ခွဲခြိမ်းစိတ်ဖြာခဲ့ပါတယ်။
စမ်းသပ်ချက်အရ PHDI ညွှန်းကိန်းမြင့်မားသူတွေက နှလုံးရောဂါ ကင်ဆာရောဂါတို့ကြောင့် သေဆုံးနိုင်ချေ ၁၅ ရာခိုင်နှုန်းလျော့နည်းကာ ဦးနှောက်ဆုတ်ယုတ်ခြင်းရောဂါများ ခံစားရနိုင်ချေ ၂၀ ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်းရောဂါများ ခံစားရနိုင်ချေ ၅၀ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့မြင်ခဲ့ရပါတယ်။
PHDI ထွက်ပေါ်လာခြင်းက ပေါ်လစီချမှတ်သူများနဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများအတွက် မျှော်လင့်ချက် ဖြစ်လာပါတယ်။
အဆိုပါနည်းလမ်းဖြင့် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် နည်းဗျူဟာများ ချမှတ်စေနိုင်မယ့်အပြင် ရာသီဥတုဖောက်ပြန်မှုရဲ့ ဘေးအန္တရာယ်များကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်။
ဒီလိုမျိုး စားသောက်နေထိုင်ပါက လူတွေအနေနဲ့ သူတို့ကိုယ်တိုင်ရော ကမ္ဘာမြေကြီးအတွက်ပါ ပိုမိုကျန်းမာစေနိုင်မှာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
Published_ 29 July 2023
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စတင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း တို့ဇူလိုင်လ ၂၈ ရက်က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းအပြင်ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက် အပြန်အလှန် အကျိုးရှိစေမှုအပေါ် မူတည်၍ အရှိန်အဟုန် မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချော မွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို လည်းဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင် ဘူတာအကြား မိုင်တိုင်အမှတ် (၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများကို ဖြုတ်ယူဖျက်ဆီးခဲ့သူများအား ဖမ်းဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲဇူလိုင်လ ၂၄ ရက်က မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးခရီးစဉ် ထွက်ခွာလာသည့် အမှတ်(၉၂၄)အစုန် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်မှာ အဆိုပါ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများ ဖြုတ်ယူဖျက်ဆီးခံခဲ့ရသောကြောင့် ဖြစ်ကြောင်း သိရသည်။
မီးရထားသံလမ်း များ ဖြုတ်ခိုးခဲ့သူများမှာ မိုင်တိုင်(၃၈၅/၂)အနီးရှိ ကျူးကျော်တဲများအတွင်း နေထိုင်လျက် ရှိကြောင်း သိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့များက ဇူလိုင်လ၂၅ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ရာ ချမ်းငြိမ်း အောင် (ဘ) ဦးသန်းညွှန့်၊ ရန်အောင်(ဘ)ဦးမြလွင်၊ ဇော်ထက်(ဘ)ဦးချိုနှင့် နုနုဝင်း(ဘ)ဦးထွန်းအောင် တို့ ၄ ဦးအား မီးရထားသံလမ်း မူလီနှင့် ဂျိုင်းဆက်များ ဖြုတ်ရာတွင်အသုံးပြုသည့် ပိုက်ဂိုက် ၁ ချောင်း၊ မော်တော် ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ ခိုးဖြုတ်ခဲ့သော ပစ္စည်းများကို ပြည်ကြီးတံခွန်မြို့ နယ်၊ (ဆ)ရပ်ကွက်၊ စက်မှုပန်းခြံ လမ်းရှိ ထိပ်တန်း (ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ်ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် ဖြစ်သူ တင်တင်ချို(ဘ) ဦးစံသိုက်နှင့် ကြွယ်မောင်(ဘ)ဦးအောင်ညွှန့် တို့ ၂ ဦးအား မီးရထား သံလမ်းဂျိုင်းဆက် ၂၄ ချောင်း၊ မီးရထားသံလမ်းမူလီ ၁၅ ချောင်းတို့ နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုအခါ အထက်ပါဖမ်းဆီးရမိသူများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူ နိုင်ရေး နှင့် ဆက်စပ်တရားခံများ ဖမ်းဆီး ရမိရေးအတွက်လုပ်ဆောင်နေကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာ အခမ်းအနား များကို ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ဗိမာန်တော် မော်ကွန်း ကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက် ဖျန်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော် မြတ် စီသွင်းပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။
အလားတူ မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊ မာရဝိဇယကျောင်းဆောင် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အားဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်စာရုံစေတီတော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ် ပူဇော် ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times



Published_ 29 July 2023
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း 'သက်ဆင်ရှင်နာဝါထရာ' ထိုင်းနိုင်ငံသို့ ပြန်လာရန်အစီအစဉ် မတိုင်မှာ သက်ဆင်နဲ့ Progressive Movement ခေါင်းဆောင် 'ထာနာထွန်ဂျူအန်ဂရွန်ဂရူအန်ကစ်'တို့ကြား အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာ နိုင်ငံသဘောတူညီချက်တစ်ရပ်ဟာ ဟောင်ကောင်သို့ ရောက်ရှိနေပြီလို့ ဖွေထိုင်းပါတီ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
မစ္စတာ'ထာနာထွန်'ဟာ တနင်္လာနေ့နံနက်က ဟောင်ကောင်သို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ပြီး နောက်နေ့မှာ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့တယ်လို့ သိရပါတယ်။
MFP ပါတီကို အစိုးရသစ်ဖွဲ့စည်းရေးမှ ထုတ်ပယ်နိုင်ရေး ဖြစ်နိုင်ချေကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့ပြီး နောက်ထပ်အသေးစိတ်တော့ မသိရပါဘူး။
မစ္စတာ'ထာနာထွန်'တည်ထောင်ပြီး ဦးဆောင်ခဲ့တဲ့ FFP ပါတီဟာ ပါတီချဲ့ထွင်ရေး ချေးငွေကိစ္စကြောင့် တရားဥပဒေခုံရုံးက တရားမဝင်ဟုသတ်မှတ်ကာ ဖျက်သိမ်းလိုက်ရပြီးနောက် Progressive Movement အနေဖြင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုဖျက်သိမ်းခံရတဲ့ အဖွဲ့အစည်းဟာ MFP အဖြစ် ပြန်လည်ထွက်ပေါ်လာပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းကနေ တားမြစ်ခံခဲ့ရတဲ့ သူတို့ရဲ့ အဓိကပုဂ္ဂိုလ်တွေဟာလည်း Progressive Movement အဖြစ် ဖွဲ့စည်းလိုက်ကာ ရွေးကောက်ပွဲမှာ MFP စည်းရုံးရေးများကို ကူညီနေကြပါတယ်။
ဖွေထိုင်းပါတီရဲ့ လက်တွေ့ခေါင်းဆောင်က သက်ဆင်ဖြစ်တယ်လို့ အတော်များများက ယုံကြည်နေကြပါတယ်။
အနှိပ်ခန်းသူဌေးကနေ သတင်းပေးဖြစ်လာတဲ့ 'ချူဝစ်ကာမိုဝီဆစ်'က ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ဖွေထိုင်းပါတီဟာ MFP ပါတီမဝင်ဘဲ ပါလီမန်အဖွဲ့ဝင် ၂၇၉ ဦးဖြင့် အစိုးရသစ်ဖွဲ့စည်းရေးအကြောင်း Bhumjaithai ပါတီ၊ PPRP ပါတီတို့နဲ့ သဘောတူညီမှု ရယူခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
မစ္စတာထာနာထွန်နဲ့ သက်ဆင်တို့ တွေ့ဆုံတဲ့ထိုနေ့မှာပဲ ပါတီမှ အထင်ကရပုဂ္ဂိုလ်တွေဟာလည်း ဟောင်ကောင်မှာ သက်ဆင်နဲ့ တွေ့ဆုံကြကာ အင်္ဂါနေ့က သဘောတူညီမှုရယူခဲ့တယ်လို့ မစ္စတာချူဝစ်က ဆိုလိုက်ပါတယ်။
MFP ပါတီက ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တော့မှာ မဟုတ်တဲ့အတွက် ညွန့်ပေါင်းအဖွဲ့အစည်းသစ်မှ နာမည်တင်သွင်းမယ့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းကို လွှတ်တော်အမတ်တွေက ထောက်ခံသွားမှာဖြစ်ကြောင်း ပြောပြပါတယ်။
ဖွေထိုင်းပါတီက 'ချိုင်ကာဆမ်နီတီဆီရီ'ကို အမည်တင်သွင်းမှာဖြစ်ပေမယ့် ထောက်ခံမဲအလုံအလောက် ရရှိမှာမဟုတ်ဘဲ ဘွန်ဂျေထိုင်းပါတီက အစိုးရသစ်ဖွဲ့စည်းဖို့တာဝန် ယူရမှာဖြစ်ကြောင်း ဆိုပါတယ်။
ဖွေထိုင်းပါတီကသာ သက်ဆင်ရဲ့သမီးကို ဝန်ကြီးချုပ်လောင်းအဖြစ် နာမည်တင်သွင်းပါက ဗိုလ်ချုပ်'ပရာဝစ်'နဲ့ ဆက်ဆံရေးနီးစပ်တဲ့ လွှတ်တော်အမတ်တွေဟာ သူ့ကိုထောက်ခံမဲပေးနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
Source: Bangkok Post
#Asia_Politics
#YMG #Yangon_Times
Published_ 29 July 2023
အဓိကသမုဒ္ဒရာရေစီးကြောင်းစနစ်ရဲ့ ပျက်စီးနိုင်ချေကြောင့် အနာဂတ်မှာ ဥရောပမှာ ပိုမိုချမ်းအေးလာနိုင်ကြောင်း သုတေသီများ ခန့်မှန်းလိုက်ပါတယ်။
သာမိုဟေလင်း ခေါ် AMOC စနစ်ဟာ မြောက်အတ္တလန္တိတ်ဒေသနဲ့ အပူပိုင်းဒေသများကြား အပူဖြန့်ဝေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ကိုပင်ဟေဂင်တက္ကသိုလ်မှ သုတေသီများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း သမုဒ္ဒရာအပူချိန် အချက်အလက်များကို တွက်ချက်ကြည့်ရာ အတ္တလန္တိတ်သမုဒ္ဒရာရေစီးကြောင်း ၂၀၂၅ မှ ၂၀၉၅ ခုနှစ်အတွင်း ပျက်စီးသွားနိုင်ချေ ၉၅ ရာခိုင်နှုန်းရှိနေကြောင်း Nature communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ပျက်စီးနိုင်ချေအများဆုံးရှိတာကတော့ ၂၀၅၇ ခုနှစ်ဖြစ်နေပြီး အပူပိုင်းဒေသတွေမှာ ပိုမိုပူနွေးလာခြင်း၊ မြောက်အတ္တလန္တိတ်ဒေသမှာ မုန်တိုင်းပိုမိုဖြစ်ပွားနိုင်ခြင်းစတဲ့ ရာသီဥတုပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အတ္တလန္တိတ်ရေစီးကြောင်း ပျက်စီးသွားပါက ကမ္ဘာကြီးအပူချိန်ပြောင်းလဲသွားနိုင်ကာ ကမ္ဘာ့ရာသီဥတုအတွက် ဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ကြောင်း ပရော်ဖက်ဆာ'ပီတာဒစ်လက်ဗ်ဆင်'က ရှင်းပြခဲ့ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဥရောပမှာ ချမ်းအေးလာခြင်းက သိပ်ပြီးမဆိုးရွားနိုင်ပေမယ့် အပူပိုင်းဒေသတွေမှာတော့ အပူချိန်မြင့်တက်လာကာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
သမုဒ္ဒရာရေစီးကြောင်းများ မတည်မငြိမ်ဖြစ်လာတဲ့ အစောပိုင်းအချက်ပြလေ့လာချက်များအပေါ် အခြေခံပြီး သုတေသီများ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာက ကမ္ဘာ့သမုဒ္ဒရာရေစီးကြောင်းစနစ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး အပူပိုင်းဒေသတွေကစလို့ အတ္တလန္တိတ်မြောက်ဘက်ဆုံးဒေသများအထိ အပူပျံ့နှံ့မှုမှာ အရေးပါဆုံးကဏ္ဍက ပါဝင်နေပါတယ်။
ပစ္စည်းကိရိယာအသစ်များ အသုံးပြုပြီး သာမိုဟေလင်းလည်ပတ်မှုစနစ် ပျက်စီးနိုင်ချေအများဆုံးအချိန်ကို တွက်ချက်မှုများ ပြုလုပ်နိုင်ခဲ့တယ်လို့ ပရော်ဖက်ဆာ 'ဆူဆန်ဒစ်လက်ဗ်ဆင်'က ပြောပြခဲ့ပါတယ်။
ဒီလိုအဖြစ်ဆိုးမျိုး မကြုံရအောင် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကို အရေးတကြီးလျှော့ချရန် သုတေသီများ တွန်းအားပေးနေကြပါတယ်။
Source: India Today.
#World_Science
#YMG #Yangon_Times
Page 1076 of 1940